Myanmar National Barista Championship - MNBC

Myanmar National Barista Championship - MNBC

Share

The first-ever Myanmar National Barista Championship in the history of Myanmar

Photos from Myanmar National Barista Championship - MNBC's post 07/06/2018

( ၃ )နှစ်ဆက်တိုက် Final တက်တဲ့ ကိုယ့်ရဲ့စံချိန်ဟောင်းကို
ကိုယ်ကိုယ်တိုက်ရိုက်ချိုးပြီး MNBC #စံချိန်သစ်တင်လိုက်တဲ့
မဖြူမာအောင်အတွက် အထူးပဲဂုဏ်ယူဝမ်းမြောက်မိပါတယ် ။

C O N G R A T U L A T I O N ! ! !


စံချိန်သစ်
( ၄ ) နှစ်ဆက်တိုက် Final တက်ရောက်နိုင်တဲ့ Barista

Photos from Myanmar National Barista Championship - MNBC's post 06/06/2018
Photos from Myanmar National Barista Championship - MNBC's post 05/06/2018

အတွေ့အကြုံရှိသူတွေကိုကျော်ဖြတ်ပြီး
ချန်ပီယံဆုအရယူခဲ့တဲ့မှတ်တမ်းတွေရှိခဲ့တဲ့အတွက်
ဒီနှစ်မှဝင်ပြိုင်တဲ့သူတွေလည်း အကောင်းဆုံးယှဉ်ပြိုင်ကြဖို့နဲ့
ဆုကိုနှစ်ချင်းပေါက်အရယူနိုင်ဖို့တင်ပြလိုက်ရပါတယ် ။

Photos from Myanmar National Barista Championship - MNBC's post 05/06/2018

. ၅ နှစ်ခရီး
°°°°°°°°°°°°°°°°°°°°°
#ဇွဲလုံ့လဝိရိယနဲ့MNBC ( ၄ )

#စံချိန်မျာ်းရောက်ယှဉ်ပြိုင်သည့်အကြိမ်အများဆုံး
#၃နှစ်ဆက်တိုက်ဖိုက်နယ်တက်ရောက်နိုင်တဲ့Barista

