Yoga Chitthu Family

Yoga Chitthu Family

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yoga Chitthu Family, Yoga studio, Bagan Street, Hlaing Thar Yar Township, Yangon.

TikTok ¡ Khin Lay Khaing 18/09/2025

🙏🙏🙏

TikTok · Khin Lay Khaing 14.6K likes, 600 comments. “ #မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး #တရားတော်များ #သဗ္ဗဒါနံဓမ္မဒါနံဇိနာတိ #ဓမ္မဒါန ”

08/04/2025

မင်္ဂလာပါရှင့်🙏🙏🙏
Yoga Chitthu ကြပ်ထုပ်စင်တာရဲ့ မိတ်ဟောင်းမိတ်သစ် ချစ်Customer များကို မြန်မာသင်္ကြန်နှစ်ကူး ရုံးပိတ်ရက်လေး ကြော်ငြာပေးပါရစေရှင့်😘😘
9.4.2025 မှ 19.4.2025 ထိ 11 ရက်တိုင်တိုင် ကြပ်ထုပ်စင်တာလေး ပိတ်ပါတယ်ရှင့်
20.4.2025 Sunday မှာ ပြန်ဖွင့်မှာမို့ နှစ်သစ်မှာ လာရောက် Relax လုပ်ကြဖို့လဲ ဖိတ်ခေါ်ပါရစေရှင့်🙏🙏🙏
မင်္ဂလာရှိသောနှစ်သစ်လေးဖြစ်ကြပါစေ🌸🌸🌸

Photos from Yoga Chitthu Family's post 07/02/2025

Yoga ကို သင်ယူ၊ လေ့ကျင့်၊ ပြန်လည်သင်ကြားလာတာ ၁၀ နှစ်ကျော် သက်တမ်း ( ၁၃ နှစ် ) ကိုဝင်လာတဲ့အခါ The Best Yoga Asana ( posture) သည် money pose, wheel pose တွေ မဟုတ်ဘူးလို့ ခံစားတွေရှိလာခဲ့တယ်။

The Best Yoga Asana လေ့ကျင့်ခန်းသည် Tadasana pose ( Mountain pose ) ဖြစ်တယ်။

ဒီလေ့ကျင့်ခန်းဟာ basic standing pose ဖြစ်သလို အခြားလေ့ကျင့်ခန်းများအတွက် foundation ဖြစ်စေတယ်။

ဒီလေ့ကျင့်ခန်းကို ကြည့်မယ်ဆိုရင် လွယ်လိုက်တာမှ လူတိုင်း လေ့ကျင့်နိုင်တဲ့ မတ်တပ်ရပ်လေးပဲ နေရုံပဲ၊ ဒါပေမဲ့ သင် ထင်ထားသလို မဟုတ်ပဲ နေ့စဉ် မတ်တပ်ရပ်နေပေမဲ့ ဒီခန္ဓာကိုယ်အိမ်ကြီးက ပြိုတော့မဲ့အိမ်ကြီးလို ဖြစ်နေတာကို မသိပဲ အဟုတ်ထင်နေတတ်ကြပါတယ်။

တကယ်တော့ ဒီလေ့ကျင့်ခန်းဟာ လေ့ကျင့်သူက ယုံကြည်မှု၊ ခိုင်မာမှု၊ တည်ကြည်မှု၊ ရဲရင့်မှု၊ စွမ်းအားပြည့်တင်းမှုများဖြစ် ရရှိစေပါတယ်။

Tadasana
Mountain pose ရဲ့ အသေးစိတ် သတိထားရမဲ့ အချက်တွေ အများကြီးရှိပေမဲ့ အရေးအကြီးဆုံးက အချက် ၃ ချက်ပဲရှိတယ်။

၁။ တည်ငြိမ်ကြံ့ခိုင်ခြင်း
၂။ သက်တောင့်သက်သာရှိခြင်း
၃။ (There is space) ခန္ဓကိုယ်ကို နေရာအလွတ်တွေ တိုးချဲ့‌စေခြင်း

