24/05/2018
မင်္ဂလာပါရှင်🙏🙏🙏
အားလုံးကိုတခုလောက်အသိပေးချင်ပါတယ်နော်
မန်ဘာများရဲ့ တောင်းဆိုချက်အရ သင်တန်းကြေးကို လျော့ချပေးထားပြီး အတန်းချိန်များကိုလည်း အကြောင်းကြောင်းကြောင့် fixed ပြန်လည်သတ်မှတ်ထားပါတယ်ရှင် ( အတန်းချိန်နှင့် သင်တန်းကြေးများကိုပုံတွင်အသေးစိတ်ကြည့်ရှူနိုင်ပါတယ်ရှင့်)
ဒီလကုန် ၆ လပိုင်းမှစပြီး အကျုံးဝင်ပါမယ်နော် လက်ရှိကတ် မကုန်သေးသူများကိုတော့ ကုန်တဲ့ အထိ သုံးလို့ရပါတယ်ရှင် အဆင်မပြေမှုများအတွက်လည်း အနူးညွန့်တောင်းပန်ပါတယ်ရှင် 🙏🙏🙏
အသေးစိတ်သိရှိလိုပါက ဖုန်း/cb သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်
Family Yoga
📲 0944 8888 499 , 0951 60952
🏠အမှတ် ၅/၉၁(အေ), ကုန်းမြင့်ရိပ်သာလမ်း, ၇ မိုင်, မရမ်းကုန်းမြို့နယ် , ရန်ကုန်
“We are Yoga Family”
08/03/2018
မင်္ဂလာပါရှင်🙏🙏🙏
🔖ကျွန်မတို့Family Yoga မှတစ်နှစ်ပြည့် အထိမ်းအမှတ် အထူးပရိုမိုရှင်း 🔖
✨✨Buy 1 Get 1 Free✨✨
💥💥ကျွန်မတို့ Family Yoga အနေဖြင့် မိတ်ဟောင်းမိတ်သစ်များအားလုံးကို ကျေးဇူးတုံ့ပြန်သောအားဖြင့်အထူးပရိုမိုရှင်းအစီအစဉ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်💥💥
🧘♀️🧘🏻♂️🧘🏾♀️
ယောဂချစ်သူများ အနေဖြင့် မိမိတို့ရဲ့ သူငယ်ချင်း, မိသားစုဝင်များနှင့် အပေါင်းအဖော်များ နှင့် အတူတကွ ယောဂကျင့်ချင်သူများအတွက် တစ်ယောက်စာပေးရုံနှင့် နောက်တယောက်က Free of Charge (FOC) အခမဲ့ တက်ရောက်နိုင်တာကြောင့် ဒီလို အခွင့်ကောင်းလေးကို လုံးဝလက်လွတ်မခံဖို့ ကျွန်မတို့ Family Yoga ကို အမြန်ဆုံး စာရင်းလာသွင်းဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်🙏🙏
⛔️Promotion ကာလကတော့ March လ တစ်လတည်းပါနော်⛔️
အသေးစိတ်မေးမြန်းသိရှိလိုပါက
💬Family Yoga chat box (သို့မဟုတ်)
📞 ဖုန်း 09448888499
သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်
လိပ်စာလေးကတော့
🏠အမှတ် ၅/၉၁ (အေ) , ကုန်းမြင့်ရိပ်သာလမ်း, ၇ မိုင်, မရမ်းကုန်းမြို့နယ်
ယောဂချစ်သူများအတွက် Family Yoga မှနွေးထွေးစွာကြိုဆိုလျက်
🙏🙏🙏🙏Namaste🙏🙏🙏🙏
ကျေးဇူးတင်ပါတယ်ရှင်
Family Yoga
✨We are Yoga Family✨
04/09/2017
Let join Zumba party with Bori 💃💃💃
11/08/2017
အမျိုးသမီး မျိုးပွါးအဂါင်္မှာကင်ဆာဖြစ်သူများ နှင့် ကာကွယ်လိုသူများ
ဆီးကြိတ်ကင်ဆာဖြစ်သူများ နှင့် ကာကွယ်လိုသူများ
thyroid cancer ဖြစ်နေသူနဲ့ ကာကွယ်လိုသူများ
ပတ်ဝန်းကျင်အဆိပ်တွေကို ကာကွယ်လိုသူများ
ရင်သားတွင် cysts တွေရှိလို့ ကင်ဆာဖြစ်မှာ စိုးရိမ်နေသူများ
Iodoral ဆေးကို
ဘယ်လိုသောက်မလဲ
ဘယ်အချိန်သောက်မလဲ
သူ့အကျိုးကျေးဇူးတွေကဘာလဲ
သိချင်သူများအတွက်.......
......
....
