MM Chelsea Cafe

MM Chelsea Cafe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MM Chelsea Cafe, Sports, Yangon.

ညက ဒီအလုံးကို ဂိုးပြီလို့ကိုထင်ခဲ့တာပါ James က ဘောလုံးကို အပေါ်ထောင့်ဘက်ကို လှပစွာကန်သွင်းခဲ့တယ် ဂိုးသမား Tzolakis က အချ...
12/09/2026

ညက ဒီအလုံးကို ဂိုးပြီလို့ကိုထင်ခဲ့တာပါ

James က ဘောလုံးကို အပေါ်ထောင့်ဘက်ကို လှပစွာကန်သွင်းခဲ့တယ် ဂိုးသမား Tzolakis က အချိန်ကိုက် တုံ့ပြန်ပြီး ပုတ်ထုတ်ကာကွယ်သွားခဲ့တယ်။

တိုက်စစ်ပိုင်းကို ဘယ်လောက်ကောင်းအောင် တည်ဆောက်ထားပါစေ၊ ခံစစ်အမှားတွေကို မပြင်နိုင်သေးရင် အနိုင်ရသင့်တဲ့ပွဲတွေမှာတောင် အမ...
12/09/2026

တိုက်စစ်ပိုင်းကို ဘယ်လောက်ကောင်းအောင် တည်ဆောက်ထားပါစေ၊ ခံစစ်အမှားတွေကို မပြင်နိုင်သေးရင် အနိုင်ရသင့်တဲ့ပွဲတွေမှာတောင် အမှတ်တွေ ဆုံးရှုံးနေရဦးမှာပါ။

🚨🏆 JOÃO PEDRO AUGUST PLAYER OF THE MONTH Chelsea ရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား João Pedro ဟာ 2026 ခုနှစ် ဩဂုတ်လအတွက် Prem...
11/09/2026

🚨🏆 JOÃO PEDRO
AUGUST PLAYER OF THE MONTH

Chelsea ရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား João Pedro ဟာ 2026 ခုနှစ် ဩဂုတ်လအတွက် Premier League Player of the Month ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ 🏆👏

Chelsea ပရိသတ်တွေအတွက်တော့ João Pedro ရဲ့ ဒီလိုစွမ်းဆောင်ရည်ကောင်းတွေဟာ ရာသီသစ်အတွက် အားတက်စရာကောင်းတဲ့ လက္ခဏာတစ်ခုပါပဲ။ 💙

🌟 Congratulations, João Pedro!
🏆 Premier League Player of the Month — August 2026

ဒီဆုဟာ João Pedro ရဲ့ Premier League မှာ ဆက်လက်တောက်ပလာမယ့် ခြေရာတစ်ခုဖြစ်လာနိုင်မယ့်အပြင်

ချဲလ်ဆီးရဲ့ No(9) ကျိ၊န်စာနဲ့ပတ်သတ်ပြီးလဲ João Pedro က ချေဖျက်သွားတော့မှာပါ။

Valentín Barco ဟာ Leeds United နဲ့ပွဲမှာ Chelsea အတွက် အံ့မခန်းစွမ်းဆောင်ရည် ပြသခဲ့ပါတယ်။ ကျွန်တော့်အမြင်အရတော့ သူဟာ အဲဒ...
10/09/2026

Valentín Barco ဟာ Leeds United နဲ့ပွဲမှာ Chelsea အတွက် အံ့မခန်းစွမ်းဆောင်ရည် ပြသခဲ့ပါတယ်။ ကျွန်တော့်အမြင်အရတော့ သူဟာ အဲဒီပွဲရဲ့ အရေးအပါဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာ အနည်းငယ်တုန်လှုပ်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အဓိကကစားသမားတွေ ဝင်လာပြီးနောက် ယုံကြည်မှုအပြည့် ပြန်ရလာခဲ့ပါတယ်။ အစကနေ အဆုံးအထိ Chelsea အသင်း ပွဲကို ထိန်းချုပ်နိုင်အောင်လည်း သူက အများကြီး ကူညီပေးခဲ့ပါတယ်။ 👏

Barco ဟာ ခံစစ်ပိုင်းမှာလည်း အထူးကောင်းမွန်ခဲ့ပါတယ်။ လူအများက သူ့ကို တိုက်စစ်ပိုင်းမှာပဲ ကောင်းတဲ့ကစားသမားလို့ ထင်ကြပေမယ့် ဒီပွဲမှာတော့ အဲဒီအမြင်တွေ မှားယွင်းကြောင်း သက်သေပြခဲ့ပါတယ်။

