04/08/2026
🌅 Starting the day with a refreshing beach workout. Fresh air, positive vibes, and endless motivation. 💪🌊
One Team One Dream
04/08/2026
🌅 Starting the day with a refreshing beach workout. Fresh air, positive vibes, and endless motivation. 💪🌊
That’s a cute gesture.
That is Football.
03/08/2026
ထိုင်းနိုင်ငံ၊ ဟွာဟင်းမြို့တွင် ရာသီကြို လေ့ကျင့်မှုများ ပြုလုပ်နေသည့် ရန်ကုန်စီးတီးအသင်းသည် ပဥ္စမမြောက် ခြေစမ်းပွဲစဉ်အဖြစ် မြို့ခံအသင်းဖြစ်သည့် ဟွာဟင်းစီးတီး အသင်းနှင့် ယမန်နေ့က ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ယခုပွဲစဉ်တွင် ရန်ကုန်စီးတီးအသင်းသည် ရန်နိုင်ဦး၊ ဇွဲထက်မင်း၊ အောင်ကောင်းမာန်၊ စိုးအာကာ စသည့် အတွဲအဖက်နှင့်အတူ ပြည်ပကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး ပထမပိုင်းပွဲကစားချိန်အတွင် Pedro၊ အောင်ကောင်းမာန် တို့ အပိုင်အခွင့်အရေး ကိုယ်စီ ရရှိခဲ့သည်။ ရန်ကုန်စီးတီးအသင်းအတွက် ဦးဆောင်ဂိုး ကို ပွဲချိန် ၁၁ မိနစ်တွင် Karim က ပင်နယ်တီမှတဆင့် သွင်းယူပေးခဲ့ပြီး ပွဲချိန် ၂၈ မိနစ်တွင် Karim မှ ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူပေးခဲ့သည်။
ရန်ကုန်စီးတီးအသင်းအတွက် တတိယဂိုးကို ပွဲချိန် ၅၆ မိနစ်တွင် Seigo မှ သွင်းယူပေးခဲ့ပြီး ပွဲချိန် ၅၉ မိနစ်တွင် Karim က စတုတ္ထဂိုး သွင်းယူခဲ့သည်။ လက်ကျန်မိနစ်များတွင် ဟွာဟင်းစီးတီးအသင်း အနေဖြင့် ချေပဂိုးများ ရရှိရန် ပြန်လည်ကြိုးစားခဲ့သော်လည်း ရန်ကုန်စီးတီးအသင်း နောက်တန်းနှင့် ဂိုးသမားတို့ အကောင်းဆုံး ကာကွယ်နိုင်ခဲ့သောကြောင့် ပွဲပြီးဆုံးချိန်တွင် ရန်ကုန်စီးတီးအသင်းက လေးဂိုး ဂိုးမရှိဖြင့် ဟွာဟင်းစီးတီးအသင်းကို အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်စီးတီးအသင်းသည် လာမည့် ဩဂုတ်လ ၆ ရက်တွင် ဟောင်ကောင်ကလပ် ကစ်ချီ အသင်းနှင့် ခြေစမ်းပွဲ ထပ်မံယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
Yangon City FC, currently holding their preseason training camp in Hua Hin, Thailand, recorded a convincing 4–0 victory over local side Hua Hin City FC in their fifth pre-season friendly yesterday.
Yangon City FC started the match with a lineup featuring Yan Naing Oo, Zwel Htet Min, Aung Kaung Mann, Soe Ar Kar, alongside the club’s foreign players. During the first half, both Pedro and Aung Kaung Mann created dangerous scoring opportunities.
Karim opened the scoring for Yangon City FC from the penalty spot in the 11th minute before doubling the lead with his second goal in the 28th minute.
Seigo extended the advantage with the third goal in the 56th minute, and just three minutes later, Karim completed his hat-trick by scoring Yangon City FC’s fourth goal in the 59th minute.
