14/04/2020
"လူစုလူဝေးပြုလုပ်ခဲ့တဲ့ တရားဟောဆရာ ဦးစောဒေးဗစ် အပါအဝင် လေးဦးကို အမှုဖွင့်"
နေပြည်တော်၊ဧပြီလ - ၁၄ရက်။ရောဂါဖြစ်ပွားစေနိုင်တဲ့ လူစုလူဝေးပြုလုပ်ခဲ့တာကြောင့် တရားဟောဆရာ ဦးစောဒေးဗစ် အပါအဝင် လေးဦးကို အမှုဖွင့်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်လိုက်ပါတယ်။
သည်ကနေ့ ဧပြီလ ၁၄ ရက်နေ့ ရက်စွဲနဲ့ ကော်မတီက ထုတ်ပြန်လိုက်တာပါ။
ဦးစောဒေးဗစ်(တရားဟောဆရာ)နဲ့ ဦးဝေထွန်း(နဝရတ် တေးသံသွင်း)တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ မရမ်းကုန်း မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
ဦးစောကွယ်ဝါး(သင်းအုပ်ဆရာ) နဲ့ အမှုတော်ဆောင် ဦးစောရေဂန်ဒီ တို့ကိုတော့ အင်းစိန် မြို့မရဲစခန်းမှာ အမှုဖွင့် ထားတယ်လို့ သိရပါတယ်။
12/04/2020
Covid-19
China Silei Thiamsang Hna le Yangon Sizung Pi Uktu Dr. YI YI MYINT caihhmaimi.
တနေ့ကနဲ့ ဒီနေ့ ယူနန်အဖွဲ့နဲ့တွေ့တဲ့ကိစ္စ. review ရေးပါမယ်
+ စောစောရှာ, သတင်းပို့, သီးခြား Q လုပ်, ကုသမှုပေး
ထိတွေ့တာတွေဖော်ထုတ်
+လူစုလူဝေးမဖြစ်အောင်လုပ် ကန့်သတ် ပိတ်ပင်
+လက်ဆေး အပြင်ထွက်တာနဲ့ mask တပ်
+လေဝင်လေထွက်ကောင်းဖို့ အိမ်သန့်ရှင်းဖို့အရေးကြီး
+ထိတွေ့မှာများတဲ့နေရာတွေ ပိုးသတ်ပါ လှေကား လက်ရမ်း တံခါးလက်ကိုင် စားပွဲစသည်,
လမ်း, လေထဲ, လူပေါ် ပိုးသတ်ဆေးဖျန်းရန်မလို
+ Q တိုင်း swab ယူတယ် ကြားထဲမှာ နေမကောင်းရင် ဆေးရုံပို့ ၁၄ ရက် , (အဲ့တုန်းက ခု ၂၈ ဖြစ်သွား) , ပြည့်ရင် ၂၄ နာရီခြား ၂ ခါ swab ယူ - ve ဖြစ်မှပြန်ခိုင်း, ကုန်ကျစားရိတ် ကိုယ့်ဘာသာခံ, ဆင်းရဲမှ အစိုးရကပေး
+ ရပ်ကွက်ထဲကိုပြန်လာတဲ့လူတွေကို စောင့်ကြည့်ဖို့ အဖွဲ့တွေဖွဲ့ပေးထား လုံးဝအပြင်မထွက်ရ ကြားထဲမှာ အပူချိန်တက်လာရင် Swab လာယူပေး
+ အလုပ်ရုံလို လူစုတဲ့နေရာတွေမှာ အများကြီးကူးတတ်လို့ တိကျတဲ့ စည်းကမ်းတွေနဲ့ အလုပ်လုပ်ခိုင်းရမည်
+ လေအေးပေးစက် ဇကာတွေ ပိုးစုလို့ ဆေးဖျန်းဖို့လုပ်ရမယ်
+ သူတို့အမြင်လူတွေ မကြောက်ကြသေးဘူး ဒီ့ထက်ပညာပေးရဦးမယ်လို့မြင်တယ်တဲ့
သူတို့ဆီမှာ လူတွေစွဲနေအောင် လမ်းထောင့်တိုင်းမှာ Vinyl တွေ ဆွဲထားတယ်တဲ့ ရပ်ကွက်တိုင်းမှာ မနက် နေ့လည် ည သုံးကြိမ်အော်ခိုင်းတယ်တဲ့
+ Q နေရာတွေမှာ ထမင်းစားချိန် ရေချိုးချိန်လွဲဖို့အရေးကြီး
နောက် အခန်းထဲမှာဘဲနေရမည်
လိုတဲ့နေရာတွေ တနေ့ နှစ်ကြိမ် ပိုးသတ်ပေးရမည်
+ လိမ်လည်မှုကြောင့် ကူးစက်တာများသွားရင် ထောင် တနှစ်ခွဲ အမှု အကြီးအသေးအလိုက် လပ်ိုင်းချတာလည်းရှိ
+ ကားမှာ+ တွေ့ရင် ရှေ့ သုံးတန်း နောက်သုံးတန်း နဲ့ ဝန်ထမ်းတွေ swab စစ် ကျန်တာ Q
+ ဆေးဆိုင်မှာ paracetamol လာဝယ်တဲ့လူရှိရင် တခါတည်း HE စာရွက်ပေးလိုက်
+ မဖျားခင် (၂ ရက် ) တည်းက တခြားလူကို ကူးနေနိုင်ပီ
+ They said they worried about YGN.
