28/09/2023
(ထုတင်ခြင်း)
လုပ်တဲ့ အခါမှာ …
စားချင်တာ အကုန် သေချာ မတွက်ချက်ပဲ
လျှောက်စားပီးထုတင်ခြင်းဖြင့် ဆိုးဝါးတဲ့ ထုတင်ခြင်း မပြုလုပ်ရပါ။
weight က ခနလေးအတွင်းမှာ
အများကြီးတက်လာပြီး အဆီအများကြီးနဲ့
မာဆယ် ပမာဏ အနည်းငယ်လေးတက်လာတာကို Dirty bulking ဖြစ်ပါတယ်။ 🍟🍔
clean bulking ဆိုတာကတော့ မိမိလိုချင်တဲ့ target ရောက်အောင် ကျွမ်းကျင်ဆရာများနဲ့ စနစ်တကျ သေချာ ရွေးချယ်စားသောက် တာဖြစ်ပါတယ်။
Weight တက်လာတဲ့အခါ
မာဆယ်ပမာဏ များများ
အဆီအနည်းငယ် နဲ့ တက်လာတာကို
clean bulk လို့ခေါ်ပါတယ်။ 🏋️🍗
ဘယ်လို bulking ပဲလုပ်လုပ်
weight တက်ချင်တယ်ဆိုရင်တော့
ကိုယ့်ခန္ဓာကိုယ် လိုအပ်တဲ့ calorie ထက်
ပိုစားရတာမို့လို့ အဆီကတော့
အနည်းနဲ့အများပါမှာပါပဲ
အဆီတက်မှာကို ကြောက်နေလို့တော့မရပါဘူး။ 🍳🤩
နေ့စဉ်လှုပ်ရှားမှုမှာ calories in နဲ့ calories out ကို သိထားရပါမယ်။ ကိုယ်စားတာထက် အသုံးပြုတာ က ပိုများနေရင် လူက ပိုပိန်လာပြီး။ 😳
ကိုယ် အသုံးပြုတဲ့ calorie ထက်
ပြန်စားတဲ့ calorie က များနေရင်
weight က တက်လာမှာဖြစ်ပါတယ်။ 🏋️🏋️🏋️
27/09/2023
#အားကစား သမားများအတွက် #အိပ်ချိန်မှန် ဖို့က အရေးကြီးပါတယ်။ ညပိုင်း နောက်ကျမှ အိပ်တဲ့ အကျိုးဆက်က ဝိတ်ကျဖို့ရာ ခက်ခဲပီး muscle gain လုပ်နေတဲ့ သူကလည်း ရှိပီးသား muscle တောင်မှ ပြန်ပါသွားတက်ပါတယ်။ muscle Atrophy လို့ခေါ်ပြီး ကြွက်သား တွေ သေးပီး ပြန်ကျူံ့သွားနိုင် ပါတယ်။ ခနွာကိုယ်က လည်း protein Synthesis မလုပ်တော့ပဲ stress တွေပို များလာပါတယ်။ Sleep deprivation ဖြစ်နေတဲ့ လူက body transformation လုပ်ရတာ ခက်ခဲတဲ့အတွက် အိပ်ချိန် မှန်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ကြွက်သားများ အားအပြည့်နဲ့ ပြန်လည် တည်ဆောက်ခြင်းများအတွက် အိပ်စက်ခြင်းက များစွာ အထောက်အပံ့ပေးပါတယ်။
.
. . .
26/09/2023
#ပိုက်ဆံရှိကြောင်းမကြွားပါနဲ့
သင်ကြွားနိုင်တဲ့ တစ်ခုတည်းသောအရာက
သင့် #ကျန်းမာရေး ပါ။
အခုပဲ စတင်ပါ။
တခြားလူတွေ ထွက်သွားချိန်မှာ
သင် ရေနွေးကြမ်းသောက် နေပူစာလှုံရင်း
ဘဝကိုခံစား ကုသိုလ်တရားတွေ
ပွားနေနိုင်ပါတယ်။
မိမိကိုကိုယ် ကောင်းစွာ ဆက်ဆံပါ
သင့်ရဲ့ ကိုယ်အင်္ဂါပစ္စည်း တွေက တန်ဖိုးကြီးပါတယ်။
ပြီးတော့ အပိုပစ္စည်းလည်း မရှိလို့ပါ။
ကျန်းမာတဲ့ ခန္ဓာကိုယ်အတွက် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုနဲ့ အာဟာရရှိတဲ့ အစားအစာတွေကို စားပေးဖို့ကလည်း အဓိကျပါတယ်။
ကိုယ်ကာယ လေ့ကျင့်ခန်းတခုခုလုပ်ရင်း
ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ ၊
Ygn gym နဲ့အတူ အခုပဲ လက်တွဲပြီး အခုပဲ စတင်လိုက်ပါ။
အခုလထဲအပ်ရင် 3+1 (free) promotion လည်းရှိလို့ ပိုတန်ပြီး ပိုကျန်းမာတဲ့ လက်ဆောင်ရယူပါ။
24/09/2023
#ကဲ....အမေးများနေကြတဲ့ 𝗪𝗶𝗻𝘁𝗲𝗿 𝗪𝗮𝗿𝗺 𝘂𝗽 𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 လာပါပြီ.......
