03/02/2022
ဒီရက်ပိုင်း အလုပ်တွေ နဲနဲများသွားတော့ သင်တန်းပုံရိပ်လေးတွေ တင်တာ နောက်ကျသွားလို့ သင်တန်းသားတွေတော့ စိတ်ဆိုးနေပြီထင်တယ်။
အားလုံး တက်ညီ လက်ညီ နဲ့ ကြိုးကြိုးစားစား လေ့လာခဲ့တဲ့ အတွက် လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။
နောက်ဖွင့်မဲ့ သင်တန်းရက်ကို မကြေညာသေးလို့ page CB အထိ လာပြောကြတဲ့ သူတွေအတွက်လည်း သင်တန်းရက်လေးကို ဒီမှာ ပဲကြေညာပေးပါရစေ။
Feb 18 ရက်နေ့ တန်းခွဲသစ်စပါမယ်။ menu အသစ်တွေလည်းပါမဲ့ အပြင် လူဦးရေလဲ ကန့်သတ်ထားတော့ ကြိုအပ်ထားမှ စိတ်ချရပါမယ်။
ဆက်သွယ်ရန်ဖုန်း- 09788813883
10/01/2022
Milk Tea ဆိုင်ဖွင့်ချင်သူလား❓❓
များမကြာမီအချိန်မှာ ကျနော်တို့ အအေးသမားတွေစောင့်မျှော်နေတဲ့ နွေရာသီဆိုတဲ့ ရာသီဥတုပူပူကြီး ရောက်လာပါတော့မယ်။
ဆောင်းအငွေ့အသက်လေးတွေကြောင့် အရောင်းပါးနေတဲ့ အအေးဆိုင်လေးတွေရဲ့ ပိုက်ဆံပုံးလေးတွေ ပြန်ပြည့်ဖို့ တာဆူနေပါပြီ။
ဆိုင်ဖွင့်ထားသူတွေက နွေအတွက် ကုန်ကြမ်းတွေဖြည့်တင်းနေသလို နွေမှာငွေရှာချင်တဲ့ တက်သစ်စတွေကလည်း ဆိုင်ဖွင့်ဖို့ တာဆူနေပါပြီ။
သို့ပေမယ့် အကြံတူတွေများနေတော့ ထင်သလောက် ခရီးရောက်ပါ့မလားဆိုတာကလည်း တွေးစရာပါ။
အခုမှ စလုပ်မယ့်သူတွေ မြန်မြန်ဆန်ဆန်နဲ့ ခရီးရောက်ဖို့ နည်းလမ်းတွေကို ကျနော်တို့ သင်တန်းဆရာတွေကလည်း ခေါင်းခြောက်အောင်စဉ်းစားပေးရပါတယ်။
ဒီနေရာမှာ တစ်ခု သတိပေးချင်တာက အအေးဆိုင်ဖွင့်ဖို့ဆန္ဒရှိရင် ဒီနွေမှာ မကျန်ခဲ့ဖို့ ဒွိဟစိတ်တွေကို ဘေးထားပြီး အမြန်အကောင်အထည်ဖော်ပါ။
ကိုယ်တိုင်စဉ်းစားလို့မရရင် ကျနော့်ကို ဖုန်းဆက်ပြီး
တိုင်ပင်လို့ရပါတယ် 👉👉👉 09788813883
ပိုပြီးအသေးစိတ်သိချင်တယ်ဆိုရင်တော့ သင်တန်းတက်ပြီး လေ့လာလို့ရပါတယ်။
သင်တန်းတက်ချင်တဲ့သူအများစုက Menu လေးဆန်းရင်၊ အရောင်လေးတွေလှရင်၊ စျေးလျှော့ပေးလိုက်ရင် ရောင်းကောင်းမှာပဲလို့ ထင်ကြတယ်။
ကိုယ်တွေးသလို သူများကော မတွေးဘူးလား ဆိုတာကို သတိထားသင့်ပါတယ်။
လူ၁ဝဝမှာ ၉ဝလောက် အတွေးတူနေရင် အလုပ်မဖြစ်တော့ပါဘူး။
ကျန်တဲ့ ၁ဝယောက်ကပဲ အလုပ်ဖြစ်သွားပါလိမ့်မယ်။
ဟိုအအေးဆိုင်လေးကတော့ အောင်မြင်ချက်ပဲ၊ ဒီဆိုင်လေးကတော့ ရောင်းအားတက်လာတာ မြန်ချက်ပဲ လို့ လူတွေပြောတာကြားရင် ဒါဟာ ကျန်တဲ့ ၁ဝယောက်ဖွင့်တဲ့ ဆိုင်ဆိုတာ အသေချာပါပဲ။
မြန်မြန်နာမည်ကြီးလာတဲ့ ဆိုင်တွေကို လေ့လာကြည့်ပါ။ ကျနော်တို့ သတိမထားမိလိုက်တဲ့ မြှုပ်ကွက်တွေ တစ်ခုမဟုတ် တစ်ခု ရှိနေတတ်ပါတယ်။
ဥပမာ- Group တွေထဲမှာ good recommend တွေ ရုတ်တရက်များလာပြီး နာမည်ကြီးလာတာမျိုးဆို လူတိုင်းနားလည်မယ်ထင်ပါတယ်။