ဘောလုံးပြန်လည်ရရှိဖို့ အလွန်ကြိုးစားခဲ့ပြီး DEF. CONTRIBUTIONS ၁၃ ကြိမ်၊ မြေပြင်ယှဉ်ပြိုင်မှု ၁၄ ကြိမ်မှာ ၁၁ ကြိမ်အနိုင်ရခဲ့သလို ဘောလုံးပြန်လည်ရယူမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Leeds အသင်း ဂိုးရသွားတဲ့ဖြစ်ရပ်မှာ သူ့ဘက်က အမှားသေးသေးလေးတစ်ခု ရှိခဲ့ပေမယ့် အဲဒီအမှားကို မေ့ပျောက်သွားစေလောက်အောင် တစ်ပွဲလုံးမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသခဲ့ပါတယ်။ Xabi Alonso ကိုယ်တိုင်လည်း Barco ရဲ့ ကြိုးစားအားထုတ်မှုကို သဘောကျနှစ်ခြိုက်နေခဲ့တာကို မြင်တွေ့ရပါတယ်။

— HIS GAME BY NUMBERS;

• 1 GOAL
• 1 ASSIST
• MOST DEF. CONTRIBUTIONS (13)
• MOST TOUCHES (89)
• 11/14 Ground Duels Won
• 100% Aerial Duels Won
• 8 Ball Recoveries

ဒါဟာ တကယ့်ကို MASTERCLASS ပါပဲ။ 🔥

- Chelsea Cafe

Photo Credit

မနေ့ညက အာဆင်နယ်နဲ့ပွဲမှာ ဒီအချက်က ရလဒ်ထက်တောင် သတိထားကြည့်သင့်တဲ့အရာတစ်ခုလို့ မြင်တယ်။ ဟာတိုရှိနေတဲ့အချိန်မှာ ချဲလ်ဆီးရဲ...
07/09/2026

မနေ့ညက အာဆင်နယ်နဲ့ပွဲမှာ ဒီအချက်က ရလဒ်ထက်တောင် သတိထားကြည့်သင့်တဲ့အရာတစ်ခုလို့ မြင်တယ်။ ဟာတိုရှိနေတဲ့အချိန်မှာ ချဲလ်ဆီးရဲ့ ဘယ်ခြမ်းက အာဆင်နယ်ရဲ့ ဖိအားတွေကို အမြဲတမ်း သက်တောင့်သက်သာနဲ့ မကိုင်တွယ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ချာဗာရီယာ ဝင်လာပြီးတဲ့နောက် အဲ့ဒီဘက်ကစားပုံဟာ သိသိသာသာ ငြိမ်သက်သွားတယ်။

ဒါက ချာဗာရီယာက ဟာတိုထက် ကစားသမားကောင်းတယ်လို့ တစ်ခါတည်း ဆုံးဖြတ်လို့ရတဲ့အရာတော့ မဟုတ်ဘူး။ ဒါပေမယ့် မနေ့ညကပွဲရဲ့ အခြေအနေအရ အလွန်ဆိုလိုချင်တဲ့ Balance ကို ချာဗာရီယာက ပိုပြီးပေးနိုင်ခဲ့တယ်။ ဘယ်ခြမ်းမှာ Defensive Positioning ကို ပိုသေချာထိန်းထားနိုင်ပြီး ပြိုင်ဘက်ရဲ့ တိုက်စစ်ကို ကိုယ့်ဘက်က အမြဲလိုက်ပြီး ဖြေရှင်းနေရတဲ့အခြေအနေကနေ နည်းနည်းပြန်ထွက်လာနိုင်ခဲ့တယ်။

ဟာတိုအတွက်တော့ ဒီပွဲက သင်ခန်းစာတစ်ခုဖြစ်နိုင်တယ်။ အသက်ငယ်တဲ့ကစားသမားတစ်ယောက်အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ အရှိန်အဟုန်နဲ့ အမြဲတမ်း တိုက်စစ်နဲ့ခံစစ် နှစ်ဖက်လုံးကို တစ်ပြိုင်တည်း ထမ်းရတာ မလွယ်ဘူး။ တစ်ဖက်မှာလည်း ချာဗာရီယာက သူ့အခွင့်အရေးရလာတဲ့အချိန်မှာ ဘာကြောင့် ဒီနေရာအတွက် အသုံးဝင်နိုင်လဲဆိုတာ ပြသသွားတယ်။ အရင်ခေတ်က ချဲလ်ဆီးရဲ့ ခံစစ်တည်ငြိမ်မှုကို သတိရစေတဲ့ အတွေ့အကြုံမျိုးတော့ ချာဗာရီယာဆီမှာ မြင်ရတယ်။

