UTN Bicycle မှ အထူးကျေးဇူးတင်ရှိလွှာ
UTN Bicycle ရဲ့ ဆိုင်မျက်နှာစာအတွက် လိုအပ်နေတဲ့ ဆိုင်းဘုတ်ကို ကိုယ်တိုင်ကိုယ်ကျ စိတ်စေတနာအပြည့်နဲ့ လှလှပပ တပ်ဆင်ပေးသွားတဲ့ Diamond Signwork ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။
အလုပ်ကိစ္စထက် ခင်မင်မှုနဲ့ မေတ္တာကို ရှေ့ထားပြီး အားတက်သရော ကူညီပေးခဲ့တဲ့အတွက် UTN Bicycle မိသားစုမှ တကယ်ကို ဝမ်းသာပီတိဖြစ်ရသလို ကျေးဇူးတင်ရပါတယ်ရှင်။
ဒီလို စေတနာကောင်းတဲ့ Diamond Signwork ရဲ့ လုပ်ငန်းတွေလည်း အဆပေါင်းများစွာ ဒီထက်မက တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ✨
UTN Bicycles
It is our longstanding commitment to being the hub of the cycling community. Imported Quality Bicycles. Delivery to your house (Yangon only)
Established in 1995, the UTN bicycle family brings added value to our customers with quality products ranging from bicycles to children accessories exported from China and Japan.
01/05/2026
အလုပ်သမားနေ့ အားလုံးကို ဂုဏ်ပြုအပ်ပါသည် 🙌
UTN Bicycle မိသားစုမှ
နေ့စဉ်ကြိုးစားပမ်းစား အလုပ်လုပ်နေကြသော အလုပ်သမားများအားလုံးကို လေးစားဂုဏ်ယူစွာဖြင့် အားပေးချီးမြှင့်ပါသည်။
သင်တို့ရဲ့ ကြိုးစားမှုတိုင်းဟာ လူ့အသိုင်းအဝိုင်းကို တိုးတက်အောင် ပြုလုပ်နေပါတယ်။
ပင်ပန်းမှုတိုင်းမှာ အားအင်ရှိပြီး အောင်မြင်မှုများ ဆက်လက်ရရှိပါစေ ✨
— UTN Bicycle Family ❤️
#အလုပ်သမားနေ့
30/04/2026
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် အထူးခြားဆုံးနှင့် အမွန်မြတ်ဆုံးနေ့တစ်နေ့ဖြစ်သောကြောင့်၊ ဤနေ့တွင် ဘုရားဖူးခြင်း၊ သီလဆောက်တည်ခြင်း၊ တရားနာခြင်း၊ ဘာဝနာပွားများခြင်းစသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြသည်။ ထို့ပြင်၊ ကဆုန်လပြည့်နေ့တွင် ဘုရားကျောင်းကန်များ၌ ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူခြင်း၊ ညောင်ရေသွန်းခြင်းစသည့် ယဉ်ကျေးမှုဓလေ့များကိုလည်း ဆင်နွှဲကြသည်။
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဘဝမှတ်တိုင်သုံးခုစလုံး တိုက်ဆိုင်စွာ ဖြစ်ပေါ်ခဲ့သောကြောင့်၊ ဤနေ့တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်အား ကြည်ညိုသဒ္ဓါတရားများ ပိုမိုနက်ရှိုင်းစေသည်။ ထို့ကြောင့်၊ ကဆုန်လပြည့်နေ့တွင် ဆုတောင်းခြင်းသည်လည်း ထူးခြားသော အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။
ကဆုန်လပြည့်နေ့အတွက် ဆုတောင်း
ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်အား ကြည်ညိုမြတ်နိုးကြောင်း ပြသခြင်းဖြစ်သလို၊ မိမိတို့၏ စိတ်နှလုံးများလည်း အေးချမ်းသာယာမှု ရရှိရန် ဆုတောင်းခြင်းလည်းဖြစ်သည်။ ကဆုန်လပြည့်နေ့အတွက် ဆုတောင်းစကားများမှာ-
