28/08/2024
ရွှေဘ မကြာမှီ ပြန် လာမည်
ရွှေဘ လို့ ဆိုလိုက်ရင်. လူတိုင်းကတော့ ရုပ်ရှင်မင်းသား ရွှေဘ ကိုပဲ ပြေး မြင်မိကြမှာပါ.
ကျွန်တော်တို့ ထ.(၆) St. Paul ကျောင်းသားတွေကတော့ (၁၀)တန်း ဆရာမကြီး ဒေခင်တင့် ကို အားလုံးက ချစ်စနိုးနဲ့ ရွှေဘ လို့ ခေကြတယ် ဆိုတာ သိပါတယ်.
ရွှေဘ အမည် တွင်ပုံ
ရွှေဘ ရယ်လို့ အမြင် တွင် ပုံလေးက လည်း တကယ် စိတ်၀င်စား စရာကောင်းပါတယ်၊
စိန်ပေလ် ကျောင်း - ယောကျာ်လေး ကျောင်းဆိုတော့ - ဇ ပြင်းတယ်ဗျ.
တခါက. ကျောင်းသားတစ်ယောက် ကို ဆရာမ ကြီးက ရိုက် လိုက်မိတယ်..အဲဒီ ကျောင်းသားက ဆရာမ ကြီး ကို အမြင်စောင်းပြီးတော့ မကျေနပ်တော့ လူမိုက် အထာနဲ့ ဆရာမ ကြီး ဘက်က သတိ ရှိရင် ရေကျော်မောင်အေး လက်ဖက်ရည်ဆိုင် ကို တစ်ယောက် တည်း လာ ရဲ သလာလို့ စိန်ခေ လိုက်ပါတယ်.
ဆရာမကြီးကတော့ သတိ ရှိရှိ ပဲ ချိန်းဆို ထားတဲ့နေရာကို ရောက်အောင် သွားပါတယ်.
တကယ် တမ်း . မိန်းမသား တန်မဲ့ တစ်ယောက်တည်း - သတိ ရှိရှိ လာ တာကိုလည်းမြင်ရော.. စိန်ခေ ထားတဲ့ ကျောင်းသား လည်း သူ့အမှားကို သူ သိ ပြီး အာစရိယ ဂုနော ကို ပြစ်မှားမီမှန်း သိလိုက်ပါတယ်။
ကျောင်းသားက ဆရာမ ကို ရှိခိုးတောင်းပန် ဆရာမ က ကျေအေးခွင့်လွှတ်ပေးလိုက်ပါတော့တယ်.
ကြည်နူးစရာ မြင်ကွင်းလေးပါ.
အမှာ သိ တဲ့သူကလည်း မျက်ရည် လည်ရွှဲ နဲ့ ရှိခိုးတောင်းပန်
လူကြီးက လည်း သဘောထား ကြီစွာ ကျေနပ် ခွင့်လွတ် ။
အဲဒီအချိန်က စပြီး ဆရာမကြီး ဒေခင်တင့် ကို ရွှေဘ ရယ်လို့ အမည် တွင် သွားပါတော့တယ်.
ကျွန်တော် သိတဲ့ ရွှေဘ
ကျွန်တော် (၁၀)တန်း ကို ရောက်တော့ . ဆရာမကြီး က.အသက် (၆၀) နား နီး နေပါပြီ.
ဒါပေမယ့် - ဆရာမ ကြီးကို မျက်လုံးချင်း ဆိုင် ကြည့်မိ ရင်တောင် ကြက်သိမ်းထ မိလောက်အောင် ဆရာမ ကြီးရဲ့ မျက်လုံးတွေ တောက် ပ ဆဲ ပါ၊ ထက်မြက်ဆဲပါ၊ အော်နိုင် ဟစ်နိုင် တုန်း ဆူနိုင် ရိုက်နိုင်တုန်းပါ၊
ဆရာမကြီး စေတနာ ကြောင့် (၁၀) တန်း မှာ အမှတ် ကောင်း ပြီး ဆရာ၀န် ၊ အင်ဂျင်နီယာ ဖြစ်သွားကြသူတွေ လည်း ဒု နဲ့ ဒေး ပါ၊
ကျန်းမာရေးအခြေအနေ
ဆရာမ ကြီး က အခု ဆိုရင် အသက် (၈၄) နှစ် ရှိပါပြီ၊
ဘိုင်အိုစီ အဖြေ အရ ကတော့ ခါးဆစ်ရိုး အချို့ ပျက် စီးနေတယ်လို့သိရတယ်.
မျှော် နေ မှာ နော်
တချိန်တုန်းက ဒို့ တွေ ချစ် ကြောက် ရိုသေ ခဲ့ရတဲ့ ဆရာမ ကြီးပါ။
၂၀၀၀ ကျောင်းသားတွေ စုပေါင်းပြီး အလှုငွေကို သွားရောက် လှူဒါန်းကြပါမယ်။
တပည့်ဟောင်း တွေကို မြင်ရင်တော့ ဆရာမက..တော်တော် ၀မ်းသာ မှာ အသေချာပါပဲ။
ဒါကြောင့် ကျွန်တော်တို့ ချစ်တဲ့ဆရာမ ကြီး ရွှေဘ
အရင် လို ပြန် ကျန်းမာအေင်. အရင် လို ရိုက်နိုင် . ဆူနိုင် .အော်နိုင် ဟစ်နိုင် အောင် ကျွန်တော်တို့ အားလုံး ဆုတောင်း ပေးကြရအောင်နော်.
မကြာပါဘူး..ဒို့ အားလုံးရဲ့ ရွှေဘ မကြာမှီ ပြန် လာမည်
အလှုငွေ ထည့်၀င်ရန်
၂၀၀၀ ကျောင်းသားဟောင်းများမှ အလှုငွေ ထည့်၀င်လိုပါက
Kpay 095017734 ( U Phone Thant)
AYA Pay -095017734 ( U Phone Thant)
ကျောင်းသားဟောင်း များ၏ မိသားစု ၀င်များ မှ Mobile payment များဖြင့် ကိုယ်စား ငွေလွှပါက ကျောင်းသားဟောင်း၏ အမည် အပြည့်အစုံကို ဖော်ပြပေးပါရန်
30/01/2021
03/03/2020
09/01/2020
29/11/2019
26/11/2019