𝙇𝙪𝙘𝙠𝙮 𝙂𝙤𝙖𝙡 𝙁𝙤𝙤𝙩𝙗𝙖𝙡𝙡 𝘼𝙜𝙚𝙣𝙩 - 𝙇𝙂𝙁𝘼

  • Home
  • Myanmar
  • Yangon
  • 𝙇𝙪𝙘𝙠𝙮 𝙂𝙤𝙖𝙡 𝙁𝙤𝙤𝙩𝙗𝙖𝙡𝙡 𝘼𝙜𝙚𝙣𝙩 - 𝙇𝙂𝙁𝘼

𝙇𝙪𝙘𝙠𝙮 𝙂𝙤𝙖𝙡 𝙁𝙤𝙤𝙩𝙗𝙖𝙡𝙡 𝘼𝙜𝙚𝙣𝙩 - 𝙇𝙂𝙁𝘼 Online Entertainment Service Sport Online Entertainment

“ နိုင်ပွဲရလို့ ထိန်းကစားချင်ရင် EriksenလိုPassing % 90ကျော်တဲ့ Midfieldတွေကိုထုတ်မယ့်အစား ပွဲထိန်းဖို့ Passing ကောင်းတဲ...
28/04/2023

“ နိုင်ပွဲရလို့ ထိန်းကစားချင်ရင် Eriksenလို
Passing % 90ကျော်တဲ့ Midfieldတွေကို
ထုတ်မယ့်အစား ပွဲထိန်းဖို့ Passing ကောင်းတဲ့ Midကို ထည့်ဖို့လိုပါတယ်။ ဒါကလည်း
ယူနိုက်တက်အသင်းရဲ့ နောက်နှစ်အဝယ်
စာရင်းမှာ လိုအပ်နေတဲ့ စာရင်းထဲကတစ်ခုဖြစ်ပါတယ်။ဥပမာပြရရင် ရီးရဲလ်မက်ဒရစ်မှာဆိုသူ့အတွက်အရေးကြီးတဲ့ ပွဲတွေနဲ့အမှားခံလို့
မရတဲ့ဖိုင်နယ်ပွဲမျိုးတွေဆိုရင် Toni Kroosကို
လုံးဝမထုတ်ပါဘူး။ဒါမှသာ တဖက်အသင်းလက်ထဲ ဘောလုံးအသာစီးပြန်ပေးဖို့အခွင့်အရေးနည်းပြီး short passတွေနဲ့ နိုင်ပွဲကို
ပြန်ထိန်းထားဖို့လိုသလိုမျိုးပါဘဲ။ “

အာဆင်နယ် ပရိသတ်တွေ ငိုတော့ ဆိုပြီး လှောင်ပြောင် အောင်ပွဲခံခဲ့တဲ့ မန်စီးတီးဂိုးသမား အီဒါဆန် ======================မန်စီးတ...
27/04/2023

အာဆင်နယ် ပရိသတ်တွေ ငိုတော့ ဆိုပြီး လှောင်ပြောင် အောင်ပွဲခံခဲ့တဲ့ မန်စီးတီးဂိုးသမား အီဒါဆန်
======================
မန်စီးတီး က အာဆင်နယ်ကို လေးဂိုးတစ်ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ထူးထူးခြားခြား အောင်ပွဲခံခဲ့တဲ့သူတစ်ဦးက မန်စီးတီး ဂိုးသမား အီဒါဆန် ပဲ ဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီဒါဆန် ဟာ အာဆင်နယ်ပရိသတ်တွေအနေနဲ့ ရှုံးပွဲကြောင့် ငိုနေတော့မယ် ဆိုပြီး လှောင်ပြောင်အောင်ပွဲခံ ခဲ့တာ ဖြစ်ပါတယ်။ ဒါအပြင် အီဒါဆန် ဟာ လျှာထုတ်ပြပြီး အာဆင်နယ် ပရိသတ်တွေကို လှောင်ပြောင်မှု ပြုလုပ်ခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ပွဲမတိုင်ခင် နှစ်ဘက်အသင်းပရိသတ်တွေအကြားမှာ ချန်ပီယံဆုအတွက် အပြန်အလှန်ပြောဆိုမှုတွေ ရှိခဲ့ကြတယ်လို့ သိရပါတယ်။ အာဆင်နယ် ကို အနိုင်ရခဲ့တာကြောင့် မန်စီးတီးအနေနဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အခွင့်အရေးများသွားသလို ၃ နှစ်ဆက် ချန်ပီယံ ဖြစ်ဖို့လည်း နီးစပ်သွားခဲ့တာ ဖြစ်ပါတယ်။

