Hall Of Fame

Hall Of Fame Let's enjoy sports...

ဘာစီလိုနာအသင်းဟာ ၂၀၂၀ ခုနှစ်ဘောလုံးရာသီတုန်းက အသင်းဘက်ကနေ ရွှေ့ဆိုင်းခဲ့တဲ့ ကြွေးမြှီးတွေကို ပေးချေခဲ့ပြီးပြီလို့သိရပါတယ...
28/06/2025

ဘာစီလိုနာအသင်းဟာ ၂၀၂၀ ခုနှစ်ဘောလုံးရာသီတုန်းက အသင်းဘက်ကနေ ရွှေ့ဆိုင်းခဲ့တဲ့ ကြွေးမြှီးတွေကို ပေးချေခဲ့ပြီးပြီလို့သိရပါတယ်။

ဒါပေမယ့် အသင်းအနေနဲ့ မက်ဆီ၊ ကော်တင်ဟို၊ အမ်တီတီ၊ ရော်နယ်လ်ကိုးလ်မန်းနဲ့ အခြားသူတွေကိုပေးချေရမယ့်အကြွေးတွေ အခုချိန်ထိကျန်ရှိနေဆဲပဲလို့ သိရပါတယ်။

2027 ခုနှစ်အထိ အယ်လ်နာဆာအသင်းနဲ့စာချုပ်သက်တမ်းတိုးပြီးတဲ့နောက် ခရစ္စတီယာနိုရော်နယ်လ်ဒိုတစ်ယောက် အသင်းမှာရရှိသွားမယ့် လစာ...
26/06/2025

2027 ခုနှစ်အထိ အယ်လ်နာဆာအသင်းနဲ့စာချုပ်သက်တမ်းတိုးပြီးတဲ့နောက် ခရစ္စတီယာနိုရော်နယ်လ်ဒိုတစ်ယောက် အသင်းမှာရရှိသွားမယ့် လစာပမာဏပဲဖြစ်ပါတယ်။ စာချုပ်သစ်အရ ရော်နယ်လ်ဒိုအနေနဲ့ တစ်ရက် ယူရိုငွေတစ်သန်းတိတိ ရရှိသွားမှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့အကြောင်း အတည်ပြုခဲ့တာ ဒီနေ့မှာပဲ ၁၆ နှစ်တိတိပြ...
26/06/2025

ရီးရဲလ်မက်ဒရစ်အသင်းဟာ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့အကြောင်း အတည်ပြုခဲ့တာ ဒီနေ့မှာပဲ ၁၆ နှစ်တိတိပြည့်ခဲ့ပါပြီ...

The rest is the history...

အာစင်ဝင်းဂါး🗣"ငါတို့ရဲ့ invincibles ဆိုတဲ့ဂုဏ်ပုဒ်ကို ယူနိုက်တက်နဲ့တွေ့တဲ့ပွဲမှာ ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့် အဲ့ရှုံးပွဲက...
16/06/2025

အာစင်ဝင်းဂါး🗣

"ငါတို့ရဲ့ invincibles ဆိုတဲ့ဂုဏ်ပုဒ်ကို ယူနိုက်တက်နဲ့တွေ့တဲ့ပွဲမှာ ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့် အဲ့ရှုံးပွဲက ဒိုင်လူကြီးရဲ့ပယောဂတွေကြောင့်လည်းပါတယ်။ သူ့ရဲ့ဆုံးဖြတ်ချက်တချို့ကြောင့် ​ရှုံးခဲ့ရတာမို့ သူ့မှာတာဝန်ရှိပါတယ်။ ကျွန်တော်တို့က ရှုံးပွဲနဲ့မထိုက်တန်ပါဘူး..."

"အကယ်၍များ ငါ6သသွားပြီးလို့ ဘုရားသခင်နဲ့တွေ့တဲ့အခါ နတ်ပြည်နဲ့ ငရဲပြည်ကိုရွေးခိုင်းရင် အရင်ဆုံး ဒိုင်လူကြီးတွေဘယ်မှာရှိလဲ ငါအရင်မေးမယ်.."

အာဆင်နယ်အသင်းဟာ အာစင်ဝင်းဂါးလက်ထက်မှာ ပရီးမီးယားလိဂ်ပွဲပေါင်း ၄၉ ပွဲဆက်တိုက်ရှုံးပွဲမရှိကစားထားနိုင်ခဲ့ပြီး ပွဲ ၅၀ မြောက်အဖြစ်စံချိန်တင်နိုင်မယ့်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ ရင်ဆိုင်ခဲ့ရပါတယ်။

ပွဲကအတော်လေးကြမ်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ပွဲချိန်အတွင်းမှာ နှစ်ဘက်အသင်းကစားသမားတွေ မကြာခဏပြဿနာတက်ခဲ့ကြပါတယ်။ ပွဲအပြီးမှာတော့ ယူနိုက်တက်က အိမ်ကွင်းမှာ နှစ်ဂိုး-ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပြီး အာဆင်နယ်အသင်းရဲ့ ၄၉ ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