အာဆင်နယ်ကို ၂-၁ နဲ့ ရှုံးခဲ့တာကြောင့် ဒီပွဲကို အောင်မြင်တဲ့ပွဲလို့တော့ ပြောလို့မရဘူး။ ဒါပေမယ့် အလွန်ဆိုအတွက်တော့ မိနစ် ၃၀ ကျော်အတွင်းမှာ ချာဗာရီယာက ပေးလိုက်တဲ့ အဖြေဟာ နောက်လာမယ့်ပွဲတွေမှာ တော်တော်အသုံးဝင်နိုင်တယ်။ တစ်ခါတလေ နည်းပြတစ်ယောက်အတွက် လိုအပ်နေတဲ့အဖြေက နည်းစနစ်စာအုပ်ထဲမှာ မရှိဘူး။ အရန်ခုံပေါ်မှာ ထိုင်နေတဲ့ ကစားသမားတစ်ယောက်ထဲမှာ ရှိနေတတ်ပါတယ်။

Photo Credit

STP

မော်ဂန်ရော်ဂျာဆိုတာ ချဲလ်ဆီးကို ရောက်လာပြီးမှ ပိုကြမ်းလာတဲ့ကောင်မျိုး ဖြစ်နေပြီ။ ချဲလ်ဆီးရဲ့ ၂၀၂၆/၂၇ ပရီးမီးယားလိဂ် အဖွင...
07/09/2026

မော်ဂန်ရော်ဂျာဆိုတာ ချဲလ်ဆီးကို ရောက်လာပြီးမှ ပိုကြမ်းလာတဲ့ကောင်မျိုး ဖြစ်နေပြီ။ ချဲလ်ဆီးရဲ့ ၂၀၂၆/၂၇ ပရီးမီးယားလိဂ် အဖွင့် ၃ ပွဲကိုပဲ ပြန်ကြည့်လိုက်။ ဖူလ်ဟမ်နဲ့ပွဲမှာ ဂိုးသွင်းတယ်။ ဘရိုက်တန်နဲ့ပွဲမှာ Assist လုပ်တယ်။ မနေ့ည အာဆင်နယ်နဲ့ပွဲမှာလည်း ပွဲစပြီး ၇၇ စက္ကန့်လောက်နဲ့တင် ချဲလ်ဆီးအတွက် ဦးဆောင်ဂိုး သွင်းပေးလိုက်ပြန်တယ်။ အဓိပ္ပာယ်က ရှင်းတယ်။ ရော်ဂျာက ပရီးမီးယားလိဂ် ပွဲတိုင်းမှာ Goal Involvement ရှိထားတယ်။

အထူးသဖြင့် အလွန်ဆိုရဲ့ System ထဲမှာ ရော်ဂျာက ရိုးရိုး Winger တစ်ယောက်လို ကပ်ကစားနေတာမဟုတ်ဘူး။ Left side ကနေ အတွင်းကို ဝင်လာပြီး Palmer နဲ့နေရာလဲနိုင်တယ်၊ Final Third ထဲမှာ Ball Carry လုပ်ပြီး ခံစစ်ကြားကနေ အခွင့်အရေးဖန်တီးနိုင်တယ်။ မနေ့ည အာဆင်နယ်နဲ့ပွဲက ဂိုးဆိုရင်လည်း အဲ့ဒီကောင်ရဲ့ Confidence ဘယ်လောက်တက်လာပြီလဲဆိုတာ ပြသနေတယ်။ ချဲလ်ဆီးရဲ့ တိုက်စစ်က အခုလိုင်းမှာ ရော်ဂျာ၊ ပါလ်မာနဲ့ ဂျိုအာအိုပက်ဒရိုတို့ရဲ့ အချိတ်အဆက်က ပိုပိုပြီး စိတ်ဝင်စားစရာကောင်းလာတယ်။

ပြီးတော့ ဒီကောင်ရဲ့ တန်ဖိုးကို ဂိုးနဲ့ Assist နှစ်ခုတည်းနဲ့ တိုင်းလို့မရဘူး။ ပွဲတိုင်းမှာ တိုက်စစ်အထိ လိုက်ပါကစားတယ်၊ ဘောလုံးရလာရင် တစ်ယောက်ချင်းကျော်ဖြတ်နိုင်တယ်၊ အရေးကြီးဆုံးကတော့ အန္တရာယ်ရှိတဲ့နေရာမှာ ဆုံးဖြတ်ချက်ချဖို့ မကြောက်တော့ဘူး။ အရင်တုန်းက ရော်ဂျာကို Talent ကောင်းတစ်ယောက်လို့ ပြောခဲ့ကြပေမယ့် အခုတော့ ချဲလ်ဆီးအတွက် Match Winner ဖြစ်လာနိုင်တဲ့အဆင့်ကို တဖြည်းဖြည်း ရောက်လာနေပြီလို့ ပြောရမယ်။