ဆရာမကြီးဒေါက်တာခင်နွယ်ဝင်းကိုယ်တိုင်ပြောကြားပေးသော အဖြေ ပါရှင်
သားဥအိမ် ကင်ဆာ. Ovarian cancer ———-
သားဥအိမ် ဆို တာ သားဥ လစဉ် မှန်မှန် ထုတ် ပေး သည့် နေ ရာ ဖြစ် သည့် အပြင် အမျိုးသမီး ဟော်မုန်း
တွေ လဲ ထုတ် ရာ နေ ရာ ဖြစ် ပါ တယ်။ Ovaries
သားဥ လစဉ် မှန်မှန် ထုတ် ပေး နေ ရ တယ် ဆို တော့အမျိုးသမီး ဟော်မုန်းမျိုးစုံ နဲ့ အလုပ် များ ပြီး တစ် ချိန် လုံး ပြောင်း လွဲ မှု တွေ ဖြစ် နေ သည့် နေရာ လည်း ဖြစ် ပါ တယ်။
လစဉ် အပြောင်း အလွဲ တွေ ရှိ နေ တာ မို့ ၊ များ သော အား ဖြင့် ရေအိပ် ( follicle cyst ) သို့ မဟုတ် သွေး ဖြင့် ရောနှော နေ သော အိပ် ( corpus luteum cyst ) ၇ှိ တတ် ကြ ပါ တယ်။
သားဥအိမ် ဟာ သားဥ ထွက် ပြီး၊ ရာသီ လာ ဖို့ ၇န် ဟော်မုန်း တွေ ပြောင်း လဲ နေ ကြ ရ တာ ကြောင့် ၊ အမျိုးသမီး အတော် များများ ဟာ သားဥအိမ် ရေ အိပ်၊ သွေး အိပ် တွေ ဖြစ် လေ့ ရှိ တာ ဓမ္မတာ ပဲဖြစ် ပါ တယ်။
များ သော အား ဖြင့် ဒီ ရေ အိပ် ၊ သွေး အိပ် တွေ ဟာ ၃ လ လောက် ကြာ ရင် သူ့ အလိုလို ပျောက် သွား လေ့ ရှိ ပါ တယ်။
ဒါ ကြောင့် အရင် စလို ခွဲ စိတ် ခြင်း ကို မပြု လုပ် သင့် ပါ။
သို့ ပါ သော် လည်း ကျွန်မ တို့ နေ ထိုင် နေ ကြ ရ တဲံ ပတ်ဝန်းကျင် ဟာ လုံးဝ ပြောင်းလဲ သွား ပြီ ဖြစ် ပါ တယ်။
တနည်း ပြော ရ မယ် ဆို ရင် တိုးတက် ခြင်း၊ နေရ ထိုင် ရ ခြင်း တွေ ကို အဆင့် မြင့် လာ အောင် တင် ပေး ရင် နဲ့ ပေး ဆပ် လိုက် ရ တဲ့ ဆုလာဘ် တစ် ခု လဲ ဖြစ် ပါ တယ်။
သားဥအိမ် ကင်ဆာ ဟာ ဆိုးရွား တဲ့ ကင်ဆာ တစ်မျိုး ဖြစ် ပါ တယ်။
ဘာ ကြောင့် လဲ ဆို တော့ ဒီ ကင်ဆာ ဟာ သိ တဲ့ အခါ ကြ ရင် အနည်း ဆုံး အဆင့် ၃ လောက် မှာ ရှိ နေ တတ် ပါ တယ်။
စောစော မမိ နိုင် တဲ့ အကြောင်း က လဲ ဒီ ကင်ဆာ ရဲ့ လက္ခဏာ တွေ ဟာ သိပ် မထင် ရှား လှ လို့ ဖြစ် ပါ တယ်။
ဖြစ် နိုင် တဲ့ ရောဂါ လက္ခဏာ တွေ က တော့ ——-
၁. ဗိုက် အောက်နား၊ ဆီးခုံ နား မှာ လေး နေ တတ် ခြင်း heavy feeling in pelvis
၂. ဗိုက် အောက် နား မှာ နာ နေ တတ် ခြင်း
၃. ရာသီ လာ သည့် အစဉ် ဖောက် ပြန် တတ် ခြင်း
၎. ခါးနာ နေ တတ် ခြင်း
၅. အန်ချင် နေ တတ် ခြင်း၊ အန် ခြင်း၊ အစား အသောက်ပျက် ခြင်း၊ ဗိုက် ကယ် နေ တတ် ခြင်း
၆. တစ်ခါတရံ ဗိုက် ပူ လာ ခြင်း စ သည် တို့ ဖြစ် ပါ တယ်။
Ultrasound ရိုက် သည့် အခါ တွေ တတ် ပါ တယ်။
အထူးသဖြင့် complex cyst လို့ ဖတ် သည့် အခါ ovarian tumor marker တစ်ခု ဖြစ် တဲ့ Ca125 ကို
ဖောက်ကြည့် သင့် ပါ တယ်။
အထူး သဖြင့် ၃ လ လောက် စောင့် ကြည့် ပြီး သားဥ ရေ အိပ်၊ သွေးအိပ် ဟာ မပျောက် သွား ဖူး ဆို ရင် ၊ သတိ ထား ပြီး ဆက် လက် ရှာ ဖွေ ကုသ ရ မှာ ဖြစ် ပါ တယ်။
အရင် က ဆို ရင် Ovarian cancer ဟာ သက်ကြီး ရွယ် အို တွေ မှာ ဖြစ် တဲ့ နှုံး က ပို များ ပါ တယ်။
အခု ခေတ် မှာ ဆို ရင် တော့ အမျိုးသမီး ငယ် တွေ ပါ ဖြစ် နေ ကြ တာ ကို တွေ့ လာ ရ ပါ တယ်။
ဘာ ကြောင့် လဲ ဆို တော့ ကျွန်မ တို့ ပတ်ဝန်းကျင် ဟာ ပြောင်းလဲ သွား ပြီ ဖြစ် လို့ ဖြစ် ပါ တယ်။
သားဥ အိမ် ဟာ အကြိတ် တစ် မျိုး ဖြစ် ပါ တယ်။glandular tissues.