ဗုဒ္ဓမြတ်စွာဘုရားရှင်၏ တရားတော်များကို ဆက်လက်ထိန်းသိမ်းနိုင်ပါစေ။
ကိုယ်ကျင့်တရားများ ကောင်းမွန်စေရန် ကျင့်ကြံအားထုတ်နိုင်ပါစေ။
စိတ်နှလုံးများ အေးချမ်းသာယာမှု ရရှိပါစေ။
လိုအင်ဆန္ဒများ ပြည့်ဝပါစေ။
ဘေးအန္တရာယ်ကင်းဝေးပါစေ။
ကျန်းမာရေးကောင်းမွန်ပါစေ။
ချမ်းသာကြွယ်ဝပါစေ။
ပညာတတ်ပါစေ။
လူမှုဆက်ဆံရေးကောင်းမွန်ပါစေ။
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့ ငြိမ်းချမ်းကြပါစေ။
ကဆုန်လပြည့်နေ့တွင် ဆုတောင်းခြင်းသည် မိမိတို့၏ စိတ်နှလုံးများ အေးချမ်းသာယာမှု ရရှိရန်နှင့် လိုအင်ဆန္ဒများ ပြည့်ဝရန် အထောက်အကူပြုသည်။
29/04/2026
နယ်အော်ဒါ အမှာလေးများ ကို မြန်ဆန်မှန်ကန်စွာပို့ဆောင်နိုင်ရေး ဝန်ထမ်းလေးများမှ ကြိုစားဆောင်ရွက်နေကြစဉ်
28/04/2026
နယ်ပို့လေးတဖြတ် နေအရမ်းပူတယ်နော် ဦးထုပ်ဆောင်း ရေသောက်နော် ကလေးတို့ သဘာဝပေမဲ့ အကြောင်းကေါင်းလေးတွေဖြည့်မှပါ
28/04/2026
https://www.instagram.com/p/DXq6zvED2tx
နယ်ပို့လေးတဖြတ် ….နေအရမ်းပူတယ်နော် ဦးထုပ်ဆောင်းကလေးတို့ သဘာဝပေမဲ့အကြောင်းကေါင်းလေးဖြည့်မှ နော်
25/04/2026
UTN Bicycle တို့တစ်ဖွဲ့လုံး Royal Green River သင်္ဘောကြီးပေါ်မှာ တစ်ဝကြီး Chill ပြီး အပန်းဖြေခရီးစဉ်🚢✨
အလုပ်တွေချည်းပဲ လုပ်နေရင် စိတ်ပင်ပန်းရတယ်လေ။ ဒါကြောင့် အဖွဲ့သားတွေအားလုံး စိတ်လက်ပေါ့ပါးသွားအောင် မြစ်ပြင်ကျယ်ကြီးထဲမှာ လေညင်းခံရင်း ဒီအပန်းဖြေခရီးစဉ်လေးကို ဖန်တီးလိုက်တာပါ။ 🌊
သင်္ဘောပေါ်က ရှယ် Buffet အစုံအလင်ကိုလည်း အားရပါးရ စားလိုက်ကြတာဆိုတာ ဗိုက်ရော စိတ်ရော အပြည့်ပဲ! 😋 နေဝင်ဆည်းဆာ အလှကိုကြည့်ရင်း အချင်းချင်း စနောက်ရယ်မောခဲ့ကြတဲ့ အမှတ်တရတွေက တကယ်ကို တန်ဖိုးရှိလှပါတယ်။ 🌅📸
ဒီလိုမျိုး အပန်းဖြေရင်း အားအင်တွေ Recharge လုပ်ပြီးပြီဆိုတော့ Customer တို့အတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေပေးဖို့ UTN Bicycle တို့ အသင့်ပါပဲ။ ကျွန်မတို့အဖွဲ့သားတွေ ဘယ်လောက်တောင် ပျော်ပျော်ပါးပါး ကဲခဲ့ကြလဲဆိုတာ ပုံလေးတွေကို ကြည့်ပေးပါ ❤️🚴♂️
💪✨
21/04/2026
🚲 ၆ သိန်းကျော်ကစပြီး စိတ်ကြိုက်ရွေးချယ်နိုင်မယ့် Fixie အသစ်များနှင့် UTNမှာ ရောက်ရှိနေပါတယ်
ခုံ (Saddle) နဲ့ ခြေနင်း (Pedal) တွေတောင် မတပ်ရသေးဘူး... ဒါပေမဲ့ အခုရောက်ထားတဲ့ ဘီးတွေရဲ့ Frame ကာလာနဲ့ အချိုးအစားတွေက မြင်ရုံနဲ့တင် ရင်ခုန်စရာကောင်းနေပါပြီ။ UTN Bicycle မှာ Fixie ဝါသနာအိုးတွေအတွက်ရော၊ သာမန်စီးမယ့်သူတွေအတွက်ပါ ရွေးချယ်စရာတွေ အစုံရှိနေပါတယ်။
✨ သင့်အတွက် ဘယ်လိုဘီးမျိုးက အသင့်တော်ဆုံးလဲ?
