12/01/2026
အမျိုးသမီးများဖို့
ဒေါ်တင်မိုးလွင်နှင့်ကျွန်တော်သင်ကြားသော
Beautiful Lady Couse
Table Manner
စားသောက်ယဉ်ကျေးမှုသင်သည့်နေ့
ဇွန်၊ ၂၀၁၉
သင်တန်းကိစ္စ ဆက်သွယ်ရန်
📲 မက်ဆင်ဂျာ
☎️ 09 79777 1415 (Viber)
ဝဘ်ဆိုက်၌ကြည့်ရှုရန်
waiyanmaungmaung.blogspot.com/2026/01/beautiful-lady-couse.html
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်
11/01/2026
လည်စည်းချည်နည်းအမျိုးမျိုး
လူ၊ အဝတ်၊ အလုပ်နဲ့ ပွဲလမ်းပေါ်မူတည်ပြီး လက်တွေ့သင်ပေးရပါတယ်။ (၂၀၁၉)က မှတ်တမ်းတင်မိတဲ့ပုံတချို့ဖြစ်ပါတယ်။
ကောလိယ ဝေယံမောင်မောင်
သင်တန်းကိစ္စ ဆက်သွယ်ရန်
📲 မက်ဆင်ဂျာ
☎️ 09 79777 1415 (Viber)
ဝဘ်ဆိုက်၌ကြည့်ရှုရန်
waiyanmaungmaung.blogspot.com/2026/01/blog-post_11.html
#ကောလိယဝေယံမောင်မောင် #ဝေယံမောင်မောင်
10/01/2026
သထုံအခြေစိုက် မွန်ပြည်တစ်ဝိုက်မှာ
တပည့် MC သက်မင်းဦးက
အကောင်းဆုံးတင်ဆက်ပေးနေပါတယ်။
08/01/2026
ကမ္ဘာကျော်ရေနံကုမ္ပဏီကြီး
Petronas မြန်မာရုံးအတွက်
Personal Grading သင်တန်းပေးစဉ်
ဆရာမ ဒေါ်တင်မိုးလွင်
ဆရာ ကောလိယ ဝေယံမောင်မောင်
Petronas Carigali Myanmar Inc (PCMI)
၂၀.၉.၂၀၁၉ ၊ Junction Tower
သင်တန်းကိစ္စ ဆက်သွယ်ရန်
📲 မက်ဆင်ဂျာ
☎️ 09 79777 1415 (Viber)
ဝဘ်ဆိုက်၌ကြည့်ရှုရန်
waiyanmaungmaung.blogspot.com/2026/01/petronas.html
#ကောလိယဝေယံမောင်မောင် #ဝေယံမောင်မောင်
05/12/2025
နှစ်(၂၀)မျှကျေးဇူးရှင်
လက်ဦးဆရာ ဒေါ်တင်မိုးလွင်
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေအစဉ်။
သားတပည့်
ကောလိယ ဝေယံမောင်မောင်
ဝဘ်ဆိုက်၌ကြည့်ရှုရန်
waiyanmaungmaung.blogspot.com/2025/12/blog-post.html
#တင်မိုးလွင်
12/11/2025
ကလေးများအတွက်
Personal Grading Course
ကိုယ်ရည်ကိုယ်သွေးမြှင့်သင်တန်း
ဆရာ ကောလိယ ဝေယံမောင်မောင်
၂၃-၂၅.၇.၂၀၁၉
သင်တန်းကိစ္စ ဆက်သွယ်ရန်
📲 မက်ဆင်ဂျာ
☎️ 09 79777 1415 (Viber)
ဝဘ်ဆိုက်၌ကြည့်ရှုရန်
waiyanmaungmaung.blogspot.com/2025/11/personal-grading-course.html
#ကောလိယဝေယံမောင်မောင် #ဝေယံမောင်မောင်
17/10/2025
(၁၃)ကြိမ်မြောက် မြန်မာ့လူငယ်စကားဝိုင်း
“Youth & Teamwork” ဟောပြောခြင်း
ကောလိယ ဝေယံမောင်မောင်
၂၉.၆.၂၀၁၉
သင်တန်းကိစ္စ ဆက်သွယ်ရန်
📲 မက်ဆင်ဂျာ
☎️ 09 79777 1415 (Viber)
ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်
ကျောင်းသားများအမေးနှင့် ကျွန်တော်၏အဖြေတချို့
⸙ Teamwork က ဘာ့ကြောင့်အရေးကြီးတာလဲ သိချင်ပါတယ်။
ကျွန်တော့်အမြင်ပြောရရင် လောကမှာမတူညီကြလို့ Teamwork ကအရေးကြီးတာပါ။ မတူညီတဲ့အတွက် မတူညီတဲ့စွမ်းအားတွေ၊ အရည်အချင်းတွေပေါင်းပြီး အောင်မြင်အောင်လုပ်ဆောင်နိုင်တာက အားသာချက်ပါပဲ။
အရင်တုန်းက Team နဲ့ Work ကို တစ်လုံးချင်းခွဲရေးပေမဲ့ နောက်ပိုင်းမှာ Teamwork ဆိုပြီး ဆက်လျက်ရေးလာကြတဲ့အထိ ဒီစကားလုံးက တစ်ကမ္ဘာလုံး တွင်ကျယ်ပျံ့နှံ့လာခဲ့တယ်။ ကျွန်တော်ကတော့ Teamwork ဆိုတာကို အဖွဲ့လိုက်လုပ်ဆောင်ခြင်းအစား အဖွဲ့အစည်းစိတ်ဓာတ်လို့ ဖော်ညွှန်းချင်ပါတယ်။
⸙ အစ်ကိုလုပ်ကိုင်ခဲ့ဖူးတဲ့ Teamwork တွေကို ပြောပြပေးပါလားဟင်။
ငယ်ဘဝကဆိုရင်တော့ ကျောင်းကောင်စီအသင်းတွေပေါ့။ (၅)တန်းတုန်းက 'အင်ဒီးယန်းကလပ်' ဆိုပြီး အားကစားလုပ်ခဲ့တာမျိုးပေါ့။ ကြီးလာတော့ ရုပ်သံထုတ်လုပ်ရေးမှူးနဲ့ တင်ဆက်သူဖြစ်လာတယ်။
တီဗီကြည့်ရင် ဖန်သားပြင်အကွက်လေးမှာ အရုပ်သေးလေးတွေ မြင်နေရပေမဲ့ နောက်ကွယ်မှာ တင်ဆက်သူ၊ ဇာတ်ညွှန်းရေးသူ၊ ရိုက်ကူးသူ၊ မီးထိုးသူ၊ အသံဖမ်းသူ၊ မိတ်ကပ်လိမ်းသူ၊ တည်းဖြတ်သူ လူပေါင်းများစွာ အားစိုက်ထုတ်ထားရတာ။ တစ်ယောက်ယောက် လိုအပ်ချက်ရှိသွားရင် အစီအစဉ် မကောင်းတော့ဘူး။ ကျွန်တော်က ဒီအစီအစဉ်တွေ ထုတ်လုပ်ရာမှာ ဦးဆောင်ခဲ့ရတယ်။ ကျန်တာတွေကတော့ မေးခွန်းတွေဖြေရင်း ထည့်ပြောပါရစေဗျ။
⸙ Teamwork တစ်ခုရေရှည်ခိုင်မြဲဖို့ ဘာတွေလိုမလဲရှင့်။
Teamwork နဲ့ပတ်သက်ပြီး ဒီနေ့ခေတ် လူငယ်အတော်များများ သိနေကြပါပြီ။ မသိရင်တောင် အနည်းဆုံး ဂူးဂဲလ်မှာရှာလိုက်ရင် Teamwork အကြောင်း ထောင်သောင်းချီ လေ့လာလို့ရပါတယ်။ ကျွန်တော်အနေနဲ့ အားလုံးသိထားတဲ့ အချက်တွေထက် လက်တွေ့ကျကျ တွေးမိတဲ့နှစ်ချက်ကို ပြောချင်တယ်။
(၁) Mindfulness & Contemplation
သတိသမ္ပဇဉ် (သတိရှိခြင်းနဲ့ ဆင်ခြင်တုံတရား)
လူတိုင်းက ကိုယ့်စိတ်နဲ့ကိုယ်တောင် အလိုမကျတာ၊ အဖွဲ့နဲ့ဆို ပိုပြီးအလိုမကျမှာ သေချာတယ်။ ဒီတော့ ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော အဖွဲ့နဲ့ဆိုင်တဲ့ကိစ္စတိုင်းကို သတိထားရမယ်၊ ဆင်ခြင်ရမယ်။