ဒါကြောင့် အအေးဖျော်တတ်ရုံနဲ့၊ ဆိုင်ဖွင့်ထားရုံနဲ့ ရောင်းအားတွေတက်လာဖို့ဆိုတာ မလွယ်ကူပါဘူး။
ဗျူဟာချတက်ဖို့လည်း လိုအပ်ပါတယ်။
နောက်တစ်ခုက ရောင်းတော့ရောင်းရပါတယ်၊ မမြတ်ဘူးဆိုတဲ့ လူမျိုးတွေအတွက်ပါ။
သူတို့ကျတော့ ကုန်ကြမ်းဆိုင်တွေသွားတယ်၊ ကုန်ကြမ်းဆိုင်က ညွှန်သမျှဝယ်ပြီး စမ်းလုပ်ကြည့်တယ်။
ကုန်ကျစရိတ်ကာမိအောင် ရောစပ်သုံးရမဲ့နေရာမှာ တစ်မျိုးတည်းကိုပဲ သုံးတော့ ကုန်ကျစရိတ်က အရမ်းများသွားတာမျိုး တွေ့ဖူးပါတယ်။
Milk tea တစ်ခွက် ကုန်ကျစရိတ် ဒီလောက်ပမာဏပဲရှိတယ်လို့ပြောပြတဲ့အခါ ပါးစပ်အဟောင်းသားနဲ့ မဖြစ်နိုင်ဘူးဆိုပြီး အပြိုင်ငြင်းတဲ့ လူမျိုးဆိုရင်လည်း ဆီကုန်ပြီး ခရိီးမတွင်တဲ့ မော်တော်ကားလိုဖြစ်နေပါမယ်။
ဒါကြောင့် အအေးဆိုင်ပဲဖြစ်ဖြစ် Milk Tea ဆိုင်ပဲဖြစ်ဖြစ် ဖွင့်မယ်ဆိုရင် ဖျော်နည်းသိရုံနဲ့တင်မလုံလောက်တော့ဘဲ စျေးကွက်ရဲ့ သဘောတရားကိုပါ နှိုက်နှိုက်ချွတ်ချွတ် သိထားဖို့လဲလိုအပ်ပါတယ်။
Milk Tea ဆိုင်ဖွင့်ဖို့ အစအဆုံး သိချင်တယ်ဆိုရင်တော့ အောက်ပါလင့်ကို ဝင်ပြီးစုံစမ်းလေ့လာနိုင်ပါတယ်👇👇👇👇👇
https://www.facebook.com/koyejuicyworld/posts/1369921593427776
04/01/2022
"အရင်း တစ်ဆ၊ အမြတ် နှစ်ဆ နဲ့ သူဋ္ဌေးဖြစ်ကြံမယ်"
ဒီလိုလုပ်ငန်း ရှိရဲ့လားလို့ သံသယရှိရင် အအေးဆိုင်လောကထဲဝင်လာခဲ့ပါ🤗
သမ္မာအာဇီဝကျပြီး အမြတ်ကြမ်းတဲ့ အအေးလုပ်ငန်းကို အပီအပြင်စနိုင်ဖို့ Juicy World ရဲ့ တန်းခွဲသစ်ကို ☀️ဇန်နဝါရီ 21ရက်နေ့မှာ ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။
❌ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ခေတ်မှာ အအေးဖျော်တတ်ရုံနဲ့ မလုံလောက်တော့ပါဘူး❌
▪️စျေးကွက်သဘောထား၊ ▪️ကုန်ကြမ်းလောက နဲ့ ▪️စားသုံးသူအကြိုက် တို့ကို နှံ့စပ်အောင် သိထားမှသာ ဒီလောကမှာရပ်တည်လို့ရမှာဖြစ်ပါတယ်။
Juicy World မှ ဖွင့်လှစ်မည့် တန်းခွဲသစ်မှာဆိုရင်
အအေးဖျော်နည်းတွေအပြင်
👉ယခုခေတ်ရဲ့ အအေးစျေးကွက် အနေအထား၊ ကုန်ကြမ်းစျေးကွက် အကြောင်းတွေကိုပါ👈
တစ်ပါတည်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။
🔸အအေးသင်တန်း၊ 🔸ကုန်ကြမ်းလောက နဲ့ 🔸အအေးဆိုင်လုပ်ငန်းတွေကို နှစ်များစွာ ဦးစီးတည်ထောင်လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံရှိ 🤵♂️သင်တန်းဆရာမှ သင်ကြားပေးမှာဖြစ်တဲ့အတွက် တတ်မြောက်မှုအတွက် ၁၀၀ရာခိုင်နှုန်းအာမခံပါတယ်။
➖➖➖➖➖➖➖〰️〰️➖➖➖➖➖➖
🔵သင်တန်းအမျိုးအစား
“Ice cream, Milk Tea and Juice Special Class”
🔵သင်တန်းတွင်ပါဝင်မည့် ဘာသာရပ်များ