တည်ငြိမ်ကြံ့ခိုင်ခြင်း မှာ - ခြေထောက်၂ဖက်၏ အားသုံးမှုမှာ ခြေထောက် အောက်က မြေမြုပ်ဗုံးမပေါက်ကွဲသွားအောင် နဲနဲလေးတောင် မလှုပ်စေပဲ ငြိမ်အောင်ထိန်းတဲ့အပြင် အသိ သတိထားပေးရသလို ရပ်နေတာမျိုး။
ဒါကြောင့် ဒီ Mountain Pose မှာ ခြေချောင်းလေး ၁၀ ချောင်းဟာ ချဲကားပြီး မြေကြီးပေါ်မှာ သစ်ပင်အမြစ်များကဲ့သို့ ကုတ်တယ် စွဲကပ်တားပေးရပါတယ်။ ခြေဖဝါး၂ဖက်ပေါ်မှာ တောင့် ၎တောင့် ဟန်ချက်ညီမျှစွာ ဖိနင်းရပါတယ်။ အဆောက်အဦးရဲ့ ဖောင်ဒေးရှင်းကို တည်ဆောက်နေတာဖြစ်တယ်။
အောက်ခြေ ဖောင်ဒေးရှင်းချပြီးရင် ဒူးဆစ်၊ ပေါင်တို့ကို ကျစ်လစ်အောင်နေခြင်းက ဦးခေါင်းခွံ အရိုးကြီးလို
ဦးနှောက်ဂျယ်ရီ တွေလို နူးညံ့ပေမဲ့ အထဲက ဦးနှောက်ကိုနဲနဲမှ မတုန်မလှုပ်အောင် ကာကွယ်ပေးထားသကဲ့သို့ တည်ငြိမ် ကြံ့ခိုင်ပေးရပါတယ်။ ဒါမှလည်း အန္တရယ်ကင်းပါမယ်။
ခန္ဓာကိုယ် အောက်ပိုင်းကို တည်ငြိမ် ကြံ့ခိုင်အောင် တည်ဆောက်ပြီးရင် ကျောရိုး ကျောဆစ်များကိုလည်း တင်းတင်းရင်းရင်းဖြစ်အောင်ဆန့်ထုတ်ပြီး (အောက်ခြေကို မြေကြီးပေါ် ကုတ်ဆွဲပြီး တကိုယ်လုံးကို မြေကြီးမှ မိုးပေါ်သို့ ဆန့်ထုတ်တဲ့ အားအသုံးပြုရပါတယ်။ ) ပုခုံး၂ဖက်ကို ဖွင့်ကားပြီး ( အထူးသဖြင့် လက်ပြင်ကုန်းသူများ လေ့ကျင့်သင့်ပါတယ်။) လက်၂ဖက်သည် ပုခုံးမှ ကိုယ်ဘေး ၂ဖက်ကနေ မြေပြင်ဘက်သို့ ဆွဲချ ဆန့်ထုတ်ပေးခြင်းဖြင့် တည်ငြိမ် ကြံခိုင်မှုကို ဖြစ်စေပါတယ်။

ခန္ဓာကိုယ်တခုလုံးရဲ့ အရိုးအဆစ် ဂျိုင်းဆက်များဟာ ကားတစ်စီးရဲ့ အတွင်းပစ္စည်း အပိုပစ္စည်းများကဲ့သို့ သူ့နေရာနဲ့သူ အံဝင်ခွံကျဖြစ်အောင်ထားပေး ၊ ညှိပေးမှ ကားတစ်စီးကို အချိန်ကြာကြား စီးရသလို ဒီခန္ဓာကိုယ်ကြီးကိုလည်း အချိန်ကြာကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မဟုတ်ရင် ခနော်နီ ခနော်နဲ့ စက်သီး အဆုတ်လို ယိုင်တိယိုင်တိုင် ပြိုမလိုလဲမလို ဖြစ်နေပါမယ်။ စက်ဘီး ဘဲလ် အသံမကြားရပဲ တအီအီ တကျွတ်ကျွတ်နဲ့ ခန္ဓာကိုယ် အရိုးအဆစ် ဂျိုင်းဆက်တွေ အသံမြည်နေပါလိမ့်မယ်။

သက်တောင့်သက်သာရှိခြင်း မှာ -
ဒီလောက်လွယ်တဲ့ မတ်တပ်ရပ်တဲ့ လေ့ကျင့်ခန်းကို လူအချို့ လေ့ကျင့်တဲ့အခါမှာ အကြောကပ် အကြောဆွ ခြေတောက်ညောင်း တခါတလေ တုန်နေတတ်ပါသေးတယ်။ ဘယ်မှာ သက်တောင့် သက်သာရှိလို့လဲ?
တကိုယ်လုံး ကြွက်သားတွေ ကျစ်လစ်တောင့်ထားပေးရင်းနဲ့ စိတ်ကိုလျှော့ပြီး သက်တောင့် သက်သာနေပေးခြင်းဖြစ်တယ် ( မျက်မှောင် ကုတ် အံကြိတ်ပြီး တင်းခံနေတာ မဟုတ်)
တကယ်တော့ ယောဂ လေ့ကျင့်တဲ့သူများဟာ ကြွက်သားတွေကိုလည်း ကျစ်လစ်အောင် ဂရုစိုက်ရသလို စိတ်တင်းအားတွေလျှော့ချတာလည်း သတိထားရတယ်။ တည်ငြိမ် ကြံ့ခိုင်မှုကိုလည်းဂရုစိုက်ရသလို သက်တောင့်သက်သာရှိဖို့အတွက် ကျွန်တော်တို့ ပေါ့ပါးပျော်ရွှင်စွာနဲ့ လူသား ယောဂီတယောက်လုပ်ရအောင် 💪👊👍စိတ်ကိုလေးလေးနက်နက်အာရုံစူးစိုက်ထားမှုမှာ သွေးစုပ်ထားတဲ့ဖောင်းကားနေတဲ့ခြင်တကောင်ကို မမြင်သလို လစ်လျှူရှုသလို ၊ ဆားမပါနဲ့ ဟင်းရဲ့အရသာကို လစ်လျှူရှူသလို , Mountain pose က အထီးလား အမလား စိတ်မဝင်စားသလို 😅 ဖြစ်စေတာ ဦးနှောက်ကို လုံးဝ relax အနားပေး အအားပေးထားသလို ခန္ဓာကိုယ်ရောစိတ်ပါ မောဟ မဖြစ်နေပဲ သေသေချာချာ အသိ သတိရှိနေတာမျိုးပါပဲ။

(There is space) ခန္ဓကိုယ်ကို နေရာအလွတ်တွေ တိုးချဲ့စေခြင်း မှာ -
ခန္ဓာကိုယ်တခုလုံးမှာ မတ်တပ်ရပ်နေပေမဲ့ အရိုး အဆစ် ဂျိုင်းဆက်များကို ဆန့်ထုတ်ခြင်းဖြင့် အရိုးအဆစ် ဂျိုင်းဆက် ကြားမှာ နေရာအပိုအလွတ်များကိုဖြစ်စေပြီး ဂျီးပေါင်း အတက် အရွတ်များပွတ်တိုက် ရောင်ယမ်းခြင်းများကို မဖြစ်စေပါတဲ့အတွက် အထဲမှာ အညစ်အကြေး ပိတ်ဆိုးခြင်း မဖြစ်စေတော့ပါ။