ပွဲအပြီး ဥမင်လိုဏ်းခေါင်းအတွင်းမှာလည်း ကစားသမားတွေရော နည်းပြတွေပါ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပြီး ယူနိုက်တက်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်တစ်ယောက် ပီဇာနဲ့ပစ်ပေါက်ခံခဲ့ရပါတယ်။ ထိုစဥ်ကတော့ ဘယ်သူမှန်းမသိခဲ့ဘဲ နောက်ပိုင်းမှသာ ပီဇာနဲ့ပစ်ပေါက်ခဲ့တဲ့သူဟာ ဖာဘရီဂတ်စ်ဖြစ်တယ်ဆိုတာ သိခဲ့ကြရပါတယ်။

လိုင်ယွန်အမျိုးသမီးအသင်းရဲ့ကစားသမားတွေဖြစ်တဲ့ အီလီကာပန်တာနဲ့ ဗန်ဒီဒွန့်တို့ဟာ ယနေ့မှာပဲ မင်္ဂလာပွဲကျင်းပလိုက်ကြပြီဖြစ်ပါ...
12/06/2025

လိုင်ယွန်အမျိုးသမီးအသင်းရဲ့ကစားသမားတွေဖြစ်တဲ့ အီလီကာပန်တာနဲ့ ဗန်ဒီဒွန့်တို့ဟာ ယနေ့မှာပဲ မင်္ဂလာပွဲကျင်းပလိုက်ကြပြီဖြစ်ပါတယ်...

ဗီတင်ညာ🗣"မက်ဆီအသင်းကနေထွက်သွားတုန်းက မင်းတို့ကောင်တွေ ဘယ်တော့မှ ချန်ပီယံလိဂ်ရမှာမဟုတ်ဘူးလို့ ပြောပြီး ထွက်သွားခဲ့တာဗျ......
01/06/2025

ဗီတင်ညာ🗣

"မက်ဆီအသင်းကနေထွက်သွားတုန်းက မင်းတို့ကောင်တွေ ဘယ်တော့မှ ချန်ပီယံလိဂ်ရမှာမဟုတ်ဘူးလို့ ပြောပြီး ထွက်သွားခဲ့တာဗျ..."

"ဒီနေ့ ဒီဗိုလ်လုပွဲမှာ ချန်ပီယံလိဂ်ဖလားကြီးနဲ့ ကျနော်တို့အောင်ပွဲခံတာကို သူကြည့်နေလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်..."

Mg Mg Lwinnnnnnn...Goalllllll
28/05/2025

Mg Mg Lwinnnnnnn...
Goalllllll

ပါလ်မာရဲ့ အင်တာဗျူးဖြေတဲ့စတိုင်လ်
21/05/2025

ပါလ်မာရဲ့ အင်တာဗျူးဖြေတဲ့စတိုင်လ်

ရာသီအကုန်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း တရားဝင်ကြေငြာပြီးတဲ့နောက်မှာတော့ အလက်ဇန်းဒါးအာနိုးလ်ကို လီဗာပူး...
05/05/2025

ရာသီအကုန်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း တရားဝင်ကြေငြာပြီးတဲ့နောက်မှာတော့ အလက်ဇန်းဒါးအာနိုးလ်ကို လီဗာပူးလ်မြို့မှာရှိတဲ့ Pop world နိုက်ကလပ်ကနေ ရာသက်ပန် Ban လိုက်ပြီဖြစ်ကြောင်း နိုက်ကလပ်ဘက်က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ယနေ့ယှဥ်ပြိုင်ခဲ့ကြတဲ့ လက်စတာ VS ဆောက်သမ်တန်ပွဲစဥ်မှာ ဒိုင်လူကြီး ဒေးဗစ်ဝက်ဘ်ဟာ သူ့ရဲ့ဒိုင်လူကြီးဘဝ ပထမဆုံးပရီးမီးယားလိဂ...
03/05/2025

ယနေ့ယှဥ်ပြိုင်ခဲ့ကြတဲ့ လက်စတာ VS ဆောက်သမ်တန်ပွဲစဥ်မှာ ဒိုင်လူကြီး ဒေးဗစ်ဝက်ဘ်ဟာ သူ့ရဲ့ဒိုင်လူကြီးဘဝ ပထမဆုံးပရီးမီးယားလိဂ်ပွဲစဥ်ကို ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။

ဒါပေမယ့် ကံမကောင်းစွာနဲ့ ဒိုင်လူကြီးဂျော်ဒန်ဝက်ဘ်ဟာ လက်စတာကစားသမား ဒေးဗစ်ဝက်ဘ်နဲ့ထိခိုက်မိပြီး ကွင်းတွင်းမှာ လဲကျသွားခဲ့ပေမယ့် အပြင်းအထန်ထိခိုက်ဒဏ်ရာရတာမျိုးမရှိခဲ့ပါဘူး။

ဒိုင်လူကြီး ဒေးဗစ်ဝက်ဘ်ကို စနောက်ချင်တဲ့ လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီကတော့ လဲကျနေတဲ့သူ့အနားကိုအပြေးသွားပြီး ပွဲကိုခေတ္တရပ်ဆိုင်းဖို့အတွက် ဒိုင်လူကြီးလက်ထဲက ဝီစီကိုယူပြီး ပွဲခေတ္တခဏရပ်နားကြောင်းအချက်ပြခဲ့ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Hall Of Fame posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category