အေးမြတဲ့ ဆောင်းဦးရာသီကို ကြိုဆိုရင်း ကျွန်တော်တို့ YGN Family များအား
#သုံးလအပ် တစ်လ Free 😮
#ခြောက်လအပ် နှစ်လ Free 😮
Promotion များ ပေးသွားမှာဖြစ်ပါတယ်။လူဦးရေ ကန့်သတ်ထားလို့ #အရမ်းမိုက်တဲ့ Promotion ကို အခုပဲ အရယူလိုက်ရအောင်.......🥰
24/09/2023
မဆော့ခင် #အမေးအများဆုံးနဲ့ gym ဆော့ဖို့ #နောက်ဆုတ်သွားရတဲ့ new members တွေ အကြောက်ဆုံးမေးခွန်းတစ်ခုရှိပါတယ်။ 🧐
ဒါကလည်း #ကျန်းမာကျစ်လစ်လှပတဲ့ ဘဝထဲ ဝင်လာဖို့အတွက် အတားအဆီး တစ်ခုလည်းဖြစ်ပါတယ်။ 🥺
ော့တာရပ်လိုက်ရင် အရင်ထက် ပိုဝသွားမလား.? ပုံပျက်သွားမှာလား.? ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ 😳😳
ဒါကို admin အနေနဲ့ ဥပမာလေးတစ်ခု ပေးချင်ပါတယ်။ Gym ဆော့တာ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်ကို အလုပ်ပေးခြင်း တနည်းအားဖြင့် တည်ဆောက်ခြင်းဖြစ်ပါတယ်။ 🤨
ဒါဆိုတည်ဆောက်နေတဲ့အရာ ရပ်လိုက်ရင် ပြိုလဲသွားနိုင်ပါသလားခင်ဗျ။ .??
ရပ်တန့်တာပဲရှိတာပါ။ ပျက်ဆီးပုံပျက်သွားတာမျိုးမဖြစ်နိုင်ပါ။
နေလို့ပိုကောင်းလာမယ်။ 💯
ပိုကျန်းမာမယ်။💯
စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာတယ်ဆိုရင် ဘာလို့ကျနော်တို့ gym ဆော့ဖို့တွေဝေနေဦးမှာလဲ.?
ကိုယ်ချစ်ရတဲ့သူတွေအတွက် ကျန်းမာစွာ အကြာကြီးနေထိုင်သွားကြစို့ခင်ဗျာ💯
.
22/09/2023
#အစာလည်းဆေး ၊ ဆေးလည်းအစာ ဖြစ်တာမို့ 🥗
#အိမ်ရှင်မတို့နေ့စဉ်ချက်ပြုတ် စားသောက်နေတဲ့အထဲက ..
ကျန်းမာရေးအတွက်အကျိုးပြုတဲ့ဗဟုသုတရအောင် 🍯🌰🧄🥐🍏🌽 တင်ပေးလိုက်ပါတယ်။
. .
22/09/2023
#အောက်ပိုင်းတွေက #ဘာကြောင့်အရေးကြီးတာလဲ.?