ဆေးရုံကလူတွေ အတွက် သီးသန့် Gp တွေထဲ ထည့်ပေးပါမည်
30/03/2020
Belgium nu k*m 90 asimi nu cu Covid-19 zawtnak a ngei i a nunnak a liam.
Atu bantuk a nunnak a liam hi amah nih thawpeknak hman a duh lo caah asi.
A sibawi a chimhmi cu," A herhbikmi a no bikmi caah chia ko. Kei cu a dawhmi nunnak tling tein ka rak ngei ko cang," tiah a ti.
26/03/2020
တီးတိန်ပြည်သူ့ဆေးရုံက ကိုဗစ်၁၉ လူနာအမျိုးသားနဲ့ လေယာဉ်တစ်စီးတည်း လိုက်ပါခဲ့တဲ့ ခရီးသည် ၅၁ ဦးလုံးကို သက်ဆိုင်ရာ နေအိမ်အသီးသီးမှာ စောင့်ကြည့်ကြည့်ရှုမှုတွေ ပြုလုပ်ထားတယ်လို့ ကလေးမြို့ပြည်သူ့ဆေးရုံက ဒေါက်တာဂိုခန့်နွမ်က ဘီဘီစီကိုပြောပါတယ်။
ဒီ ၅၁ ဦးလုံးကို ကလေးမြို့နယ်ပြည်သူ့ဆေးရုံအနေနဲ့ ဆက်သွယ်လို့ရခဲ့ပြီး အားလုံးဟာ ဒီကနေ့မတ်လ ၂၆ ရက်နေ့အထိ ကျန်းမာရေး ကောင်းမွန်နေ တယ်လို့ သူက ဆိုပါတယ်။
မတ်လ ၁၅ ရက်နေ့က ရန်ကုန်ကနေ ကလေးမြို့ကို ပျံသန်းခဲ့တဲ့ မြန်မာ့လေကြောင်း ခရီးစဉ်မှာ ကိုဗစ်၁၉ လူနာနဲ့အတူ ဒီ ၅၁ ဦးထဲမှာ ကလေးမြို့နယ် ထဲက ခရီးသည် ၂၇ ဦးပါဝင်ပါတယ်။
"ကလေးမြို့နယ်ထဲက သူတွေလည်း ပါတယ်။ ရန်ကုန်၊ မော်လိုက်၊ မုံရွာ၊ ဟားခါး၊ တီးတိန်၊ ထန်တလန် အဲဒီဒေသကလူတွေလည်းပါတယ်။ အားလုံးကို နေအိမ်တွေမှာ ၁၄ ရက်ကြာနေဖို့ သေချာညွှန်ကြားထားပါတယ်။ ကျွန်မတို့ မြို့နယ်ထဲက သူတွေဆိုရင်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့အတူ သူတို့နေအိမ်တွေကို သွားတယ်။ သတိပြုလိုက်နာရမယ့် အချက်တွေရှိတယ်။ မိသားစုဝင်တွေလိုက်နာရမယ့်အချက်တွေရှိတယ်။ အဲဒါတွေရှင်းပြတယ်။ ကျွန်မတို့ကျန်းမာရေးဝန်ထမ်းတွေနဲ့ သူတို့နဲ့နေ့တိုင်းအဆက်အသွယ်မပြတ်ဘူး။ ရောဂါလက္ခဏာပေါ်လာတာနဲ့ ဆက်သွယ်ဖို့ ချက်ချင်း အကြောင်းကြားဖို့ပြောထားတယ်" လို့ ဒေါက်တာဂိုခန့်နွမ်က ပြောပါတယ်။
25/03/2020
Tidim Coronavirus a ngeimi pa a kalumnak!
24/03/2020
အစိုးရအနေနဲ့ လုပ်သင့်တာမှန်သမျှ၊ လုပ်ရမှာ မှန်သမျှ အကုန်လုပ်နေပါတယ်။
၃၃ ဉီး သတင်း မဟုတ်
-------------------------
၁။ လတ်တလော Messenger တွေမှာ ဖြန့်ဝေနေတဲ့ ၃၃ ဉီး Positive သတင်း လုံးဝ မဟုတ်ပါ။ လက်ရှိ အခြေအနေအထိ ထုတ်ပြန်ထားတဲ့ ၂ ဉီးသာ ရှိပါတယ်။ ကျန်းမာ/အားကစား ဝန်ကြီးဌာနအနေနဲ့ အမှန်အတိုင်း ထုတ်ပြန်ပေးလျက် ရှိပါတယ်။
၂။ မသေချာ၊ မရေရာတဲ့ သတင်းကို မဖြန့်ကြဖို့ မေတ္တာရပ်ခံပါတယ်။ Messenger ကနေ Voice file ကို Forward လုပ်ကြတာ ဖြစ်တဲ့အတွက် အသံပိုင်ရှင် အမျိုးသမီး ဘယ်သူလဲ ဆိုတာ လိုက်လို့ မရ ဖြစ်နေပါတယ်။ အစကို သိသူများ သတင်းပေးကြပါ။
ရန်ကုန်က ၁ ဉီး ကိစ္စ
-----------------------
၁။ မတ်လ ၂၂ ရက်နေ့က ရန်ကုန်လေဆိပ်ရောက်ပြီး မတ်လ ၂၂ ရက်နေ့မှာပဲ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
၂။ ကျန်းမာရေးကောင်းမွန်၊ ရောဂါလက္ခဏာ မပြပါ။ ဝေဘာဂီ အထူးကုဆေးရုံမှာ သီးခြားထားရှိ (isolation) ပြီး စနစ်တကျစောင့်ကြပ် ကုသနေပါတယ်။
တီးတိန် ၁ ဉီးကိစ္စ
-------------------
၁။ သူ့ကို ရန်ကုန်လေဆိပ်မှာ ကြိုခဲ့တဲ့ အစိုးရဌာနတစ်ခုက အမျိုးသမီးကို Home Quarantine ၁၄ ရက် ထားပါတယ်။
၂။ ရန်ကုန်-ကလေး တိုက်ရိုက် MNA လေကြောင်းခရီးစဉ်မှာ အတူတကွ စီးနင်းလိုက်ပါခဲ့တဲ့ အခြားခရီးသည်တွေကို စာရင်းနဲ့ တိုက်ဆိုင်ပြီး Home Quarantine ၁၄ ရက် ထားဖို့ ဆောင်ရွက်နေပါတယ်။ (ဒီ Message တွေ့ရင် အဲ့ဒီခရီးစဉ် လိုက်ပါခဲ့သူများ ကျန်းမာရေးဌာနနဲ့ အမြန်ဆုံး ဆက်သွယ်ဖို့ နှိုးဆော်ပါတယ်)
၃။ MNA လေယာဉ်ကို ပိုးသတ်တာတွေ စနစ်တကျ ဆောင်ရွက်နေပါတယ်။ လေယာဉ်မှာ လိုက်ပါခဲ့တဲ့ လေယာဉ် Crew ၅ ဉီးကို Home Quarantine ၁၄ ရက် လုပ်ထားပါတယ်။
လုပ်သင့်တာမှန်သမျှ အကုန်လုပ်
-------------------------------------
၁။ အစိုးရအနေနဲ့ လုပ်သင့်တာမှန်သမျှ၊ လုပ်ရမှာ မှန်သမျှ အကုန်လုပ်နေပါတယ်။ လူထု ပူးပေါင်းပါဝင်မှု အရေးကြီးပါတယ်။
၂။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အကြံပေးချက်တွေအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် COVID-19 ကို ကာကွယ်ပေးကြပါ။
Zaw Htay
19/03/2020
Coronavirus in a thimi hna ruak vui ning !!
An tuam hna, ruak takkholh a ngah lo, inn ah lawipi khawh asi lo, an ruak an vui hna hlanlo innchungkhar nih hmu a ngah lo.
Credit: AC
16/03/2020
Chin Ram Coronavirus Thawngthanh
14/03/2020
US president Donald Trump cu Coronavirus hneksaknak tuah asi. Aphi cu ni khat asiloah ni hnih chung ah a fiang lai tiah a chim. Atu lio ahcun a ngan a dam, a kihlum zong siningkel asi tiah a chimchap. President Trump hi kan hnu teah Coronavirus a ngeimi(Brazil Officials) hna he zaanriah an dumti i hmantlaknak zong an rak ngei.