29/07/2026
ထူးမြတ်လှသော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး ကုသိုလ်ဘာဝနာများ ပွါးများနိုင်ကြပါစေကြောင်း Yangon United Football Academy မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ…. 🙏🙏🙏
On the auspicious Full Moon Day of Waso (Dhammacakka Day), Yangon United Football Academy extends its warmest wishes to everyone. May you be blessed with peace of mind, good health, and the opportunity to cultivate merit through acts of generosity, meditation, and Dhamma practice. 🙏🙏🙏
24/07/2026
📍ဝါတွင်းကာလအတွင်း ရန်ကုန်ယူနိုက်တက်အကယ်ဒမီ သင်တန်းချိန်ပြောင်းလဲဖွင့်လှစ်မည်
……………………………
ရန်ကုန်ယူနိုက်တက်အကယ်ဒမီအနေဖြင့် ကျောင်းတက်ရောက်နေသည့် သင်တန်းသား/သင်တန်းသူများ အဆင်ပြေချောမွေ့စွာ သင်တန်းတက်ရောက်နိုင်စေရန်နှင့် လေ့ကျင့်ရေးအစီအစဉ်များကို ပိုမိုထိရောက်စွာ ဆက်လက်လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ပုံမှန်ဖွင့်လှစ်လျက်ရှိသည့် စနေ၊ တနင်္ဂနွေ သင်တန်းချိန်များကို ဝါတွင်းကာလအတွင်း ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့များသို့ ပြောင်းလဲဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
😇😇😇ယခုကဲ့သို့ သင်တန်းချိန်ပြောင်းလဲသတ်မှတ်ခြင်းသည် ကျောင်းချိန်များနှင့် ညှိနှိုင်းတက်ရောက်နိုင် စေရန်အပြင် သင်တန်းသားများအနေဖြင့် လေ့ကျင့်ရေးအချိန်များကို ပိုမိုပြည့်စုံစွာ ရရှိနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
မိဘအုပ်ထိန်းသူများနှင့် သင်တန်းသား/သင်တန်းသူများအားလုံးအနေဖြင့် ပြောင်းလဲသတ်မှတ်ထား သော သင်တန်းချိန်အသစ်အတိုင်း တက်ရောက်ပေးကြပါရန် လေးစားစွာ အသိပေးအကြောင်းကြား အပ်ပါသည်။
☎️အသေးစိတ်အချက်အလက်များ သိရှိလိုပါက 09765037370 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
19/07/2026
❝ အာဇာနည်နေ့ တို့မမေ့ ❞
၁၉.၇.၂၀၂၆ ရက်နေ့တွင် ကျရောက်သော
(၇၉) နှစ်မြောက် အာဇာနည်နေ့ ကိုဂုဏ်ပြုကြိုဆိုရင်း ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကို
ရိုသေလေးစားစွာဖြင့် ဦးညွတ်အလေးပြုအပ်ပါသည်။
❝ We Shall Never Forget Martyrs' Day ❞
On the occasion of the 79th Martyrs' Day, observed on 19 July 2026, we pay our deepest respects and solemn tribute to General Aung San and all the fallen Martyrs whose sacrifices shaped our nation's.
28/05/2026
🌙 🕌 Happy Eid Mubarak to everyone celebrating 🕌🌙
ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း နှင့် အောင်မြင်မှုများ ပြည့်စုံသော Eid အခါသမယဖြစ်ပါစေကြောင်း ရန်ကုန်ယူနိုက်တက်အကယ်ဒမီ က ဆုမွန်ကောင်းတောင်းအပ်ပါတယ်…
25/05/2026
𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬 𝐀𝐲𝐞 𝐒𝐮 𝐌𝐲𝐚𝐭!
🦁ရန်ကုန်ယူနိုက်တက်အကယ်ဒမီရဲ့ သင်တန်းသားတစ်ဦးဖြစ်တဲ့ မအေးစုမြတ် ကတော့ ပြီးခဲ့တဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ အကယ်ဒမီကစားသမားရွေးချယ်မှုမှာ ဝင်ရောက်အရွေးချယ်ခံရင်း မန္တလေးအကယ်ဒမီမှာ တက်ရောက်ခွင့်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။
🎉အကယ်ဒမီကစားသမား ၂၅ ယောက်ရွေးချယ်မှုမှာ အဆင့် ၄ နဲ့အရွေးချယ်ခံရတာဖြစ်ပြီး မကြာခင်မှာပဲ မန္တလေးအကယ်ဒမီမှာ သွားရောက်လေ့လာသင်ကြားတော့မှာဖြစ်ပါတယ်။ 🎉
🔥အသက် ၁၃ နှစ်အရွယ်ရှိသည့် မအေးစုမြတ်ဟာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့နယ်၊ အရှေ့ဖျားကျေးရွာကနေ ရန်ကုန်ယူနိုက်တက်အကယ်ဒမီကို လာရောက်တက်ရောက် ခဲ့ခြင်းဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက်အကယ်ဒမီက အကောင်းဆုံးလေ့ကျင့်သင်ကြားပေးခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ မအေးစုမြတ် က လေ့ကျင့်မှုတွေမှာလည်း အကောင်းဆုံးလိုက်ပါ လုပ်ဆောင်နိုင်ခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။
✨✨✨ရှေ့ဆက်တက်လှမ်းမယ့်လမ်းကြောင်းတွေမှာလည်း အကောင်းဆုံးလုပ်ဆောင်နိုင်ပြီး နိုင်ငံလက်ရွေးစင်ဖြစ်သည်အထိလျှောက်လှမ်းနိုင်ပါစေလို့ ရန်ကုန်ယူနိုက်တက်အကယ်ဒမီ က ဆုမွန်ကောင်းတောင်းဆန္ဒပြုလိုက်ရပါတယ်။
20/05/2026
📌 Our products .... Our future
01/05/2026
🔩"အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့"
👨⚖️👩🎓မေလ ၁ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုရင်း လုပ်ငန်းခွင်အသီးသီးတွင် လုပ်ကိုင်နေကြသော ကာယ၊ ဉာဏလုပ်သားများအားလုံး လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🔩“International Labour Day”
👨⚖️👩🎓In honor of International Labour Day, observed on May 1, we extend our best wishes to all workers both physical and intellectual across every field. May your work proceed smoothly and successfully in all your endeavors.
#အလုပ်သမားနေ့
30/04/2026
🙏ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏
၂၀၂၆ ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ကျရောက်သော ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် အခါသမယတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း Yangon United Football Academy က ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
🙏 Full Moon Day of Kason (Buddha Day)🙏
On the auspicious occasion of the Full Moon Day of Kason (Buddha Day), which falls on 30 April 2025, a sacred day highly revered by Buddhist people in Myanmar and marked by the traditional Bodhi tree watering ceremony,
Yangon United Football Academy extend heartfelt wishes to all people of Myanmar for peace of mind, good health, and well-being.
#ကဆုန်လပြည့်နေ့