(၂) Wise Attention
ယောနိသော မနသိကာရ
ရှင်းရှင်းပြောရရင် နှလုံးသွင်းတာပဲ။ အဖွဲ့နဲ့လုပ်တဲ့အခါ ကိုယ့်စိတ်အတိုင်း၊ ရည်ရွယ်တဲ့အတိုင်း မဖြစ်တာမျိုးတွေ အမြဲတွေ့နေရမှာ။ အဲဒီအခါ ကိုယ့်စိတ်ကိုထိန်းသိမ်းဖို့ လိုလာတယ်။
ဥပမာ - ကိုယ်က ဖြစ်ရပ်တစ်ခုခုကြောင့် စိတ်ညစ်နေတယ်ဆိုပါစို့။ အဲလိုဖြစ်ရင် ကိုယ်ပဲစိတ်ပင်ပန်းရတာ။ အဲလိုဖြစ်မလာခင်ကရော ကိုယ့်စိတ်ကဘယ်လိုရှိလဲ? ပုံမှန်လေးပဲရှိနေတယ်မလား? အဲဒါဆိုရင် ဒီဖြစ်ရပ်အပေါ်မှာ ခံစားချက်ကိုလျှော့လိုက်။ "ဒါမဖြစ်ခင်က ငါပုံမှန်ပဲ။ ဒါဖြစ်ပြီးမှ စိတ်ညစ်ရတယ်။ တော်ပြီ ဒီ့အတွက်ကြောင့် စိတ်ညစ်မခံဘူး” ဆိုပြီး နှလုံးသွင်းလိုက်ရင် သက်သာသွားတာမျိုး။
ဒါ့ကြောင့် အဖွဲ့အစည်းကြားထဲမှာ ဒီလိုနှလုံးသွင်းတတ်တာက ကိုယ့်အတွက်ရော သူများအတွက်ရော ရေရှည်ကောင်းမှာ သေချာတယ်။
⸙ ကိုယ့်အဖွဲ့ထဲမှာပူးပေါင်းဆောင်ရွက်လို့မရတဲ့သူမျိုး ပါနေတယ်ဆိုရင် ဘယ်လိုလုပ်နိုင်မလဲဗျ။
ပဲပြုတ်တဲ့အခါ အားလုံးကျက်သွားပေမဲ့ မကျက်တဲ့အလုံးကို “စုန်းပြူး” လို့ ခေါ်တယ်မလား။ “ပြုတ်မနူး စုန်းပြူး” ပေါ့။ နေရာတိုင်းမှာ စုန်းပြူးရှိတယ်။ သူ့ကိုပြုပြင်ချင်ရင်၊ သူပြောင်းလဲအောင်လုပ်ချင်ရင် သူ့ဦးနှောက်ထဲမှာ လုံလောက်တဲ့အသိရသွားဖို့ အရေးကြီးဆုံးပဲ။ အသောကမင်းကို ကြားဖူးတယ်မလား။ ဇာတ်လမ်းတွဲကြည့်သူတွေ သိမှာပေါ့။ ဇာတ်လမ်းထဲမှာတော့ ကျွန်တော်ပြောမဲ့အကြောင်း မပါဘူး။
အသောကဟာ ဝမ်းကွဲတွေနဲ့ Team ဖြစ်နေတာကို ကြိုက်ခဲ့တာမဟုတ်ဘူး။ ဝမ်းကွဲသွေးချင်း (၉၉) ယောက်ကိုသတ်ခဲ့တာ။ တစ်မိတည်းမွေးတဲ့ အရင်းတစ်ယောက်ပဲချန်ထားတာ။ နောက်ပိုင်းကျ သူဟာ လုံလောက်တဲ့ အသိပညာရသွားခဲ့တယ်။ အသောကကျောက်စာဆိုတာ ရှာကြည့်၊ သူ့သမိုင်းဖတ်ကြည့်။ အသောကမင်းကြီးက ဘာသာမတူ၊ လူမျိုးမတူတဲ့သူတွေအတွက်တောင် အကျိုးပြုအလုပ်တွေ လုပ်ခဲ့တယ် ဆိုတာ တကယ်အားရစရာပဲ။ ဒီလိုပဲ အဖွဲ့ထဲမှာ စုန်းပြူးပါရင် ဖယ်ရတာလဲရှိကောင်းရှိမယ်။ ဒါပေမဲ့ ပညာပေးဖို့၊ အချိန်ယူဖို့လိုတယ်။ ဒါ့ကြောင့်မို့ အဖွဲ့အစည်းတွေမှာ ခေါင်းဆောင်တွေ၊ အတွေ့အကြုံ တွေ၊ စည်းကမ်းတွေ ပေါ်လာရတာပေါ့။
⸙ အစ်ကို့အနေနဲ့ရော အလုပ်လုပ်တဲ့နေရာ၊ သင်တန်းပေးတဲ့နေရာတွေမှာ Teamwork နဲ့ပတ်သက်ပြီး ဘယ်လိုတွေလုပ်လဲ၊ မြင်လဲ?
