အိုးထရက်ဖို့တ်မှာရင်ခုန်ခြင်း
------------------------------
ဆယ်စုနှစ်တစ်ခုရဲ့အရှင်သခင်နှစ်ပါး (သို့) နန်းကျဘုရင်နှစ်ပါးရဲ့ တိုက်ပွဲ။အိုးထရက်ဖို့တ် ဆိုတာအောင်မြေမဟုတ်ရင်တောင် သတ်ကွင်းဖြစ်ခဲ့ဘူးတယ်။အကြိမ်ပေါင်းများစွာလည်စင်းပေးခဲ့သလို့။အောင်မြင်မှုတွေလည်းစိုက်ထူခဲ့ဘူးတယ်။ယခုအချိန်ကတော့ အိုးထရက်ဖို့တ်က အဆိပ်မရှိတဲ့ ရေမြွေသာသာဖြစ်နေပါပြီ။အာဆင်နယ်ဟာ rythem မမိသေးတယ့်ခံစစ်နဲ့ ကစားနေရပေမယ့် တိုက်စစ်ကတော့ အစွမ်းထက်လွန်းလှပါတယ်။လက်ရှိအခြေနေစိတ်ဓာတ်ပိုင်းအရ အာဆင်နယ်ကသာလွန်နေပါတယ်။နောက်တန်းမှာ ဒဏ်ရာရ ကစားသမားတွေပြန်လည်ပါဝင်မှုနဲ့အတူ အင်အားဖြည့်တိက်ြဖို့ချီတက်လာတဲ့ အမြှောက်တပ် ကို သရဲနီတွေဘယ်လိုခုခံမလဲဆိုတာ စောင့်ကြည့်ချင်စရာကောင်းလှပေတယ်။ မန်ချက်စတာ ကတော့ ကစားသမား အစုံလင်မပါဝင်နိုင်ဘူးလို့သိရပေမယ့် အိမ်ကွင်းမှာ ဗိုလ်ကျနေတဲ့အရသာကိုတော့ လက်လွတ်ခံမှာမဟုတ်ပေဘူး။ ကဲပါ သရဲနီတို့ရေ အာဆင်နယ်လာပြီနော်။မင်းတို့ကိုစီရင်ချမှတ်ပေးမဲ့ အာဆင်နယ်ရဲ့ အမိန့်ကို နာခံဖို့အဆင်သင့်သာပြင်ထားပေတော့ကွာ။စောင့်ကြည့်ကြဖို့မမေ့နဲ့နော်။တနလာင်္နေ့ည အင်္ဂါ နေ့မနက် 1:30 တိတိပါပဲ။
ACE
We Are The Gunners
Welcome To All The Gunners' Lovers, All Arsenal Fans ! We Will Introduce You All About Arsenal !!
Big Match is coming.
Manchester United vs Arsenal
Myanmar time. 1:30 am
Day. 1.10.2019
Stadium. Old Trafford
Referee. Kevin Friend
ချန်ပီယံဆုအတွက် အာဆင်နယ်ကိုမေ့ထားလို့ရပြီ
We are back🤘🤘.
24/04/2019
အများကြီး ကြိုးစားကြရတော့မှာပေါ့...
ဒီစာမျက်နှာမှာ ကျနော်က Admin တွေထဲက တစ်ယောက်အဖြစ်ပါ၀င်ထားပါတယ်။ ကျေးဇူးပြုပြီး Like လုပ်ထားပေးကြပါဦး။
https://www.facebook.com/TheProFootballTipsters
The Pro Football Tipsters :)
18/07/2015
Confirmed Line Up ...
ဆုဖလား အရယူကြမယ်ဗျို့ ...