မနေ့ည အာဆင်နယ်က ချဲလ်ဆီးကို Comeback နဲ့ အနိုင်ယူသွားပေမယ့် ရော်ဂျာရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်ကတော့ မျက်စိကျစရာပါပဲ။ ပွဲ ၃ ပွဲ၊ ဂိုး ၂ ဂိုး၊ Assist ၁ ကြိမ်။ ချဲလ်ဆီးရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်လာတဲ့ ဒီကောင်က အခုချိန်မှာ ဈေးနှုန်းကို သက်သေပြဖို့ စကားနဲ့ မပြောတော့ဘူး… ကွင်းထဲမှာ တစ်ပွဲပြီးတစ်ပွဲ ဖြေပြနေပြီ။ ဒီအရှိန်သာ ဆက်ထိန်းနိုင်ရင် ရော်ဂျာရဲ့ အကောင်းဆုံးအခန်းက အခုမှ စတော့မှာပါ။

Photo Credit

STP

တချို့ပွဲတွေက ရမှတ်နဲ့တိုင်းလို့မရဘူး။ မနေ့က ချဲလ်ဆီးရဲ့ အာဆင်နယ်နဲ့ပွဲကလည်း အဲ့ဒီလိုပွဲမျိုးပဲ။ Scoreboard ပေါ်မှာ အာဆင...
07/09/2026

တချို့ပွဲတွေက ရမှတ်နဲ့တိုင်းလို့မရဘူး။ မနေ့က ချဲလ်ဆီးရဲ့ အာဆင်နယ်နဲ့ပွဲကလည်း အဲ့ဒီလိုပွဲမျိုးပဲ။ Scoreboard ပေါ်မှာ အာဆင်နယ်က အနိုင်ရထားပေမယ့် ပွဲထဲမှာတော့ ချဲလ်ဆီးဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းနေတဲ့အသင်းတစ်သင်းလို မကစားခဲ့ဘူး။ အထူးသဖြင့် အာဆင်နယ်ရဲ့ အိမ်ကွင်းမှာ သူတို့ရဲ့ ခံစစ်ကို စောစောစီးစီး ဖိအားပေးနိုင်ခဲ့တာက ဒီရှုံးပွဲထဲကနေ ကျွန်တော်တို့ ယူသွားသင့်တဲ့ အချက်တစ်ခုပါ။

တစ်ခါတလေ အသင်းကြီးတစ်သင်းနဲ့ ကစားတဲ့အခါ အနိုင်ရဖို့ထက် သူတို့ကို ဘယ်လောက်အထိ မသက်မသာဖြစ်အောင် လုပ်နိုင်လဲဆိုတာက ပိုအရေးကြီးတယ်။ ချဲလ်ဆီးက အဲ့ဒီအပိုင်းမှာ မညံ့ခဲ့ဘူး။ ပွဲအစမှာပဲ မော်ဂန်ရော်ဂျာက ဂိုးရယူခဲ့ပြီး အာဆင်နယ်ရဲ့ နောက်တန်းကို အစောကြီးကတည်းက အလုပ်များစေခဲ့တယ်။ ဒါပေမယ့် ပွဲကို အဆုံးထိ ကိုင်တွယ်ဖို့ လိုအပ်တဲ့ အင်အားကတော့ ချဲလ်ဆီးဘက်မှာ ပြည့်ပြည့်ဝဝ မရှိခဲ့ဘူး။

အဓိကက လူစာရင်းပဲ။ ဒဏ်ရာတွေကြားထဲမှာ အလွန်ဆိုဟာ ပွဲတိုင်းအတွက် အကောင်းဆုံးပုံစံတစ်ခုကို တည်ငြိမ်အောင် ဆက်သွားဖို့ ရုန်းကန်နေရတယ်။ အရင်တုန်းက ချဲလ်ဆီးအသင်းက လူစားဝင်လာတဲ့တစ်ယောက်နဲ့ ပွဲအရှိန်ကို ပြောင်းနိုင်ခဲ့တဲ့အချိန်တွေ ရှိခဲ့သလို ဒီနေ့ခေတ်မှာလည်း အသင်းကြီးတွေနဲ့ ယှဉ်တဲ့အခါ အဲ့ဒီ Squad Depth က အဆုံးအဖြတ်ပေးတတ်တယ်။ အာဆင်နယ်နဲ့ ဒီနေ့ပွဲမှာလည်း ချဲလ်ဆီးရဲ့ ပြဿနာက ရင်ဆိုင်ရဲတဲ့စိတ်ဓာတ် မရှိတာမဟုတ်ဘဲ ၉၀ မိနစ်လုံး တူညီတဲ့အင်အားနဲ့ ဆက်ထိန်းဖို့ ခက်ခဲခဲ့တာလို့ မြင်တယ်။