ထို နည်း တူ စွာ၊ ရင်သား breasts, ဆီး ကြိတ် ( prostate ) , thyroid gland စ သည် ဖြင့် ဖြစ် ပါ တယ်။
ဒီ glandular tissues တွေ ရဲ့ ကင်ဆာ ဖြစ် နှုံး ဟာ အရမ်း ကို ထိုး တက် သွား ပါ တယ်။
Breast cancer, prostate cancer, thyroid cancer, ovarian cancer တွေ ဟာ အ လွန်များ ပြား လာ ပြီး
အသက် ငယ် သူ တွေ ပါ အဖြစ် များ လာ တာ ကို တွေ့ နေ ရ ပါ တယ်။
Conventional medicine ကုရိုးကု စဉ် ဆေး ပညာ အနေ နဲ့ တိုက် တွန်း တာ က တော့ ဒီ ကင်ဆာ တွေ
ကို စောစော မိ အောင် ဖမ်း ခိုင် တာ ရယ်၊ ဖြစ် လာ မယ် ဆို ရင် ခွဲ စိတ် ပေး ခြင်း၊ ကီမို ပေး ခြင်း
စ သည် ဖြင့် ကု ပေး ကြ နိုင် တာ က လွဲ လို့ အခြား ဘာ မှ အထွေ အထူး မ ကြား မိ ပါ။
အထူးသဖြင့် မြန်မာပြည် မှာ စောစော မိ ဖို့ ဆို တာ က လဲ သိပ် လွယ် တဲ့ ကိစ္စ မဟုတ် ပါ။
နိုင်ငံခြား မှာ တောင် လွယ် တဲ့ ကိစ္စ မဟုတ် ပါ။
ဒီ တော့ ကာ ပြန် စဉ်းစား ကြည့် ကြ ရ အောင်။
အခု ကျွန်မ တင် ပြ မှာ တွေ က ၊သုတေသန ပညာရှင် တွေ က နေ သုတေသန လုပ် ထား တာ မဟုတ် ပါ။
ဇီဝ ကမ္မဗေဒ ဖြစ် စဉ် Physiology နဲ့ ဇီဝဓာုဗေဒ ဖြစ် စဉ် Biochemistry တွေ ကို မှီ ပြီး တင် ပြ သွား မှာ ဖြစ် ပါ တယ်။
ကျွန်မ ပြော တာ ကို အကြွင်းမဲ့ ယုံ ရ မယ် လို့ လဲ မဆို လို ပါ။
ကျွန်မ ပြော မှာ က တော့ Iodine ဓာတ် ဆား အကြောင်း ဖြစ် ပါ တယ်။
Iodine ဟာ ကလာပ်စည်း တွေ အားလုံး မှာ ရှိ ပါ တယ်။
အထူးသဖြင့် အကြိတ် များ မှာ breasts, ovaries, prostate, thyroid ရှိ ပါ တယ်။
ဒီ အကြိတ် တွေ အလုပ် ကောင်းကောင်း လုပ် ဖို့ သူ တို့ မရှိ ရင် မဖြစ် နိုင် ပါ။
ရင်သား နို့ ရည်လမ်းကြောင်း မှာ Iodine pumps တွေ ရှိ ပါ တယ်။
သို့ ပါ သော် လည်း တိုးတက် ခေတ် မီ လာ တဲ့ ခေတ် မှာ Iodine ဓာတ် ဟာ အလွန် နည်း လာ ကြ ပါ တယ်။
အထူးသဖြင့် Bromine, Fluorine, Chlorine တွေ အသုံး များ လာ ကြ တဲ့ အခါ၊ Iodine တွေ ဟာ သူ တို့
နေနေ ကြ နေ ရာ က နေ အဖယ် ခံ ရ ပါ တယ်။
Chemistry သင် တုန်း က Periodic Table ကို ပြန် ကြည့် မယ် ဆို ရင် အလွယ် တကူ သဘော ပေါက်
နိုင် မှာ ဖြစ် ပါ တယ်။
Iodine ဟာ ရင်သား၊ ဆီကြိတ်၊ သားဥအိမ် အတွက် အလွန် သင့် တော် ပြီး၊ thyroid gland အတွက် က တော့
Iodide ဟာ သင့် တော် ပါ ပေ တယ်။
မြန်မာ ပြည် မှာ က လဲ ကိုယ့် ခန္ဓာကိုယ် က ဘယ် လောက် လို မယ် ဆို တဲ့ salt loading test ကို မလုပ် နိုင် တာ ကြောင့် ဒီ လို ပဲ ကိုယ့် ခန္ဓာကိုယ် အနေ အထား ကို ကြည့် ပြီး ၊ စမ်းပြီး လုပ် သွား ရ မှာ ပါ ပဲ။
အထူး သဖြင့် ကင်ဆာ မဟုတ် သေး ပဲ ရင်သား အကြိတ် ရှိ ပြီး နာ နေ သူ များ
fibrocystic disease of the breasts