🔸အလှူမင်္ဂလာဆောင်များအတွက် စီးပွားဖြစ် ရေခဲမုန့်ပြုလုပ်နည်း
(အရင်း ၁၅၀ကျပ်တန် မှ စ၍ တန်ဖိုးမြင့် ရေခဲမုန့်ပြုလုပ်နည်းများပါဝင်သည်)
🔸Milk Tea ဆိုင်အတွက် မရှိမဖြစ်တဲ့ အဓိက လက်ဖက်ခြောက် ဖျော်စပ်နည်းမျိုးစုံ
(အရင်း ၂၅၀ကျပ်မှ စပြီး ဖျော်စပ်နိုင်သည့် Milk tea ဖျော်စပ်နည်း ၁၀မျိုးကျော်ပါဝင်သည်)
🔸အအေးလိုင်းအတွက် မရှိမဖြစ် ဖျော်ရည် ဖျော်စပ်နည်းမျိုးစုံ
(Milkshake, Smoothies, soda, အသီးဖျော်ရည်, နှပ်ကော်ဖီ, ကော်ဖီအေး, ဖာလူဒါ, ရေခဲသုပ် စသည့် ဖျော်နည်းများ)
🔸စီးပွားဖြစ် ဂျယ်လီပြုလုပ်နည်း
🔸စက်ပစ္စည်းကိရိယာများ ရွေးချယ်အသုံးပြုနည်း
🔸ကုန်ကြမ်းအထားသို နှင့် ကုန်ကြမ်းအစားထိုးအသုံးပြုနည်း
🔸အအေးလုပ်ငန်း စျေးကွက်ရှာဖွေနည်း - အစရှိတဲ့ ခေါင်းစဉ်များကို အသေးစိတ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
☘️သင်တန်းအသေးစိတ်☘️
သင်တန်းကာလ - ဇန်နဝါရီ 21ရက် မှ 23ရက်အထိ
(စုစုပေါင်း ၃ရက်)
သင်တန်းချိန် - မနက် ၉း၃၀နာရီ မှ ညနေ ၃း၃၀နာရီ
အထိ
(စုစုပေါင်း ကြာချိန် - ၁၈နာရီ)
သင်တန်းကြေး - 150,000ကျပ်
(Juicy World ရဲ့ ရေခဲမုန့်သင်တန်း
ပါတဲ့အတွက် အရမ်းတန်ပါတယ်)
သင်တန်းနေရာ - အမှတ် ၄၅၀၊ မြတ်သီရိလမ်း၊ ၃ရရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - 09788813883
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
ယခု သင်တန်းဟာ 🧋Milk Tea ဆိုင်ဖွင့်ဖို့ ကကြီး ကနေ အ အဆုံး သင်ပေးမှာဖြစ်တဲ့ အတွက် Juicy World သင်တန်းအတွက် စိန်ခေါ်မှုများစွာရှိသလို တာဝန်ယူမှုလည်းကြီးမားပါတယ်။
ဒါကြောင့် လူဦးရေအများကြီး လက်ခံမှာမဟုတ်တဲ့အတွက် အမြန်ဆုံး စရံငွေပေးသွင်းပြီး အပ်နှံထားဖို့လိုပါတယ်။
(Kpay, CBpay မှလည်းပေးသွင်းနိုင်ပါတယ်)
‼️တတ်မြောက်မှုမရှိရင် သင်တန်းကြေးတစ်ခါတည်း ပြန်အမ်းပေးပါမယ်‼️
🗣📣အခုပဲ Juicy World ကို ဖုန်းခေါ်ပြီး သင့်ရဲ့ အိမ်မက်ဆိုင်လေး ကို အစပြုလိုက်ပါ 👉👉👉09788813883
27/12/2021
Dec 24ရက် သင်တန်းလေးတော့ အောင်မြင်စွာ ပြီးဆုံးသွားပြန်ပါပြီ။
အချိန်ပေးပြီး တက်ရောက်ခဲ့တဲ့ သင်တန်းသား တစ်ဦးချင်းစီကိုလဲ Juicy world မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။
နောက်တန်းခွဲကိုတော့ 2022 ဇန်နဝါရီ 14ရက်မှာ ထပ်ဖွင့်ပေးမှာဖြစ်ကြောင်း သတင်းကောင်းပါအပ်ပါတယ်။
သင်တန်းစုံစမ်းရန် - 09788813883
14/12/2021
ဒီနေ့ အိမ်ရှေ့မှာ ရပ်နေတုုန်း အသိညီမလေးတစ်ယောက် အအေးခွက်လေး ကိုင်ပြီး ရောက်လာပါလေရော
“ကိုကြီး နေကောင်းလား” လို့ နှုတ်ဆက်တော့ ….