ဒါကြောင့် ဒီရှုံးပွဲကို ချဲလ်ဆီးရဲ့ နောက်ဆုံးအဖြေအဖြစ် မမြင်ချင်သေးဘူး။ လူစုံလာတဲ့နေ့မှာ အလွန်ဆိုရဲ့ System က ပိုတည်ငြိမ်လာပြီး ကစားသမားတွေကလည်း တစ်ယောက်နဲ့တစ်ယောက် ပိုနားလည်လာရင် ဒီလိုပွဲတွေမှာ ရလဒ်ကို ထိန်းချုပ်နိုင်တဲ့အသင်းတစ်သင်း ဖြစ်လာနိုင်တယ်။ အာဆင်နယ်က ဒီနေ့ ၃ မှတ်ယူသွားတယ်။ ဒါပေမယ့် ချဲလ်ဆီးအတွက်တော့ ဒီရှုံးပွဲက လမ်းဆုံးမဟုတ်ဘူး… ဘယ်လောက်ဝေးဝေး သွားနိုင်မလဲဆိုတာ စတင်ပြသနေတဲ့ ခရီးအစတစ်ခုပါပဲ။

Photo Credit

STP

အမ်းမရိတ်စ်မှာ ရလဒ်က အာဆင်နယ်ဘက်ကို ပါသွားခဲ့ပေမယ့် ပွဲပြီးတဲ့အချိန်မှာ ချဲလ်ဆီးကို အလွယ်တကူလက်လျှော့လို့တော့ မရသေးဘူး။ ...
06/09/2026

အမ်းမရိတ်စ်မှာ ရလဒ်က အာဆင်နယ်ဘက်ကို ပါသွားခဲ့ပေမယ့် ပွဲပြီးတဲ့အချိန်မှာ ချဲလ်ဆီးကို အလွယ်တကူလက်လျှော့လို့တော့ မရသေးဘူး။ ပွဲစပြီး ၂ မိနစ်မပြည့်ခင် မော်ဂန်ရော်ဂျာစ်က ရိစ်ဂျိမ်းစ်ရဲ့ Free-kick ကနေ ပြန်ကျလာတဲ့ဘောလုံးကို တစ်ချက်ထဲကန်ပြီး ဂိုးသွင်းခဲ့တာက ချဲလ်ဆီးရဲ့ ဒီပွဲအတွက် ရည်ရွယ်ချက်ကို ပြသလိုက်တာပါ။ အာဆင်နယ်ရဲ့အိမ်ကွင်းမှာ အစကတည်းက နောက်ဆုတ်မနေဘဲ တိုက်စစ်ကို ရဲရဲတက်ခဲ့တယ်။

ဒါပေမယ့် အာဆင်နယ်ကလည်း ချက်ချင်းပြန်ဖိလာတယ်။ ချဲလ်ဆီးက ဘောလုံးပိုင်ဆိုင်မှုနဲ့ ပွဲကို ထိန်းဖို့ကြိုးစားနေချိန်မှာ အာဆင်နယ်က Pressing နဲ့ ချဲလ်ဆီးရဲ့ Build-up ကို အနှောင့်အယှက်ပေးလာတယ်။ ၂၅ မိနစ်မှာ ဟာဗက်ဇ်က ဧရိယာအစပ်ကနေ ဘယ်ခြေနဲ့ ချဲလ်ဆီးဂိုးထဲ ထည့်ခဲ့ပြီး ပထမပိုင်းကို ၁-၁ နဲ့ ပြီးစေခဲ့တယ်။ ဒုတိယပိုင်း ၅၀ မိနစ်မှာတော့ ဟာဗက်ဇ်ရဲ့ Dummy Movement ကို အသုံးချပြီး အိုဒီဂတ်က အနီးကပ်ကန်သွင်းခဲ့တာက အာဆင်နယ်ရဲ့ ပွဲဖတ်နိုင်စွမ်းကို ပြသသွားခဲ့တယ်။