👉 ကြာသပတေးညမှာ ကစားမယ့် ပွဲစဥ်တွေအတွက် သိထားသင့်သည့် အချက်အလက်များ 👈****************************************************...
27/04/2023

👉 ကြာသပတေးညမှာ ကစားမယ့် ပွဲစဥ်တွေအတွက် သိထားသင့်သည့် အချက်အလက်များ 👈
****************************************************
# နယူးကာဆယ်ဟာ အဲဗာတန်နဲ့ပရီးမီးယားလိဂ်တွေ့ဆုံမှု နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲနိုင်ထားပါတယ်။

# ဒါပေမဲ့ နယူးကာဆယ်ဟာ အဲဗာတန်ကွင်းလာကစားတဲ့ နောက်ဆုံးပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၁ ပွဲသာ နိုင်ခဲ့ပါတယ်။

# ဘုန်းမောက်ဟာ ဆောက်သမ်တန်ကွင်းလာကစားဖူးတဲ့ ၁၆ ပွဲမှာ ၁ ပွဲသာနိုင်ခဲ့ပြီး ၆ ပွဲသရေနဲ့ ၉ ပွဲရှုံးခဲ့ပါတယ်။

# ဆောက်သမ်တန်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ အိမ်ကွင်းအညံ့ဆုံးအသင်းဖြစ်ပြီး ၂ ပွဲသာနိုင်ခဲ့ကာ ၁၀ မှတ်သာ ယူနိုင်ခဲ့ပါတယ်။

# မန်ယူဟာ စပါးနဲ့ပရီးမီးယားလိဂ်တွေ့ဆုံမှု နောက်ဆုံး ၄ ကြိမ်စလုံးကို အနိုင်ရထားပါတယ်။

# မန်ယူဟာ ဒီရာသီ ကြားရက်ကစားရတဲ့ ပရီးမီးယားလိဂ် ၇ ပွဲစလုံးမှာ မရှုံးခဲ့ဘဲ ၅ ပွဲနိုင်၊ ၂ ပွဲသရေကျခဲ့ပါတယ်။

# ဗလင်စီယာဟာ ဗယ်လာဒိုးလစ်နဲ့အိမ်ကွင်းတွေ့ဆုံမှု နောက်ဆုံး ၆ ပွဲစလုံးမှာ မရှုံးခဲ့ပါဘူး။

# ဗီလာရီးရဲလ်အိမ်ကွင်း အက်စ်ပန်ညိနဲ့ နောက်ဆုံးတွေ့ဆုံမှု ၄ ပွဲစလုံး နှစ်ဖက်သွင်းဂိုး ၃ ဂိုးနဲ့အထက် ရှိထားပါတယ်။

# ဘီလ်ဘာအိုနဲ့ဆီဗီလာတို့ရဲ့နောက်ဆုံးတွေ့ဆုံမှု ၄ ပွဲစလုံး နှစ်ဖက်သွင်းဂိုး ၂ ဂိုးနဲ့အောက် ဖြစ်ထားပါတယ်။

Crd

မြန်မာ 1-1 ကာဂျစ်စတန်••••••••••••••••••••••••••••••၃နှစ်လောက်အတွင်း ဒီပွဲအကြိုက်ဆူံးပွဲပဲ။ကာဂျစ်ကို 5 ဂိူးပြတ်လောက်ရှူံး...
26/03/2023

မြန်မာ 1-1 ကာဂျစ်စတန်
••••••••••••••••••••••••••••••

၃နှစ်လောက်အတွင်း ဒီပွဲအကြိုက်ဆူံးပွဲပဲ။

ကာဂျစ်ကို 5 ဂိူးပြတ်လောက်ရှူံးမယ်ထင်ထားခဲ့တာ။ ကာဂျစ်စတန် နဲ့နောက်ဆူံးကန်ခဲ့တဲ့လေးပွဲမှာ ပေးဂိူး၂၂ ဂိူးနဲ့ တပွဲ 5.5 ဂိူးနှူန်းပေးထားရတော့ ကိုယ်လည်း အက်လို မှန်းခဲ့ရတာလေ။

ပွဲစတော့ဘျာ။ အမလေး ကိုယ့်ကောင်တွေ ကန်တာကြည့်ရတာတော်တော်လေးကိုအားရတယ်။ ကာဂျစ်စတန် က ကမ္ဘာ့အဆင့် ၉၄မှာ မြန်မာက ၁၅၉ မှာဆိုတော့ ကြားထဲမှာ ၆၅ဆင့်လောက်ကွာတယ်ဘျ။

သီဟထက်အောင်လည်း တော်တော်လေးကောင်းခဲ့သလိူ အလယ်က ဝေလင်းအောင်ကလည်း ဖျက်ထုတ်မှူတွေတော်တော်လေး အလုပ်ဖြစ်ခဲ့တယ်။

တခုထပ်သိလိုက်ရတာက နည်းပြမိုက်ကယ်ရဲ့ကစားကွက်မှာ သန်းပိုင် မောင်မောင်လွင် အောင်သူ ဝေလင်းအောင် ဟိန်းဖြိူးဝင်းတို့ တော်တော်လေးထင်ထားတာထက်ကို အံဝင်တာမြန်ခဲ့တယ်။

ထပ်ပြီး ချီးကျူးရမှာက ကနေ့ပွဲမှာ နန္ဒကျော်နာနေလို့ အစားဝင်ကစားသွားတဲ့ သက်ဟိန်းစိူးကလည်း လူရှိန်မနေဘူးဘျာ။ အစပ်အဟက်တန်းပြီးတည့်သွားတာ။

နည်းပြမိုက်ကယ်က U20 နယူးဇီလန်အဖွဲ့ကို အမာခံထားပီး ဝင်းနိုင်ထွန်း ဟိန်းထက်အောင် မြတ်ကောင်းခန့် ဇော်ဝင်းသိန်း အစရှိတဲ့ လူငယ်တွေကိုလည်း back up ready ရှိနေတော့ ကျနော်တောင်မှ တော်တော် လေး ပွဲတွေပြန်စိတ်ဝင်စားလာတယ်။

ရွှေရတာမဟူတ်ဘူး။ နိုင်တာမဟူတ်သေးဘူး။ ဒါပေမက် သေချာတာတစ်ခုကတော့ မြန်မာ့အသင်းနည်းပြကစားပူံအခင်းအကျင်းကိုတော့ တပွဲထက်တပွဲ တကယ်နှစ်သက်လာတာတော့ အမှန်ပဲဘျိူး။ 🇲🇲⚽

သူ့အတန်းထဲမှာဖိုက်တာဆိုပြီး ခုနှစ်တန်းကကောင်လေးက အိမ်သာနောက်ထဲ ၅ ယောက် ၁ ယောက်အမှောက်သိပ်လာတဲ့ မိမိ အားလာဖြဲနေသောအခါ :
17/02/2023

သူ့အတန်းထဲမှာဖိုက်တာဆိုပြီး
ခုနှစ်တန်းကကောင်လေးက
အိမ်သာနောက်ထဲ ၅ ယောက် ၁ ယောက်အမှောက်သိပ်လာတဲ့ မိမိ အားလာဖြဲနေသောအခါ :

Feb 14 မှာ ကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက်ပွဲကို ဝင်ကစားဖို့ မရောရာနိုင်သေးတဲ့ မက်ဆီ-------------------------------------...
10/02/2023

Feb 14 မှာ ကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက်ပွဲကို ဝင်ကစားဖို့ မရောရာနိုင်သေးတဲ့ မက်ဆီ
------------------------------------------------------
ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ လာမယ့် ၁၄ ရက်နေ့မှာကစားမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ကို လွဲချော်နိုင်ဖွယ်ရှိတယ်လို့ ပြင်သစ်သတင်းစာ L’EQUIPE က ဖော်ပြလာခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းမှာ အမ်ဘတ်ပေကလည်း ဒဏ်ရာရရှိနေတာကြောင့် မက်ဆီသာလွဲချော်မယ်ဆိုရင် နေမာတစ်ဦးတည်းသာရှိတော့မယ့် တိုက်စစ်နဲ့ ဂျာမန်ဘီလူးကို ရင်ဆိုင်နိုင်ဖို့ ခက်ခဲသွားမှာဖြစ်ပါတယ်။ မက်ဆီဟာ မာဆေးလ်ကို ရှုံးခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး မပြင်းထန်ဘူးဆိုရင်တော့ ပါဝင်လာနိုင်ခြေလည်း ရှိနေပါတယ်။ အသင်းဆရာဝန်တွေအနေနဲ့ မက်ဆီရဲ့ ဒဏ်ရာအခြေအနေကို အသေးစိတ်စစ်ဆေးသွားမှာဖြစ်ပြီး ကစားခွင့်ရမလားဆိုတာကတော့ မသိရသေးပါဘူး။

photo credit

🚨 CR 7 အကောင်းဆုံးပုံစံနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတာကို စောင့်ကြည့်နေတဲ့ စီရော်နယ်ဒိုပရိသတ်တွေကတော့ ပုံထဲကပရိသတ်...
10/02/2023

🚨 CR 7 အကောင်းဆုံးပုံစံနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတာကို စောင့်ကြည့်နေတဲ့ စီရော်နယ်ဒိုပရိသတ်တွေကတော့ ပုံထဲကပရိသတ်လို ခံစားနေရမှာ မလွဲပါဘူး။

စီရော်နယ်ဒိုဟာ ယမန်နေ့ညက အယ်လ်ဝီဒါအသင်းကို ဝ-၄ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် ဂိုးအားလုံးသွင်းယူနိုင်ခဲ့ပြီးနောက် ယခုရာသီ ဆော်ဒီလိဂ်မှာ တစ်ပွဲတည်း ၄ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။ 🐐⚽⚽⚽⚽

သူဟာ အသက် ၃၈ နှစ်ပြည့်ခဲ့တာ တစ်ပတ်တောင်မပြည့်သေးဘဲ အခုတော့ တစ်ပွဲတည်း ၄ ဂိုးသွင်းယူခဲ့တာပါ။ ⚽⚽⚽⚽

ဘာမှမဟုတ်ပါဘူး...ဂုတ်တစ်ယောက်အတွက် သာမန်လုပ်ရိုးလုပ်စဉ်ကိစ္စလို့ပဲ ပြောရမယ်ထင်ပါတယ်။ 🐐

ဒိုင်လူကြီးအဖြစ်ကရပ်နားခံရပြီးနောက်မှာ Sexy ပုံတွေနဲ့ Follower ရှာနေတဲ့ အမျိုးသမီး -------------------------------------...
09/02/2023

ဒိုင်လူကြီးအဖြစ်ကရပ်နားခံရပြီးနောက်မှာ
Sexy ပုံတွေနဲ့ Follower ရှာနေတဲ့ အမျိုးသမီး
----------------------------------------------------
မက္ကဆီကိုနိုင်ငံရဲ့ လိဂ်ပြိုင်ပွဲမှာ ဒိုင်လူကြီးအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဗာလီရီယာ အန်ဒရာဒီဟာ လောင်းကစားဝက်ဘ်ဆိုဒ်တစ်ခုကို ကြော်ငြာပေးခဲ့မိခြင်းကြောင့် ဒိုင်အဖြစ်ကနေ ရပ်နားခံခဲ့ရပြီးနောက်မှာတော့ သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ sexy snaps လေးတွေမျှဝေရင်းနဲ့ အခုဆိုရင် ဖော်လိုဝါ ၁၄၉၀၀၀ ကျော်အထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။ သူတင်တဲ့ပုံတွေကြောင့်ပဲ ပရိသတ်တွေကတော့ ဗာလီရီယာဟာ OnlyFans အစီအစဉ်ကို စတင်လာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

ဗာလီရီယာကတော့ သူ့ကို ဒိုင်လူကြီးအဖြစ်ကနေ ရပ်နားခဲ့တဲ့ဆုံးဖြတ်ချက်ဟာ ပြင်းထန်လွန်းတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဗာလီရီယာ လူသတ်မှုတစ်ခု ကျူးလွန်လိုက်သလိုပါပဲ။ လူတိုင်းဟာ ဘယ်သူမဆို အမှားလုပ်မိနိုင်တာပါပဲ။ ငါက ဘယ်သူ့ကိုမှ သတ်ခဲ့တာမဟုတ်သလို မုဒိန်းမှုကျူးလွန်ခဲ့တာလည်း မဟုတ်ဘူးလေ၊ ငါလုပ်ခဲ့တဲ့အမှားလေးတစ်ခုကြောင့် ဒီလောက်အကြီးကြီးဖြစ်သွားတာကတော့ တရားတယ်လို့ မထင်ပါဘူး လို့ ပြောဆိုသွားခဲ့ပါတယ်။ အခုတော့ ဒိုင်လူကြီးတစ်ယောက်အဖြစ်မရှိနေတော့ပေမယ့် ဆိုရှယ်မှာတော့ တစ်နေ့ထက်တစ်နေ့ ပရိသတ်တွေတိုးလာနေခဲ့ပါတယ်။

photo credit

"တခါတလေ ပွဲကကောင်းနေပြီဆိုရင် ထထဖောက်တာတွေ ကျနော်တို့ ခဏခဏမြင်ခဲ့ရတယ်၊ ကွင်းလယ်ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်မပြတ်သားမှုတွေပေါ...
07/02/2023

"တခါတလေ ပွဲကကောင်းနေပြီဆိုရင် ထထဖောက်တာတွေ ကျနော်တို့ ခဏခဏမြင်ခဲ့ရတယ်၊ ကွင်းလယ်ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်မပြတ်သားမှုတွေပေါ့ဗျာ၊ လာမယ့်ကာလတွေမှာ စက်ရုပ်ဒိုင်တွေ ထွက်ပေါ်လာမယ်လို့ ပြောနေကြတယ်၊ တကယ်ဆိုရင် အရမ်းကောင်းတဲ့ကိစ္စပါ၊ ဒိုင်တွေ အိမ်ကမိန်းမနဲ့ ရန်ဖြစ်လာတိုင်း ကျနော်တို့ကို အနီကတ်ပြနေတာတွေက ကြာတော့ စိတ်ပျက်စရာကောင်းနေပါပြီ"

- မော်ရင်ဟို



🚨 တနင်္ဂနွေနေ့ညက ကွင်းလယ်လူ အက်ဆုဟာ ဟာတေးစပေါအသင်းအတွက် တကယ့်ကိုအရေးပါတဲ့နိုင်ပွဲအဖြစ် ကာဆင်ပါဆာနဲ့ပွဲမှာ ၉၀+၇ မိနစ်အရော...
07/02/2023

🚨 တနင်္ဂနွေနေ့ညက ကွင်းလယ်လူ အက်ဆုဟာ ဟာတေးစပေါအသင်းအတွက် တကယ့်ကိုအရေးပါတဲ့နိုင်ပွဲအဖြစ် ကာဆင်ပါဆာနဲ့ပွဲမှာ ၉၀+၇ မိနစ်အရောက် လှပတဲ့ဖရီးကစ်သွင်းဂိုးနဲ့အတူ အမှတ်ပြည့်ရယူပေးနိုင်ခဲ့ပါတယ်။ အသင်းက တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်နိုင်ခဲ့သလို ပြိုင်ဘက်ကလည်း တန်းမဆင်းရရေးရုန်းဖက်ဆိုတော့ ဟာတေးဒေသတစ်ခွင် အားလုံး ပျော်ရွှင်ခဲ့ရပြီး အသင်းအတွက် ၆ မှတ်တန်ပွဲဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ မနေ့ကတော့ ပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုကြောင့် ဟာတေးဒေသတစ်ခုလုံး ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးခဲ့ရသလို နယူးကာဆယ်နဲ့ ချဲလ်ဆီးကြယ်ပွင့်ဟောင်း အက်ဆုလည်း အုတ်ကျိုးအုတ်ပဲ့တွေကြား ပိတ်မိနေပြီး ကယ်ဆယ်ရေးသမားတွေက သူ့ကို အမြန်ဆုံးကယ်တင်နိုင်ဖို့ ကြိုးစားနေပါတယ်။ 🇹🇷💔

ဆိုးရွားလှတဲ့ ငလျင်ဒဏ်ကြောင့် တူရကီ၊ ဆီးရီးယား၊ လက်ဘနွန်နဲ့ အိမ်နီးချင်းနိုင်ငံတွေ ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူ ထောင်ပေါင်းများစွာ ဘေးဒုက္ခ ခံစားခဲ့ရပါတယ်။ 💔💔

တကယ်တော့ ဘဝကြီးက မညှာမတာ ရက်စက်လွန်းပါတယ်ဗျာ။ တူရကီမှမဟုတ်ပါဘူး...ကမ္ဘာတစ်ဝှမ်း ဘေးဒုက္ခရောက်နေသူ တစ်ဦးတစ်ယောက်ချင်းစီအတွက် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။ 💔🤲🙏

Photo Crd Twitter’s

Address

Bahan
Yangon
11201

Opening Hours

Monday 08:30 - 02:30
Tuesday 08:30 - 02:30
Wednesday 08:30 - 02:30
Thursday 08:30 - 02:30
Friday 08:30 - 02:30
Saturday 08:30 - 02:30
Sunday 08:30 - 02:30

Telephone

+959673161606

Website

Alerts

Be the first to know and let us send you an email when 𝙇𝙪𝙘𝙠𝙮 𝙂𝙤𝙖𝙡 𝙁𝙤𝙤𝙩𝙗𝙖𝙡𝙡 𝘼𝙜𝙚𝙣𝙩 - 𝙇𝙂𝙁𝘼 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝙇𝙪𝙘𝙠𝙮 𝙂𝙤𝙖𝙡 𝙁𝙤𝙤𝙩𝙗𝙖𝙡𝙡 𝘼𝙜𝙚𝙣𝙩 - 𝙇𝙂𝙁𝘼:

Shortcuts

Share

Category