သူပြောတာကို မကြားဘဲ သူ့လက်ထဲက အအေးခွက်လေးကို ကိုယ်က ပိုစိတ်ဝင်စားမိနေတာ။
စိတ်ထဲမှာတော့ တို့မြန်မာနိုင်ငံလည်း သူများနိုင်ငံတွေလို အစားအသောက်မှာ ခေတ်မှီလာပြီပဲလို့ စဉ်းစားနေမိတယ်။
လွန်ခဲ့တဲ့ ၄၊ ၅နှစ်လောက်က ထိုင်းကိုရောက်တော့ ဟိုက လူငယ်တွေကိုကြည့်လိုက်တိုင်း လက်ထဲမှာ အအေးခွက်လေးတွေ ကိုယ်စီကိုင်လို့…
အဲ့အချိန် မြန်မာနိုင်ငံမှာ Milk Tea မပြောနဲ့ ထိုင်းတီးတောင် လူတွေ သိပ်သိသေးတာ မဟုတ်ဘူး။
အခုတော့ ဟိုနေရာကြည့်လဲ Milk teaဆိုင် ၊ ဒီနေရာကြည့်လဲ Milk tea ဆိုင်တွေ တွေ့နေရပြီ။
ဆိုင်ရှင်လေးတွေကြည့်လိုက်ရင် ဆယ်ကျော်သက်လူငယ်လေးတွေများတယ်။
ကြိုးလည်းကြိုးစားကြပါတယ်။
နေရာလဲ သိပ်မလို၊ အရင်းအနှီး နည်းနည်းနဲ့ တစ်ပိုင်တစ်နိုင် ဖွင့်နိုင်တော့ တွက်ချေလည်းကိုက်တယ်။
ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့။
စီးပွားရေးလုပ်ငန်းတစ်ခုက လူသိများလာလို့ လုပ်တဲ့သူများလာပြီဆိုရင် စျေးကွက်ဝေစုက တဖြည်းဖြည်းနည်းလာရော။
ဒါနဲ့အတူ ပြိုင်ဘက်တွေများလာတော့ သူ့ထက်ကိုယ်ရောင်းရဖို့ နည်းမျိုးစုံ သုံးရပါတော့မယ်။
ဒီနေရာမှာ စျေးအပြိုင်လျှော့တာတွေ၊ လက်ဆောင်တွေအပြိုင်ပေးတာတွေက ရေတိုအတွက် အဆင်ပြေပေမယ့် ရေရှည်အတွက် အသုံးမဝင်ပါဘူး။
အဓိက ကတော့ ကိုယ့်ဆိုင်ရဲ့ ကွာလတီကို ကျမသွားအောင် ထိန်းထားဖို့ပါပဲ။
အခုတလော ကလေးတွေဆီက ပြန်ကြားနေရတာတွေက
“ဒီဆိုင် စျေးတော့ပေါတယ်။ ဒါပေမယ့် ချိုရဲနေတာပဲ”
“ဒီဆိုင်ကတော့ များများတော့ပါပါရဲ့ ဒါပေမယ့် အရသာက ပေါ့ရွှတ်ရွှတ်ကြီး” ဆိုတာမျိုးတွေပါ။
အရေးအကြီးဆုံးက အရသာပါ။ အအေးရဲ့ အရသာကို သေချာလေးထိန်းပါ။
ကိုယ်ရောင်းတဲ့ မြို့နယ်ရဲ့ အကြိုက်ကိုလိုက်ပြီး အချို၊အပေ့ါ လိုက်ညှိပါ။
နောက်ပြီး ကြီးကြီး၊ငယ်ငယ် စားသုံးသူရဲ့ အသံကို အမြဲဂရုစိုက်နားစွင့်နေပါ။
Bad review ရတဲ့နဲ့ ချက်ချင်း ပြုပြင်ပါ။ အချိန်မဆွဲပါနဲ့။
စျေးလျှော့တာ၊ အပိုပေးတာ ဖြေရှင်းနည်းမဟုတ်ပါ။ အဲ့လိုမပေးနိုင်တော့ရင် ဝယ်သူက အဲ့လိုပေးတဲ့ နောက်တစ်ဆိုင်ကိုသွားပါလိမ့်မယ်။
ကိုယ့်အရသာကောင်းမှသာ ဒီအရသာနဲ့ပဲ ဝယ်သူကို ဆွဲထားနိုင်မှာပါ။
ကိုယ်တွေ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံလေးတွေကို မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။
အအေးဆရာလည်းဖြစ်သလို အအေးလည်းရောင်းဖူးပါတယ်။
အအေးဘယ်လောက်မြတ်လဲဆိုတာလဲ သိပါတယ်။
ကုန်ကြမ်းတွေ အကြောင်းလဲ ကောင်းကောင်းသိပါတယ်။
အအေးလုပ်ငန်းဟာ လုပ်တတ်ရင် ဖိုထိုးစရာမလိုဘဲ ရွှေထွက်တဲ့ လုပ်ငန်းပါ။
ဒီတော့ ဉာဏ်နဲ့ယှဉ်ပြီး စျေးကွက်မှာ နေရာရဖို့ ကြိုးစားကြပါလို့ အကြံပြုလိုက်ပါတယ်။ ။
