Supervisory Skill Training
ရေရှည်ဖွံ့ဖြိုးစေမယ့်ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ ကိုယ့်ကုမ္ပဏီရဲ့ဝန်ထမ်းတွေအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးတဲ့ သင်တန်းတွေပေးခြင်းကလည်းအရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။အဲဒီလိုအရေးကြီးတဲ့စွမ်းေဆာင်ရည်မြှင့် သင်တန်းကို နေပြည်တော်က Maple Win Co.,Ltd မှာ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။
သင်ထဲမှာပါဝင်ခဲ့တဲ့သင်တန်းသူသင်တန်းသားတစ်ယောက်ချင်းကိုရော ၊စီစဉ်ပေးတဲ့ Maple Win Company ကိုရော ကျွန်ေတာ်တို့ SDM အဖွဲ့မှအထူးပဲကျေးဇူးတင်ပါတယ်။
SDM - Synergetic Dream & Management
Delivering Training, Facilitation and Consultancy Services SDM stand for capacity development of each Non-profit Organization in Myanmar.
Supervisory Skill Training 8-10 September 2025
Hotel Yangon
11/09/2025
CSO Academy မှာ မိတ်ဖက်အဖွဲ့အစည်းများရဲ့ သင်တန်းကျောင်းများနဲ့ မြိုင်ဆိုင်နေပါပြီ
ပြင်သစ်သံရုံး(မြန်မာ)ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ CSO Academy မှစီစဉ်ဆောင်ရွက်ပြီး ရွေးချယ်ခံရသော မိတ်ဖက်အဖွဲ့အစည်းများမှ သင်တန်းကျောင်းများကို အောင်မြင်စွာ ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။
ယခုလို သင်တန်းများ ဖွင့်လှစ်နိုင်ဖို့အတွက် ရွေးချယ်ထားသောအဖွဲ့အစည်းများကို
✔️ e-learning self-paced course များကို ကိုယ်တိုင်လုပ်တတ်လာစေရန် လိုအပ်သည့် e-learning Course Development Training များ၊
✔️ Digital Training များနှင့် အခြေခံသင်တန်းများ၊ စီမံကိန်းပြီးဆုံးသည်အထိ CSO Academy မှ လမ်းညွှန်ပံ့ပိုးပေးနိုင်ခဲ့ပြီး
✔️ စီမံကိန်းအတွက် ရည်မှန်းထားသောအချိန်နှင့် လူသားအရင်းအမြစ်များကို ကာမိစေရန် ထောက်ပံ့ကြေးများကိုလည်း ပေးအပ်နိုင်ခဲ့ပါတယ်။
✔️ စီမံကိန်းကာလပြီးဆုံးပြီးနောက်တွင်လည်း ထပ်မံပြီး စီမံကိန်းအသစ်များကို အဖွဲ့အစည်းတချို့ နှင့်အတူ ရေရှည်လက်တွဲလုပ်ဆောင်လျက်ရှိပါတယ်။
ဒီအောင်မြင်မှုဟာ CSO Academy အတွက် ဂုဏ်ယူစရာ အခိုက်အတန့်တစ်ခုဖြစ်ပြီး မိတ်ဖက်အဖွဲ့အစည်းတွေ အားလုံးကို ကျေးဇူးတင်စွာ မှတ်တမ်းတင်ချင်ပါတယ်။
မိတ်ဖက်အဖွဲ့အစည်းများဖြစ်တဲ့ Association for Myanmar Contemporary Arts AMCA , Myanmar Online School, The Kap, Discovery & Development Corner, SDM - Synergetic Dream & Management, Ctrl List တို့ကို သင်တန်းကျောင်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည့်အပေါ် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ CSO Academy နှင့်အတူလက်တွဲလုပ်ဆောင်ခဲ့သည့်အတွက်လည်း အထူးကျေးဇူးတင်ရှိပါတယ်။