ကြည့်ကောင်းဖို့ဆိုတာထက် ခန္ဓာကိုယ်အပေါ်ပိုင်း
အလေးချိန်ကို အောက်ပိုင်းက တစ်နေ့လုံး ထမ်းထားရပါတယ်။ 🚶🏻♀️
မိတ်ဆွေက အထိုင်များသူ တစ်ယောက်ဆိုရင် အောက်ပိုင်းနေ့ကို လုံးဝ လက်မလွှတ်ပါနဲ့ .!!!!!!!💯
မနက်နိုးချိန်မှအစ လှုပ်ရှားသွားလာနေချိန်အားလုံးကို leg muscles တွေက ထိန်းကြောင်းပေးပါတယ်။
ကြွက်သားတွေသန်မာဖို့လိုသလိုပဲ၊ အရိုးသိပ်သည်းဆတွေ ကောင်း မွန်နေဖို့လိုအပ်ပါတယ်။ 💪
အရိုးများ သန်မာခြင်း အဆစ်အမြစ်များကောင်းမွန်စွာ အလုပ်လုပ်ပေးပါက၊ စိတ်သွားတိုင်းကိုယ်ပါပြီး၊ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုသာဖြစ်လာပါလိမ့်မယ်။ 💯
ပုံမှန် လမ်းလျှောက်ခြင်း၊ ယွယွပြေးခြင်း များက
Peroneus longus muscle ကိုထိရောက်စေပြီး၊
Tibialis anterior muscle ကိုပါအကျိုးသက်ရောက်စေပါတယ်။ ထိုင်ထ လုပ်ခြင်းနဲ့ leg workout training တွေက Gastrocnemius muscle ကိုသန်မာကြီးထွားစေပါတယ်ခင်ဗျ။ 💪
ဒီနေ့ leg day ဆိုရင် ok မန့်သွားပေးပါဦးခင်ဗျ။
19/09/2023
training.?
training.?
ကိုယ်ဟာ ဘယ်လို training ကို ပိုကြိုက်နှစ်သက်တာလဲ.? 🧐
ဘာကြောင့်ပါ လဲ.? ☺️
Gym မှာ တချို့members တွေက သွေးပူလေးလုပ်တယ် ၊ပြန်သွားတယ်၊ ဒါမျိုးလည်း ရှိသလို သေသေချာချာ အချိန်ပေး တည်ဆောက်နေတဲ့ သူတွေလည်း ရှိပါတယ်။ 💯💪
ဒါက လက်ရှိကိုယ့်ရဲ့ mood နဲ့ ဆက်စပ်နေသလိုမျိုးအချိန်မရတာကြောင့်လည်းပါပါတယ်။ ✈️
ဘာပဲဖြစ်ဖြစ် ကျန်းမာရေးကောင်းကျိုးတွေကတော့ တစ်မျိုးစီမှာလည်း သက်ရောက်သလို training တစ်ခုနဲ့တစ်ခုဟာလည်း ချိတ်ဆက်ရတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ⏭️
Weight training အတွက်ဆရာနဲ့သေချာတိုင်ပင်မှသာလျင် ကြွက်သား လျော့ရဲ မှုဖြစ်ခြင်း ၊ တည်ဆောက်မှုပုံစံအနေအထားပျက်ဆီးသွားခြင်း၊ များအပြင်
အချိန်ရယ် အကြိမ်အကျော့များဖြင့် သေချာစွာ workout ပြုလုပ်သင့် ပါတယ်။
တစ်ရက်ကိုအနည်းဆုံး ၁နာရီအချိန်ပေးပါ။
#သူများထက် ၁၀နှစ်အသက်ပိုရှည်ပါလိမ့်မယ်။
18/09/2023
#နှလုံးရောဂါ ခံစားနေရသူတွေအနေနဲ့ နှလုံးခုန်နှုန်းထိန်းဖို့ဆိုတာဟာ အင်မတန်မှကို အရေးကြီးတဲ့အရာပဲဖြစ်ပါတယ်။✔️
❗️နားနေစဥ်အချိန်မှာတောင် မြင့်မားတဲ့နှလုံးခုန်နှုန်းမျိုးရှိတယ်ဆိုရင် သင့်နှလုံးဟာ သင့်ကို တစ်ခုခုပြောပြချင်နေတယ်လို့ သိထားသင့်ပါတယ်။
❗️နှလုံးခုန်နှုန်းမြင့်မားခြင်းကြောင့် ရင်ဘတ်စူးအောင့်ခြင်း နဲ့ နှလုံးညှစ်အားနည်းခြင်း စတဲ့ ရောဂါတွေကို ဖြစ်စေနိုင်တာကို သတိပြုရပါမယ်။
သင့်နှလုံးခုန်နှုန်းဟာ ဆိုးရွားတဲ့ နောက်ဆက်တွဲရောဂါတွေနဲ့သေဆုံးနိုင်မှုကိုပါ သတိပေးနိုင်ပါတယ်၊၊ ဘာကြောင့်လဲဆိုတော့ နှလုံးခုန်နှုန်းမြင့်မားနေခြင်းဟာ ဒီလိုအန္တရာယ်တွေကို ၂ ဆပိုစေတာမို့ပါ။✔️
နှလုံးသွေးကြောဆိုင်ရာရောဂါဟာ အဆင့်ဆင့် ပြင်းထန်သောရောဂါဖြစ်ပြီး End-Stage လို့ခေါ်တဲ့ နောက်ဆုံးအဆင့်မှာ ပိုမိုဆိုးရွားနိုင်ပါတယ်။✔️
နှလုံးခုန်နှုန်းမြင့်မားခြင်းဟာ နှလုံးသွေးကြောဆိုင်ရော ရောဂါများအပါအဝင် အခြားသော နောက်ဆက်တွဲရောဂါများကို ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။✔️
ဥပမာအားဖြင့် ရင်ဘက်အောင့်ခြင်းရောဂါခံစားနေရသူအဖို့ နှလုံးခုန်နှုန်း မြင့်မားခြင်းဟာ
👉ရင်ဘက်အောင့်ခြင်းဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ
👉 ပိုမိုပြင်းထန်သော ရင်ဘက်အောင့်ခြင်းများကို ဖြစ်စေနိုင်ပါတယ်။
စစ်တမ်းတွေအရ ရင်ဘတ်အောင့်ခြင်း ရောဂါခံစားရနေသူ ၂ ဦးအနက် ၁ ဦးမှာ beta-blockers တွေ သောက်သုံးနေသော်လည်း နှလုံးခုန်နှုန်းမြင့်တက်လျက်ရှိတာကို တွေ့ရှိရပါတယ်။
❗️နှလုံးခုန်နှုန်းမြင့်မားခြင်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲရောဂါတွေဟာ သင့်ကို နောက်ဆုံးအဆင့် (နှလုံးညှစ်အားနည်းရောဂါ) အထိ ကြီးကြီးမားမားဖြစ်စေနိုင်တာ သတိပြုသင့်တယ်နော်။❗️
နှလုံးညှစ်အားနည်းရောဂါ ဝေဒနာခံစားရသူတွေအဖို့
⚠️နှလုံးခုန်နှုန်းမြင့်မားနေတယ်ဆိုရင်တော့ ၅၁% နှင့်အထက် ဆေးရုံတက် ကုသခံရနိုင်ခြေရှိပါတယ်။ ဒါ့အပြင် ၃၆% နှင့်အထက် သေဆုံးနိုင်ခြေရှိပါတယ်။
နှလုံးကျန်းမာရေးအတွက်ဆိုရင်...
👉ပုံမှန်လမ်းလျှောက်ပေးခြင်း
👉ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးခြင်း စတာတွေ ပြုလုပ်ပေးရမယ်ဆိုတာ သင့်အနေနဲ့ သိရှိပြီးဖြစ်မှာပါ။
ဒါ့ကြောင့်
"နှလုံးခုန်နှုန်းမမြင့်မားအောင် မှာ နေ့စဉ် ပုံမှန် လှုပ်ရှားမှာပြုလုပ်ခြင်း ၊ ကြွက်သား တည်ဆောက်ခြင်း ၊ များဖြင့် နေ့စဥ်ဘဝမှာ ကျန်းမာစွာနေထိုင်လိုက်ပါ" 💡
15/09/2023
#ရယ်မောခြင်း က ရောဂါကာကွယ်နိုင်စွမ်းနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ် ပိုင်းဆိုင်ရာ ကုသခြင်းများ အတွက် သဘာဝက ပေးတဲ့ ဆုလာဘ် တစ်ခုပါပဲ၊
#ဟက်ဟက်ပက်ပက် ရယ်မောခြင်းက
တစ်နာရီနီးပါး လမ်းလျှောက်ခြင်းကြောင့်ကယ်လိုရီ
လောင်ကျွမ်းမှုနုန်းနဲ့ ညီမျှ တာမို့ ဝမ်းဗိုက်ကြွက်သားများအတွက်လည်း ကောင်းမွန်တာမို့
#နေ့စဉ်မှာ ရယ်မောဖို့မမေ့ပါနဲ့၊
YGN GYMနဲ့အတူ ပျော်ရွှင်ကျန်းမာစွာဖြတ်သန်းပါ။
14/09/2023
workout class .🤩
ဒီညနေမှာ ABS တွေကို ပုံသွင်းပေးမယ့် ဆရာကတော့ ဆရာ #ထက်မြတ်ကောင်း ဖြစ်ပါတယ်။ 💯
အချိန်ကတော့ ညနေ 6:30 စမှာဖြစ်ပါတယ်ခင်ဗျ။
💯
တစ်နာရီလောက်ခြားပြီး အစားစားခဲ့ဖို့ မှာလိုက်ပါရစေ၊ 💪ညနေဆုံကြမယ်နော် 🤩
.