Ovarian cysts မကြာခဏ ဖြစ် နေ သူ များ
စသည် တို့ မှာ Iodine သောက် လိုက် မယ် ဆို ရင် ပျောက်ကင်း သွား ကြ တာ မကြာခဏ တွေ့ ဖူး ပါ တယ်။
Iodoral သောက် မယ် ဆို ရင် ရင်သား၊ ဆီကြိတ်၊ သားဥအိမ်၊ thyroid gland တို့ ကို ကာကွယ် ထား ရာ
ရောက် တယ် လို့ ထင် ပါ တယ်။
အကြောင်း မရှိ ပဲ၊ ဒီ အကြိတ် ကင်ဆာ တွေ ဟာ များ လာ စရာ အကြောင်း မရှိ ဖူး လို့ ထင် ပါ တယ်။
ထုံးစံ အတိုင်း၊ ကျွန်မ ရဲ့ ယူဆ ချက် တွေ ကို သာ တင် ပြ နေ ခြင်း ဖြစ် ပါ တယ်။
ပြန်စဉ်းစား ကြည့် မယ် ဆို ရင် အရှုံး တော့ မရှိ နိုင် ပါ။
သောက် ကြည့် လို့ ကိုယ် နဲ့ မတည့် ဖူး ဆို ရင် လဲ ရပ် ပြစ် လိုက် ရင် ပြန် ကောင်း သွား မှာ ဖြစ် ပါ တယ်။
တစ်ခါတရံ ခန္ဓာကိုယ် ထဲမှာ bromine တွေ သိပ်များ နေ မယ် ဆို ရင် Iodine နဲ့ replace လုပ် တဲ့
အခါ သွေး ထဲ မှာ bromine တွေ ကို ကျောက်ကပ် က အလျင် မီ အောင် ထုတ် မဖြစ်နိုင် ဖူး ဆို ရင် လဲ ခေတ္တခဏ Bromine toxicity ရ တတ် ပါ တယ်။
အကောင်း ဆုံး က တော့ စိတ်ဝင်စား တယ် ဆို ရင်၊ တဖြေးဖြေး စမ်း ကြည့် ရ မှာ ဖြစ် ပါ တယ်။
အထူးသဖြင့် ဒီ ကင်ဆာ တွေ ဖြစ် နေ သူ အတွက် က တော့ အရှုံး မရှိ ဖူး လို့ ထင် ပါ တယ်။
Iodoral ဆို တာ Iodine and Potassium Iodide ရော ထား တာ ဖြစ် ပါ တယ်။
မိတ်ဆွေ များ အား လုံး ရောဂါ ဆိုး ကြီး တွေ မှ ကင်း လွတ် နိုင် ကြ ပါ စေ။
ဗဟုသုတ များ ကြွယ်ဝ ကြ ပြီး မိမိ ကိုယ် ကို စောင့် ရှောက် သူ များ ဖြစ် နိုင် ကြ ပါ စေ။
Credit., To a better Health
08/08/2017
VitaminD Council မှ ------
Vitamin D and Swine Flu ( H1N1 )
ဒီ တုပ်ကွေးကြောင့် သေဆုံး ကြ တဲ့ ကလေး တွေ ဟာ VitaminD ဓာတ် နည်း နေ တဲ့ ကလေး တွေ ဖြစ် ပါ သ တဲ့။
သေဆုံး သွား ကြ တဲ့ ကလေး တွေ ရဲ့ သုံးပုံ နှစ်ပုံ ဟာ တက်တတ် တဲ့ ရောဂါ၊ ဥဏှောက် နဲ့ အာရုံ ကြောရောဂါ
စ သည် တို့ ရှိ ကြ ပါ တယ် တဲ့။
ဒီ ရောဂါ တွေ ဟာ VitaminD နည်း နေ ခြင်း နဲ့ ဆက်စပ် နေ ပါ တယ် တဲ့။
မိတ်ဆွေ တို့ ရေ ---- ကျွန်မ တို့ ကလေး တွေ အား လုံး ကို တုပ်ကွေး ရန်
သာမက၊ ရောဂါ မျိုးစုံ ရဲ့ ဒဏ် ကို လည်း ကြန့်ကြန့် ခံ နိုင် ရည် ရှိ ကြ ရ အောင်
VitaminD နဲ့ ဖြည့် ထား ကြ ရ အောင်။
ဘယ်လို မှ အရှုံး မရှိ တာ ကြောင့် ၊ အကောင်း ဆုံး နည်း က တော့ ခန္ဓာကိုယ် ခုခံ
အား ကို မြှင့် ထား ကြ ရ အောင် ပါ။
လူကြီး တွေ ရော ကလေး တွေ ပါ ကြိုးစား ပြီး ကိုယ့် ကိုယ် ကို ကာကွယ် ကြ ရ အောင် ပါ။
မိတ်ဆွေ များ အား လုံး ရောဂါ ဘေး မှ ကင်းဝေး ကြ ပါ စေ။
Credit - Dr. Daw Khin Nwe Win
07/08/2017
မိတ်ဆွေ များ ရှင် ------
ယခု အချိန် မှာ မြန်မာပြည် မှာ H1N1 viral strain စ သည် ဖြင့် တုပ်ကွေး များ ဖြစ် နေ ချိန် ဖြစ် ပါ တယ်။
