လွမ်းတယ် ငါ့ကောင်တို့ရယ် ။
Victory E-Sport Center
A Heaven for all GAMERS . Stadium, Arena & Sports Venue
16/06/2022
လင်းခေးတောင်မဝင်ရတာကြာပြီ။
လွမ်းတယ် ငါးကောင်တို့ရေ ။
25/05/2022
ကဲ ။ သွားမယ့် ဘောစိတို့ ။
စင်္ကာပူမှာ ကျင်းပမယ့် The International 2022 ကိုသွားဖို့ လိုအပ်ချက်နဲ့ ကုန်ကျစရိတ်များ
Dota2 ပရိသတ်တွေရဲ့ အိပ်မက်တစ်ခုဖြစ်တဲ့ TI ပြိုင်ပွဲကို လူကိုယ်တိုင် သွားရောက်အားပေးဖို့ဆိုတာ မြန်မာနိုင်ငံသားတွေရဲ့ လက်တစ်ကမ်းအလိုကို ရောက်ရှိလာပါပြီ။ ဒီနှစ်ရဲ့ TI ပြိုင်ပွဲကို စင်္ကာပူနိုင်ငံမှာ လာမယ့် အောက်တိုဘာလမှာ ကျင်းပမယ်လို့ ကြေညာထားပါတယ်။
မြန်မာနိုင်ငံရှိ Dota2 ပရိသတ်တွေကလည်း သွားရောက်အားပေးဖို့ စိတ်အားထက်သန်နေတာကြောင့် TI11 ပြိုင်ပွဲကို သွားရောက်ဖို့ လိုအပ်မယ့် စာရွက်စာတမ်းတွေရယ် ကုန်ကျစရိတ် အကြမ်းရယ်ကို ဖော်ပြပေးလိုက်ရပါတယ်။
1. Passport
ပတမဆုံးအနေနဲ့ Passport လိုပါမယ်။ မရှိရင် သွားလုပ်ထားကြပါ။ သက်တမ်းကုန်ရင် တိုးထားကြပါ။ အနည်းဆုံး သက်တမ်း (၆) လ ကျန်ရှိရမှာဖြစ်လို့ ပြိုင်ပွဲကျင်းပမယ့် အောက်တိုဘာ ၂၀၂၂ ကနေ ရေတွက်မယ်ဆိုရင် Passport သက်တမ်းကုန်ဆုံးရက်ဟာ မတ်လ ၂၀၂၃ အထိ အနည်းဆုံး ရှိရပါမယ်။
2. Visa
စင်္ကာပူနိုင်ငံဟာ Visa လျှောက်ထားရန် မလိုအပ်ဘဲ Visit Visa ကို ရက် (၃၀) အထိ free ပေးတာဖြစ်ပါတယ်။
3. ကျန်းမာရေး စာရွက်စာတမ်းများ
COVID-19 ကာကွယ်ဆေး (၂) ကြိမ်ထိုးထားတဲ့ စာရွက်စာတမ်း လိုအပ်ပါတယ်။ အဆိုပါစာရွက်ကို နိုတြီပြန်ထားတာဖြစ်ဖြစ် Ministry of Health ကနေယူထားတဲ့ E-Vaccine Certificate ဖြစ်ဖြစ် လိုအပ်ပါတယ်။
SGAC/ E-Health Declaration ကိုလည်း ICA Website မှာ တင်ဖို့ လိုပါတယ်။
TraceTogether Application ကိုထည့်သွင်းပြီး ကိုယ်ရေးအချက်အလက်တွေ ထည့်သွင်းဖို့ လိုပါမယ်။
4. လေယာဉ်လက်မှတ်
လက်ရှိမှာတော့ ရန်ကုန်ကနေ စင်္ကာပူကို Myanmar Airways International (MAI), Myanmar National Airline (MMA) နဲ့ Singapore Airline တို့က ပျံသန်းနေကြပါတယ်။ လက်မှတ်ဈေးအကြမ်းကတော့
MAI - အနည်းဆုံး 261$ (တစ်ကြောင်းစာ)
MNA - အနည်းဆုံး 286$ (တစ်ကြောင်းစာ)
Singapore Airline - အနည်းဆုံး 325$ (တစ်ကြောင်းစာ)
သွားမည့်အချိန်/နေ့ရက်ပေါ်မူတည်ပြီး လက်မှတ်ခ ကွာခြားနိုင်ပါတယ်။ ပွဲကျင်းပမည့် အောက်တိုဘာလဝန်းကျင်တွင် လေယာဉ်လိုင်းများ ထပ်မံပြေးဆွဲနိုင်ခြေရှိပြီး လက်မှတ်ခ ပိုမို သက်သာနိုင်ပါတယ်။
5. TI Tournament Ticket
လက်ရှိမှာတော့ ပြိုင်ပွဲလက်မှတ်တွေကို စတင် မရောင်းချသေးပါဘူး။ ဒါပေမယ့် အရင် TI လက်မှတ်ဈေးနှုန်းတွေကို လေ့လာနိုင်ရန် တင်ပေးလိုက်ပါတယ်။ (TI10 ကို ပရိသတ်တွေ ဝင်ခွင့်ပြုခဲ့ပါဘူး)
TI9 (Shanghai, China)
ရှေ့ (၂) ရက် - 499 ယွမ် (70 US Dollar ခန့်)
အလယ် (၂) ရက် - 499 ယွမ် (70 US Dollar ခန့်)
နောက်ဆုံး (၂) ရက် - 2099 ယွမ် (300 US Dollar ခန့်)
TI8 (Vancouver, Canada)
ပထမ (၄) ရက် - 125 CAD (95 US Dollar ခန့်)
Final (၂) ရက် - 250 CAD (190 US Dollar ခန့်)
TI7 (Seattle, USA)
ပထမ (၄) ရက် - 100 US Dollar
Final (၂) ရက် - 200 US Dollar
Ticket ဈေးနှုန်းတွေက TI9 မှာ သိသိသာသာ မြင့်တက်လာတာကို တွေ့မြင်နိုင်ပါတယ်။ ဒီနှစ် Ticket ဈေးနှုန်းကို ခန့်မှန်းရမယ်ဆိုရင် ပထမနဲ့ အလယ် (၂) ရက်စီကို Singapore Dollar (100) ခန့်စီ ကျသင့်ပြီး Final (၂) ရက်ကို Singapore Dollar (၃၀၀) ခန့် ကျသင့်မယ်လို့ ထင်မြင်မိပါတယ်။
6. Hotel/Home
စင်္ကာပူဟာ နေထိုင်စရိတ် မြင့်မားတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ 2 Star 3 Star အဆင့်ရှိ Hotel ဈေးနှုန်းများမှာ ၂ ယောက်ခန်း တစ်ခန်းကို တစ်ညလျှင် 50$ ခန့်မှ စတင်ပါတယ်။
သူငယ်ချင်းများနဲ့ အုပ်စုလိုက်သွားမယ်ဆိုလျှင် Hotel ထက် Airbnb မှာ အိမ်ခန်းဌားပါက ၄ ယောက်စာ ကို တစ်ည 150$ ခန့်က စတင်ရှာတွေ့နိုင်ပါတယ်။ ပြိုင်ပွဲကို Singapore Indoor Stadium နဲ့ Suntec Arena မှာ ကျင်းပမှာဖြစ်လို့ တည်းမယ့်နေရာကို ကြိုတင်ချိန်ဆသင့်ပါတယ်။
7. စားစရိတ်/သွားစရိတ်
Foodcourt မှာ စားမယ်ဆိုရင် တစ်နပ်ကို Singapore Dollar 4-12 ကျပ် လောက် ကျသင့်ပါမယ်။ MRT/Bus ကတော့ Singapore Dollar 1-2 ကျပ် လောက် ကုန်ကျနိုင်ပါတယ်။ ကိုယ်တည်းဖို့ ရွေးထားတဲ့နေရာနဲ့ ပြိုင်ပွဲကျင်းပမယ့် Singapore Indoor Stadium နဲ့ Suntec Arena ဘယ်လောက်ဝေးတယ် ဘယ်လိုသွားရမယ်ဆိုတာ ကြိုတင်လေ့လာဖို့ အရေးကြီးပါတယ်။
8. အထွေထွေ
ဖုန်း Sim Card ဝယ်တာ Call and Internet Package ဝယ်တာတွေ ထပ်မံ ကုန်ကျနိုင်ပါတယ်။ Drink and Snacks ဝယ်စားတာတွေကတော့ ကိုယ့် ဒေါသနဲ့ ကိုယ်ပါပဲ။ ပြိုင်ပွဲအတွင်းရောင်းချတဲ့ တရားဝင် အမှတ်တရပစ္စည်းတွေ ဝယ်ဖို့လည်း ပိုက်ဆံဖယ်ထားသင့်ပါသေးတယ်။
အနှစ်ချုပ်အနေနဲ့ ကုန်ကျစားရိတ် အကြမ်းကို အနည်းဆုံး တွက်ကြည့်မယ်ဆိုရင်
လေယာဉ်လက်မှတ် - 261$ x2 = 522 US $
Hotel - (၆) ရက်စာ 6x30$ ခန့် = 180 US $
TI Ticket - 400 US $ ခန့် (All 6 Days)
သွား/စား စရိတ် - တစ်နေ့ 30$ ခန့် x ၆ ရက် = 180 US $
အခြေခံ ကုန်ကျစရိတ်ကို အကြမ်းတွက်ကြည့်ပါက တစ်ယောက်ကို 1,282 US$ ခန့်ကျသင့်မှာဖြစ်ပြီး မြန်မာကျပ်ဖြင့်တွက်ပါက 25 သိန်းခန့် ကျသင့်မှာ ဖြစ်ပါတယ်။ ဟိုတယ် နဲ့ လေယာဉ်လက်မှတ်တွေကတော့ ကြိုတင်ဝယ်ခြင်း၊ ဝယ်လိုအားများခြင်း ပေါ် မူတည့်ပြီး ဈေးအပြောင်းအလဲ ရှိမှာ ဖြစ်ပါတယ်။ 
အဓိကကတော့ TI11 လက်မှတ်ကို အရဝယ်ဖို့ အရေးကြီးပါတယ်။ တကမ္ဘာလုံးက Dota2 ပရိသတ်တွေအကုန် လာရောက်ကြမှာဖြစ်လို့ လက်မှတ်ဝယ်လိုအား အလွန်မြင့်မားနိုင်ပါတယ်။ တောင်အမေရိကရှိ ပီရူးလို ဝေးလံတဲ့နိုင်ငံက ပရိသတ်တွေကပါ Singapore ကို ဗီဇာမလိုဘဲ လာရောက်နိုင်တာမလို့ TI လာကြည့်ဖို့ ပြင်ဆင်နေကြကြောင်း Twitter မှာ ရေးသားနေကြပါတယ်။
ထို့အတွက် TI11 ကို သွားကြည့်ဖို့ TI လက်မှတ်ကို ဦးစွာ ကြိုးစားဝယ်ယူပြီးမှသာ ကျန်တဲ့အရာများကို ပြင်ဆင်သင့်ကြောင်း အကြံပေးလိုက်ရပါတယ်။
🔶ထပ်တိုး အချက်အလက်များ
-Singapore အဝင်မှာ TraceTogether App ထည့်ဖို့ မလိုတော့ပါဘူး။
-ပွဲကျင်းပမယ့် Suntec City နားက Foodcourt တွေက ဈေးပိုကြီးလို့ စားသောက်စရိတ် ပိုကုန်ကျနိုင်ပါတယ်။
⚠️သွားရောက်အားပေးမယ့် ပရိသတ်တွေ အဆင်ပြေအောင်လည်း All-in-one tour package လိုမျိုးလေး စီစဉ်ပေးနိုင်အောင် ကြိုးစားနေပါတယ်။ သေချာရင် Page မှာ ထပ်မံ ကြေညာပေးပါမယ် ခင်ဗျာ။⚠️
Ads ( 18+, Gamble responsibly)
—————————
1xbet ဝက်ဆိုက်မှာ promo code - gamingnoddles နဲ့ အကောင့်ဖွင့် (စာရင်းသွင်း) ပြီး သွင်းငွေရဲ့ အပိုဘောနပ် - 100% နဲ့ 160,000 kyats အထိရယူလိုက်ပါ။
1xbet မှာ Dota2, CSGO, Valorant နဲ့ LOL တို့လို Esports Gameတွေကစားဖို့ အကောင့်ဖွင့်ချင်တယ်ဆိုရင်တော့ အခုပဲ bonus တွေယူဖို့ viber group ကို join လိုက်ပီး အကောင့်ဖွင့်မယ်လို့ သာစာပို့လိုက်ပါ။ https://invite.viber.com/?g=43YyhScZOE2kaNpfTrMqL9HwFWN5vgh8
Viber group ကနေ ညီအကိုတို့သိလိုသည်များကို အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်လို့ လာရောက်လေ့လာဖို့အကြံပေးချင်ပါတယ်။
23/05/2022
ယို့ ယို့ ။
ဆိုင်လေးကသာ ပြန်မလာနိုင်သေးတာပါ ။
နှစ်စဉ်နှစ်တိုင်းလာနေကြ The International ကတော့ ပြန်လာပါပြီ ။
ဒီနှစ် TI မှာ Victory က ဘာတွေလုပ်ပေးသွားမလဲ ။
သိချင်ရင် see first လုပ်ထားဖို့လိုမယ်နော့ ။
ကဲ မီးလေးခန ပျက်ပေးပါ ။ နောက် ၄နာရီနေရင် ပြန်လာခဲ့ပါ့မယ် ။
04/08/2021
ကျော်ကြီးရေ ၊ ဝေ့ ကျော်ကြီး 😝
နောက်ပိုင်း ဂိမ်းဆော့ရင် 💦 ရေစိုခံ Keyboard ပဲ သုံးဖြစ်တော့တယ် 🥺🥺🥺
Ads ( 18+, Gamble responsibly)
—————————
1xbet ဝက်ဆိုက်မှာ promo code - gamingnoddles နဲ့ အကောင့်ဖွင့် (စာရင်းသွင်း) ပြီး သွင်းငွေရဲ့ အပိုဘောနပ် - 100% နဲ့ 160,000 kyats အထိရယူလိုက်ပါ။
1xbet မှာ Dota2, CSGO, Valorant နဲ့ LOL တို့လို Esports Gameတွေကစားဖို့ အကောင့်ဖွင့်ချင်တယ်ဆိုရင်တော့ အခုပဲ bonus တွေယူဖို့ viber group ကို join လိုက်ပီး အကောင့်ဖွင့်မယ်လို့ သာစာပို့လိုက်ပါ။ https://invite.viber.com/?g=43YyhScZOE1QsEyKazoZtELADTNt-vcq
Viber group ကနေ ညီအကိုတို့သိလိုသည်များကို အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်လို့ လာရောက်လေ့လာဖို့အကြံပေးချင်ပါတယ်။
30/07/2021
လက်၂ချောင်းဂိမ်းဖြစ်လာတော့မယ့် Dota2
Valve ကုမ္ပဏီရဲ့ ပိုင်ရှင်နဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Gabe Newell (GabeN) ဟာ IGN နဲ့ Interview တစ်ခုမှာ အသစ်ထွက်ရှိလာမယ့် Handheld Gaming PC ဖြစ်တဲ့”Steam Deck” အကြောင်း ပြောဆိုခဲ့ကြပါတယ်။ ထို အင်တာဗျူးမှာ Dota2 ပရိသတ်တွေ အသိချင်ဆုံး မေးခွန်းတစ်ခုဖြစ်တဲ့ “Dota2 ကို Steam Deck ပေါ်မှာ ဆော့လို့ရနိုင်လား" ဆိုတဲ့ မေးခွန်းအကြောင်းကို ပြောဆိုခဲ့ပါတယ်။
အင်တာဗျူးသူက ပရိသတ်တွေက တောင်းဆိုထားလို့ ကစားလို့ရအောင် ကြိုးစားလုပ်ကိုင်နေတဲ့ ဂိမ်းမျိုး ရှိမရှိကို မေးမြန်းခဲ့ပါတယ်။ GabeN က Steam Deck ကို အဆင့်ဆင့် စမ်းသပ်တိုင်း Dota2 ကို ချက်ခြင်း စမ်းသပ်ကစားနေကြောင်း ပြောဆိုခဲ့ပါတယ်။ ထို့အပြင် Dota2 ကို Steam Deck မှာ ချောချောမွေ့မွေ့ဆော့နိုင်ဖို့အတွက် ပိုပြီး သေချာအာရုံစိုက်နေကြောင်းလည်း ပြောကြားခဲ့ပါတယ်။
Steam Deck မှာပါတဲ့ Track Pad ကို ဘယ်လိုအသုံးပြုမလဲဆိုတာကို စမ်းသပ်နေတာလားဆိုတာကိုလည်း ဟုတ်မှန်ကြောင်း ပြန်လည် ပြောဆိုခဲ့ပါတယ်။ GabeN က ယခုလိုကြိုးစားနေခြင်းသာ Valve ရဲ့ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့မဟုတ်ပဲ ဂိမ်မာတစ်ယောက်အနေနဲ့ ပြုလုပ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် လွန်ခဲ့တဲ့ (၂) ပါတ်ခန့် Steam Deck စထွက်ပြီး မကြာခင်မှာ Reddit User တစ်ယောက်က GabeN ကို Email ပို့ပြီး Dota2 က Steam Deck မှာ ချောချောမွေ့မွေ့ အလုပ်လုပ်နိုင်လား မေးမြန်းခဲ့ရာ GabeN မှ လုပ်နိုင်တယ်လို့ Reply ပြန်ခဲ့ပါသေးတယ်။
အထက်ပါ အချက်အလက်တွေအရ GabeN ဟာ Player Base ထိပ်တမ်းအဆင့်ရှိတဲ့ Steam ဂိမ်းတစ်ခုဖြစ်တဲ့ Dota2 ကို Steam Deck ဝယ်ယူသူတွေအတွက် အထူးပြင်ဆင်နေကြောင်း ယူဆရပါတယ်။ Steam Deck ရဲ့ ဈေးနှုန်းတွေကတော့ 399$ မှ စတင်ပြီး စိတ်ဝင်စားသူတွေအနေနဲ့ (https://store.steampowered.com/steamdeck) Link မှာ reserve ပြုလုပ်နိုင်ပါတယ်။ GabeN နဲ့ IGN ရဲ့ အင်တာဗျူး အပြည့်အစုံကိုတော့ (https://youtu.be/9kO6Dj2XNfY) ဒီမှာ ကြည့်ရှုနိုင်ပါတယ်။
Source: AFK Gaming
Ads ( 18+, Gamble responsibly)
—————————
1xbet ဝက်ဆိုက်မှာ promo code - gamingnoddles နဲ့ အကောင့်ဖွင့် (စာရင်းသွင်း) ပြီး သွင်းငွေရဲ့ အပိုဘောနပ် - 100% နဲ့ 160,000 kyats အထိရယူလိုက်ပါ။
1xbet မှာ Dota2, CSGO, Valorant နဲ့ LOL တို့လို Esports Gameတွေကစားဖို့ အကောင့်ဖွင့်ချင်တယ်ဆိုရင်တော့ အခုပဲ bonus တွေယူဖို့ viber group ကို join လိုက်ပီး အကောင့်ဖွင့်မယ်လို့ သာစာပို့လိုက်ပါ။ https://invite.viber.com/?g=43YyhScZOE1QsEyKazoZtELADTNt-vcq
Viber group ကနေ ညီအကိုတို့သိလိုသည်များကို အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်လို့ လာရောက်လေ့လာဖို့အကြံပေးချင်ပါတယ်။
23/05/2021
WOTLK Myanmar Private Servers 🤣
10/04/2021
လို့ရေးပြီးattention လုပ်ပေးခဲ့တဲ့ Team Veteran
မြန်မာ Dota 2 အသင်းကြီးတစ်သင်းဖြစ်တဲ့ Veteran အသင်း ဟာ Final မှာ မွန်ဂိုလီးယား အသင်းIMG အသင်းကို အနိုင်ရရှိပြီး Asaia Pacific Predator League(Asia) မှာ အနိုင်ရရှိခဲ့ပါတယ်။
Veteran အသင်းဟာ သူတို့ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်တစ်လျှောက်မှာ သူတို့ရဲ့ Ingame Name တွေမှာ ဆိုပြီးတွဲရေးကာ ယှဉ်ပြိုင်ခဲ့ကြပြီး ရရာနေရာကနေ attention ယူပေးခဲ့ကြပါတယ်
Finalပွဲအတွင်း pos 3 ဖြစ်တဲ့ Show Ti အနေနဲ့ အင်တာနက်အခက်အခဲ ကြုံခဲ့ပေမယ့်လဲအကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။လျှပ်စစ်မီးအခက် အခဲတွေလဲ ကြုံတွေခဲ့ပါသေးတယ်။
Congratulations Team Veteran
04/02/2021
Facebook အသုံးပြုနိုင်စေရန် ဆိုင် Wifi အား Passward ဖြုတ်ပြီး Wifi Free ပေးထါးပါသည်. VICTORY-2 ကို wifi ချိတ်ပြီး အသုံးပြုနိုင်ပါသည်.
15/10/2020
ဟေ့ လွမ်းနေကြပြီလား အချောလေးတို့ ။
30/08/2020
We're .
Covid-19 ရောဂါ ကူးဆက်ဖြစ်ပွားမှု မြင့်မားနေပါသဖြင့် မနက်ဖြန် (31.8.2020) မှစ၍ ဆိုင်အားခေတ္တပိတ်ထားမည်ဖြစ်ပါသည် ။
ရောဂါပြန့်ပွားမှုအခြေအနေအားစောင့်ကြည့်၍ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါသည် ။
ဆိုင်ပြန်လည်ဖွင့်လှစ်ပေးမည့်ရက်အား page မှတစ်ဆင့်ကြေငြာပေးသွားပါမည် ။
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
No(20), Nawarat Road, (8) Ward, Thakata Township
Yangon
11291
Opening Hours
| Monday | 09:00 - 22:00 |
| Tuesday | 09:00 - 22:00 |
| Wednesday | 09:00 - 22:00 |
| Thursday | 09:00 - 22:00 |
| Friday | 09:00 - 22:00 |
| Saturday | 09:00 - 22:00 |
| Sunday | 09:00 - 22:00 |