Hua Hin City FC pushed forward in search of a consolation goal during the remaining minutes, but Yangon City FC’s solid defensive line and goalkeeper produced an excellent performance to preserve the clean sheet, sealing an emphatic 4–0 win.
Yangon City FC will play their next preseason friendly against Hong Kong club Kitchee SC on August 6.
01/08/2026
ထိုင်းနိုင်ငံတွင် ရာသီကြို ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရန်ကုန်စီးတီးအသင်းသည် ယနေ့တွင် အသင်းလေ့ကျင့်ရာ ချွန်ဘူရီမှ ဟွာဟင်းမြို့သို့ ပြောင်းရွှေ့ခဲ့သည်။
ရန်ကုန်စီးတီးအသင်းအနေဖြင့် ဟွာဟင်းမြို့တွင် ၆ ရက်ကြာ နေထိုင်မည်ဖြစ်ရာ ဟွာဟင်းစီးတီးအသင်း အပါအဝင် ထိုင်းနိုင်ငံတွင် ရာသီကြိုပြင်ဆင်မှုများ လာရောက်ပြုလုပ်လျက်ရှိသည့် ဟောင်ကောင်ကလပ် ကစ်ချီအသင်းတို့နှင့် ခြေစမ်းပွဲများ ယှဥ်ပြိုင်ကစားမည်ဖြစ်သည်။
ယနေ့ညနေပိုင်းတွင် အသင်းနေထိုင်ရာ ဟွာဟင်းမြို့၌ ပထမဆုံးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
Yangon City FC has relocated from Sriracha, Chonburi to Hua Hin today as part of its ongoing pre-season training camp in Thailand.
The team will stay in Hua Hin for six days, during which they are scheduled to play a number of pre-season friendly matches, including games against Hua Hin City FC and Hong Kong club Kitchee FC, who are also in Thailand for their pre-season preparations.
This evening, Yangon City FC held its first training session in Hua Hin as the team continues its preparations for the upcoming season.
31/07/2026
ထိုင်းနိုင်ငံတွင် ရာသီကြိုလေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် ရန်ကုန်စီးတီးအသင်းသည် စတုတ္ထမြောက်ခြေစမ်းပွဲစဉ်အဖြစ် ထိုင်းလိဂ် ၃ ကလပ် Burapha အသင်းနှင့် ယနေ့ညနေက Banbueng မြို့ရှိ ငှင်းတို့၏ အိမ်ကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့သည်။
ယခုပွဲစဉ်တွင် ရန်ကုန်စီးတီးအသင်းသည် ပြီးခဲ့တဲ့ Rayong အသင်းနှင့်ပွဲစဉ်တွင် ပါဝင်ကစားခဲ့သည့် ပြည်ပကစားသမားများနှင့် စီနီယာကစားသမားများအား အနားပေးခဲ့ပြီး လူငယ်ကစားများကို အခြေပြု ပွဲထွက်ခဲ့သည်။ ပွဲချိန် ၆ မိနစ်တွင် နေလင်းသန့် အပိုင်အခွင့် အရေးရခဲ့သော်လည်း ဂိုးပေါက်နှင့် လွဲချော်ခဲ့သည်။ ပွဲချိန် ၉ မိနစ်တွင် Burapha အသင်း ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ပွဲချိန် ၂၄ မိနစ်တွင် ဒုတိယဦးဆောင်ဂိုး ထပ်မံရရှိခဲ့သည်။ ပွဲချိန် ပထမပိုင်းတွင် ရန်ကုန်စီးတီးအသင်း အခွင့်အရေးတချို့ ရရှိခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိသောကြောင့် ပထမပိုင်းအပြီးတွင် နှစ်ဂိုး ဂိုးမရှိဖြင့် Burapha အသင်းကို အရေးနိမ့်ခဲ့သည်။
ပွဲကစားချိန်ဒုတိယပိုင်းတွင် ချေပဂိုးများ ရရှိရန် ကြိုးစားခဲ့ပြီး အောင်ကောင်းမာန် လူစားဝင်ကစားခဲ့သလို ပွဲကစားချိန် ၇၅ မိနစ်တွင် ရန်နိုင်ဦး၊ ဇွဲထက်မင်း၊ Pedro တို့ ဝင်ရောက်ကစားခဲ့သည်။ ထို့နောက် ဂိုးကန်သွင်းခွင့် အခွင့်အရေးတချို့ ရခဲ့သော်လည်း Burapha ဂိုးသမား ကာကွယ်နိုင်ခဲ့သောကြောင့် ပွဲပြီးဆုံးချိန်တွင် Burapha အသင်းက ရန်ကုန်စီးတီးအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
Yangon City FC, currently holding their preseason training camp in Thailand, played their fourth friendly match this evening against Thai League 3 side Burapha FC at the club’s home ground in Banbueng City.