သိပ် လဲ ကြောက် စရာ မ လိုပါ။
သတိ အမြဲ ကပ် ထား ပြီး ကိုယ် လုပ် သင့် လုပ် ထိုက် တာ လုပ် နေ ရုံ
ပဲ ဖြစ် ပါတယ်။
တုပ်ကွေး ဆို တာ virus ပိုး ကြောင့် ဖြစ် တာ မို့ လူ တွေ ဖြစ် နေ ကျ
ဖြစ် ပါ တယ်။
အဓိက၊ က တော့ ခုခံ အား ပဲ ဖြစ် ပါ တယ်။
ခုခံ အား မကောင်း ရင် တုပ်ကွေး တင် မက ၊ အခြား ရောဂါ မျိုးစုံ ဝင်
မှာ ဖြစ် ပါ တယ်။
သေ သွား ကြ တဲ့ လူကြီး တွေ ရော၊ ကလေး တွေ ကို ပါ စီစစ် ကြည့်
လိုက် မယ် ဆို ရင် များ သော အား ဖြင့် ခုခံအား မကောင်း နေ တဲ့
သူ တွေ သာ ဖြစ် ကြ ပါ တယ်။
ခုခံ အား ကောင်း တဲ့ သူ တွေ မှာ က တော့ ----
၁. ရောဂါ ရ ဖို့ လဲ ခဲ ယဉ်း ပါ တယ်။
၂. ရ ပြန် ရင် လဲ ပြင်းပြင်း ထန်ထန် မဖြစ် လို ပါ။
၃. ရောဂါ ကြောင့် သေ ဖို့ က လဲ အတော် ခဲယဉ်း ပါ တယ်။
ခုခံအား မကောင်း ရင်၊ တုပ်ကွေး တွင် သာ မက၊ အခြား နာ တာ ရှည်
ရောဂါ မျိုးစုံ ကင်ဆာ အပါ အဝင် ၊ ရ နိုင် ကြ မှာ ဖြစ် ပါ တယ်။
ခုခံအား ကောင်း ဖို့ က တော့ အစဉ် အမြဲ လုပ် နေ ရ မဲ့ ကိုယ် ဘာသာ
ကိုယ် လုပ် နေ ရ မဲ့ ကိစ္စ တစ် ခု ဖြစ် ပါ တယ်။
ဒီ လို မျိုး အချိန် ဖြစ် လာ ရင် ဘာ မှ ကြောက်စရာ မ လို တော့ ပါ။
နာတာရှည် ရောဂါ ကင်ဆာ အပါ အဝင် က လဲ ကာကွယ် ပြီး သား
ဖြစ်သွား မှာ မလွဲ တော့ ပါ။
မှန်မှန် မလုပ် ထားတဲ့ လူတွေ က တော့ ဘာမဆို ဖြစ် လာ ပြီ ဆို ရင်
ထိတ်လန့် နေ ရ တော့ မှာ အမှန် ပဲ ဖြစ် ပါ တယ်။
မိမိ ကိုယ် ကို စောင့် ရှောက် တတ် သူ များ ဖြစ် ကြ ပါ စေ။
ကျွန်မ တို့ မြန်မာနိုင်ငံသူ နိုင်ငံသား များ ကျန်းမာရေး အသိစိတ်
တွေ တစ်နေ့ တခြား တိုး ပွား လာ ကြ ရ အောင် ကြိုးစား ကြ ပါ စို့။
ကျန်းမာလာခြင်း ဖြင့် မြန်မာ နိုင် ငံ ကို ပြန် လည် ထူထောင် ကြ မည်။
Credit - Dr. Daw Khin Nwe Win
06/08/2017
အခုအချိန်က တုပ်ကွေးဖျားနာ နေမကောင်းဖြစ်သူတွေများနေလို့ မဖြစ်ခင်ရော၊ ဖြစ်နေသူတွေပါ ဆောင်ရန် ရှောင်ရန် များအတွက် ဆရာမကြီး ဒေါက်တာခင်နွယ်ဝင်းရဲ့ ဆောင်းပါးလေး ပြန်လည်ဝေမျှပေးလိုက်ပါတယ်၊
***ဖျားချင်သလိုဖြစ်လာရင်***
ဖျားနာခြင်း နဲ့ ပတ်သက်လို့ -------
လူ အ တော် များ များ ဟာ မကြာခဏ ဆို သလို ဖျုား နာ တတ် ကြ ပါ တယ်။ အထုး သ ဖြင့် ရာသီ ဥတု ပြောင်း လဲ ချိန် တွေ မှာ ဖျား တတ် ကြ ပါ တယ်။
လည်ချောင်း ခြောက်တာ က စ ပြီး လည်ချောင်း နာ မယ်၊ ချောင်းဆိုး မယ်၊ ကိုယ် လက် ကိုက် ခဲ မယ်၊ နှာစေး မယ်၊ ကိုယ် ပူ မယ် ၊ ခေါင်း ကိုက် မယ် စ သည် ဖြင့် ပေါ့။
ဒီ လို ဖြစ် လာ ပြီ ဆို ရင် လူ အ တော် များ များ ဟာ နီး ရာ ဆေး ခန်း ကို ပြေး လေ့ ရှိ ပါ တယ်။
များ သော အား ဖြင့် ဆေးတစ်လုံး ထိုး ပေး ပြီး ( ဘာဆေး ထိုး တယ် တော့ အတိ အကျ မ သိ ပါ )၊ Paracetamol ရယ်၊ ပိုး သတ်ဆေး antibiotics တစ်ခုခု ရယ် ပေး လေ့ ရှိ ပါ တယ်။
အခု နောက် ပိုင်း မှာ ဆို ရင် antibiotics ခေါ် ပိုးသတ် ဆေး ပေး တာ ကြမ်း လာ တာ ကို တွေ့ ရ လေ့ ရှိ ပါ တယ်။
ဖျုားနာရ ခြင်း ရဲ့ အ ကြောင်း ကို ကြည့် မယ် ဆို ရင် ---
၁. အများ အား ဖြင့် Viruses တွေ ကြောင့် ဖြစ် ပါ တယ်။ သူ တို့ ကို antibiotics ခေါ် ပိုးသတ်ဆေး နဲ့ ကု လို့ မရ ပါ။
တကယ့် bacterial infection က ရှိ တော့ ရှိ တယ် သို့ ပါ သော် လည်း ရှား ပါ တယ်။
၂. ပို မျိုး စုံ က ကိုယ့် ပတ်ဝန်းကျင် မှာ အမြဲ လို လို ရှိ နေ ပါ သော် လည်း ခန္ဓာကိုယ် ခုခံ အား ကျ သွား တဲ့ အ ခါ သူ တို့ တွေ က ပွား လာ ပြီး ဖျား တတ် ပါ တယ်။
ပိုး သတ်ဆေး တွေ မလို ဘဲ နဲ့ သောက် မဲ့ အစား၊ ခန္ဓာကိုယ် ခုခံ အား ကောင်း လာ အောင်လုပ် ရင် ပို ပြီး ထိ ရောက် ပါ လိမ့် မယ်။
ပိုး သတ်ဆေး တွေ ဟာ အူ ထဲ မှာ ရှိ တဲ့ အကျိုးပြု ပိုး တွေ ကို သေ စေ ပါ တယ်။ ပိုး သတ် ဆေး တွေ ဟာ အခန့် မသင့် ရင် ဝမ်း လျော ပြီး အထူး သ ဖြင့် အသက် ကြီး သူ များ မှာ သေ တောင် သေ နိုင် ပါ တယ်။ antibiotic associated colitis, c difficle colitis ဖြစ် ရင် မ ချောင် တော့ ပါ။
ခုခံ အား ကျ စေ တဲ့ အ ကြောင်း တွေ က တော့ -----
၁. Vitamin D3 ဓာတ် အ လွန် နည်း နေ ခြင်း။
လူ အ တော် များ များ မှာ တိုင်း ကြည့် ရင် ၁၅- ၂၀ လောက် သာ ရှိ တာ ကို တွေ့ ရ တတ် ပါ တယ်။
အသက် ကြီး တဲ့ လူ တွေ ဆို ရင် ပို ဆိုး တာ ပေါ့။ အိမ်ပြင် မှ မ ထွက် တော့ တာ။ နေ လည်း မ ထိ၊ ဘာ မှ လဲ မ သောက် ဆို တော့ ပို ဆိုး တာ ပေါ့။ အ ချို့ တွေ က မြန်မာ ပြည် မှာ အလွန် ပေါ်ပြူ လာ ဖြစ် တဲ့ ဗီတာမင် အား ဆေး ကို မှီ ဝဲ ကြ ပါ တယ်။
ပြန် ကြည့် လိုက် တော့ အ လွန် အ ရေး ကြီး တဲ့ Vitamin D3 က 200IU ဘဲ ပါ ပါ တယ်။ သိပ် ကို နည်းလွန်း အား ကြီး ပါ တယ်။
မြန်မာပြည် က လူ တွေ မှာ ဒီ ဓာတ် က အလွန် အား နည်း တာ ကြောင့် အ နည်း ဆုံး 5000 IU သောက် သင့် ပါ တယ်။ သွေး ထဲ မှာ level စစ် ကြည့် လို့ လဲ ရ ပါ တယ်။
လူ ကြီး တွေ အရမ်း လို တဲ့ B12 ဆို ရင် နာ မည် ကြီး ဗီတာ မင် ထဲ မှာ 1mcg ဘဲ ပါ တာ တွေ့ ရ လို့ ကျွန်မ အ လွန် အံ့သြ သွား မိ ပါ တယ်။
အခြား အရေး ကြီး တဲ့ Zinc ဆို ရင် 5mg သိပ် ကို နည်း အား ကြီး ပါ တယ်။
လူ တွေ က တော့ ဒါ ကို ဘဲ ကောင်း လှ ပါ တယ် ဆို ပြီး ဝယ် သောက် နေ ကြ ပါ တယ်။ ကြော်ငြာကောင်း တာ ဖြစ် မှာ ပါ။
မဖျုား မ နာ ရ အောင် အကြံ ဥာဏ် ပေး ချင် ပါ တယ်။
အကြံ ပေး ခြင်း သာ ဖြစ် ပါ တယ်။ တစ်သွေ မတိမ်း လိုက် နာ ရ မယ် မဆို လို ပါ။ ကိုယ် ကြိုက် ရာ၊ အား သန် ရာ လုပ် နိုင် ပါ တယ်။
ဖျား ချင် လာ ပြီ ဆို ရင် များ သော အား ဖြင့် ကြို တင် သိ နိုင် ပါ တယ်။
၁. အိပ် ရေးဝ အောင် အိပ် ပါ။
၂. ရေ များ များ သောက် ပါ။
၃. Vitamin D3 30,000IU ( 5000IU ခြောက် လုံး )လောက် ကို တစ်ခါ တည်း သောက် ပါ။ တတ် နိုင် ရင် super K နှစ် လုံး နဲ့ တွဲသောက် ပါ။
ဒီ ပမာဏ ကို ၅ ရက် လောက် အထိ သောက် လိုက် ပါ။ ၂-၃ ရက် လောက် အတွင်း မှာ သက် သာ လာ တာ ကို တွေ့ ရ ပါ လိမ့် မယ်။ သက် သာ လာ ရင် လျော့ လို့ ရ ပါ ပြီ။
နေ့ စဉ် သောက် သင့် တဲ့ ပမာဏ က တော့ 5000IU ဖြစ် ပါ တယ်။ superK တစ်လုံး နဲ့ တွဲ သောက် ရ မှာ ဖြစ် ပါ တယ်။
ကျွန်မ တို့ အား လုံး ကို Vitamin D3 များ များ မသောက်ရဲ ကြ အောင် ချောက်လှန့် ထား ကြ ပါ တယ်။ သေသေချာ ချာ လေ့ လာ ကြည့် တော့ မဟုတ် တာ ကို သိ လာ ပါ တယ်။ သူ တို့ ပြော တဲ့ ဘေး တွက် ဆိုးကျိုး တွေ ကြောင့် ဒုက္ခ ဖြစ် တာ မ ကြား ဘူး ပါ။
သူ တို့ တွေ က စာ တမ်း ရေး ကြ တဲ့ အ ခါ Vitamin K နဲ့ တွဲ ပြီး မ သောက် ကြ တော့ မ ကောင်း တဲ့ အ ဖြေ တွေ ဘဲရ တော့ မှာ ပေါ့။
D3 တွေ သောက် လို့ ကျန်း မာ ရေး တွေ ပြန် ကောင်း လာ ကြ ရင် ဘယ် သူ တွေ နစ် နာ နိုင် သ လဲ ဆို တာ စဉ်းစား ကြည့် ရင် သိ နိုင် ပါ တယ်။
သူ တို့ ကိုယ် တိုင် ထုတ် ဖော် ပြီး အတိအလင်း ပြော ထား တာ ဘဲ၊ လူ နာ တွေ ရဲ့ အ ကျိုး အတွက် မဟုတ်ဘဲ၊ အစုရှယ်ယာ ပိုင် ရှင် တွေ အ မြတ် ရ ဖို့ ဆို တဲ့ စကား ကို သတိ ရ မိ ပါ ရဲ့။
ဒီ လို ပြော လိုက် တာ ကြောင့် သူ တို့ ထုတ် တဲ့ ဆေး ဘာ မှ တောင် မ သောက် ရဲ သ လောက် ပါ ပဲ။ အမြတ် အ စွန်း ကို ဘဲ ကြည့် တယ် ပြော တာ ကိုး။
၃. Vitamin C alkaline form ( calcium ascorbate or magnesium ascorbate ) ကို 2000 – 3000mg သောက် ပါ။
၎. Probiotics နေ့ စဉ် သောက် ပါ
၅. Zinc 50 mg တစ် နေ့ တစ် လုံး
၆။ သကြား လျော့ ပါ။
၇။ စိတ်ဖိစီး မှု တွေ ချ နိုင် သ မျှ ချ ပါ။
၈. ကိုယ် အ နည်း ငယ် ပူ တိုင်းလဲ Paracetamol မ သောက် သင့် ပါ. ကိုယ် ပူ တယ် ဆို တဲ့ အဓိပ္ဗါယ် က တော့ ခန္ဓာကိုယ် က ပိုး မွှား တွေ ကို သတ် တဲ့ အခါ ကိုယ် အပူ ချိန် တက် နေ ရင် ပို ထိ ရောက် လို့ ပါ ဘဲ။
သန္တပ္ဗန တေ ဇော ဓာတ် လို့ ခေါ် ပါ တယ်။ ( ဝိသုဒ္ဓိမဂ် )
၁၀၄ - ၁၀၅ သိပ် များ နေ ရင် တော့ မ နေ သာ မ ထိုင် သာ ဖြစ် ရင် သောက် ပါ။ ဗိုက် ထဲ မှာ အစာ ရှိ ရင် Ibuprofen ( Advil, or Aleve ) က ပို ပြီး ကောင်း တယ် လို့ ထင် ပါ တယ်။ အစာ အိမ် ရောဂါ ရှိ သူ တွေ တော့ မ သောက် သင့် ပါ။
၉ . လက် ကို ဆပ်ပြာ နဲ့ မကြာခဏ ဆေး ပေး ပါ။
သိသိသာသာ ကြီး သက် သာ လာ ပါ လိမ့် မယ်။
ဆေး ခန်း သွား ပြ တာ ထက် ပို ကောင်း ပါ တယ်။
အခု ပြော သ လို လုပ် ကြည့် လို့ မှ မ ရ ရင် တော့ ဆေး ခန်း သွား ပြ တာ ပေါ့။
အခု ဖော် ပြ ပါ နည်း ဟာ ကျွန်မ ကိုယ် တွေ့ လဲ ဖြစ် ရုံ မ က လူ အ တော် များ များ မှာ လည်း စမ်းသပ် ကြည့် တာ အ တော် အောင် မြင် တာ ကို တွေ့ ရ ပါ တယ်။
သို့ ပါ သော် လည်း ကျွန်မ က အကြံ ပေး ရုံ သာ ဖြစ် ပါ တယ်။
မိမိ သ ဘော အ တိုင်း ဆုံး ဖြတ် ပြီး မိမိ နဲ့ သင့် တော် မယ် ထင် တာ ကို လုပ် နိုင် ပါ တယ်။
Credit-Dr. Daw Khin Nwe Win
06/08/2017
မင်္ဂလာပါရှင့် ......
Family yoga မှအစီအစဉ်ကောင်းလေးတစ်ခုနှင့်မိတ်ဆက်ပေးပါရစေ....
ကိုယ်အလေးချိန်လျော့ချချင်သူများအတွက်အထူးအစီအစဉ်လေးတစ်ခုအနေနဲ့ August 16 မှ 31 အတွင်း Weight loss program လေးရှိပါတယ်နော်.....
အစားအသောက် အတွက်လဲ စနစ်တကျလမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်....
တစ်ရက်ကိုနှစ်နာရီအချိန်ပေးရုံနဲ့ ၁၄ ရက်အတွင်းပြောင်းလဲလာမဲ့ အကျိုးရလဒ်လေးအတွက် ကြိုးစားကြည့်ရအောင်လားး ......
ပါဝင်မဲ့ class တွေကတော့ Fit boxing class 🥊 Zumba class နဲ့ Yoga class များပဲဖြစ်ပါတယ် .....
ကျွမ်းကျင်တဲ့ ဆရာ ဆရာမများမှနည်းစနစ်တကျ သင်ကြားလေ့ကျင့်ပေးသွားမှာဖြစ်လို့ လက်လွှတ်မခံပဲ ပါဝင်လိုက်ကြရအောင်နော့ ......
လူဦးရေကန့်သတ်ထားလို့ အမြန်ဆုံးစာရင်းပေးသွင်းလိုက်ကြပါစို့...... Namaste 🙏 🙏🙏!!!
Ph no 095160952
095215514
0943172709
01/07/2017
အချိန် ၁၄ ရက်ခန့် တစ်ရက်ကိုနှစ်နာရီ Weightloss class လေးအတွက် သတင်းကောင်းပါးလိုက်ပါတယ်ရှင့် လူဦးရေကန့်သတ်ထားလို့ စိတ်ဝင်စားရင် chat box မှသော်လည်းကောင်း ဖုန်းဆက်၍သော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ် မကြာခင်မှာလဲ ပါဝင်မဲ့ class လေးတွေထပ်မံကြေငြာပေးသွားပါ့မယ်ရှင့် !!
03/04/2017
Learning about how to use "Yoga Singing Bowl" when doing meditation from Our's Master Technoyogi Yoga😊😊😊
Thank you so much for sharing everything Sir🙏🙏🙏
07/03/2017
မင်္ဂလာပါရှင်🙏🙏🙏
Member ဝင်များရဲ့ ကြိုးစားအားထုတ်မှု ကိုကျေးဇူးတုံ့ပြန်သောအနေဖြင့် Fit Boxing Class ကိုနောက်ထပ် ထပ်မံ ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်....
တကယ်ပိန်ချင်သူများ ခန္ဓာကိုယ်အဆီကျ သွယ်လျ လိုသူများအတွက် အထူးသင့်တော်လို့ စိတ်ကူးမလွဲနဲ့နော် 💪💪💪
Member အသစ်များကိုလည်း Family yoga မှဖိတ်ခေါ်ပါတယ်ရှင်😊😊😊
လိပ်စာလေးကတော့
အမှတ် ၅/၉၁A ကုန်းမြင့်ရိပ်သာလမ်း , ၇ မိုင်, မရမ်းကုန်းမြို့နယ် ဖြစ်ပါတယ်ရှင်..
ph- 09448888499
ယောဂချစ်သူများအတွက် Family Yoga မှ နွေးထွေးစွာကြိုဆိုလျက်
🙏🙏🙏🙏Namaste🙏🙏🙏