09/04/2026
Royal Fitness Gym ၏ ချစ်ခင်လေးစားရပါသော မန်ဘာများရှင် -
💦💦၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်
ပွဲတော်ကာလအတွင်း Royal Fitness Gym branch အားလုံးကို အောက်ပါအတိုင်း ခေတ္တပိတ်ထားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
💦💦(၁၂.၄.၂၀၂၆) ရက်နေ့မှ (၁၉.၄.၂၀၂၆) ရက်နေ့အထိပိတ်ထားမည်ဖြစ်ပြီး
(၂၀.၄.၂၀၂၆) ရက်နေ့ (တနင်္လာနေ့)တွင်ပုံမှန်အချိန်အတိုင်းဖွင့်လှစ်သွားပါမည်။
အဆိုပါ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း မန်ဘာများ၏ လေ့ကျင့်ခန်းလုပ်ဆောင်မှု နစ်နာမှုမရှိစေရန်အတွက် ကျွန်တော်တို့ Royal Fitness Gym မှ ပိတ်ရက် (၆) ရက်အတွက် မန်ဘာသက်တမ်းကို အစားထိုး ပြန်လည်တိုးမြှင့်ပေးသွားမည် ဖြစ်ပါသည်။
💦💦မန်ဘာများအားလုံး အတာသင်္ကြန်အခါသမယမှာ ဘေးကင်းလုံခြုံစွာဖြင့် ပျော်ရွှင်ကြည်နူးနိုင်ကြပါစေကြောင်းနှင့် ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်🙏🙏🙏
☎️09795440817,09795270525
19/01/2026
✨ Better Version, Better Service at Royal Fitness! ✨
Royal Fitness မှာ အမြဲတမ်း Gym ကစားနေတဲ့ မန်ဘာများခင်ဗျာ... ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်နဲ့ အဆင့်မြင့် စက်ကိရိယာတွေနဲ့အတူ အကောင်းဆုံး ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကျွန်ုပ်တို့ ကြိုးစားနေပါတယ်။
ဒါကြောင့် လာမည့် [1.2.2026] မှစတင်ပြီး Royal fitness gym 1&2 Member Fee လစဉ်ကြေးအား (50,000)ကျပ် သို့ အနည်းငယ် ပြောင်းလဲတိုးမြှင့်လိုက်ရပါတယ်။
💪 ဈေးနှုန်းလေး အပြောင်းအလဲရှိသွားပေမယ့် သင်ရရှိမယ့် ကျန်းမာရေးရလဒ်နဲ့ ဝန်ဆောင်မှုကတော့ အရင်ထက် ပိုမိုပြည့်စုံနေမှာ အသေအချာပါပဲ။
ဒါကြောင့် ဈေးနှုန်းမပြောင်းခင်မှာ -
✅ Member သက်တမ်းတိုးချင်သူများ
✅ အဖွဲ့ဝင်အသစ် ဝင်ရောက်လိုသူများအနေနဲ့
ယခင်ဈေးနှုန်းဟောင်း (40,000)ကျပ် တည်းနဲ့ [31.1.2026] မတိုင်ခင်အထိ အမြန်ဆုံး လာရောက်အပ်နှံထားနိုင်ပါပြီ။
💪 ကျန်းမာကြံ့ခိုင်ပြီး လှပတဲ့ Body Structure ကို ပိုင်ဆိုင်ဖို့အတွက် Royal Fitness နဲ့အတူ အခုပဲ စတင်လိုက်ပါ။
📍 Gym 1 - တပင်ရွှေထီးလမ်း၊(၁၁)ရပ်ကွက်၊အရှေ့ဒဂုံမြို့နယ်။
Gym 2-အမှတ် (315) မေဓာဝီလမ်းမကြီး ၊သုနန္ဒာလမ်းဆုံအနီး၊ မြောက်ဥက္ကလာပမြို့နယ်။
📞 ဖုန်း - [09795440817,09795270525]
🕒 ဖွင့်လှစ်ချိန် -6:00am-12:00am
2:00pm- 9:00pm
12/12/2025
Royal fitness gym instock available
price-30,000/-ks
💪 Gym သမားတွေအတွက် Clean Snack ရွေးချယ်မှု – DAILY ME Granola 🍫🌰
Workout လုပ်ပြီးတိုင်း အားပြန်ဖြည့်ဖို့