Myanmar National Barista Championship အကြောင်းပြောရင် ချန်ပီယံတွေလိုပဲ မပါမဖြစ်တဲ့သူတစ်ယောက်
ရှိပါတယ် ။ သူဟာ MNBC2015 တုန်းက အတွေ့အကြုံရှိပြီးသားပြိုင်ပွဲဝင် ၃ ယောက်ကို ပထမ ဒုတိယ တတိယနေရာတွေ
ပေးလိုက်ရပြီး အဆင့် ၄ နဲ့ သာ ကျေနပ်ခဲ့ရပါတယ် ။ အဲ့ဒီ့ပွဲမှာ
သူ့ကို ဝမ်းသာဝမ်းနည်းဖြစ်စေခဲ့တဲ့အချက်က တတိယရခဲ့တဲ့
ကျော်ဇင်ဖြိုးဟာ သူနဲ့တစ်ဆိုင်ထဲအတူနေပြီး သူကိုယ်တိုင်
လက်ထပ်သင်ပေးခဲ့တဲ့တပည့်အရင်းခေါက်ခေါက်ဖြစ်နေတာပါပဲ ။
ဒါပေမယ့် သူကတော့ မလျှော့ပါဘူး MNBC 2016 ကို
ဒုတိယအကြိမ်ထပ်မံအစစ်အဆေးခံဖို့ အားမာန်အပြည့်နဲ့ဝင်ရောက်
စာရင်းပေးသွင်းခဲ့ပါတယ် ။ ဒီပွဲမှာလည်းသူဟာ ဖိုင်နယ်အဆင့်ကို
တက်ရောက်နိုင်ခဲ့ပါတယ် ။ အစွမ်းကုန်ကြိုးစားလေ့ကျင့်ခဲ့တဲ့အတွက် ထိုက်တန်တဲ့ဆုလာဒ်တစ်ခု ပြန်ရလိမ့်မယ်လို့မျှော်လင့်ထားခဲ
့ပေမယ့်ဆုရသူအမည်ကြေညာတဲ့အချိန်မှာ အဆင့် ၅ ဆိုတဲ့ရလဒ် ကိုမယုံနိုင်ပေမယ့်နားနဲ့ဆတ်ဆတ်ကြားလိုက်ရပြီး နောက်တစ်နှစ်
ဆုနဲ့ဝေးကွာခဲ့ရပြန်ပါတယ် ။ ဒီပွဲမှာတော့ သူ့ဟာဆုကြေညာတဲ့
စင်မြင့်ကနေရော ကော်ဖီလောကထဲကနေပါ ထွက်ပြေးသွားချင်
လောက်အောင်စိတ်ဓါတ်တွေပြိုလဲခဲ့ရပါတယ် ။ အကြောင်းကတော့
သူ့အထက်က အဆင့် ၄ ရခဲ့တဲ့ ကျော်စွာလှိုင်ဟာ သူ့နဲ့ ကုမ္ပဏီ
တစ်ခုထဲဖြစ်ပြီး Basic Barista Training တုန်းက
သူကိုယ်တိုင် လက်တွေပိုင်းသင်ကြားပေးခဲ့ရတဲ့သူဖြစ်နေပြီး
ချန်ပီယံရသွားတဲ့ ခြည်ပွင့်ဖြူကတော့ သူ့ဆိုင်မှာ Barista ဘဝ
စခဲ့ပြီး သူနဲ့ညီအမလိုနေနေတဲ့လက်ရင်းတပည့်ဖြစ်နေပြန်ပါတယ် ။

ပြိုင်ပွဲအပြီးမှာ စိတ်ဓါတ်တွေအောက်ဆုံးအထိရောက်ပြီး
မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ပေမယ့် ဆုတစ်ဆိပ်ကို အာသာငမ်းငမ်း
တောင့်တမှုက သူ့အတွက် အားအင်တွေအဖြစ်နဲ့ပြောင်းလဲနိုင်ခဲ့ပြီး MNBC2017 ပွဲကို တတိယအကြိမ်ဝင်ရောက်ခဲ့ပါတော့တယ် ။
သူဟာမတူညီတဲ့ခေတ်ကာလနည်းစနစ်တွေကြားမှာလူငယ်တွေကို
ရင်ဘောင်တန်းဖို့ဆိုရင် ခေါက်ရိုးကျိုးနေတဲ့စနစ်ဟောင်းတွေကို
ပြင်မှရမယ့်လို့နားလည်လိုက်ပြီး နည်းစနစ်ပိုင်းဆိုင်ရာကို သေချာ
လေ့လာပြီး ဒိုင်လူကြီးတွေကိုအကောင်းဆုံးကော်ဖီတွေဖျော်တိုက်ဖို့
ကြိုးစားခဲ့ယှဉ်ပြိုင်ခဲ့ပါတယ် ။ ဒီပွဲမှာလည်းသူဟာ ဖိုင်နယ်အဆင့်ကိုတက်လှမ်းနိုင်ခဲ့ပြီး MNBC ပြိုင်ပွဲတစ်လျှောက် ယှဉ်ပြိုင်မှုအကြိမ်အများဆုံးစံချိန်နဲ့ ၃ နှစ်ဆက်တိုက်ဖိုင်နယ်တက်တဲ့စံချိန်တွေ
တင်နိုင်ခဲ့ပါတယ် ။