18/07/2015
Transfer News >>>>
အာဆင်နယ်အသင်းဟာ ရိုးမားအသင်းရဲ့ အသက် ၂၀ အရွယ် ဗဟိုနောက်ခံလူ ရိုမက်ဂနိုလီယာကို ပြောင်းရွှေ့ကြေး ဒေါ်လာ ၃၈ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့နီးစပ်နေပြီလို့သိရပါတယ်။
အဆိုပါ ရိုးမားကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ရာသီက ဆမ်ဒိုးရီးယား အသင်းမှာ အငှါးစာချုပ်နဲ့သွားရောက်ကစားခဲ့ပြီး အသင်းရဲ့ပွဲထွက်လူစာရင်းမှာ အဓိကအကျဆုံးသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။
(အာဆင်နယ်အသင်းမှာ နောက်ခံလူ အလောတကြီးမလိုအပ်တာမို့ ကျနော်ကတော့ သိပ်သဘောမကျမိပါဘူး။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကလည်း နာပိုလီကွင်စလယ်လူ ကယ်လီဂျွန်နဲ့ သတင်းထွက်ခဲ့ပါသေးတယ်။ အပြောင်းအရွေ့မပိတ်သိမ်းခင် ထိရောက်တဲ့ခေါ်ယူမှုတွေသာ ပြုလုပ်စေချင်ပါတယ်။ မယောင်ရာ ဆီလူးမဖြစ်စေချင်ပါ။)
14/07/2015
အာဆင်နယ်အသင်းဟာ နာပိုလီအသင်းရဲ့ ညာတောင်ပံတိုက်စစ်မှူး ကယ်လီဂျွန်ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် 17.9 သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့သိရပါတယ်။
အသက် ၂၇ နှစ်အရွယ် အဆိုပါ စပိန်ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက နာပိုလီအတွက် ၁၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းပရိတ်သတ်တွေကတော့ အသင်းရဲ့ အဓိကလိုအပ်ချက်ဟာ World Class တိုက်စစ်မှူးတစ်ယောက်ဖြစ်လို့ ကယ်လီဂျွန်ကို မခေါ်ယူသင့်ဘူးလို့ ယူဆနေကြပါတယ်။ အသင်းမှာ တိုက်စစ်အားသန်ကွင်းလယ်ကစားသမားတွေအဖြစ် အိုဇေးလ်၊ ဆန်းချက်ဇ်၊ ကာဇိုလာနဲ့ ရမ်ဆေးတို့ရှိနေတာကြောင့် ကယ်လီဂျွန်ကို ခေါ်ယူခဲ့မယ်ဆိုရင်လည်း Budget ဖြုန်းတီးမှုသက်သက်သာ ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
တစ်ဆက်တည်းမှာပဲ အာဆင်နယ်ပရိတ်သတ်တွေက ပွဲထွက်လူစာရင်းမှာ အပတ်စဉ်တိုင်း ဂီရော့ပါဝင်ကစားနေတာကို အလွန်အမင်း စိတ်ပျက်ကြောင်းပြောဆိုလိုက်ပါတယ်။ တကယ်တမ်းလိုအပ်တာက တိုက်စစ်မှူးကောင်းတစ်ယောက်သာဖြစ်ကြောင်း၊ နောက်ခံလူ ခေါ်ယူမယ်ဆိုရင် လက်ခံလို့ရနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
အိမ်ကွင်းခေါ် နှိပ်စက်သလိုများဖြစ်သွားလားမသိဘူးနော်။
Arsenal (4-0) Benfica
22/07/2014
သူ့ကိုသိကြရဲ့လားဗျ။ World Cup မှာလက်စွမ်းပြသွားတဲ့ ကိုလံဘီယာ ဂိုးသမားလေ။ခုတော့ သူလည်း Gunner တစ်ယောက်ဖြစ်သွားပြီဗျ။ အမေရိကန်ခြေစမ်းပွဲ အပြီးမှာ လက်မှတ်ရေးထိုးသွားမယ်လို့သိရပါတယ်။ဦးဝင်းဂါးကြီးက သူ့ကိုခေါ်ယူတာဟာ ဆက်ဇနီ ရဲ့ နောက်မှာနေဖို့ မဟုတ်ပဲ ပထမဂိုးသမားနေရာအတွက် အပြိုင်အဆိုင်ဖြစ်လာအောင် ရည်ရွယ်တာလို့ပြောပါတယ်။ကဲဘာပဲဖြစ်ဖြစ် ကြိုဆိုလိုက်ရအောင်ဗျာ။
18/07/2014
Welcome From Arsenal......
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon