Java Developer Class

Java Developer Class

Share

Java Programming Training Center

01/08/2026

ကျွန်တော် စာသင်တိုင်း ပြောလေ့ရှိတာလေး တစ်ခုရှိတယ်။ အဲ့ဒါကတော့ Application တစ်ခုမှာ အစွန်းနှစ်ဘက်ရှိတယ်။ အဲ့ဒါကတော့ လူတွေက မြင်မည့်အပိုင်းနဲ့ မမြင်ရတဲ့ အပိုင်း။ လူတွေမြင်နေရမည့် အပိုင်းက Presentation Layer ဖြစ်ပြီးတော့ နားလည်လွယ်ပြီး အသုံးဝင်ဖို့လိုအပ်တယ်။

နောက်တစ်ဘက်က လူတွေကမြင်မည့်အပိုင်းမဟုတ်တဲ့ အပိုင်း၊ Domain Layer ဖြစ်ပါမယ်။ ဒီအပိုင်းက သေချာစဉ်းစားပြီး ကိုင်တွယ်သင့်တယ်။ အရိုးအရှင်းဆုံးနဲ့ လိုအပ်သလို ပြောင်းလဲပြီး အသုံးပြုနိုင်ဖို့လိုအပ်တယ်။ Domain Design မှားရင် တစ်ခုခုလုပ်ချင်ရင် လုပ်ရခက်၊ ပြင်ရခက်တဲ့ Application တွေဖြစ်သွားမယ်။

Application တစ်ခုကို အာကီတက်ချာကနေ စဉ်းစားတဲ့အခါမှာ Front End တစ်ခုထဲသိနေပြီး၊ ဒါမှမဟုတ် Backend တစ်ခုထဲ သိနေလို့ အဆင်ပြေမနေဘူး။ နှစ်ဘက်စလုံးကို နားလည်ပြီး Analysis တွေလုပ်၊ ပြီးတော့ Design Decision တွေကို သတ်မှတ်နိုင်ဖို့လိုအပ်တယ်။

စီနီယာ Developer လို့ ပြောတဲ့ Position လောက်အထိကတော့ Front End Only, Backend Only လုပ်နေလို့ရနိုင်ပေမဲ့ ဒီကရှေ့ဆက်ဖို့အတွက်ကတော့ နှစ်ဘက်စလုံးကို သိရှိနားလည်ထားဖို့လိုအပ်မယ်လို့ ထင်ပါတယ်ဗျာ။

Photos from Java Developer Class's post 30/07/2026

One Stop 16သင်တန်းဆင်းပွဲ အမှတ်တရ

Photos from Java Developer Class's post 30/07/2026

One Stop 16 သင်တန်းဆင်းပွဲ

29/07/2026

Java Basic Course - (Weekend Online)
================================

Start from September 5, 2026
👉 Days -> Sat & Sun
👉 Time -> 19:00 to 21:00
👉 Duration -> 3 Months

အခြေခံအားဖြင့်တော့ သင်တန်းချိန်မှာ Zoom ဖြင့် သင်ကြားသွားမှာ ဖြစ်ပြီး၊ Recording တွေကို Telegram Channel ပေါ်မှာ တင်ပေးသွားမှာ ဖြစ်ပါတယ်။ အချိန်မရလို့ Zoom အချိန်မှာ လိုက်မတက်နိုင်ရင်လဲ လေ့လာနိုင်မှာဖြစ်သလို၊ နားမလည်တာရှိရင်လဲ အကြိမ်ကြိမ်ပြန်ကြည့်ပြီး လေ့လာနိုင်မှာ ဖြစ်ပါတယ်။

သင်ကြားမည့် အကြောင်းအရာ
======================
👉 Variable & Basic Data Types
👉 Writing Statements
👉 Writing Methods
👉 OOP Concepts
👉 Data Structure & Algorithm
👉 Collections and Streams
👉 Exception Handling
👉 Inputs & Outputs
👉 Threads and Concurrency

Programming တွေရဲ့ အဓိကလိုအပ်ချက်ဟာ Problem Solving Skill ဖြစ်ပါတယ်။ ပြဿနာ တစ်ခုနဲ့ ကြုံတွေ့လာတဲ့ အခါမှာ အဓိကအကြောင်းအရာကဘာလဲ၊ ဘယ်လို ဖြေရှင်းရင် အကောင်းဆုံးဖြစ်မလဲ ဆိုတာကို တွေးတောနိုင်ဖို့လိုအပ်လာပါတယ်။ ကျွန်တော်တို့ရဲ့ Java Basic Course ကို Logical Thinking နှင့် Problem Solving Skill ကို တည်ဆောက်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြင်ဆင်ထားပါတယ် ခင်ဗျာ။

ဘယ်လိုလူတွေတက်ရောက်လေ့လာသင့်လဲ
=============================
👉 Programming နဲ့ပတ်သက်ပြီး အခုမှစပြီးလေ့လာလိုသူ
👉 Java ကို အခြေခံကနေ စနစ်တကျတတ်မြောက်လိုသူ
👉 ဘယ်လိုတွေးဘယ်လိုရေးရတယ် ဆိုတာကို လက်တွေ့လေ့လာလိုသူ

About Fees
====================
Total = 150,000 MMK

About Payments
====================
👉 ပေးသွင်းထားတဲ့ သင်တန်းကြေးတွေဟာ ဘယ်လိုအကြောင်းကြောင့်မှ ပြန်ထုတ်ပေးမှာ မဟုတ်တဲ့အတွက် သင်တန်းကြေးမပေးသွင်းခင် တကယ်တက်မှာလားဆိုတာကို သေချာ စဉ်းစားပြီးမှ ပေးသွင်းစေလိုပါတယ်ခင်ဗျာ
👉 တကယ်တက်မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ အောက်ပါ Account တွေကနေ သင်တန်းကြေးကို ပေးသွင်းနိုင်ပါတယ် ခင်ဗျာ

သင်တန်းအပ်ရန်အတွက်ကတော့
=======================
👉 AYA Bank Account
2002-3122-325 (U Zaw Min Lwin)
👉 CB Bank Account
0021-6001-0008-8177 (Daw Pa Pa Aung)
👉 KBZ Bank Account
098-301-23800005601 (Daw Pa Pa Aung)
👉 Online Payments
KBZ Pay : 09261394683 (Daw Pa Pa Aung)
Wave Pay : 09782003098 (U Zaw Min Lwin)
CB Pay : 09261394683 (Daw Pa Pa Aung)

👌 ငွေလွှဲပြီးကြောင်း ပြေစာကို Screenshot (သို့) ဓာတ်ပုံ ရိုက်ပြီး page cb သို့ အမည်, ဖုန်းနံပါတ်တို့ကို ပေးပို့ပေးပါ ခင်ဗျာ။

07/06/2026

Spring Weekend အတန်းလေးကို သင်ကြားလာခဲ့တာ ၃ လလောက်တော့ ရှိခဲ့ပါပြီ။ ဒီနေ့ပဲ Spring Security ကို စတင်ဖြစ်ခဲ့ပါတယ်။ Spring Boots နဲ့ပဲ စတင်ခဲ့တာဖြစ်ပါတယ်။

စစချင်းတော့ Spring MVC Project ထဲကို Spring Starter Security ကို ထည့်လိုက်တာနဲ့ ဘာဖြစ်မလဲ။ ဒါတွေဟာ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကို လေ့လာဖြစ်ခဲ့ကြပါတယ်။ အဓိကကတော့ Configuration တစ်ခုကို ရေးလိုက်တာနဲ့ နောက်ကွယ်မှာ Spring Security Filter Chain လေးက ဘယ်လို ပြောင်းသွားတာလဲ ဆိုတာကို မြင်စေချင်ခဲ့တာပါ။

ဒီလိုနဲ့ Default User ကို Config လုပ်လိုက်ရင် ဘယ်လိုဖြစ်မလဲ၊ Configuration လေးတွေကို ထည့်လိုက်ရင် ဘယ်လို ဖြစ်မလဲ ဆိုတာတွေကို လက်တွေ့စမ်းသပ်လေ့လာခဲ့ကြပါတယ်။ ဘာတွေကို Customize လုပ်လို့ရနိုင်တယ်။ ဘယ်လို အခြေအနေမျိုးမှာလုပ်သင့်တာလဲ ဆိုတာတွေကိုလဲ Disscuss လုပ်ဖြစ်ခဲ့ပါတယ်။

လာမည့်အပတ်လဲ Security ကိုပဲ ဆက်သွားလိုက်ပါဦးမယ်ဗျာ။ ပြီးရင်တော့ အရင် ရေးနေကျ Balance လေးကိုပဲ Spring MVC နဲ့ ရေးကြည့်ပါဦးမယ်။ ဒါပြီးမှပဲ Rest နဲ့ React တို့ကို ဆက်ပါတော့မယ်ဗျာ။

27/05/2026

ကျောင်းသား/သူများရှင်
28.5.2026 ရက်နေ့သည်အစ္စလာမ်ဘာသာဝင်များ၏အထွတ်အမြတ်ထားရာအီဒွလ်အဒ်ွဟာနေ့ဖြစ်ပါသဖြင့်JDCမှအတန်းများတစ်ရက်ပိတ်ပါသည်။(29.5.2026)သောကြာနေ့တွင်ပံုမှန်တိုင်းပြန်ဖွင့်ပါမယ်ရှင်။

Photos from Java Developer Class's post 11/05/2026

ဒီနေ့ One Stop Batch 17 အတန်းလေး စဖြစ်ခဲ့ပါတယ် ခင်ဗျာ။

Photos from Java Developer Class's post 06/05/2026

One Stop 15 သင်တန်းဆင်းပွဲ

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No 120, 3rd Floor, Thayay Yone Street, Kamayut 1 Block
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00