ဒီနှစ်ကတော့ သူ့အတွက်ကံကောင်းခြင်းတွေဆုံတဲ့နှစ်တစ်နှစ်လို့ပြောရမှာဖြစ်ပြီး သူအလွန်အင်မတန်လိုချင်ခဲ့တဲ့ MNBC ဆုကို ရရှိခဲ့ပါတော့တယ် ။ သူဟာ 2nd Runner up လို့ခေါ်တဲ့ တတိယဆုကိုကိုင်မြှောက်ခွင့်ရခဲ့ပြီး ဇွဲ လုံ့လ ဝိရိယ ရဲ့ အရေးပါပုံ
ကော်ဖီကောင်းတစ်ခွက်ရဖို့အတွက် နည်းစနစ်တွေအရေးကြီးပုံကို
ရက်ပေါင်း ၁၀၀၀ ကျော် ကြိုးစားပြီးသက်သေထူနိုင်ခဲ့ပါတယ် ။

သူကတော့ " Barista Phyu Mar Aung " ပဲဖြစ်ပါတယ်

( သို့မဟုတ် )

သံမဏိစိတ်ဓါတ်ပိုင်ရှင်Barista

°°°°°°°°°°°°°°°°°

***
MNBC ပြိုင်ပွဲတစ်လျောက် အမှတ်တရများ ထူးခြားချက်များ
စံချိန်များကို ဖော်ပြပေးသွားပါမည် ။

🏆🏆🏆🏆🏆🏆🏆

Competitions Operations Committee
5th Myanmar National Barista Championship
( MNBC 2018 )









Photos from Myanmar National Barista Championship - MNBC's post 04/06/2018

. ၅ နှစ်ခရီး
°°°°°°°°°°°°°°°°°°°°°
#စံချိန်များ
#ဇွဲလုံ့လဝိရိယနဲ့MNBC ( ၃ )

၂၀၁၇ ခုနှစ်မှာတော့ Myanmar National Barista Championship အတွက် ချန်ပီယံအသစ်တစ်ယောက်
ပေါ်ထွက်လာပါတယ် ။ သူကတော့ ဟန်မင်းသူပဲဖြစ်ပါတယ် ။

ဟန်မင်းသူဟာလည်း ချန်ပီယံဘွဲ့ကို လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ပါဘူး ။ 2016MNBC မှာ Final အဆင့်အထိတက်နိုင်ခဲ့ပေမယ့် အဆင့် ၆ သာရရှိခဲ့ပါတယ် ။ သူဟာ Final ပွဲစဉ်မှာ ထင်တိုင်းမပေါက်ခဲ့ပဲ ဆုမကြေညာခင်ကတည်းက ရင်ခုန်စရာမလိုတော့တဲ့
အခြေအနေမျိုး ကြုံတွေ့ခဲ့ရပါတယ် ။

အဲ့ဒီ့နောက်မှာတော့သူအရင်လုပ်နေတဲ့ဆိုင် ပိတ်လိုက်တဲ့အတွက်
ဖိလစ်ပိုင်လူမျိုး Coffee Roaster တစ်ယောက်ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်မှာဝင်ရောက်လုပ်ကိုင်နေရင်း MNBC2017 ကို
နောက်တစ်ကြိမ်အားစမ်းဖို့ဝင်ရောက်ခဲ့ပါတော့တယ် ။

ဒီတစ်ကြိမ်မှာတော့ ဟန်မင်းသူဟာ ဆိုင်သစ် အလုပ်သစ်
အလုပ်ရှင်အသစ်ဆီက ပညာအသစ်တွေဆည်းပူးရင်း
Head Barista ၊ Trainer စတဲ့တာဝန်တွေကိုယူထားရပြီး
လေ့ကျင့်ရည် ပြည့်ဝနေတဲ့ Barista တစ်ယောက်ပီသစွာ
ချန်ပီယံဆုကို သိမ်းပိုက်သွားပါတော့တယ် ။