၁။ ၆ သိန်းကျော်ဝန်းကျင်နဲ့ အသစ်စက်စက်စီးမလား? (China New) 🇨🇳
Fixie ကို ဘတ်ဂျက် အသင့်အတင့်နဲ့ အသစ်စက်စက်မှ စီးချင်သူတွေအတွက် ၆ သိန်းကျော် ဝန်းကျင်နဲ့ ရနိုင်မယ့် တရုတ်ဘီး အသစ်တွေရှိပါတယ်။ ဒါကတော့ ဈေးနှုန်းအရမ်းတန်သလို အစပြုစီးမယ့်သူတွေအတွက် အဆင်ပြေဆုံး ရွေးချယ်မှုဖြစ်မှာပါ။
၂။ အရည်အသွေးကိုမှ အသားပေးမလား? (Japan Quality) 🇯🇵
"အရိုးကောင်းမှ အသားလှ" တဲ့ ဂျပန်ဘီးတွေကတော့ ရေရှည်အတွက် တကယ့်ကို တန်ပါတယ်။ ဂဟေဆက်ကအစ ဆေးသားအဆုံး ဂျပန်တွေရဲ့ အနုစိတ်မှုကို မတပ်ရသေးတဲ့ အစိတ်အပိုင်းတွေကို ကြည့်ရုံနဲ့ သိသာပါတယ်။ လမ်းပေါ်တင်လိုက်တာနဲ့ ပေါ့ပါးသွက်လက်တဲ့ Premium ခံစားချက်ကို ပေးစွမ်းနိုင်မှာပါ။
❤️ ဘာကြောင့် UTN Bicycle ကို ရွေးချယ်သင့်သလဲ?
စက်ဘီးတစ်စီးဝယ်မယ်ဆိုရင် ဘေးကင်းဖို့၊ သုံးရအဆင်ပြေဖို့နဲ့ စျေးနှုန်းသက်သာဖို့ အရေးကြီးပါတယ်။ ဒီသုံးချက်လုံးကို UTN မှာ တစ်ပြိုင်နက်တည်း ရနိုင်ပါတယ်။
🔰 ဘေးကင်းမှု အာမခံ: ခိုင်ခံ့တဲ့ ဖရိန်နဲ့ အစိတ်အပိုင်းတိုင်းကို စိစစ်တပ်ဆင်ထားပါတယ်။ Installation ကို အသင့်စီးအနေအထားအထိ စစ်ဆေးပေးထားလို့ လမ်းမရွေး စိတ်ချစွာ စီးနိုင်ပါတယ်။
🔰 သုံးရလွယ်ကူ – တာရှည်ခံ: မြန်မာလမ်းအခြေအနေနဲ့ ကိုက်ညီတဲ့ Quality ဖြစ်ပြီး တစ်ခါဝယ်ရုံနဲ့ နှစ်ပေါင်းများစွာ အသုံးပြုနိုင်ပါတယ်။
🔰 စျေးနှုန်းသင့်တင့်: Grade A Quality စက်ဘီးများကို စျေးနှုန်း ၂ သိန်းကျော်မှ စတင် ရရှိနိုင်ပါတယ်။ စျေးသက်သာပေမဲ့ Quality ကို 100% အာမခံပါတယ်။
🎯 ကျောင်းသွား • အလုပ်သွား • အားကစား • ခရီးသွား ဘယ်လိုအသုံးပြုမဆို သင့်လိုအပ်ချက်အလိုက် စက်ဘီးအမျိုးမျိုးကို instock ရှိထားလို့ စောင့်ဆိုင်းစရာ မလိုပါဘူး။
💎 အထူးဝန်ဆောင်မှုများနှင့် ဆက်သွယ်ရန်
🤝 လက္ကားဝယ်ယူသူများအတွက် အထူးစျေးနှုန်း နှင့် Delivery Free။
🏢 Company များနှင့် Corporate Contract လက်တွဲဆောင်ရွက်နေပါသည်။
💳 KBZ Pay / Wave / CB Pay / AYA Pay / Yoma Pay (Percent ပေးရန်မလို)။
🚛 ရန်ကုန်မြို့အတွင်း အိမ်ရောက်ငွေချေစနစ်၊ နယ်မြို့များသို့လည်း ငွေလွှဲဝင်ပြီးနောက် ပို့ဆောင်ပေးပါသည်။
📍 ဆိုင်လိပ်စာ:
အမှတ် (9-14)၊ နတ်တောလမ်း၊ အ.ထ.က (၃) ကျောင်းရှေ့၊ ဂရန်းဟံသာဆေးရုံအနီး၊ ဆင်မလိုက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
📞 Phone: 09-5106110
"ကိုယ့်စိတ်ကြိုက် စတိုင်လ်ကို ဈေးနှုန်းအလိုက် UTN Bicycle မှာ စိတ်ချလက်ချ ရွေးချယ်လိုက်ပါ"
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
Nar Nat Taw Street
Yangon
11041
Opening Hours
| Monday | 08:30 - 17:00 |
| Tuesday | 08:30 - 17:00 |
| Wednesday | 08:30 - 17:00 |
| Thursday | 08:30 - 17:00 |
| Friday | 08:30 - 17:00 |
| Saturday | 08:30 - 17:00 |
| Sunday | 09:00 - 17:00 |