07/12/2021
“သင်တန်းတက်ပြီး ငွေရှာမယ်”
အရင်းအနှီး နည်းနည်းနဲ့ 👉💲အမြတ်များတဲ့ အအေးဆိုင်လုပ်ငန်းဟာ ငွေရှာဖို့ အကောင်းဆုံးလုပ်ငန်းဖြစ်ပါတယ်။🤗
ဒါပေမယ့် ဖျော်စပ်ပုံ မှန်ကန်ဖို့ နဲ့ ကုန်ကြမ်း စျေးသက်သာစွာရရှိဖို့ လိုပါတယ်။
ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ Juicy World သင်တန်းကျောင်းမှ အာမခံချက်အပြည့်ဖြင့် တာဝန်ယူသင်ကြားပေးနေပါတယ်။
👨🏫သင်ကြားမှုပုံစံ အနေနဲ့ ⬇️⬇️
▪️ ဆိုင်ဖွင့်ရာမှလိုအပ်တဲ့ နည်းပညာ၊ ကုန်ကြမ်း၊ စက်ကိရိယာ အကြောင်း ရှင်းပြမယ်။
▪️ ဆိုင်ပုံစံ ပြင်ဆင်ထားတဲ့ သင်တန်းခန်းမ မှာ ဖျော်နည်းတစ်ခုချင်းစီကို ကိုယ်တိုင်ဖျော်စပ်ရမယ်။
▪️ဆိုင်တစ်ဆိုင်ရဲ့ ကုန်ကြမ်းပစ္စည်း အထားအသို၊ အသိမ်းအဆည်း ကို လက်တွေ့လေ့လာနိုင်မယ်။
▪️ကုန်ကြမ်းအစားထိုးသုံးတတ်ဖို့ မတူညီတဲ့ ကုန်ကြမ်းအမျိုးမျိုးကို အသုံးပြုသင်ကြားပေးမယ်။
▪️သင်တန်းပြီးတာနဲ့ Milk Tea ဆိုင်တစ်ဆိုင်ရဲ့ လည်ပတ်မှုပုံစံကို အလုံးစုံနားလည်သွားရမယ်။
ဒီလိုအချက်တွေနဲ့ သင်ကြားပေးမှာဖြစ်တဲ့အပြင်👇
📓သင်တန်းစာအုပ်လေးပိုက်ပြီး 📦ကုန်ကြမ်းဆိုင်တွေမှာ ယောင်ချာချာမဖြစ်စေဖို့❌
🏬ဆိုင်အတွက် လိုအပ်တဲ့ အရာအားလုံးကို လက်ကားစျေးနဲ့ရအောင်🛒🛍 စီစဉ်ပေးသွားမှာဖြစ်ပါတယ်။
🔸သင်တန်းအတွေ့အကြုံကော၊ ဆိုင်အတွေ့အကြုံပါရှိတဲ့ ဆရာ မှ သင်ကြားပေးမှာဖြစ်ပါတယ်🔸
📖သင်ခန်းစာတွေအနေနဲ့ 👇👇👇
🔹 Milk Tea ဖျော်နည်းမျိုးစုံ
🔹 ရေခဲမုန့်ပြုလုပ်နည်းအမျိုးမျိုး
🔹 အအေးလိုင်းအဖျော်မျိုးစုံ (Fruit Juice, Milkshake, Smoothies, Soda ,.etc)
🔹 ပူတင်းပြုလုပ်နည်း
🔹 စီးပွားဖြစ် ဂျယ်လီပြုလုပ်နည်း
🔹 ရေခဲသုပ်
🔹 ဖာလူဒါ စသည်ဖြင့် ဆိုင်တစ်ဆိုင်စာ menu အစုံပါမှာဖြစ်ပါတယ်။
🍀သင်တန်းအသေးစိတ်🍀
သင်တန်းကာလ - ဇန်နဝါရီ 21ရက် မှ 23ရက်အထိ
(စုစုပေါင်း ၃ရက်)
သင်တန်းချိန် - မနက် ၉း၃၀နာရီ မှ ညနေ ၃း၃၀နာရီ
အထိ
(စုစုပေါင်းကြာချိန်- ၁၈နာရီ)
သင်တန်းကြေး - 150,000 ကျပ်
(Juicy World ရဲ့ ရေခဲမုန့်သင်တန်း
ပါတဲ့အတွက် အရမ်းတန်ပါတယ်)
သင်တန်းနေရာ - အမှတ် ၄၅၀၊ မြတ်သီရိလမ်း၊
၃၇ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊
ရန်ကုန်မြို့။
ဖုန်းနံပါတ် - 09788813883
ယခု သင်တန်းဟာ 🧋Milk Tea ဆိုင်ဖွင့်ဖို့ ကကြီး ကနေ အ အဆုံး သင်ပေးမှာဖြစ်တဲ့ အတွက် Juicy World သင်တန်းအတွက် စိန်ခေါ်မှုများစွာရှိသလို တာဝန်ယူမှုလည်းကြီးမားပါတယ်။
ဒါကြောင့် လူဦးရေအများကြီး လက်ခံမှာမဟုတ်တဲ့အတွက် အမြန်ဆုံး စရံငွေပေးသွင်းပြီး အပ်နှံထားဖို့လိုပါတယ်။
(Kpay, CBpay မှလည်းပေးသွင်းနိုင်ပါတယ်)
‼️တတ်မြောက်မှုမရှိရင် သင်တန်းကြေးတစ်ခါတည်း ပြန်အမ်းပေးပါမယ်‼️