ဒါပေမယ့် ဒီနေရာမှာ ချဲလ်ဆီးကို အပြစ်တင်ဖို့ထက် သတိထားရမယ့်အချက်တစ်ခုရှိတယ်။ ဒုတိယဂိုးပေးလိုက်ပြီးနောက် အလွန်ဆိုက လူစားလဲမှုတွေနဲ့ ပွဲကို ပြန်ဆွဲတင်ဖို့ကြိုးစားခဲ့ပြီး နောက်ဆုံး ၁၅ မိနစ်လောက်မှာ အာဆင်နယ်ကို သူတို့ရဲ့ကိုယ်ပိုင်ဧရိယာထဲအထိ ပြန်ဖိထားနိုင်ခဲ့တယ်။ ပါလ်မာနဲ့ ဂျာအိုပက်ဒရိုတို့က တိုက်စစ်မှာ အန္တရာယ်ပေးနိုင်ခဲ့သလို အက်စတီဗာအိုရဲ့ နောက်ဆုံးအခွင့်အရေးကိုလည်း ရာယာက လက်ဖျားနဲ့ ပုတ်ထုတ်ခဲ့ရတယ်။

ဒီပွဲက ချဲလ်ဆီးအတွက် ရှုံးပွဲတစ်ပွဲဖြစ်ပေမယ့် အရင်ရာသီတွေကလို အသင်းကြီးနဲ့တွေ့တာနဲ့ ပြိုကျသွားတဲ့ပုံစံမျိုးတော့ မတွေ့ရဘူး။ အာဆင်နယ်လို အိမ်ကွင်းမှာ အရှိန်အဟုန်ကောင်းနေတဲ့အသင်းကို အစောပိုင်းဦးဆောင်နိုင်ခဲ့တယ်၊ နောက်ကလိုက်ပြီး ဖိအားပေးနိုင်ခဲ့တယ်၊ နောက်ဆုံးအချိန်အထိ အမှတ်ပြန်ယူဖို့ ကြိုးစားနိုင်ခဲ့တယ်။ အခုလို ပွဲကြီးတွေမှာ လိုအပ်နေတာက ခြေစွမ်းထက်ပိုပြီး အခွင့်အရေးတွေကို အဆုံးသတ်ပေးနိုင်တဲ့ Final-third quality နဲ့ ပွဲရဲ့ အရေးကြီးဆုံးအချိန်တွေမှာ တစ်ချက်လောက်ပိုပြီး ထိရောက်ဖို့ပါပဲ။ ဒီရှုံးပွဲက ချဲလ်ဆီးရဲ့ လမ်းဆုံးမဟုတ်ဘူး… အလွန်ဆိုရဲ့ ချဲလ်ဆီး ဘယ်အဆင့်အထိ တက်လာနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ့် အစပဲရှိသေးတယ်။

Photo Credit

STP

အာဆင်နယ်က ဘောလုံးကိုင်ထားတာကို ချဲလ်ဆီးအတွက် ပြဿနာလို့ မမြင်ဘူး။ တကယ်တော့ အဲ့ဒါကိုပဲ ချဲလ်ဆီးရဲ့ အခွင့်အရေးအဖြစ် ပြောင်း...
06/09/2026

အာဆင်နယ်က ဘောလုံးကိုင်ထားတာကို ချဲလ်ဆီးအတွက် ပြဿနာလို့ မမြင်ဘူး။ တကယ်တော့ အဲ့ဒါကိုပဲ ချဲလ်ဆီးရဲ့ အခွင့်အရေးအဖြစ် ပြောင်းလို့ရတယ်။ အာဆင်နယ်က ရှေ့တက်ပြီး ဘောလုံးနဲ့အတူ လူတွေပါ ရှေ့လိုက်လာတဲ့အချိန်တိုင်း နောက်တန်းနောက်က Space တွေ ပေါ်လာမှာပဲ။ ချဲလ်ဆီးက လိုချင်တာလည်း အဲ့ဒီအချိန်ပဲ။

အလွန်ဆိုအနေနဲ့ ဒီပွဲမှာ အာဆင်နယ်ကို ဘောလုံးပိုင်ဆိုင်မှုအတွက် လိုက်ပြိုင်တာထက် Mid-block တစ်ခုကို ကျစ်ကျစ်လျစ်လျစ်တည်ဆောက်ပြီး အာဆင်နယ်ရဲ့ Build-up ကို စောင့်ကြည့်စေချင်တယ်။ ဘောလုံးက အလယ်တန်းကနေ အာဆင်နယ်ဘက်ကို လည်ပတ်နေပါစေ။ ချဲလ်ဆီးကတော့ Passing lane တွေကို ပိတ်ထားပြီး အမှားတစ်ချက်ထွက်လာတာနဲ့ တစ်ကြိမ်တည်းနဲ့ တိုက်စစ်ပြောင်းနိုင်ဖို့ အသင့်ရှိနေရမယ်။ ဒီပွဲမှာ အရေးကြီးတာ ဘောလုံးဘယ်လောက်ကိုင်ထားလဲ မဟုတ်ဘဲ ဘောလုံးရတဲ့အချိန် ဘယ်လောက်မြန်မြန် အန္တရာယ်ဖြစ်အောင် လုပ်နိုင်လဲဆိုတာပါ။

ဘရိုက်တန်နဲ့ပွဲကလည်း ဒီအချက်ကို စိတ်ဝင်စားစရာကောင်းအောင် ပြထားတယ်။ ချဲလ်ဆီးက ဘောလုံးပိုင်ဆိုင်မှု ၂၆ ရာခိုင်နှုန်းပဲ ရှိခဲ့ပေမယ့် Shots ၁၇ ကြိမ်ရခဲ့တယ်။ ဆိုလိုတာက ချဲလ်ဆီးဟာ ဘောလုံးကို အမြဲတမ်း ကိုင်ထားမှသာ အန္တရာယ်ပေးနိုင်တဲ့အသင်း မဟုတ်ဘူး။ အာဆင်နယ်က သူတို့ရဲ့ပုံစံအတိုင်း ရှေ့တက်လာလေလေ၊ ချဲလ်ဆီးရဲ့ Transition အတွက် နေရာတွေ ပိုပေါ်လာနိုင်တယ်။ အဲ့ဒီနေရာမှာ ရှေ့ကကစားသမားတွေရဲ့ ပြေးလမ်းနဲ့ ပထမဆုံး Pass က ပွဲရဲ့ အကြီးမားဆုံးသော့ချက် ဖြစ်လာနိုင်တယ်။

ကျွန်တော်ကတော့ ဒီနေ့ ချဲလ်ဆီးကို အာဆင်နယ်နဲ့ ဘောလုံးပိုင်ဆိုင်မှုပြိုင်နေတဲ့အသင်းထက်၊ အာဆင်နယ်ရဲ့ ဘောလုံးပိုင်ဆိုင်မှုကို သူတို့ကိုယ်တိုင်အတွက် အန္တရာယ်ဖြစ်အောင် ပြန်အသုံးချနိုင်တဲ့အသင်းအဖြစ် မြင်ချင်တယ်။ တစ်ခါတလေ အကောင်းဆုံးတန်ပြန်တိုက်စစ်ဆိုတာ ကိုယ်က အရင်စပြီးတိုက်စရာမလိုဘူး။ ပြိုင်ဘက်ကို ကိုယ်လိုချင်တဲ့နေရာအထိ ခေါ်လာပြီးမှ တစ်ချက်တည်းနဲ့ ထိုးဖောက်လိုက်တာမျိုးပါ။ ဒီနေ့ အာဆင်နယ်ရဲ့ ဘောလုံးကိုင်ထားမှုက ချဲလ်ဆီးအတွက် အားနည်းချက်ဖြစ်လာနိုင်မလား… အဲ့ဒီအဖြေက အလွန်ဆိုရဲ့ ပွဲစီမံခန့်ခွဲပုံပေါ်မှာပဲ ရှိနေတယ်။

Photo Credit

STP

တစ်ခါတလေ ပွဲကြီးတစ်ပွဲရဲ့ အရေးကြီးမှုက ရမှတ် (၃) မှတ်ထက် အများကြီးပိုတတ်တယ်။ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ အခုရင်ဆိုင်မယ့်ပွဲ...
06/09/2026

တစ်ခါတလေ ပွဲကြီးတစ်ပွဲရဲ့ အရေးကြီးမှုက ရမှတ် (၃) မှတ်ထက် အများကြီးပိုတတ်တယ်။ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ အခုရင်ဆိုင်မယ့်ပွဲကလည်း အဲ့ဒီလိုပွဲမျိုးပါ။ ရာသီအစမှာ နှစ်သင်းစလုံး ပွဲ (၂) ပွဲလုံး အနိုင်ရထားကြပေမယ့် အာဆင်နယ်က ဂိုးမပေးရသေးတဲ့ ခံစစ်နဲ့ ရောက်လာပြီး ချဲလ်ဆီးကတော့ ဂိုးတွေသွင်းနိုင်သလို ဂိုးတွေလည်း ပြန်ပေးနေရတဲ့ အသင်းအဖြစ် အမ်းမရိတ်စ်ကို သွားရမှာပါ။