For this match, Yangon City rested the foreign players and senior squad members who featured in the previous friendly against Rayong FC, giving several young players the opportunity to start. Nay Lin Thant had a clear scoring chance in the 6th minute but was unable to find the target. Burapha took the lead in the 9th minute before adding a second goal in the 24th minute. Yangon City created several promising opportunities during the first half but failed to convert them, trailing 2-0 at the break.
In the second half, Yangon City pushed forward in search of goals. Aung Kaung Mann came on as a substitute, while Yan Naing Oo, Zwel Htet Min, and Pedro were introduced in the 75th minute. Despite creating a number of chances, Yangon City could not beat the Burapha goalkeeper, who made several important saves. At the final whistle, Burapha FC claimed a 2-0 victory over Yangon City FC.
Game in Today 4:30 PM at Banbueng Stadium,Banbueng City.
29/07/2026
ထိုင်းလိဂ် ၁ ကလပ် Rayong အသင်းအား ခြေစမ်းပွဲစဉ်တွင် ရန်ကုန်စီးတီးအသင်း အရေးနိမ့်
*****************************
ထိုင်းနိုင်ငံတွင် ရာသီကြိုလေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် ရန်ကုန်စီးတီးဘောလုံးအသင်းသည် ယနေ့ညတွင် တတိယမြောက် ခြေစမ်းပွဲစဉ်အဖြစ် ထိုင်းလိဂ် ၁ ကလပ် Rayong အသင်းနှင့် ရယောင်းမြို့ရှိ ငှင်းတို့၏ အိမ်ကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲရာ Rayong အသင်းမှ ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်စီးတီးအသင်း၏ ပွဲထွက်စာရင်း၌ ပြည်ပကစားသမား ၄ ဦးအထိ အသုံးပြုခဲ့ပြီး စီနီယာကစားသမားများဖြစ်ကြသည့် ဘုန်းသစ္စာမင်း(ဂိုး)၊ ရန်နိုင်ဦး၊ ဇွဲထက်မင်း၊ အောင်ကောင်းမာန် တို့အပါအဝင် လူငယ် ကစားသမားများနှင့် ပွဲထွက်ယှဉ်ပြိုင်ခဲ့သည်။ ပွဲကစားချိန်ပထမပိုင်းတွင် ရန်ကုန်စီးတီးအသင်း ဂိုးကန်သွင်းခွင့် ၃ ကြိမ်အထိ ရရှိခဲ့သော်လည်း Rayong အသင်း ဂိုးသမား လက်စွမ်းပြမှုနှင့်အတူ ဂိုးရရှိရန် ခက်ခဲခဲ့သည်။ Rayong အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၃၇ မိနစ်တွင် ရန်ကုန်စီးတီး ဂိုးသမား ဖျက်ထုတ်ပုံ မသေသပ်ရာမှတဆင့် ခွင့်ပြုပေးခဲ့ပြီး ပထမပိုင်းအပြီးတွင် ၁ ဂိုး ဂိုးမရှိဖြင့် Rayong အသင်း ဦးဆောင်နိုင်ခဲ့သည်။
ပွဲကစားချိန် ဒုတိယပိုင်းတွင် Rayong အသင်းအနေဖြင့် ပြည်ပကစားသမား ၆ ဦးနှင့်အတူ ရန်ကုန်စီးတီးအသင်းကို ရင်ဆိုင်လာခဲ့ပြီး ရန်ကုန်စီးတီးအသင်းအနေဖြင့် ပွဲကစားချိန် ဒုတိယပိုင်းတွင် ကစားသမား ၄ ဦးသာ ပြောင်းလဲအသုံးပြုခဲ့သည်။ ရန်ကုန်စီးတီးအသင်းအနေဖြင့် ပွဲကစားချိန် ဒုတိယပိုင်းတွင် ဂိုးကန်သွင်းခွင့် အခွင့်အရေး ၂ ကြိမ် ထပ်မံရရှိခဲ့သော်လည်း Rayong ဂိုးသမား၏ နေရာယူမှန်ကန်မှုများကြောင့် ဂိုးမရရှိခဲ့ပဲ ပွဲချိန် ၅၄ မိနစ် နှင့် ၇၆ မိနစ်တို့တွင် Rayong အသင်းအား သွင်းဂိုးများ ထပ်မံခွင့်ပြုပေးခဲ့ရသောကြောင့် ပွဲပြီးဆုံးချိန်တွင် Rayong အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် ရန်ကုန်စီးတီးအသင်းကို အနိုင်ရရှိခဲ့သည်။