မလိုအပ်တဲ့ Sugar များတဲ့ Snack မစားချင်ဘူးဆိုရင်
👉 DAILY ME Granola က Best Choice ပါ 🔥
✔️ Oats • Nuts • Seeds
✔️ Protein & Fiber ပါဝင်
✔️ Energy ကြာရှည်ပေး
✔️ Muscle recovery ကိုကူညီ
✔️ Fat control + Lean body support
စားသုံးနိုင်တဲ့ နည်းလမ်းများ
🥣 Yogurt / Milk နဲ့ မနက်စာ
🏋️ Post-workout snack
🍌 Fruit topping အနေနဲ့
👜 Gym bag ထဲထည့်သယ်လို့ရတဲ့ Clean Snack
Action Plan (Gym Lifestyle)
• Pre-workout → Granola + Banana
• Post-workout → Granola + Greek Yogurt
• Weight control → Portion ½–1 ခွက်သာ
• Muscle gain → Nut-rich flavor ရွေး
Dark Chocolate / Honey Almond / Trail Mix
👉 ကိုယ့် Goal နဲ့ကိုက်ညီတာကို ရွေးလိုက်ပါ 💥
Eat Clean. Train Hard. See Real Results
05/10/2025
🪔🪔Happy Thadingyut Festival🪔🪔
တနင်္လာနေ့ (၆.၁၀.၂၀၂၅) သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်ပါသောကြောင့် gym တစ်ရက်ပိတ်၍ အင်္ဂါနေ့ (၇.၁၀.၂၀၂၅) တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း သတိပေးအပ်ပါတယ်ခင်ဗျာ။
ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယတွင် Royal Fitness ၏ တန်ဖိုးထားရသော မန်ဘာများနှင့် မြန်မာပြည်သူ ပြည်သားများ စီးပွားဥစ္စများ ဒီရေအလား တိုးတက်ပါစေကြောင်းနှင့် ကပ်ရောဂါဘေးအပေါင်းမှ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ပါးကျန်းမာပျော်ရွှင်ပါစေကြောင်း Royal Fitness မိသားစုမှ ဆုတောင်းမေတ္တာ ပို့အပ်ပါတယ်ခင်ဗျ။
18/05/2025
“ဆရာ သမီး Diet လုပ်နေတာ ၊ အခုဆို ထမင်းအစား ကန်စွန်းဥနဲ့ ဝဥ ကြာဇံတွေပဲ စားဖြစ်တယ်။”
Trainer : တော်လိုက်တာ တစ်နေ့ ဘယ်နှစ်ကယ်လိုရီလောက် စားဖြစ်လဲ ?
“ ကယ်လိုရီတော့ မတွက်ဖြစ်ဘူးဆရာ
မနေ့ကတော့ Gym ကအပြန် ဆာဆာနဲ့ စားလိုက်တာ ကန်စွန်းဥ ရှစ်ဆယ်သားလောက် ကုန်သွားတယ်။ ဝဥ ကြာဇံကတော့ ဒီနေ့မှ ကြာညို့လေးနဲ့ ကြော်စားမလို့ “
Trainer be like :
16/05/2025
🚨ရာသီလာတဲ့အချိန်မှာ Gym ကစားလို့ ရလား 🚨
ဒါကတော့ အမျိုးသမီးတွေ အမေးများတဲ့
မေးခွန်း ဖြစ်ပါတယ်။ 🩸
✅တကယ်ကတော့ Menstruation ကာလမှာလဲ Gym ကစားလို့ ရပါတယ်။
ဒါပေမဲ့ အလာများတဲ့ရက်နဲ့ နာကျင်မှုအပြင်းထန်ဆုံး ပထမရက်တွေမှာတော့
တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။
ဆော့တဲ့အခါမှာလဲ Yoga , Walking , Stretching လို ကစားနည်းတွေ
ဆော့သင့်ပါတယ်။
အပြင်းအထန်ဆော့တာမျိုးကို ရှောင်ပေးပါ။
ရေဓာတ် ပြန်ပြန် ဖြည့်ပါ။
အဟာရပြည့်အောင် စားပါ။
▪️ဒါ့အပြင် Mensturation 🩸 လာတဲ့ အချိန်မှာ Gym ဆော့ရင် အခြားကောင်းကျိုးလေးတွေလဲ ရှိပါတယ်။
• သွေးလည်ပတ်မှု မြန်စေတယ်။
• မူးဝေခြင်းနဲ့ ရာသီခဲခြင်း လျော့နည်းစေတယ်။
• စိတ်ဖိစီးမှု ပျောက်ကင်းစေတယ်။
• Endorphins ထွက်ရှိတာမို့ စိတ်ကို သက် သောင့်သက်သာရှိစေတယ်။
ဒါကြောင့် Gym ကစားတဲ့အခါ ဘာတွေကို
ဆောင်ရမလဲ / ရှောင်ရမလဲ ရွေးချယ်နိုင်ပြီး
အမျိုးသမီးတို့ အနေဖြင့် ဗဟုသုတ ရမယ်လို့လဲ မျှော်လင့်ပါတယ်ရှင့် 🫶🤎
☎️ 📞09795440817,09795270525
📍🏠 အမှတ် (၁၁၉၆)ဦးဝိစာရလမ်းမကြီး(၄၂)ရပ်ကွက် ,ကတို့ဆိပ်မှတ်တိုင်အနီး,မြောက်ဒဂုံမြို့နယ်။
#အစဉ်အလာမပျက်royalfitness
06/04/2025
ငလျင်ဘေးအတွက်အကူညီများဆောင်ရွက်နိုင်ရေးအတွက်အလှူငွေများ လှူဒါန်းထားသော royal fitness gymနှင့်မန်ဘာများ၏ အလှူငွေ စာရင်းများမှာ …
Royal fitness gym founder
ဆရာပြည့်စုံကျော် - ၁,၀၀၀,၀၀၀/-
Royal fitness gym(2)
Trainer ဆရာမျိုးဇော်ထွန်း + မနွေးနွေး - ၁၀၀,၀၀၀
မဝင့်ဝါ-၇၀,၀၀၀/-
မနှင်းဝေကြည်-၅၀,၀၀၀/-
မမေဇင်လွင်-၃၀,၀၀၀/-
မချယ်ရီ-၅၀၀၀/-
ကိုနေလင်းထိုက်-၁၀,၀၀၀/-
ကိုပိုင်စိုးဟိန်း-၅၀၀၀/-
ကိုအောင်မြတ်ဇင်-၁၀၀,၀၀၀/-
မဇင်သီတာ-၃၀,၀၀၀/-
မစုစုစံ-၅၀,၀၀၀/-
မဇာလီ-၃၀,၀၀၀/-
ကိုဟိန်းထက်ဇော်-၅၀၀၀/-
ကိုကောင်းစံဝင်း-၅၀၀၀/-
မချစ်ငယ်-၁၀,၀၀၀/-
မဆွေဆွေဝင်း-၁၀၀,၀၀၀/-
Gym (1) အလှူငွေ-၉၅၆,၀၀၀/-
Gym(3)အလှူငွေ-၁,၅၆၀,၀၀၀/-
စုစုပေါင်းအလှူငွေ(၄,၁၁၆,၀၀၀)ကျပ်တိတိပါခင်ဗျာ
လှူဒါန်းပေးကြသောမန်ဘာများ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ...ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ...ကပ်ကြီးသုံးပါးမှလဲကျော်လွှားလွတ်မြောက်နိုင်ပါစေ...🙏🙏🙏🙏🙏
03/04/2025
"ငလျင်ဘေးအတွက် နိုင်သမျှ စုပေါင်းပါဝင် လှူဒါန်းကြပါစို့"
ယခုအခါမှာ ပြင်းထန်လှတဲ့ ငလျင်ဘေးကြောင့် မန္တလေး၊ စစ်ကိုင်း၊ အင်းလေးဒေသနှင့် အချို့သောမြို့တွေမှာ ကြီးမားတဲ့ထိခိုက်ဆုံးရှုံးမှုတွေ ကြုံတွေ့နေရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ များပြားလွန်းတဲ့ ဆုံးရှုံးမှုတွေ၊ ပြိုလဲပျက်စီးသွားရတဲ့ အသက်အိုးအိမ်ပေါင်းများစွာအတွက် အနည်းငယ်ဖြစ်စေ သက်သာရာရစေဖို့အတွက် ကျွန်တော့်တို့ Royal fitness gym branch(1,2&3) မှမန်ဘာများအနေဖြင့်ကျွန်တော်တို့နဲ့ပါဝင်ပြီးတတ်နိုင်သမျှ ကူညီလှူဒါန်းကြဖို့ နှိုးဆော်အပ်ပါတယ်ခင်ဗျာ။
ကျွန်တော်တို့ Royal fitness gym founder ဆရာပြည့်စုံကျော်မှ ငွေကျပ် ၁၀ သိန်း မတည်လှူဒါန်းပေးထားပါတယ်ခင်ဗျ🙏🙏🙏
30/03/2025
ဖုန်းအားသွင်းရန် အခက်ခဲဖြစ်သူများ မည်သူမဆို
Royal Fitness gym တွင် Gym ဖွင့်ရက်
တနင်္လာမှ စနေ့နေအထိ gym ပိတ်ရက်တနင်္ဂနွေနေ့မှလွဲ၍
မနက် ၆နာရီမှ နေ့လည်၁၁နာရီအတွင်း
ညနေ ၃နာရီမှ ည ၈နာရီအတွင်း
အခမဲ့လာရောက်ဖုန်းအားသွင်းနိုင်ကြပါတယ်ခင်ဗျ….
Gym1- အမှတ် (၆) တပင်ရွှေထီးလမ်းမကြီး, ဗိုလ်စောနောင်မှတ်တိုင်အနီး ,အရှေ့ဒဂုံမြို့နယ်
Gym 2- အမှတ် (၃၁၅) မေဓာဝီလမ်းမကြီး ,သုနန္ဒာလမ်းဆုံအနီး,မြောက်ဥက္ကလာပမြို့နယ်
Gym3- အမှတ် (၁၁၉၆)ဦးဝိစာရလမ်းမကြီး(၄၂)ရပ်ကွက် ,ကတို့ဆိပ်မှတ်တိုင်အနီး,မြောက်ဒဂုံမြို့နယ်
Contact ph....09795440817,09795270525
,2&3
29/01/2025
ကဲ ... gymmer တို့ရေ
Royal Fitness Gym မှာတော့
New Year New Price နဲ့ ဈေးနှုန်းလေးများ ပြောင်းလဲထားပါတယ် ခင်ဗျာ
1.2.2025 ရက်နေ့မှစ ပြောင်းလဲလိုက်သော update price , အကောင်းဆုံး promotion တွေနဲ့
အတူ ၃ လ free ရနိုင်တဲ့ Plan တွေပါ ဝယ်ယူပြီး Join နိုင်ပါပြီ
Update Member fees
📍 Daily - 10,000 Ks
📍 1 month - 40,000 Ks
📍 3 months -108,000 Ks -(10%)
📍 6 months -240,000 Ks (1 month free)
📍 1 year - 480,000 Ks (3 months free)
Royal Fitness gym-1 : တပင်ရွှေထီးလမ်း, (၁၁)ရပ်ကွက်, မြောက်ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့ ။
Royal Fitness gym-2 : အမှတ် 315, မေဒါဝီလမ်း, မြောက် ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ။
Phone : 09795440817,09795270525
29/10/2024
We’re Hiring…💸💸💸
Royal fitness gym (1)နှင့်လက်တွဲလုပ်ဆောင်ရန်
-အမျိုးသား ကျွမ်းကျင် Trainer (1) post နှင့်
Royal fitness gym(2)နှင့်လက်တွဲလုပ်ဆောင်ရန်
-အမျိုးသားAssistant Trainer(1) post
အားအမြန်ဆုံး ခေါ်ယူလျက်ရှိပါသည်။
⏱⏱⏱အလုပ်ချိန်- Full time ⏱⏱⏱
💸💸💸လစာ- ညှိနှိုင်း
-Trainerရှိအပ်သည့် knowledge &skill များရှိရပါမည်။
-Teamwork ဖြင့်အဆင်ပြေစွာလုပ်ကိုင်နိုင်ရမည်။လူမှုဆက်ဆံရေးကောင်းမွန်ပြီး မန်ဘာများအပေါ်ဂရုတစိုက်နှင့်စိတ်ရှည်စွာ နည်းပြပေးသူဖြစ်ရပါမည်။
-Royal Fitness မှချမှတ်ထားသောစည်းကမ်းများကိုတိကျစွာ လိုက်နာနိုင်သူဖြစ်ရပါမည်။
အလုပ်လျှောက်ထားလိုသူများသည်
Royal Fitness Gym (သို့ )လူကိုယ်တိုင်လာရောက်ပြီး လျောက်ထားနိုင်ပါသည်။
(1)CV formအပြည့်အစုံ
(2)Body အပြည့်ဓာတ်ပုံ 2ပုံ
အင်တာဗျူးဖြေရန်သင့်တော်သူများကိုရွေးချယ်ပြီး ပြန်လည်ဆက်သွယ်ပါမည်။အင်တာဗျူးဖြေဆိုအောင်မြင်သူများသည်ချက်ချင်းအလုပ်ဝင်နိုင်ရပါမည်။
gymတွင်နေထိုင်နိုင်သူများအား ဦးစားပေးခန့်ပါမည်။
အရှေ့ဒဂုံနှင့် မြောက်ဥက္ကာအတွင်းနေထိုင်သူများအား ဦးစားပေးခန့်ပါမည်။
fitness gym
our team
09795440817,09795270525