မိတ်ဆက်အဖွဲ့အစည်းများမှ CSO Academy eLearning & Development Platform ပေါ်မှာ ဖွင့်လှစ်ထားသော သင်တန်းကျောင်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ လက်ရှိတွင် Sustainable Development, Institutional Management, Project Management ဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ထားပါတယ်။ ဝင်ရောက်လေ့လာကြည့်ဖို့ကိုလည်း တစ်ပါတည်းဖိတ်ခေါ်လိုက်ပါရစေ။
Association for Myanmar Contemporary Arts မှဖွင့်လှစ်ထားသော သင်တန်းများကြည့်ရှုရန် - https://www.csoacademymm.org/schools/12
Myanmar Online School မှဖွင့်လှစ်ထားသော သင်တန်းများကြည့်ရှုရန် - https://www.csoacademymm.org/schools/11
The Kap မှဖွင့်လှစ်ထားသော သင်တန်းများကြည့်ရှုရန် - https://www.csoacademymm.org/schools/10
Discovery and Development Corner မှဖွင့်လှစ်ထားသော သင်တန်းများကြည့်ရှုရန် - https://www.csoacademymm.org/schools/8
Synergetic Dream and Management မှဖွင့်လှစ်ထားသော သင်တန်းများကြည့်ရှုရန် - https://www.csoacademymm.org/schools/7
Ctrl List မှဖွင့်လှစ်ထားသော သင်တန်းများကြည့်ရှုရန် - https://www.csoacademymm.org/schools/6
နောက်ထပ်လည်း CSO Academy နှင့် ပူးပေါင်းဆောင်ရွက်လိုသည့် အဖွဲ့အစည်းအသစ်များကို ဖိတ်ခေါ်ပြီး၊ အတူတူ အောင်မြင်မှုတွေ ဆက်လက်ဖန်တီးသွားဖို့ မျှော်လင့်ပါတယ်။ ✨
CSO Academy eLearning & Development Platform
🌐 Website – https://www.csoacademymm.org
📲 App Download – https://bit.ly/CSOAcademyAppLink
09/07/2025
SDM ရဲ့ Organizational Leadership and Management သင်တန်း ကို အခမဲ့ လေ့လာ လိုက်ပါ....
Organizational Leadership and Management သင်တန်း က ဘယ် လို လူတွေ နဲ့ သင့် လျော် လဲ ဆိုတာကို ဇာတ်လမ်းတို လေး နဲ့ ပြောပြထား ပါတယ် သင်တန်း တက်ချင်တယ် ဆိုရင်တော့ ဒီအောက်ကလင့်ကနေအလွယ်တကူသွားနိုင်ပါတယ်။
https://csoacademymm.org/courses/organizational-leadership-and-management-part-i
CSO Academy Learning Platform မှာ စာရင်းသွင်းနည်းကိုလည်း အောက်က link မှာကြည့်နိုင်ပါတယ်။
https://www.youtube.com/watch?v=GAMUXSGsBc4&t=17s
SDM က CSO Academy Learning Platform မှာ သင်တန်းကျောင်းတစ်ခုအနေနဲ့ Organizational Leadership and Management သင်တန်းစတင်ဖွင့်လှစ်ထားပါပြီ။ ဒီအောက်ကလင့်ကနေအလွယ်တကူသွားနိုင်ပါတယ်။
https://csoacademymm.org/courses/organizational-leadership-and-management-part-i
CSO Academy Learning Platform မှာ စာရင်းသွင်းနည်းကိုလည်း အောက်က link မှာကြည့်နိုင်ပါတယ်။
https://www.youtube.com/watch?v=GAMUXSGsBc4&t=17s
SDM နဲ့ CSO Academy တွဲပြီးဖွင့်လှစ်တဲ့ ကိုယ်တိုင်သင်ယူလို့ရတဲ့ အခမဲ့သင်တန်းကို စတင်ဖွင့်လှစ်လိုက်ပါပြီ။ အဲဒီသင်တန်းကိုတက်ဖို့ စာရင်းဘယ်လိုသွင်းရမယ်ဆိုတာ ဒီ video မှာရှင်းပြထားပါတယ်။ သင်တန်းတွေက သင်တန်းကြေး free ဖြစ်တဲ့အပြင် တက်ရောက်သူတွေအတွက် promotion တွေလည်းရှိလို့ အခုပဲစာရင်းသွင်းလိုက်ရအောင်နော်...
သင်တန်း ကို အခမဲ့ တက် ပြီး ဖုန်းဘေ နဲ့ ဆုကြေး တွေ ပြန်ရမယ့် အစီအစဉ် တစ်ခု လာပါပြီ....☺️☺️☺️☺️☺️
Facebook က မိတ်ဆွေ တွေ မင်္ဂလာ ပါ....
သင်တန်းတက်ရင် သင်တန်း ကြေး မပေး ရတဲ့အပြင် ဖုန်းဘီလ်နဲ့ ဆုကြေးတွေပါရနိုင်မယ့်အစီအစဉ်......လာပါပြီ...
Website မှာ စာရင်းသွင်းပြီးတက်ရတာဖြစ်လို့
ကိုယ်အားတဲ့အချိန်မှာလေ့လာရုံပါပဲ.....
Video လေးကိုကြည့်ပြီး စိတ်ဝင်စားရင် comment မှာမေးလိုရပါတယ်...
24/02/2024
ကျွန်တော်တို့ SDM ကနေ ဖွံ့ဖြိုးရေး နယ်ပယ် အသီးသီး(CSOs,INGO,NGO,Etc...) မှာ ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း များနဲ့ လူပုဂ္ဂိုလ် များစွာကို စွမ်းဆောင်ရည် တိုးတက်စေမယ့် သင်တန်းများ ဆောင်ရွက်နေ သကဲ့သို့....
အထည်ချုပ် နဲ့ အခြား စက်ရုံ များစွာက Supervisor
များ အတွက်လည်း ကြီးကြပ်မှုဆိုင်ရာ ကျွမ်းကျင်မှု သင်တန်း(Supervisory Skill Training-SST)ကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။
2022 ခုနှစ်ကနေ အခုချိန်ထိ သင်တန်း တွေကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြတဲ့ MADE Program (SMART Factories)နဲ့ ကုန်အမှတ်တံဆိပ် အသီးသီး အပါအဝင် စက်ရုံ အသီးသီးမှာရှိကြတဲ့ All Super,Super,Leader များနဲ့ အတူ CSR,HR Staff များလည်း တက်တက်ကြွကြွ ပါဝင် ခဲ့ကြလို့ တစ်ဦးတစ်ယောက်ချင်းစီကို SDM မှ ကျေးဇူး အထူး တင်ရှိပါတယ်။
စက်ရုံတိုင်းမှာရှိတဲ့ လုပ်ငန်းခွင် ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့ နဲ့ စကားကြမ်းကြမ်း အပြုအမူအမူ ကြမ်းကြမ်းတွေ ပြောစရာလုပ်စရာ မလိုပဲ အလုပ်ပြီးမြောက်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းကောင်းတွေကို သင်ယူဝေမျှနိုင်ခဲ့ကြပါတယ်။
သင်တန်း က သိရှိခဲ့တဲ့ အသိပညာများကို လက်တွေ့ကျင့်သုံးရင်း "ကျွမ်းကျင်လိမ်မာတဲ့ ကြီးကြပ်ရေးမှူး များ " အမှန်တစ်ကယ် ဖြစ်လာ ကြမယ်ဆိုတာ ယုံကြည်ပါကြောင်း တိုက်တွန်းပြောကြားလိုက်ရပါတယ်။
"သင်တန်း တက်ခဲ့ကြဖူး တဲ့ သင်တန်းသား/သူ တွေက လည်း ဒီသင်တန်းနဲပါတ်သက်ပြီး comments လေးတွေလည်း ရေးခဲ့ပေးကြပါဦးနော်🤗🤗🤗🤗"
SDM အဖွဲ့ရဲ့နာမည် ကို Sustainable Development for Myanmar ကနေ Synergetic Dream & Management လို့ပြောင်းလဲလိုက်ပါတယ်။ Name နဲ့ Logo ကို ပြောင်းလဲလိုက်ပေမယ့် SDM ရဲ့ ဦးတည်ချက်တွေ၊ လုပ်ဆောင်ချက်တွေကတော့မပြောင်းလဲဘူးလို့အသိပေးလိုက်ပါတယ်။
Click here to claim your Sponsored Listing.
Location
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |