The Healing Room by For You Yoga

The Healing Room by For You Yoga

Share

Awaken your soul, find peace within, and let each breath guide you to harmony. Experience healing like never before.

Reiki Healing for your healthy and happy living.🍃

Photos from The Healing Room by For You Yoga's post 28/05/2026

✨ A Heartfelt Thank You… ✨

May 17 မနက်ခင်းလေးမှာ "Come Back To Yourself" Half-Day Retreat လေးကို ယုံယုံကြည်ကြည်နဲ့ လာရောက် join ခဲ့ကြတဲ့ ဧည့်သည် တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို The Healing Room မှ လှိုက်လှဲစွာကျေးဇူးတင်ရှိပါတယ်။
အေးမြနေတဲ့ ရေခဲကန်ထဲမှာ မိမိရဲ့ ကြောက်ရွံ့မှုတွေကို ရဲရဲဝင့်ဝင့် ရင်ဆိုင်ကျော်ဖြတ်သွားကြတာ၊ Healing Circle မှာ အချင်းချင်း နွေးထွေးစွာ ဖေးမကူညီပေးကြတာတွေဟာ တကယ့်ကို လှပတဲ့ မြင်ကွင်းလေးတွေပါပဲ။
"မလုပ်နိုင်ဘူးထင်တဲ့အရာကို လုပ်နိုင်တာ မြင်တွေ့ရတယ်..."
"စိတ်အေးချမ်းမှုရတယ်... သက်တောင့်သက်သာ ဖြစ်စေတယ်..."
ဆိုပြီး စာရွက်လေးတွေပေါ်မှာ ရေးပေးခဲ့ကြတဲ့ စကားလုံးတိုင်းအတွက်လည်း အထူးပဲ ပီတိဖြစ်ရပါတယ်။
May 17 မှာရရှိလိုက်တဲ့ ကိုယ်စိတ်နှစ်ပါး အေးချမ်းမှုနဲ့ ခွန်အားတွေဟာ နေ့စဉ်ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်တဲ့အခါ အကောင်းဆုံး အထောက်အပံ့ဖြစ်စေမယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။ 🤍

(P.S. အရင်တခေါက်က မီလိုက်တဲ့သူတွေရော၊ မမီလိုက်တဲ့သူတွေအတွက်ပါ… ဇွန်လ မှာ မိုးရာသီနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် သီးသန့် Retreat အသစ်တစ်ခု ပြန်လာဖို့ရှိပါတယ်။ Page လေးကို စောင့်ကြည့်ပေးပါနော်။) 🌿
Ph.09953353363

26/05/2026

⛈️ မိုးမရွာခင်... "နောက်ဆုံးတစ်ခေါက်"

☀️🔥 ပြီးခဲ့တဲ့ နွေရာသီတစ်ခုလုံးက အပူတွေ၊ ပင်ပန်းမှုတွေ၊ မွန်းကျပ်မှုတွေက ရင်ထဲမှာ တောက်လောင်နေတုန်းပဲဆိုရင် နောက်ဆုံးတစ်ကြိမ်ဖြစ်တဲ့ ice bath challenge ရဲ့ဒီရေခဲကန်ထဲမှာပဲ အပြီးတိုင် ဆေးကြောလွှတ်ချပစ်ခဲ့ရအောင်ပါ။

🧊ရေခဲစိမ်တယ်ဆိုတာ အေးမြမှုကို ခံစားဖို့တင် မဟုတ်ပါဘူး။ အေးခဲနေတဲ့ ရေပြင်ထဲမှာ ခဏတာ အရာအားလုံးကို မေ့ထားပြီး၊ ကိုယ့်ရဲ့ အသက်ရှူသံလေးကိုပဲ ပြန်နားထောင်ရင်း စိတ်ထဲက ဒဏ်ရာတွေ၊ Stress တွေကို တစ်ခုချင်းစီ လွှတ်ချပစ်မယ့် True Healing အစစ် ဖြစ်ပါတယ်။

💪🏻"ငါ ဒီလောက်အေးစိမ့်တဲ့ ဒဏ်ကိုတောင် တည်ငြိမ်စွာ ကျော်ဖြတ်နိုင်ရင် လောကကြီးရဲ့ ဘယ်လိုခက်ခဲမှုကိုမဆို ငါ့စိတ်က ခံနိုင်ရည်ရှိမှာပါ" ဆိုတဲ့ အတွင်းစိတ်ခွန်အားကို ပြန်ရှာဖွေတာ။

🧊☃️Ice bath retreat မှာ ရေခဲစိမ်တဲ့အခါ “ငါမလုပ်နိုင်ဘူး၊ အရမ်းအေးတယ်၊ ပြန်ထွက်ချင်နေပြီ” ဆိုတဲ့ စိတ်မျိုး ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ပထမ ၃ မိနစ်ပါပဲ …. ၃ မိနစ်တာမှာ စိတ်ကို ငြိမ်သက်အောင် လျှော့ချလိုက်ချိန်မှာ ၁၅ မိနစ်ဆိုလည်း ကျော်ဖြတ်နိုင်၊ မိနစ် ၃၀ ဆိုလည်း ကျော်ဖြတ်နိုင်သွားတဲ့သူတွေချည်းပါပဲ။ ဒါကြောင့်စိတ်ရဲ့ခံနိုင်ရည်အားကို စမ်းသပ်ရင်း ကိုယ်တိုင်သတိမထားမိတဲ့ powerful mindset ကို ဖော်ထုတ်နိုင်ဖို့ ဒီတစ်ကြိမ်မှာ နောက်ဆုံးပါဝင်နိုင်ပါပြီရှင်။

အစီအစဉ်လေးတွေကတော့...
🧘‍♂️ ခန္ဓာကိုယ်နဲ့ စိတ်ကို ပေါ့ပါးငြိမ်သက်စေမယ့် Yoga & Aqua Yoga
🧊 စိတ်ထဲက Stress တွေကို အေးချမ်းမှုနဲ့ လဲလှယ်မယ့် Ice Bath Challenge
🧠 ရင်ထဲက အပူတွေကို ဖွင့်ချပြီး ကုစားမယ့် Deep Healing Session
🍳 အေးအေးဆေးဆေး စကားပြောရင်း သုံးဆောင်ဖို့ Wyndham Grand ရဲ့ Luxury Breakfast Buffet

မိုးရာသီမတိုင်ခင် နောက်ဆုံးပွဲလေးဖြစ်လို့ အေးအေးချမ်းချမ်းနဲ့ သေချာလေး ဂရုစိုက်ပေးချင်တာမလို့ လူဦးရေကိုတော့ အနည်းငယ် ကန့်သတ်ထားပါတယ်နော်။ လာမယ့် ၁၄ ရက်နေ့မှာ ဒီပွဲပြီးရင်တော့ ၂၀၂၇ မှ ပြန်ဆုံကြပါမယ်ရှင် 🤍

တကယ်လို့များ ရေခဲစိမ်ကြည့်ဖို့ ကြိုးစားနေတယ်ဆိုရင် အချိန်မဆွဲတော့ဘဲ ဒီတစ်ကြိမ်မှာပါဝင်ပြီး bucket list လေးကို tick လုပ်လိုက်တော့နော်။ ✅

လူဦးရေကန့်သတ်ထားတဲ့အတွက် စာရင်းပေးသွင်းဖို့ အခုပဲ Message ပို့လိုက်ပါရှင်။

📞09 9533 533 63
📞09 780 790 545 တို့ကိုဆက်သွယ်၍ ဖြစ်စေ

📨The Healing Room messenger မှဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

⁉️The Healing Room ရဲ့ ice bath event ကို join ဖူးတဲ့ မည်သည့် client မဆို ပြန်လည်လာရောက်ပါဝင်လိုပါက exclusive offer အနေဖြင့် special rate စီစဉ်ထားရှိကြောင်းနဲ့

retreat join တဲ့ client များထဲမှ တစ်ဦးကိုလည်း တီချယ်ဝတ်ရည် ရဲ့ One-on-one Counseling & Private Healing session လေးလည်း မဲဖောက်ပေးသွားမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင်။




20/05/2026

The Healing Room မှာ ကိုယ်တိုင်ရဲ့ အတွင်းစိတ်နဲ့ ပြန်လည်ချိတ်ဆက်ပြီး တည်ငြိမ်အေးချမ်းမှုကို ရှာဖွေနိုင်ပါတယ်။ အလုပ်နဲ့ လူမှုရေးဖိအားတွေကနေ ခဏတာ အနားယူပြီး သင့်ကိုယ်သင် အချိန်ပေးလိုက်ပါ။ 🧘‍♀️🍃
သင်နဲ့အတူ အေးချမ်းတဲ့ ခရီးကို လျှောက်လှမ်းဖို့ The Healing Room က အသင့်ရှိနေပါတယ်။

Photos from The Healing Room by For You Yoga's post 19/05/2026

Cold as ice, but the fire inside is real. 🧊🔥

အမြဲတမ်း burning desire နဲ့ မောင်းနှင်နေတဲ့ စိတ်နဲ့ခန္ဓာကို အေးမြမှုပေးလိုက်တဲ့အခါ … အအေးဒဏ်ကို ကြောက်ပြီး နောက်ဆုတ်မသွားဘဲ ကိုယ့်စိတ်ကို ကိုယ်ပြန်ပြီး အောင်နိုင်ခဲ့တဲ့ အခိုက်အတန့်။ Yes, you’re stronger than you think. 💪🏻

ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး Challenge ခေါ်ရတာ တကယ်ကို စွဲလမ်းဖို့ကောင်းသလို၊ အေးစက်မှုတွေကြားထဲက ရရှိလာတဲ့ တည်ငြိမ်မှုကလည်း ဘာနဲ့မှမလဲနိုင်တဲ့ အရသာတစ်ခုပဲ ဖြစ်ပါတယ်။👏

16/05/2026

Wellness Trend တွေထဲမှာ လူအများဆုံး စိတ်ဝင်စားလာတဲ့ Healing Method တစ်ခုကတော့ “ရေခဲစိမ်ခြင်း” (Ice Bath / Cold Water Immersion) ပါ။

✅ အရင်က အားကစားသမားတွေ recovery အတွက်သာ အသုံးပြုခဲ့ပေမယ့် ယနေ့မှာတော့ စိတ်ဖိစီးမှုများတဲ့သူတွေ Mental Wellness ကိုအာရုံစိုက်သူတွေထိ ပျံ့နှံ့လာပါတယ်။
အေးခဲတဲ့ရေထဲ ခဏတာ ဝင်စိမ်ခြင်းဟာ ခန္ဓာကိုယ်ကိုသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ပြောင်းလဲပေးနိုင်တဲ့ Natural Therapy တစ်ခုဖြစ်လာနေပါတယ်။

✅အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ပြီးနောက် ရေခဲစိမ်ခြင်းက muscle soreness နဲ့ inflammation ကို လျော့ချပေးနိုင်ပါတယ်။ Cold water ကြောင့် သွေးကြောများ ခဏကျဉ်းသွားပြီး ရောင်ရမ်းမှုကို လျော့စေကာ recovery process ကို ပိုမြန်စေပါတယ်။ ဒါကြောင့် Fitness Training, Marathon, Yoga, Aqua Yoga လုပ်သူတွေကြားမှာ Ice Bath ဟာ “body reset” လုပ်ပေးတဲ့ ritual တစ်ခုလို ဖြစ်လာပါတယ်။

✅ဒါတင်မကသေးပါဘူး။ ရေခဲစိမ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာအတွက်လည်း အံ့အားသင့်စရာ ကောင်းကျိုးတွေရှိပါသေးတယ်။ အေးမြတဲ့ရေထဲ ဝင်တဲ့အချိန်မှာ ခန္ဓာကိုယ်က adrenaline, dopamine နဲ့ endorphin hormones တွေ ထုတ်လွှတ်ပေးတာကြောင့် mood uplift ဖြစ်လာစေပြီး stress နဲ့ anxiety ကို လျော့ကျစေပါတယ်။ Ice Bath လုပ်ပြီးတဲ့နောက် “လန်းဆန်းသွားတယ်၊ စိတ်ရှင်းသွားတယ်” လို့ လူအများခံစားရတာက ဒီ hormone response ကြောင့်ပဲ ဖြစ်ပါတယ်။

✅Cold Water Immersion ဟာ circulation ကိုလည်း ကောင်းမွန်စေပါတယ်။ အေးတဲ့ရေကြောင့် သွေးလည်ပတ်မှု ပိုမိုတက်ကြွလာပြီး ခန္ဓာကိုယ်ထဲ oxygen flow ပိုကောင်းလာစေပါတယ်။ တချို့သော သုတေသနများမှာ immune system ကိုပါ support လုပ်ပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် Ice Bath ကို wellness lifestyle ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် လူတွေ ပိုမိုလက်ခံလာကြတာပါ။

✅Ice Bath ကို Beginners တွေအနေနဲ့ 5mins to 15mins ပဲစိမ်သင့်ပါတယ်။မှန်ကန်စွာ အဆင့်ဆင့်လုပ်ဆောင်ဖို့တော့ အရေးကြီးပါတယ်။ အချိန်ကြာကြာ စိမ်ခြင်းက hypothermia သို့မဟုတ် cold shock ဖြစ်နိုင်တာကြောင့် beginners တွေအနေနဲ့ တဖြည်းဖြည်းချင်း စတင်သင့်ပါတယ်။ နှလုံးရောဂါ၊ သွေးတိုးရှိသူများကတော့ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ လုပ်သင့်ပါတယ်။

✅ရေခဲစိမ်ခြင်းဆိုတာ အေးတဲ့ရေထဲ ဝင်စိမ်တာတစ်ခုတည်းမဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို heal လုပ်ပေးခြင်း၊ စိတ်ကို reset လုပ်ပေးခြင်း၊ stress ကို လျော့ချပေးခြင်းနဲ့ inner strength ကို တိုးတက်စေတဲ့ lifestyle practice တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ခါတလေ လူတစ်ယောက်အတွက် ပြောင်းလဲမှုကြီးတွေက comfort zone ထဲမှာ မဟုတ်ဘဲ… အေးခဲနေတဲ့ရေထဲ ဝင်ရဲတဲ့ အချိန်ကနေ စတင်တတ်ပါတယ်။ ✨✨✨✨

ဒါတွေကတော့ ရေခဲစိမ်ခြင်းအကျိုးကျေးဇူးလေးတွေဖြစ်ပါတယ်။

The Healing Room


Ref ; https://share.google/p1H3naIJaxFQ5a0zh

https://www.mayoclinichealthsystem.org/hometown-health/speaking-of-health/cold-plunge-after-workouts

Photos from The Healing Room by For You Yoga's post 14/05/2026

"Beyond the cold, we found our inner calm. ✨❄️

Wyndham Grand Hotel မှာ ပြုလုပ်ခဲ့တဲ့ The Healing Room ရဲ့ Half-day Retreat လေးဟာ ပြီးဆုံးသွားခဲ့ပေမယ့် ရရှိလိုက်တဲ့ အေးချမ်းမှုနဲ့ စွမ်းအင်တွေကတော့ အခုထိ လန်းဆန်းနေဆဲပါ။

ပေးခဲ့ရတဲ့ တန်ဖိုးတစ်ခုဆိုတာ ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကို စနစ်တကျ ဘယ်လောက် အထိ စွန့်ထုတ်နိုင်ခဲ့သလဲဆိုတာပါပဲ။

ရေခဲရေထဲမှာ စိန်ခေါ်မှုကို ကျော်လွှားရင်း Mental Resilience ကို တည်ဆောက်ခဲ့ကြသလို၊

Yoga ရဲ့ ငြိမ်သက်မှုနဲ့ Healing Circle ထဲက နွေးထွေးမှုတွေက participants တွေအတွက် တကယ့်ကို အားဆေးဖြစ်ခဲ့ပါတယ်။

Professional ကျကျ သေသေချာချာ စီစဉ်ထားတဲ့ အခိုက်အတန့်တိုင်းဟာ သင်ယူမှုတွေ၊ ကုစားမှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဂရုစိုက်ဖို့ Self-care အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံခဲ့ကြတဲ့ တက်ရောက်သူတစ်ဦးချင်းစီကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
"Coming back to center, coming home to yourself." 🌿🤍

လာမယ့် ၁၇ ရက်နေ့မှာလည်း Retreat လေး ထပ်ရှိမှာဖြစ်လို့ စိတ်ဝင်စားရင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

10/05/2026

🌿 အတိုင်းအဆမရှိတဲ့ မေတ္တာတွေနဲ့ နွေးထွေးစေတဲ့ မေမေတို့အတွက် Happy Mother's Day ပါ။
မေမေတို့ရဲ့ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အရာအားလုံးထက် ပိုအရေးကြီးပါတယ်။ ဒီနေ့လေးမှာတော့ နေ့စဉ်ဖြတ်သန်းနေရတဲ့ မွန်းကျပ်မှုတွေထဲကနေ ရုန်းထွက်ပြီး နက်ရှိုင်းတဲ့ အသက်ရှူခြင်းတွေ၊ အေးချမ်းတဲ့ ခံစားမှုတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ် အချစ်တွေ ပြန်လည် ဖြည့်တင်းလိုက်ပါ။
မေမေတို့ရဲ့ နေ့ရက်တိုင်းဟာ ငြိမ်းချမ်းမှု၊ လန်းဆန်းမှုတွေနဲ့ အမြဲ ပြည့်နှက်နေပါစေရှင်။
• The Healing Room အဖွဲ့သားများ 🙏💧

Photos from The Healing Room by For You Yoga's post 10/05/2026

Junction City Tower, Kloud မှာ ကျင်းပပြုလုပ်ခဲ့တဲ့ "Happy Mother’s Day" Event လေးမှာ The Healing Room မှ ပါဝင်ဆင်နွှဲခွင့်ရခဲ့တဲ့အတွက် အထူးပဲ ဝမ်းမြောက် ပီတိဖြစ်ရပါတယ်။ 🤍

မိခင်တွေဟာ သားသမီးတွေအတွက် အမြဲတမ်း အနားယူရာ ငြိမ်းချမ်းတဲ့ အရိပ်အာဝါသလေး ဖြစ်ပေးသလိုပဲ၊ အပြိုင်အဆိုင်တွေကြားမှာ နေ့စဉ်နဲ့အမျှ ပြေးလွှားလှုပ်ရှားနေရတဲ့ ကျွန်မတို့တွေဟာလည်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်ယုယဖို့နဲ့ စိတ်ရောကိုယ်ပါ အနားပေးဖို့ အရိပ်အာဝါသတစ်ခု လိုအပ်ပါတယ်။

ဒီပွဲလေးမှာ Dr.So Pyay မှ မိသားစုနဲ့ အလုပ်တာဝန်တွေ ကြားထဲကနေ Burnout မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ၊ လုပ်ငန်းခွင် စိတ်ကျန်းမာရေး (Workplace Wellness) က ဘယ်လောက် အရေးကြီးလဲဆိုတာတွေကို ဝေမျှခဲ့ပါတယ်။

ကျွန်မတို့ The Healing Room ရဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ Corporate Wellness Programs တွေ၊ EAP နဲ့ Signature Retreat လေးတွေအကြောင်းကို စိတ်ဝင်တစားနဲ့ နားထောင်ပေးကြတဲ့ ကုမ္ပဏီအသီးသီးက မိတ်ဆွေများအားလုံးနဲ့တကွ Junction City, Kloud Team ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

အလုပ်ဆိုတဲ့ တာဝန်တွေကြားမှာ ခဏတာ ရပ်တန့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ချစ်ခင် ယုယနိုင်ကြပါစေလို့ The Healing Room မှ ဆုတောင်းပေးလိုက်ပါတယ်။

လူကြီးမင်းတို့ရဲ့ အဖွဲ့အစည်းနဲ့ ကိုယ်ပိုင် Well-being အတွက် လိုအပ်တဲ့ Wellness Programs များကိုလည်း The Healing Room တွင် အချိန်မရွေး ဆက်သွယ် ဆွေးနွေးနိုင်ပါတယ်ရှင်။ ✨