ဒီလေ့ကျင့်ခန်းမှာ မတ်တပ်ရပ်ပြီး လက်၂ဖက်ကို ပုခုံးထိပ်မှာ ဆန့်ထုတ်ခြင်းဟာလည်း ခန္ဓာကိုယ်ကို space အပိုတွေ ဖြစ်လာစေတဲ့အတွက် အရပ်ပိုရှည်လာစေပါတယ်။

Tadasan လေ့ကျင့်ခန်းရဲ့ အခြေခံ လေ့ကျင့်ခန်းမှ သေချာမလေ့ကျင့်ပဲ အမြင်လှတဲ့ လေ့ကျင့်ခန်းတွေ မရ မက လေ့ကျင့်ပါက injury မလိုအပ်တဲ့ ဒဏ်များရရှိပြီး ရေရှည် ယောဂလေ့ကျင့်ဖို့ အနှောင့်အယှက် ဖြစ်စေပါတယ်။

🙏 Namaste

သင်ရဲ့ Tadasana ( Mountain pose) တည်ငြိမ် ကြံ့ခိုင်ပြီး သက်တောင့်သက်သာနဲ့ အရပ်လေး မဆိုသလောက်လေး ရှည်လာပြီလား 😁🥰🥰🥰

[email protected]
ရွှေပုံမြတ်

Photos from Yoga Chitthu Family's post 24/01/2025

Yoga Chitthu

Tr.Shwe Pon Myat
( Yoga Instructor)

Photos from Yoga Chitthu Family's post 24/01/2025

Yoga လေ့ကျင့်ခန်း မလုပ်နိုင်သူများရဲ့ ကျန်းမာရေးကို

မြန်မာ့ဆေးမြစ်စုံ ကြပ်ထုတ် ထိုး, အကြောပြင်ပေးခြင်းဖြင့် စောင့်ရှောက်ကုသပေးခဲ့တာလည်း ၁နှစ်ကျော် ရှိပါပြီ။

ကုန်ဈေးနှုန်း တက်နေပေမဲ့ စေတနာအပြည့်အ၀နဲ့ တနာရီကို ၁၂၀၀၀ နှုန်းဖြင့်သာ ဝန်ဆောင်မှု ပေးနေပါတယ်။

ကျန်းမာ လှပချင်ရင် Yoga Chitthu Centre လာခဲ့နော်

Yoga တီချယ် ရွှေပုံမြတ် ကို ယုံကြည်တယ် ချစ်တယ် ဆိုရင် like & share လေးလုပ်ပေးနော် ❤️

🙏 Thank you 🙏

Photos from Yoga Chitthu Family's post 24/01/2025

ကိုယ် ကိုယ်တိုင်ရော

သင်တန်းသူ သင်တန်းသားတွေကိုရော

ကျန်းမာ လှပစေဖို့

Yoga လေ့ကျင့်ရင့် Yoga Instructor လုပ်နေတာ ၁၃နှစ်တောင်ရှိပြီ။

Tr ရွှေပုံမြတ် ဓာတ်ပုံထဲမှာထက် အပြင်မှာ ပိုနုမျိုလှပနေတာ ဟုတ်တယ်တော့ 😅😁🥰😁🥰

Yoga တီချယ် ရွှေပုံမြတ်ကို ယုံကြည်တယ် ချစ်တယ်ဆို like &share လုပ်ပေးနော်❤️🥰🥰🥰

🙏 Namaste

ကိုယ်ရော စိတ်ပါ ကျန်းမာဖို့ Yoa လေ့ကျင့်ကြပါစို့။

09795532416

09780078896

Photos from Yoga Chitthu Family's post 21/01/2025

မိသားစုအရေး၊အိမ်ထောင်‌ရေး၊စီးပွားရေး၊လူမှုရေး၊ဘာသာရေး၊သာရေးနာရေးတွေ အနှစ်ဘယ်နှယ်ဆယ်ပေးပြီး

မိမိရဲ့ကျန်းမာရေးအတွက် တနေ့ ၁နာရီမပေးရင်

ပင်ပင်ပန်းပန်းရှာထားတဲ့ပိုက်ဆံတွေ ဆေးရုံဆေးခန်း ပေးရလိမ့်မယ်။

လှိုင်သာယာမြို့နယ်မှာ ကျယ်ဝန်းတဲ့ Yoga Chitthu Centre ကြီးမှာ တီချယ်ချောချောလှလှလေးတယောက် Yoga Instructor တယောက်ရှိတာ မသိမှာစိုးလို့ လာပြောပြတာ😁🥰🥰🥰

12/01/2025
29/12/2024

တီချယ့်အသက် ခန့်မှန်းကြည့် နော်🥰🥰🥰
ခုလို နုပျိုလှပနေတဲ့ လျို့ဝှက်ချက်လေး သိချင်လားရှင့်🥰
Yoga Chitthu Family ကို လာခဲ့နော်🥰
ကျန်းမာပြီးလှပနေတဲ့ လျို့ဝှက်ချက်တွေကို ပြောပြပါမယ်ရှင့်🥰🥰🥰
Yoga လဲကျင့်မယ် ခန္ဓာကိုယ် ခြေလက်သွေးလေ လည်ပတ်မှုကောင်းအောင် ကြပ်ထုပ်ထိုး အနှိပ်ခံမယ်
အရမ်းရိုးရှင်းတဲ့ လျို့ဝှက်ချက်လေးတွေပါနော်🥰
ရရှိနိုင်တဲ့ service တွေ အသေးစိတ်သိချင်ရင်
09780078896 ကို Hello လိုက်ပါရှင့်

Photos from Yoga Chitthu Family's post 07/11/2024

YOGA ချစ်တယ် လေ့ကျင့်ချင်တယ်ဆိုရင် လာခဲ့နော် 😁☺️☺️☺️အရောက်ပို့အုံးမှာ ချစ်တယ်ဆိုရင် YOGA Chitthu Center ကိုကြွခဲ့ပါရှင့်
ဆေးမြစ်စုံ ကြပ်ထုပ်ထိုးပြီးလဲRelax လုပ်လို့ရပါတယ်ရှင့်
တစ်နေရာတည်းမှာ အပြည့်အစုံပဲနော်😍
သင်တန်းအကြောင်းလေး စုံစမ်းချင်ရင် မက်ဆင်ဂျာက ဆက်သွယ်လို့ရသလို 09780078896 ကို လဲ Hello လို့ရပါတယ်ရှင့်

27/10/2024

ဆောင်းဦးတောင် ရောက်ပြီနော်☺
ဆောင်းတွင်းမှာ ကိုယ်လက် လှုပ်ရှားအားကစား တစ်ခုခု လုပ်မယ်လို့ စဥ်းစားထားရင် အခုပဲ Yoga Chitthuနဲ့ Join လိုက်တော့နော်😘
ပိုလဲ လှ ပိုလဲ ကျန်းမာလာမဲ့ အပြင်
စိတ်ကလေး ငြိမ်းချမ်းအောင် အနားပေးသလိုဖြစ်ဖို့
Yoga ကျင့်ကြမယ်😘
Yoga Spa မှာ ကြပ်ထုပ်လေးထိုးပြီးဇိမ်ခံကြရအောင်💞💞
ရရှိနိုင်မဲ့ service တွေကို cb မှာ စုံစမ်းလို့ရပါတယ်ရှင်📲📲📲
ဖုန်းလေးဆက်ပြီး Hello လုပ်လိုက်လို့လဲရပါတယ်📞😘
ကျန်စစ်မင်း အိမ်ယာ
လှိုင်သာယာမြို့နယ်
5 ထိပ် မှတ်တိုင်အနီး
မနက် 8 နာရီကနေ ည 8 နာရီထိ ဖွင့်လှစ်ထားပါတယ်ရှင့်

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Bagan Street, Hlaing Thar Yar Township
Yangon