ဒီနေရာမှာ ကျွန်တော်တို့ ချဲလ်ဆီးဖန်တွေ သတိထားကြည့်ရမယ့်အရာက ဂိုးသွင်းနိုင်စွမ်းတစ်ခုတည်း မဟုတ်ဘူး။ အယ်လွန်ဆိုရဲ့ ချဲလ်ဆီးက အာဆင်နယ်လို အသင်းတစ်သင်းကို ရင်ဆိုင်တဲ့အခါ ပွဲရဲ့ အရှိန်ကို ကိုယ်တိုင်ထိန်းနိုင်မလားဆိုတာပါ။ ဂျာအိုပက်ဒရို၊ ကိုးလ်ပါလ်မာနဲ့ မော်ဂန်ရော်ဂျာစ်တို့က ရှေ့မှာ အန္တရာယ်ဖန်တီးနိုင်တယ်။ ဒါပေမယ့် ကိုင်စီဒိုရဲ့ ကြံ့ခိုင်မှုက မသေချာသေးသလို ဂျော်ဒန်ဟန်ဒါဆန်လည်း မပါနိုင်တာကြောင့် ကွင်းလယ်မှာ ရီးစ်ဂျိမ်း ၊ လာဗီယာတို့ရဲ့ အလုပ်က ပိုကြီးလာမယ်။

ကျွန်တော်က ဒီပွဲကို ချဲလ်ဆီးရဲ့ တိုက်စစ်နဲ့ အာဆင်နယ်ရဲ့ ခံစစ် ဘယ်သူကပိုကောင်းလဲဆိုတဲ့ ပွဲအဖြစ်တော့ မမြင်ချင်ဘူး။ တကယ်စိတ်ဝင်စားစရာက ချဲလ်ဆီးဘောလုံးဆုံးရှုံးသွားတဲ့အချိန် ဘယ်လောက်မြန်မြန် ပြန်စုစည်းနိုင်မလဲဆိုတာပဲ။ အလွန်ဆိုရဲ့ 3-4-2-1 က ရှေ့တန်းကို လူပိုပို့ပြီး အခွင့်အရေးဖန်တီးနိုင်တယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ ဆာကာ၊ အိုဒီဂတ်တို့က ချဲလ်ဆီးရဲ့ နောက်တန်းနဲ့ ကွင်းလယ်ကြားက အကွက်လပ်တွေကို တိုက်ခိုက်ခွင့်ရသွားရင် ပွဲက ချက်ချင်းအခြေအနေပြောင်းသွားနိုင်တယ်။ အာဆင်နယ်က အဖွင့်ပွဲ (၂) ပွဲမှာ Clean Sheet (၂) ကြိမ်ရထားတာနဲ့ ဆန့်ကျင်ဘက် ချဲလ်ဆီးက လိဂ်ပွဲ (၂) ပွဲမှာ ဂိုး (၇) ဂိုးသွင်းပြီး (၅) ဂိုးပြန်ပေးထားတာက ဒီပွဲရဲ့ အဓိကကွာခြားချက်တစ်ခုပါ။

အရင်နှစ်တွေက အမ်းမရိတ်စ်ဆိုတာ ချဲလ်ဆီးအတွက် အလွယ်တကူရမှတ်ယူလို့ရတဲ့နေရာ မဟုတ်ခဲ့ဘူး။ ချဲလ်ဆီးက အဲ့ဒီကွင်းမှာ နောက်ဆုံး (၅) ကြိမ်ဆက် အနိုင်မရခဲ့သလို အာဆင်နယ်ရဲ့ အိမ်ကွင်းအားကလည်း ဒီပွဲမှာ တကယ်ခံစားရမယ့်အရာပါ။ ဒါပေမယ့် အလွန်ဆိုရဲ့ ချဲလ်ဆီးအတွက်တော့ ဒီပွဲဟာ အတိတ်မှတ်တမ်းတွေကို ပြန်ဖတ်ဖို့မဟုတ်ဘဲ ကိုယ့်အသင်းရဲ့ အနာဂတ်ကို ကိုယ်တိုင်ရေးဖို့ အခွင့်အရေးတစ်ခုပါ။ အမ်းမရိတ်စ်ကနေ အနိုင်နဲ့ ပြန်လာနိုင်ရင် ရမှတ် (၃) မှတ်ရတာထက်ပိုပြီး ချဲလ်ဆီးဟာ ပွဲကြီးတွေမှာ ဘယ်လိုရပ်တည်ရမလဲဆိုတာကို ပြိုင်ဘက်တွေအားလုံးကို တစ်ခါတည်း ပြသလိုက်နိုင်မှာပါ။

Photo Credit

STP

Address

Yangon

Alerts

Be the first to know and let us send you an email when MM Chelsea Cafe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category