Yangon City FC Fall to Thai League 1 Side Rayong FC in Pre-Season Friendly
Yangon City FC, who are currently holding their pre-season training camp in Thailand, suffered a 3-0 defeat to Thai League 1 club Rayong FC in their third pre-season friendly on Wednesday evening. The match was played at Rayong FC’s home ground in Rayong Province.
Yangon City FC named four foreign players in the starting lineup alongside senior players Bhone Thit Sar Min (GK), Yan Naing Oo, Zwe Htet Min, and Aung Kaung Mann, as well as several young talents.
During the first half, Yangon City FC created three scoring opportunities but were denied by an impressive performance from the Rayong FC goalkeeper. Rayong took the lead in the 37th minute after capitalizing on a defensive error following an unsuccessful clearance by the Yangon City goalkeeper, giving the hosts a 1-0 advantage at halftime.
In the second half, Rayong FC introduced six foreign players, while Yangon City FC made only four substitutions. Yangon City continued to create chances and produced two more attempts on goal, but the Rayong goalkeeper’s excellent positioning prevented the visitors from finding the net. Rayong added further goals in the 54th and 76th minutes to seal a comfortable 3-0 victory.
29/07/2026
🙏 ဝါဆိုလပြည့်နေ့ 🙏
ယနေ့ ဝါဆိုလပြည့်နေ့၊ ဓမ္မစကြာတရား စတင်ဟောကြားခဲ့သော နေ့ထူးနေ့မြတ်အခါသမယတွင် ကုသိုလ်ကောင်းမှုများဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့်အတူ လိုအင်ဆန္ဒဟူသမျှ အလုံးစုံပြည့်ဝပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားများ တိုးပွားကာ ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
ဝါဆိုလပြည့်နေ့ မင်္ဂလာအခါသမယမှ စ၍ ဝါတွင်းကာလပတ်လုံး ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ကြပြီး အေးချမ်းပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ရန်ကုန်စီးတီးဘောလုံးအသင်းမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
ရန်ကုန်စီးတီးရဲ့ မြန်မာလိဂ်ပြိုင်ပွဲဝင် Jersey က ဘယ်လိုမျိုး ဖြစ်မလဲ၊ မကြာခင် ထွက်ရှိတော့မှာမလို့ စောင့်မျှော်ပေးကြပါအုန်းခင်ဗျာ .....
Good Games, Great Vibes, Pattaya.