📲09953353363

08/05/2026

✨ Come back to yourself...✨

ပြင်ပကမ္ဘာရဲ့ ဆူညံမှုတွေနဲ့ အလုပ်တာဝန်တွေကြားမှာ ပင်ပန်းနွမ်းနယ်နေပြီဆိုရင်၊ ခဏတာ ရုန်းထွက်ပြီး ကိုယ့်ရဲ့ အတွင်းစိတ်နဲ့ ပြန်လည်ချိတ်ဆက် အနားယူဖို့ အချိန်ပေးရပါတော့မယ်။

"A quiet space to soften and receive".

Wyndham Grand Hotel ရဲ့ သီးသန့်ဆန်ပြီး အေးချမ်းတဲ့ နေရာလေးမှာ ကျင်းပသွားမယ့် ဒီ Half-Day Retreat လေးမှာ...

🧘‍♀️ Yoga: စိတ်ရောကိုယ်ပါ ပေါ့ပါးတည်ငြိမ်သွားစေမယ့် ယောဂကျင့်စဉ်။

🧊 Ice Bath: ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး စိတ်ကို ကြည်လင်
လန်းဆန်းစေမယ့် ရေခဲစိမ်ကုထုံး။

Healing Circle: နွေးထွေးလုံခြုံတဲ့ ပတ်ဝန်းကျင်မှာ အချင်းချင်း ခွန်အားပေး ကုစားကြမယ့် အချိန်ကာလ။

Breakfast: ဟိုတယ်ရဲ့ အရသာရှိတဲ့ နံနက်စာ (Breakfast) အစီအစဉ်တွေနဲ့အတူ Half-day အချိန်လေး နေ့တစ်ဝက်ခန့်ပေးလိုက်ရုံနဲ့ သင့်ကိုယ်သင် အကောင်းဆုံး ပြန်လည်ပြုစုပေးနိုင်တဲ့ အခွင့်အရေးလေး ရရှိသွားမှာ ဖြစ်ပါတယ်။

📅 17.5.2026 (Sunday)
Time - 7:30 am to 11:30 am
📍 Location: Wyndham Grand Hotel
🎟️ Investment: 270,000 MMK / person

Exclusivity အပြည့်နဲ့ ငြိမ်သက်အေးချမ်းမှုကို အပြည့်အဝ ခံစားနိုင်ဖို့အတွက် လူဦးရေလေးလည်း Limited ၁၅ ဦးအထိသာ အကန့်အသတ်ဖြင့် လက်ခံသွားမှာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး လက်ဆောင်ပေးဖို့ အခုပဲ The Healing Room Page Messenger မှာ နေရာ ကြိုတင်စာရင်းသွင်းနိုင်ပါပြီ။ 🌿🤍
📲09953353363

Photos from The Healing Room by For You Yoga's post 04/05/2026

Asia Matrix IT Company ရဲ့ Team Building မှာ The Healing Room မှ ယောဂတီချယ်များမှ စိမ်းစိုလှပနေတဲ့ သဘာဝတောအုပ်ကလေးထဲမှာ နံနက်ခင်း အညောင်းညာပြေ ယောဂကျင့်ပေးခဲ့ပါတယ်။

ယောဂ challenges များလည်း အဖွဲ့လိုက် ပြုလုပ်ခဲ့ကြပြီး Reward အနေနဲ့ The Healing Room ရဲ့ Signature ဖြစ်တဲ့ Ice-bath Retreat ကို ဆုချခဲ့ပါတယ်။

ခုလို Asia Matrix ကုမ္ပဏီအတွက် စိတ်ရောကိုယ်ပါပေါ့ပါးလန်းဆန်းသွားအောင် Team တစ်ခုလုံး သွေးသစ်လောင်းတဲ့ Retreat မှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက် မိပါတယ်။

Asia Matrix ယခုထက်မက တိုးတက်အောင်မြင်သော ERP IT Company ကြီးဖြစ်ပါစေကြောင်း ကျွန်မတို့ The Healing Room Team မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။ 🙏🌿

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


192, Maharbandoola Street, Ward 37, North Dagon
Yangon
11421