Teamwork နဲ့ပတ်သက်ပြီး ဒီနေ့ခေတ်ပေါ်ပညာထက် ရှေးကတည်းကပေါ်ခဲ့တဲ့ ဘာသာအသီးသီးက ပညာတွေကို ပိုသဘောကျမိတယ်။
• ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ဘုရားရှင်ဟောထားတယ်၊ “သမဂ္ဂါနံ တပ္ပေါသုခေါ - စည်းလုံးသူတို့သည် ချမ်းသာ၏” တဲ့။ ချမ်းသာ၏ဆိုတာ ကောင်းကျိုးရတာကို ပြောတာ။
• ခရစ်ယာန်မှာလဲ နောဧရဲ့အကြောင်း ဖတ်ဖူးမှာပေါ့။ ကမ္ဘာကြီး ရေဖုံးလွှမ်းတော့မယ်ဆိုတော့ တိရစ္ဆာန်မျိုးစိတ်စုံကို စုဆောင်းပြီး လှေကြီးပေါ်မှာ အဖွဲ့လိုက်စုထားတဲ့သူလေ။
• ဟိန္ဒူမှာဆိုလဲ စကြာဝဠာဖန်ဆင်းရှင်က ဗြဟ္မာကြီး၊ သူရဿတီရဲ့ခင်ပွန်း။ အဆိုးတွေဖျက်ဆီးသူက သီဝ၊ ကာလီမယ်တော်ရဲ့ခင်ပွန်း။ ကာကွယ်သူကျတော့ ဗိဿနိုး၊ လက်ခ်ျမီးရဲ့ခင်ပွန်းပေါ့။ သူတို့တွေဆိုလဲ ဘယ်လောက် Teamwork ဖြစ်လဲ။ ဇာတ်လမ်းတွေ၊ စာတွေကြည့်ရင် သိရတာပဲ။
ဒီနေ့ခေတ် လက်တွေ့လူသားထဲမှာဆိုရင် Teamwork မှာ နမူနာယူလေးစားရမဲ့သူတွေ မနည်းဘူး။ ထင်ထင်ရှားရှားပြမယ်။ မြန်မာပြည်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သွားတဲ့သူ ဘယ်သူလဲ?