သူလည်းပဲ တကယ်သာကြိုးစားရင် တကယ်အရာထင်တယ်
ဆိုတာကို ပွဲတွေ့ပြသခဲ့ပြန်ပါတယ် ။

***
MNBC ပြိုင်ပွဲတစ်လျောက် အမှတ်တရများ ထူးခြားချက်များ
စံချိန်များကို ဖော်ပြပေးသွားပါမည် ။

🏆🏆🏆🏆🏆🏆🏆

Competitions Operations Committee
5th Myanmar National Barista Championship
( MNBC 2018 )









Photos from Myanmar National Barista Championship - MNBC's post 03/06/2018

MNBC2018 ဝင်ရောက်ယှဉ်ပြိုင်ကြမည့်ပြိုင်ပွဲဝင်များသိစေရန်
***********************************************

ပြိုင်ပွဲကြီးတွင် Station ၂ ခု ထားပေးမည်ဖြစ်ပြီး
Station တစ်ခုချင်းစီတွင်

FAEMA Espresso Machine ( ၁ ) လုံး
FAEMA Espresso Grinder ( ၁ ) လုံး စီကိုသာ
ထားပေးထားမည်ဖြစ်ပြီး Grinder အောက်တွင် Knock box ထားရှိပေးပါမည် ။ စက်နှင့်တွဲဖက်၍ အသုံးပြုရသောအခြား
ပစ္စည်းများ အသုံးအဆောင်များမှာ ပြိုင်ပွဲဝင်များမိမိတို့ကိုယ်တိုင်
ယူဆောင်လာရမည်ဖြစ်ပါသည် ။

သို့ရာတွင် အချို့ Barista များတွင် အသုံးအဆောင်ပစ္စည်း
မပြည့်စုံခြင်းများဖြစ်တတ်သည့်အတွက် ၄င်း Baristaများအတွက် လိုအပ်သောပစ္စည်းများကို Element မှ ငှားရမ်းပေးမည်ဖြစ်ပါ
သည် ။

ထို့ကြောင့် ငှားရမ်းအသုံးပြုလိုသူ Barista များအနေဖြင့်
၅ ရက်နေ့ Competitor Meeting တွင် စာရင်းပေးသွင်းရ
မည်ဖြစ်ပါသည် ။

ထို့အတူ မိမိယူဆောင်လာသော Grinder ကို အသုံးပြုမည့် Barista များသည်လည်း ၅ ရက်နေ့တွင် စာရင်းပေးသွင်း
ရပါမည် ။

သို့ဖြစ်ပါ၍ ငှားရမ်းလိုသူ Barista များနှင့် မိမိ Grinder ဖြင့်
ယှဉ်ပြိုင်မည့် Barista များအနေဖြင့် ၅ ရက်နေ့တွင် ဦးပြုံးချိုထံသို့ တိကျစွာစာရင်းပေးသွင်းကြပါရန် အသိပေးအကြောင်းကြား
အပ်ပါသည် ။


🏆🏆🏆🏆🏆🏆🏆

Competitions Operations Committee
5th Myanmar National Barista Championship
( MNBC 2018 )









Photos from Myanmar National Barista Championship - MNBC's post 03/06/2018

. ၅ နှစ်ခရီး
°°°°°°°°°°°°°°°°°°°°°
#စံချိန်များ
#ဇွဲလုံ့လဝိရိယနဲ့MNBC ( ၂ )

2015MNBC ရဲ့Final ပွဲအပြီး အဆင့် ၅ နဲ့သာကျေနပ်ခဲ့ရတဲ့
သူတစ်ယောက်ရှိခဲ့ပါတယ်။

သူကတော့ King Cafe' က ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဖြိုးခန့်အောင်
ဖြစ်ပါတယ် ။

သူဟာ စိတ်ဓါတ်မကျပဲ MNBC2016 မှာ ဒုတိယအကြိမ်
ဆက်လက်ယှဉ်ပြိုင်ခဲ့ရာမှာတော့ ဒုတိယဆု ဆွတ်ခူးရရှိခဲ့ပြီး
တကယ်သာကြိုးစားရင် အရာထင်တယ်ဆိုတာကိုလက်တွေ့ပြသခဲ့ပါတယ် ။

MNBC ပြိုင်ပွဲတစ်လျောက် အမှတ်တရများ ထူးခြားချက်များ
စံချိန်များကို ဖော်ပြပေးသွားပါမည် ။

🏆🏆🏆🏆🏆🏆🏆

Competitions Operations Committee
5th Myanmar National Barista Championship
( MNBC 2018 )









Photos from Myanmar National Barista Championship - MNBC's post 03/06/2018

. MNBC Competitor Meeting

5 . 6 . 2018

( 10 : 00 am )

Element Showroom

5th Myanmar National Barista Championship
ပြိုင်ပွဲဝင်များ၏ ပွဲကြိုအစည်းအဝေးနှင့်ပွဲစဉ်များမဲနှိုက်ခြင်းအခမ်းအနားကို အထက်ဖော်ပြပါ အစီအစဉ်များအတိုင်းပြုလုပ်မည်ဖြစ်ပါသဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသော Barista များအားလုံး မပျက်မကွက်တက်ရောက်ပေးကြပါရန် အသိပေး
အကြောင်းကြားအပ်ပါသည်။

နံနက် ၁၀ တိတိတွင် အစီအစဉ်များ စတင်မည်ဖြစ်ပါသဖြင့် ပွဲမစမီ စောလျင်စွာ ရောက်ရှိသတင်းပေးပို့ရပါမည်။

🏆🏆🏆🏆🏆🏆🏆

Competitions Operations Committee
5th Myanmar National Barista Championship
( MNBC 2018 )









Photos from element's post 02/06/2018

Faema E61 နှင့်

01/06/2018

. ၅ နှစ်ခရီး
°°°°°°°°°°°°°°°°°°°°°
#စံချိန်များ
#ဇွဲလုံ့လဝိရိယနဲ့MNBC

2nd Myanmar National Barista Championship
MNBC2015

2015MNBC ရဲ့Final အဆင့်ကိုတက်လှမ်းခဲ့တဲ့ ၆ ယောက်မှာ
၃ ယောက်က 2014 တုန်းက ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်နဲ့သာ
ကျေနပ်ခဲ့ရတဲ့သူတွေဖြစ်ပါတယ်။
သူတို့ဟာ စိတ်ဓါတ်မကျပဲ 2015 မှာ ဒုတိယအကြိမ်ဆက်လက်ယှဉ်ပြိုင်ခဲ့ရာမှာတော့ ချန်ပီယံဆု ဒုတိယဆုနဲ့ တတိယဆု အသီးသီး
ဆွတ်ခူးရရှိခဲ့ကြတာပဲဖြစ်ပါတယ် ။

သူတို့တွေကတော့

ကိုဇင်သူမောင် ( Coffee Circles )
ကိုထက်အောင် ( Coffee Circles )
ကိုကျော်ဇင်ဖြိုး ( YKKO ) တို့ပဲဖြစ်ပါတယ် ။

MNBC ပြိုင်ပွဲတစ်လျောက် အမှတ်တရများ ထူးခြားချက်များ
စံချိန်များကို ဖော်ပြပေးသွားပါမည် ။

01/06/2018
Photos from Myanmar National Barista Championship - MNBC's post 31/05/2018

. ၅ နှစ်ခရီး
°°°°°°°°°°°°°°°°°°°°°
#စံချိန်များ


4th Myanmar National Barista Championship
MNBC2017

CHAMPION
°°°°°°°°°°°°°°°
☆☆☆☆☆☆☆☆☆☆☆
Han Min Thu
☆☆☆☆☆☆☆☆☆☆☆

Easy Cafe'

MNBC ပြိုင်ပွဲတစ်လျောက် အမှတ်တရများ ထူးခြားချက်များ
စံချိန်များကို ဖော်ပြပေးသွားပါမည် ။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon