10/11/2026
ရီးရဲလ်မက်ဒရစ်က အနိုင်ကန်ပြီးတော့ အမှားကို ထိုင်စောင့်နေချိန်၊ မက်ထရိုပိုလီတာနိုမှာ သူတို့တွေရဲ့ Highline Defensive အားနည်းချက်ကို ကောင်းကောင်းသိသလို ကောင်းကောင်းအသုံးချပြထားနိုင်ခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ရတာ ဘာစီလိုနာအတွက် တော်တော်မလွယ်ခဲ့ဘူး။
ခံစစ် Timing Out ခြင်းကြားမှာ ပွဲအစ ၁၀ မိနစ် မပြည့်ခင်မှာ ဦးဆောင်ဂိုး ခွင့်ပြုလိုက်ခဲ့ရတယ်။ ဒါပေမဲ့ ဖာမင်လိုပက်ဇ်ရဲ့ သွင်းဂိုး ၂ လုံး၊ လာမင်းယာမဲလ်ရဲ့ ဖန်တီးမှု ၁ ကြိမ်နဲ့ Comeback နိုင်ပွဲကို ရယူခဲ့တယ်။ ဖာမင်နဲ့ ယာမားလ်တို့ ခြေစွမ်းပြတာဟာ မထူးဆန်းတော့ပါဘူး။ အသင်းက အိုကေရင် ခြေစွမ်းပြမှာပဲ။
ပထမပိုင်းမှာ အေတီကို လုပ်တိုင်းဖြစ်ပြီး အဆင်မပြေတဲ့ အနေအထားကနေ Game Changing လုပ်ပြီး ဖာမင်၊ ယာမားလ်တို့ကို လှုပ်ရှားနိုင်အောင် လုပ်ပေးခဲ့တဲ့ နည်းပြကြီး ဟန်ဆီဖလစ်ခ်ကို ချီးကျူးရမယ်။ သူ့ရဲ့ မှန်ကန်တဲ့ အပြောင်းအလဲတွေကြောင့် ဘာစီလိုနာတို့ ပထမဆုံး Big Game Win ရရှိခဲ့တာပါ။
LB မှာ ဂျာအိုကန်ဆယ်လိုက Timing တွေလွဲချော်ပြီးတော့ အဆင်မပြေသလို RB မှာလည်း လူငယ်လေး ဘရိုင်ယန်ဖားနက်စ်ရဲ့ ခြေစွမ်းကလည်း Duel မနိုင်၊ ဘာမနိုင်နဲ့ သူ့ဆီက ဘောလုံး မပြတ်တာကျလွဲရင် အဆင်မပြေခဲ့ဘူး။
ဒါကို ဒုတိယပိုင်းမှာ ဒီဂျောင်၊ ခရစ်တီယန်ဆန်ကို ထည့်သွင်းကာ ဂျရတ်မာတင်ကို LB ပို့ပြီး ခံစစ်တန်း Form ကို ပြန်ပြင်လိုက်တဲ့ ဟန်ဆီဖလစ်ခ်ရဲ့ ဆုံးဖြတ်ချက်က ခြွင်းချက်မရှိကို မှန်ကန်သွားခဲ့ပြီးတော့ ပွဲစဉ်ဟာ ဘာစီလိုနာတို့ လုပ်တိုင်းဖြစ်တဲ့ အနေအထားကို ပြောင်းလဲပေးခဲ့တယ်။
သူ့ရဲ့ ဒီမှန်ကန်တဲ့ လူစားလဲမှုကနေ ကျွန်တော်ပြောခဲ့သလို ဖာမင်လိုပက်ဇ်နဲ့ လာမင်းယာမားလ်တို့တွေ လှုပ်လှုပ်ရှားရှား စီးမြောလာနိုင်ပြီးတော့ Comeback အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တယ်။ မာဖင် တကယ်ကို ကောင်းပါတယ်၊ ယာမားလ် တကယ်ကြမ်းပါတယ်။
ဒါပေမဲ့ သူတို့တွေရဲ့ ပဲ့ကိုင်ရှင်ကြီးဖြစ်တဲ့ နည်းပြဟန်ဆီဖလစ်ခ်က ဒီပွဲမှာတော့ ပိုမိုက်ခဲ့တယ်...။