🗣📣အခုပဲ Juicy World ကို ဖုန်းခေါ်ပြီး သင့်ရဲ့ အိမ်မက်ဆိုင်လေး ကို အစပြုလိုက်ပါ 👉👉👉09788813883
06/12/2021
ဒီဇင်ဘာ ၃ရက်နေ့ သင်တန်းလေးလည်း အောင်မြင်စွာပြီးဆုံးသွားပြန်ပါပြီ။
အချိန်ကော ငွေကြေးပါ ရင်းနှီးပြီးတက်ရောက်ခဲ့တဲ့ သင်တန်းသားတစ်ဦးချင်းစီကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
သင်တန်းအပြန်လက်ဆောင် ရေခဲမုန့်တွေ ကိုလည်း ကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။
(သင်တန်းသားတွေ ကိုယ်တိုင်လုပ်ထားတာဆိုတော့ မကြိုက်လဲ မရဘူးလေ😅😅)
ဒီတစ်ပါတ်သင်တန်းမမှီလို့ မတက်လိုက်ရတဲ့ သင်တန်းသားတွေ အတွက် Dec 24 မှာ တန်းခွဲသစ်တစ်ခု ထပ်ဖွင့်ပေးပါအုံးမယ်။
အသေးစိတ်သိချင်ရင် 09788813883 ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။
05/12/2021
ဒီဇင်ဘာ 3ရက်နေ့ သင်တန်းပုံရိပ်များ🤗🤗🤗
ဒီအပါတ်သင်တန်း မတတ်လိုက်ရလို့ စိတ်မညစ်ပါနဲ့။
ဒီဇင်ဘာ ၂၄မှာ တန်းခွံတစ်ခု ထပ်ဖွင့်ပေးပါအုံးမယ်။
စုံစမ်းရန် - 09788813883
02/12/2021
သင်တန်းသားများ၏ ကျန်းမာရေးကို အလေးထား၍ သင်တန်းခန်းမအား ခေတ်မှီ UV lamp ကြီးများဖြင့် မနက် တစ်ကြိမ်၊ ညနေတစ်ကြိမ် ပိုးသတ်ထားပေးပါတယ်။
ဒါအပြင့် face mask, hand gel များလည်း အပြည့်အစုံထားပေးထားပါတယ်။
သင်တန်းသားများအနေနဲ့လည်း သင်တန်းခန်းမအတွင်း မဝင်ခင် mask တပ်၊ လက်ဆေးကြရန်လည်း မေတ္တာရပ်ခံပါတယ်။
01/12/2021
“Juicy World သင်တန်းကျောင်းလမ်းညွှန်”
🔹တောင်ဥက္ကလာ ဘက်ကနေ ဘေလီတံတားကို ဖြတ်လာပြီးရင် ပင်လုံလမ်းမကြီးအတိုင်း ဆက်လာခဲ့ပါ။
🔹ပင်လုံလမ်းမပေါ်က မဝတမှတ်တိုင် မှာ ဆင်းရင် မျက်နှာချင်းဆိုင် က ဦးထွန်းမြင့်လမ်းထဲဝင်ပြီး အဆုံးထိလာပါ။
🔹ပြီးရင် ဘယ်ချိုးပြီး တွေ့တွေ့ချင်းလမ်း (ဦးရွှေစံအောင်လမ်း) ထဲဝင်ပြီး ၃လမ်းမြောက် ညာချိုးပါ။
🔹ဘယ်ဘက် ၂ခြံမြောက် သံတခါး အမဲရောင်နဲ့ အိမ်ပါ။
🔸ပြည်ထောင်စုလမ်းမပေါ်ကလာရင်တော့ စွမ်းအင်မှတ်တိုင်မှာ ဆင်းပါ။ လမ်းကူးပါ။
🔸ရှေ့ကိုဆက်လျှောက်ပြီး တွေ့တွေ့ချင်းလမ်းထဲ ချိုးဝင်ပါ။
🔸၄လမ်းမြောက်ကို ညာပြန်ချိုးပြီး ၂လမ်းမြောက် ဘယ်ချိုးကာ နဲနဲဆက်လျှောက်လာရင် Juicy World ကို တွေ့ပါပြီ။
🔸အကောင်းဆုံးကတော့ Google map လေးထဲမှာ Juicy World လိုက်ရိုက်ထည့်လိုက်ရင်တော့ သင်တန်းကို တန်းပြီးရောက်လာမှာဖြစ်ပါတယ်။
🟢သင်တန်းကို မနက် ၉း၁၅နာရီလောက် အရောက်လာပြီး ဖောင်ဖြည့် သင်တန်းကြေးသွင်းပါ။
ပြီးရင်တော့ သင်တန်းတံခါးလေးကို ဖွင့်ပြီး သင်တန်းခန်းမထဲဝင်လာလို့ရပါပြီ။
အပြင်က ပူလောင်မှုတွေ ချက်ချင်းပျောက်သွားအောင် ခန်းမထဲမှာ လေအေးပေးစက် အပြည့်ဖွင့်ပေးထားပါတယ်။
ပြီးရင်တော့ လွတ်တဲ့နေရာဝင်ထိုင်ပြီး အအေးဆိုင်မျိုးစုံ ပေါင်းစပ်ထားသလို ကုန်ကြမ်းကော၊ စက်ပစ္စည်းပါ စုံလင်တဲ့ သင်တန်းခန်းမ ကို ကိုယ့်အပိုင်လိုသဘောထားပြီး လေ့လာလို့ရပါပြီ။
သင်တန်းဆရာ ရောက်လာရင် သင်တန်းသားအချင်းချင်း မိတ်ဆက်ပြီး ဆိုင်ဖွင့်ဖို့ ခရီးလမ်းအတွက် ရိက္ခာတွေ စဖြည့်ကြပါမယ်။
နေ့လည်စာ ပါစီစဉ်ပေးထားလို့ အပြင်ထွက်စရာမလိုဘဲ သင်တန်းမှာတင် အဝဆွဲလို့ရပါတယ်။
နေ့လည်စာ စားပြီးလို့ အိပ်ငိုက်လာရင်လည်း ရေခဲမုန့်လေးထပ်စားလို့ရပါသေးတယ်။
ရေခဲမုန့်စားပြီးရင်လည်း အအီပြေ ဖျော်ရည်လေးတွေ ထပ်သောက်လို့ရပါတယ်။
သင်တန်းအပြန် ညစာလွတ်ဖြစ်အောင် Milk tea လေးတွေ ပါဆယ်ဆွဲသွားနိုင်ပါသေးတယ်။
အိမ်အပြန်လမ်း မသိရင်လည်း Grab ခေါ်ပြီး အိမ်ပြန်ပို့ပေးပါမယ်။
ပြောရင်းနဲ့တောင် ဒီလိုသင်တန်းမျိုး ကိုယ်တိုင်တောင် တက်ချင်စိတ်ဖြစ်လာပါပြီနော်။
ဒီလိုမျိုး ရေမီးအစုံ နဲ့ လေထီးခုန်ဖို့ ဒီဇင်ဘာ ၃ရက်နေ့ သင်တန်းကိုနောက်မကျပဲလာခဲ့ကြပါ။
ပုံ/
သင်တန်းဆရာ👨🏫
01/12/2021
သင်တန်းပိတ်ထားတာကြာတော့
ဒီတစ်ပါတ်သင်တန်း လူတောင်ရှိပါ့မလားလို့ စိတ်ပူမိခဲ့တယ်။
ဒါပေမယ့် သင်တန်းရက် မတိုင်ခင် သတ်မှတ်လူဦးရေပါ ပြည့်သွားတဲ့အတွက်
Juicy World ကို မမေ့ကြသေးဘူးဆိုတာ သိရတဲ့အတွက် ကျေနပ်ဝမ်းသာမိပါတယ်။
အခုလို ခေတ်ပျက် ခေတ်ကျပ် မှာ အချိန်ကော၊ ငွေပါ ရင်းပြီး သင်တန်းလာတက်သူတွေအကုန်လုံးကို ကျေးဇူးတင်ရှိပါတယ်။
သင်တန်းကျောင်းဘက်ကလည်း ဒီတစ်ပါတ်သင်တန်းသားတွေအတွက် ဆိုင်ဖွင့်နိုင်အောင် အစစ အရာရာ တာဝန်ယူပြီး သင်ကြားပေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ကုန်ကြမ်းတွေနဲ့ပတ်သက်ပြီး အထူးသင်ပေးသွားမယ့် အစီအစဉ်တစ်ခုပါ ထည့်သွင်းပေးထားပါတယ်။
အဲ့ဒီ အစီအစဉ်လေး အကြောင်းကိုတော့ သင်တန်းမှာ ဆက်ပြီးပြောကြာတာပေါ့...
30/11/2021
Milk Tea ဆိုင်ဘယ်လိုဖွင့်မလဲ ၊ အပိုင်း (၃)
Bubble tea ဖျော်တဲ့နေရာမှာ အရေးကြီးတဲ့ ပစ္စည်းက ပုလဲသီးနဲ့ သကြားရည်ဖြစ်ပါတယ်။
ပုလဲသီးကို သေချာပြုတ်ပါ၊ နူးပြီထင်ပြီး ရေအေးနဲ့ဆေးတော့မှ ပြန်မာသွားတတ်ပါတယ်။
အဲ့အခါ ထပ်ပြုတ်ရင် အချိန်လည်းကုန်၊ မီးလည်းကုန်ပါတယ်။
ပုလဲသီးကို တစ်ရက်ပဲသုံးပါ။ ဆရာ့ဆရာကြီးတွေပြောသလို ပုလဲကိုခဲပြီးပြန်သုံးတာတို့ မလုပ်ပါနဲ့။
Bubble tea ရဲ့အသက်က ပုလဲဖြစ်တဲ့အတွက် ပုလဲမကောင်းရင် ဖောက်သည်ပျက်ပါမယ်။
ဆိုင်သေး တော်တော်များများသောက်ကြည့်တဲ့အခါ ပုလဲက သိပ်အဆင်မပြေတာတွေ့ရပါတယ်။
ဒါကြောင့် နည်းလမ်းမှန်မှန်နဲ့ ပုလဲပြုတ်ပါ။
လက်ဖက်ခြောက်နှပ်ရည်တွေကို ရက်အကြာကြီးထားမသုံးပါနဲ့။
မကုန်ရင် ရေခဲသေတ္တာထဲ ထည့်ပြီး သိမ်းထားပါ။
အရသာမှန်ဖို့အတွက် သကြားရည်ကို ကျိုသုံးတာထက် ready made သကြားရည်ကို ပိုပြီး အားပေးပါတယ်။
အခြားပါဝင်ပစ္စည်းအသေးစိတ်ကတော့ မပြောတော့ပါဘူး။
သက်ဆိုင်ရာသင်တန်းတွေကပြောတဲ့အတိုင်း အသုံးပြုပါ။
သင်တန်းအနေနဲ့ ဆိုင်ဖွင့်နိုင်အောင် သင်ပေးတဲ့အပြင် ဆိုင်အခက်အခဲကိုပါ ဖြေရှင်းပေးနိုင်တာမျိုးကို ရှာပါ။
ဒီနေ့ သင်တန်းတက်၊ မနက်ဖြန် သင်တန်းပြန်သင်တဲ့သူတွေကိုရှောင်ပါ။
ဒီလိုလူတွေကြောင့် သင်တန်းလောကလဲ နာမည်ပျက်ပါတယ်။
စျေးနည်းတာ၊ များတာကို မကြည့်ဘဲ တကယ် အသုံးဝင်မယ့် သင်တန်းကိုရွေးချယ်ပါ။
နောက်ဆုံးအနေနဲ့ သတိထားရမယ့် အချက်တွေကို စုပြီးဖော်ပြပေးပါမယ်။
ဝန်ထမ်းနဲ့ပတ်သက်ပြီးပြောရရင် Milk Tea ဆိုင်၊ အအေးဆိုင်တွေမှာ များသောအားဖြင့် ဝန်ထမ်းမမြဲပါဘူး။
တက်တာနဲ့ အလုပ်ထွက်ပြီး အပြင်မှာ ပြန်ဖွင့်ကြတာများပါတယ်။
အရင်းအနှီးနဲနဲနဲ့ ဖွင့်လို့ရတဲ့ လုပ်ငန်းမျိုးဖြစ်လို့လည်း ဖြစ်ပါတယ်။
ဒါကြောင့် ဝန်ထမ်းတွေနဲ့ပဲ ဖွင့်တဲ့ဆိုင်ဆိုရင် တတ်နိုင်သမျှ ကုန်ကြမ်းအမျိုးအမည်တွေကို ထိန်းပြီး ဖွင့်ပါ။
နေ့စဉ်ရောင်းရငွေတွေ မပျောက်ဆုံးဖို့အတွက် ခွက်ရေ အတိအကျထုတ်ပေးတာ၊ ဘောက်ချာဖွင့်ပေးတာ တတ်နိုင်ရင်တော့ POS စနစ်တွေကို အသုံးပြုပါ။
ဆိုင်မှာ Sugar level ကို သတ်မှတ်ထားတာမရှိဘူးဆိုရင် ဝယ်သူက မေးပြီးမှ ဖျော်ပေးတာပိုအဆင်ပြေပါတယ်။
ဝန်ထမ်းတွေရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို အမြဲ စစ်ဆေးပါ။
နောက်အရေးကြီးတာ တစ်ခု ကျန်ပါသေးတယ်။ ဒါကတော့ ကုန်ကြမ်းလက်ကျန် စစ်ဆေးတာပါ။
ကုန်ကြမ်း လုံလောက်မှုရှိ၊ မရှိကို ဆိုင်မဖွင့်ခင် တစ်ခေါက် ၊ ဆိုင်မပိတ်ခင် တစ်ခေါက်စစ်ပါ။
ဆိုင်မဖွင့်သေးခင်စစ်တဲ့အတွက်ကြောင့် လိုအပ်ရင် ပြေးဝယ်ထားလို့ရပါတယ်။
ဆိုင်မပိတ်ခင်စစ်တဲ့အတွက်ကြောင့် လိုအပ်တာတွေကို ညပိုင်းမှာ ကြိုဖြည့်ထားလို့ရပါတယ်။
ဆိုင်ပိတ်ချိန် ရောက်တာနဲ့ ဖျော်စပ်ရာမှာသုံးတဲ့ အသုံးအဆောင်အားလုံးကို သေချာဆေးကြောပါ။
စားပွဲခုံ၊ ကြမ်းပြင်၊ အအေးကောင်တာ အစရှိတာတွေကို ဆပ်ပြာနဲ့ သေချာဆေးပါ။
ပုပ်သိုးလွယ်တဲ့ ကုန်ကြမ်းတွေကို အအေးခန်းထဲ ပြန်ထည့်ထားခြင်းရှိ၊ မရှိ စစ်ပါ (ဥပမာ- နွားနို့၊ နို့ဆီ၊ ခရင်မ်)
လျှပ်စစ်မီးတွေ နဲ့ ခလုတ်တွေကို သေချာပိတ်ခဲ့ပါ။ ဒါပေမယ့် ရေခဲသေတ္တာကိုတော့ ဖွင့်ထားဖို့လိုတယ်ဆိုရင် မှားပြီးမပိတ်မိအောင် ဂရုပြုပါ။
ဒီလောက်ဆိုရင်တော့ တော်တော်လေး ပြည့်စုံပြီလို့ ယူဆရပါတယ်။
နောက်ပိုင်းတွေမှာလည်း Milk Tea ဆိုင်အတွက် အသုံးဝင်မယ့်အချက်အလက်လေးတွေကို ဖော်ပြပေးသွားမှာ မို့လို့ Page ကို Like & see first လုပ်ထားဖို့ မမေ့ပါနဲ့…..