“ဦးသန့်”
ဟုတ်တယ်၊ အားလုံးသိတဲ့ဦးသန့်။ ပန်းတနော်က ကျောင်းဆရာ၊ ဦးနုရဲ့အတွင်းရေးမှူးလုပ်ခဲ့တယ်။ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် ဒတ်ဂ်ဟန်းမားရှိူး လေယာဉ်ပျက်ပြီးသေတော့ ဦးသန့်ကိုရွေးမယ်လို့ အသံထွက်လာတယ်။ ပြင်သစ်သံအမတ်တစ်ဦးက သိပ်ကြည်ပုံမရဘူး။ ကွယ်ရာမှာ ဦးသန့်က အသားမည်းတယ်၊ အရပ်ပုတယ်၊ အင်္ဂလိပ်စကားမပီဘူးလို့ ပြောသတဲ့။ တကယ်ရွေးချယ်တဲ့အခါ ဦးသန့်ကို ရာနှုန်းပြည့်မဲပေးကြတယ်။
ဦးသန့်က ပထမဆုံးမိန့်ခွန်းပြောတယ်။ သူက ဗမာဖြစ်တယ်။ ဗမာထဲကမှ အသားမည်းသူဖြစ်တာမို့ အနောက်တိုင်းလို မဖြူဘူးတဲ့။ သူကအရပ်ပုတယ်။ ဒါပေမဲ့ နပိုလီယန်ထက် (၂)လက်မပိုရှည်တယ်တဲ့။ ဗမာမို့ ဘိုလိုပီချင်မှလဲပီမယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေညာစာတမ်းမှာလဲ ခွဲခြားခြင်းမပြုဖို့ပါတယ်တဲ့။ အဲဒါတွေပြောတယ်။ နောက်ဆုံးတော့ သူကသိပ်တော်တဲ့သူဆိုတာ ထင်ရှားလာတယ်လေ။ ကမ္ဘာ့အကြီးဆုံး Teamwork အဖွဲ့ကြီးကို ဘယ်လိုတောင် ဦးဆောင်ခဲ့လဲဆိုတာ ကမ္ဘာကြီးက သိခဲ့တာပေါ့။
⸙ ဒါဆိုရင် ကိုယ့်ရဲ့ Teamwork လုပ်ဆောင်နိုင်မှုကို ဘယ်လိုတိုင်းတာမလဲ?
ကဲ ပြတင်းပေါက်က မှန်လေးကွက်ကို နမူကြည့်။
• ပထမဆုံးအပေါက်ကို ကိုယ်ရောသူရော မြင်ရတယ်။
• ဒုတိယအပေါက်ကို ကိုယ်ပဲမြင်ရတယ်။ တစ်ခြားလူတွေမမြင်ရဘူး။
• တတိယအပေါက်ကို တခြားလူတွေပဲ မြင်နေရတယ်။ ကိုယ်ကမမြင်ရဘူး။
• စတုတ္ထအပေါက်က ကိုယ်လည်းမမြင်ရ၊ သူများလည်းမမြင်ဘူး။
အဲဒီတော့
• ပထမဆုံးအပေါက်က ကိုယ်ရောသူရောမြင်သာတော့ကိစ္စမရှိဘူး။
• ဒုတိယအပေါက်က ကိုယ်ပဲမြင်နေရတယ်ဆိုတဲ့ ကိုယ့်တံခါးပေါက်ကို သူများတွေကို လှစ်ပြလိုက်ပါ၊ ဒါကို Share လို့ခေါ်တယ်။
• တတိယအပေါက်က ကိုယ်မမြင်ရတဲ့အပေါက်။ မြင်ချင်ရင် သူများတွေဆီက Feedback ယူပြီးကြည့်ပါ။
• နောက်ဆုံးအပေါက်ကတော့ ကိုယ်ရောသူရော မမြင်ကြရလို့ သူများတွေနဲ့အတူ အမြဲဖလှယ်ပြီး ကြည့်ရှုပါ။
ဒါဆိုရင် ကိုယ့်အခြေအနေကိုယ်သိပြီး အောင်မြင်မှာသေချာတယ်။ ကျွန်တော်လဲ အခုထိ အကုန်မမြင်သေးဘူး။ ကြည့်ဆဲပဲ။ ဒါ ကမ္ဘာကျော် ပြတင်းပေါက်ဥပမာပဲ။
ဖိတ်ကြားပေးတဲ့ Youth Talk Myanmar Organization ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (ရန်ကုန်) ကျောင်းသားသမဂ္ဂနဲ့ တက်ရောက်သူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။
ကောလိယ ဝေယံမောင်မောင်
၂၉.၆.၂၀၁၉
ဝဘ်ဆိုက်၌ကြည့်ရှုရန်
waiyanmaungmaung.blogspot.com/2023/07/blog-post.html
#ကောလိယဝေယံမောင်မောင် #ဝေယံမောင်မောင်
15/10/2025
အောင်ရတနာဆေးရုံ
ဝန်ထမ်းအရည်အသွေးမြှင့်သင်တန်း
ဆရာမ ဒေါ်တင်မိုးလွင်
ဆရာ ဦးဝေယံမောင်မောင်
အရည်အသွေးတိုးတက်အောင်၊ ဝန်ဆောင်မှုကောင်းမွန်အောင်၊ လုပ်ငန်းခွင်မှာပျော်ရွှင်အောင်၊ သင်ကြားလေ့ကျင့်မှုပုံရိပ်တချို့
၁၀.၁၀.၂၀၁၉
အောင်ရတနာဆေးရုံခန်းမ
ယခုကဲ့သို့ သင်တန်းများပေးလိုပါက ဆက်သွယ်ရန်
📲 မက်ဆင်ဂျာ
☎️ 09 79777 1415 (Viber)
ဝဘ်ဆိုက်၌ကြည့်ရှုရန်
waiyanmaungmaung.blogspot.com/2025/10/blog-post_15.html
#ကောလိယဝေယံမောင်မောင် #ဝေယံမောင်မောင်
10/10/2025
ငွေရတု - ကြွေရတု - သံဖြူရတု
အထူးသက်သာခွင့်လက်ဆောင်များ
⸙ ၂၀၀၀ ပြည့်နှစ်ကစတင်သော
စာရေးသက် (၂၅)နှစ်ပြည့် ငွေရတု
⸙ ၂၀၀၅ ခုနှစ်ကစတင်သော
စင်မြင့်သက် နှစ်(၂၀)ပြည့် ကြွေရတု
⸙ ၂၀၁၅ ခုနှစ်ကစတင်သော
ဆရာသက် (၁၀)နှစ်ပြည့် သံဖြူရတု
အထိမ်းအမှတ်များအဖြစ်
⸙ ပြောစာ၊ ဘိသိက်စာ စသောရေးသားမှုအမျိုးမျိုး
(၂၅)ရာခိုင်နှုန်း
⸙ အခမ်းအနားနှင့် တင်ဆက်မှုအမျိုးမျိုး
(၂၀)ရာခိုင်နှုန်း
⸙ သင်တန်းများနှင့် လေ့ကျင့်မှုအမျိုးမျိုး
(၁၀)ရာခိုင်နှုန်း
တို့ကို လက်ငင်းအပြည့်အပ်နှံသူတိုင်းဖို့ အောက်တိုဘာတစ်လလုံး အထူးသက်သာခွင့် လက်ဆောင်များအဖြစ် ပေးအပ်သွားမည်ဖြစ်ပါသည်။
ရတုဆက်မေတ္တာဖြင့်
ကောလိယ ဝေယံမောင်မောင်
ဝဘ်ဆိုက်၌ကြည့်ရှုရန်
waiyanmaungmaung.blogspot.com/2025/10/blog-post_10.html
#ကောလိယဝေယံမောင်မောင် #ဝေယံမောင်မောင်
09/10/2025
ကိုယ်ရည်ကိုယ်သွေးမြှင့်သင်တန်း
Personal Grading မန္တလေး
သင်တန်းဆင်း
ဆရာ ကောလိယ ဝေယံမောင်မောင်
၂၇.၆.၂၀၁၉ ၊ London Business Academy
သင်တန်းကိစ္စ ဆက်သွယ်ရန်
📲 မက်ဆင်ဂျာ
☎️ 09 79777 1415 (Viber)
ဝဘ်ဆိုက်၌ကြည့်ရှုရန်
waiyanmaungmaung.blogspot.com/2025/10/pg.html
#ကောလိယဝေယံမောင်မောင် #ဝေယံမောင်မောင်
03/10/2025
CB Bank (သမဝါယမဘဏ်)
ဝန်ထမ်းများဖို့သင်တန်း
ဆရာ ကောလိယ ဝေယံမောင်မောင်
စီဘီဘဏ်သင်တန်းကျောင်း
၃.၈.၂၀၁၉
သင်တန်းကိစ္စ ဆက်သွယ်ရန်
📲 မက်ဆင်ဂျာ
☎️ 09 79777 1415 (Viber)
ဝဘ်ဆိုက်၌ကြည့်ရှုရန်
waiyanmaungmaung.blogspot.com/2025/10/cb-bank.html
#ကောလိယဝေယံမောင်မောင် #ဝေယံမောင်မောင်