😞😞😞 🙏🙏🙏
RealArt Entertain-Dance
ဝါသနာရှင်တိုင်းအတွက် စစ်မှန်တဲ့ ခြေလှမ်းတွေဖြစ်ဖို့ အစဉ်အမြဲကြိုးစားနေပါတယ်...
Our RealArt is Your Real Step. RealArt Entertain-Dance
All in One Dance Steps..
* Dance Knowledge *
* Dance Training *
* Dance Videos *
* Dance Performance *
Our RealArt is Your Real Step.
05/03/2025
RealArt Entertain-Dance မှ ဂုဏ်ယူဝမ်းမြောက်စွာ Partanership အနေနှင့် လက်ခံစီစဥ်ပြုလုပ်ပေးသွားမယ့် အလှမယ်ပြိုင်ပွဲလေးတစ်ပွဲနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ကျွန်တော်တို့ RealArt Management Team နဲ့
Miss Universe Naypyitaw Organization တို့ပူးပေါင်းစီစဥ်ကျင်းပသွားမယ့်
Miss Universe Naypyitaw 2025 နှင့်
Miss Universe Hakha 2025 အလှမယ်များကို
ယခုလာမယ့် April လအတွင်းမှာ ရွေးချယ်ပွဲလေး ပြုလုပ်သွားမှာဖြစ်ပါတယ်။
ပြိုင်ပွဲဝင်လိုသူ ခင်ခင်ပျိုမဒီများအနေနဲ့လဲ
Miss Universe Naypyitaw official Page ရဲ့ Messenger မှာ ပြိုင်ပွဲဝင်ရန် လျှောက်လွှာများတင်လို့ရနေပါပြီ။
⏩ https://www.facebook.com/munpt117 ⏪
ပြိုင်ပွဲလေးကို နေပြည်တော်မှာ ပြုလုပ်မှာဖြစ်ပြီးတော့ စိတ်ပါဝင်စားသူလုပ်ငန်းရှင်များအနေနဲ့လည်း Sponsorship အနေဖြင့် အကျိုးတူပူးပေါင်းသွားရန်
နွေးထွေးပြူငှာစွာဖြင့် ဖိတ်ခေါ်ပါရစေခင်ဗျာ...။
ဒီပွဲလေးနဲ့ပက်သက်ပြီး Information များအားလုံးကိုလဲ Miss Universe Naypyitaw Official Page မှာသာမက ယခု ကျွန်တော်တို့ RealArt Page လေးမှလည်း အချိန်နှင့်တပြေးညီ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါတယ်။
See Ya Soon....Miss Universe in Naypyitaw City
Our RealArt is Your Real Step
03/03/2025
ကျွန်တော်တို့ RealArt ရဲ့ လှုပ်ရှားမှုလေးတွေ
ငြိမ်သက်နေခဲ့တာ 2020 ကတည်းကဆိုရင်
5 နှစ်ခန့်ကြာခဲ့ပါပြီ။
2025 ရဲ့ နှစ်စပိုင်း ယခုလာမယ့်
နေ့စွဲများမှာတော့ အရင်ကလှုပ်ရှုားမှုတွေနဲ့
ပုံစံမတူတဲ့ အနုပညာတွေနဲ့ ပက်သက်ပြီး
အကတွေအပြင် အခြားသော အနုပညာလမ်းကြောင်းတွေကို ကြိုးစားသွားဖို့ရှိပါတယ်။
ကျွန်တော်တို့လက်ကိုင်ထားခဲ့တဲ့ ဆောင်ပုဒ်လေးအတိုင်း ဝါသနာရှင်တွေအတွက် ခြေလှမ်းအသစ်တွေဖြစ်ဖို့ New Project လေးတစ်ခု မကြာခင်မှာ စတင်ပါတော့မယ်။
ခင်ခင်ပျိုတို့ အတွက် ရည်ရွယ်ပြီးတော့
များမကြာမီ ရက်ပိုင်းတွေအတွင်းမှာတင်
RealArt မှ အရင်ပုံစံတွေနဲ့မတူတဲ့
Project တစ်ခုကို Partnership အနေနဲ့ တစ်စိတ်တစ်ဒေသ
ပါဝင်ပြီး ကြီးမှုးကျင်းပပေးသွားမယ့် ပွဲလေးတစ်ပွဲ
စီစဥ်နေပါပြီ...။
ဆက်လက်စောင့်မျှော်ပေးကြပါဦးခင်ဗျာ...❤
Our RealArt is Your Real Step.
24/10/2020
အက ဝါသနာပါသူများ စပိန်သံရုံးက ပြုလုပ်ပေးမယ့် Online Workshop လေးပါ။ Free လေ့လာခွင့်ရမှာပါ... စိတ်ဝင်စားများ Join နိုင်ပါတယ် ..အသေးစိပ်ဖတ်ပြီး သူတို့ ပေးထားတဲ့ link ထဲမှာ register လုပ်ထားလိုက်ရုံပါပဲ.... ခင်ဗျာ...
အကဝါသနာပါသူများ အိမ်မှာ ဒီတိုင်းနေနေမယ့်အစား ဒီ workshop လေး တက်လိုက်ရရင် အကျိုးတစ်ခုခုတော့ ရှိစေမှာပါ....
စိတ်ရင်းစေတနာဖြင့်
RealArt
¿Will you dance with us? 💃🕺
The Embassy of Spain and the Spanish Agency for International Cooperation (AECID) present an Online Dance Workshop led by the Spanish company Marcat Dance, dedicated to sharing their creativity and joy of movement through performance, creation and the teaching.
The workshop is free and will be held in English on Thursday, October 29 from 3:30 p.m. to 4:45 p.m. (Myanmar time). Those interested can register at the following link: 👇👇https://zoom.us/meeting/register/tJcrcOGqrTosHNMSrJ-DFLTe07OpsGirvoLZ
*************************************************
¿Bailas? 💃🕺
La Embajada de España y la Agencia Española de CooperaciónInternacional (AECID) presentan el TALLER ONLINE DE DANZA a cargo de la compañía española Marcat Dance, que se dedica a compartir su creatividad y su alegría de movimiento a través del espectáculo, de la creación y de las enseñanza.
El taller es gratuito y se impartirá en inglés el jueves, 29 de octubre de 15:30 a 16:45 horas (hora de Myanmar). Los interesados pueden registrarse en el siguiente enlace: 👇👇
https://zoom.us/meeting/register/tJcrcOGqrTosHNMSrJ-DFLTe07OpsGirvoLZ
မေး။ ။အိမ်မှာ ပျင်းနေရင် ဘာလုပ်ကြမလဲ?
ဖြေ။ ။ ဟုတ်ကဲ့ ဒီသီချင်းလေးကိုဖွင့်ပြီး
ကျွန်တော်တို့နဲ့တူတူ လိုက်ကလိုက်ပါ။
ကိုယ်ခံအားကောင်းနေဖို့အတွက် ကိုယ်လက်လှုပ်ရှားပြီး
လေ့ကျင့်ခန်းတွေ များများလုပ်ကြပါ။
အိမ်ထဲမှာ ထိုင်းမှိုင်းလေးလံပြီး စိတ်ညစ်နေမယ့်အစား
ပျော်ပျော်နေပြီး ချွေးထွက်သွားအောင် က ပစ်လိုက်ပါ။
အခုအချိန်မှာ က တတ်သည်ဖြစ်စေ မက တတ်သည်ဖြစ်စေ
ခန္တာကိုယ်လှုပ်လှုပ်ရှားရှား ရှိနေဖို့က ပိုအရေးကြီးပါတယ်။
ကျွန်တော်တို့လဲ ဘယ်မှမသွားပဲ Studio မှာ နေရင်းနဲ့ အက တွေ သင်ပေးသွားပါမယ်။
RealArt Entertain-Dance ဆိုတဲ့ Page လေးကိုသာ Like and See First လုပ်ထားလိုက်ပါ။
ဒါနဲ့စကားမစပ် ပြီးခါနီး 2:13 လေးက အဓိက အသက်ပေါ့နော်😍
Music from Youtube
⬇⬇⬇
https://youtu.be/-oSF3hAg3SE
စိတ်ရင်းစေတနာအမှန်ဖြင့်….
Our RealArt is Your Real Step.
Hip Hop Dance Moves Tutorial
*******************************
How to dance the Bart Simpson
(Hip Hop 01)
ယခု သင်ကြားပေးထားတဲ့ အက Video လေးကနေ ဗဟုသုတတွေရခဲ့တာပဲဖြစ်ဖြစ် ကကွက်လေးတွေ ရခဲ့တာပဲဖြစ်ဖြစ် ဝါသနာရှင်တွေအတွက် တစ်ခုခု အကျိူးရှိစေခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ video လေးကို အခြားဝါသနာပါတဲ့သူတွေကိုလည်း ပြန်လည်မျှဝေပေးသွားပါဦးခင်ဗျာ...။
ဒီ Video လေးမှာပါဝင်တဲ့ သီချင်းလေးကတော့ Youtube မှာရှိတဲ့ Old School Hip Hop Instrumental လေးကိုအသုံးပြုထားတာဖြစ်ပါတယ်။သီချင်းLink လေးကိုလဲ အောက်မှာထည့်ပေးထားပါတယ်ခင်ဗျာ...။
https://youtu.be/gkroF7ML0KI
ကျွန်တော်တို့ သင်ကြားပေးခဲ့တဲ့ Video လေးကနေ ဘာတွေရလိုက်လဲ ဆိုတာလေးလည်း comment box မှာ ရေးပေးသွားပါဦးနော်။ ဒါမှနောက်ထပ်အကသင်ကြားပေးမယ့် Video လေးတွေဖန်တီးဖို့အတွက် ကျွန်တော်တို့အားဖြစ်စေမှာပါ...
Our RealArt is Your Real Step.
စိတ်ရင်းစေတနာအမှန်ဖြင့်….
30/08/2020
⚠ ကျွန်တော်တို့ RealArt ရဲ့ COVID 19 ကာကွယ်နည်းပါ။ ⚠
ပုံလေးတွေသာ တစ်ပုံချင်းစီ ကြည့်သွားကြပါ။
ပြောချင်တာကတော့ Studio ငှားရမ်းချင်သူများရော၊ သင်တန်းတက်ရောက်လိုသူများပါ ကျွန်တော်တို့ Studio မှာ စိတ်ချ လက်ချနဲ့ အကတွေ လေ့ကျင့်လို့ရပါတယ်။
ကျွန်တော်တို့ Studio တစ်ခုလုံးကို နေ့စဥ်နေတိုင်း သန့်ရှင်းရေးလုပ်ပြီး ဆေးတွေဖြန်းနေပါတယ်။
တစ်ခုတော့ရှိပါတယ် ပုံလေးတွေထဲကအတိုင်း ကျွန်တော်တို့နဲ့တူတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့တော့ လိုပါတယ်။
🔥 အပြင်က ပိုးမွှားတွေကပ်ပါလာခဲ့ရင်တောင် Studio ရောက်တာနဲ့ ပိုးမွှားကင်းစင်သွားအောင် ဆောင်ရွက်နေပါတယ်။🔥
ဒီ ကူးစက်ရောဂါ က ကိုယ်ခံအားကောင်းနေဖို့က အဓိကဆိုတော့ ကိုယ်လက်လှုပ်ရှားဖြစ်နေဖို့လဲ အရေးကြီးပါတယ်။ ဒီတော့ အကတွေလေ့ကျင့်နေခြင်းကလဲ နည်းလမ်းတစ်မျိုးနဲ့ ကာကွယ်ခြင်းပါပဲ။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေများများလုပ်ကြပါ။(အဓိက ကျွန်တော်တို့ဆီမှာ လာ က ပါ 😊)
အိပ်ရေးဝဝ အိပ်ကြပါ။
အားရှိတဲ့ အစားအသောက်တွေစားသုံးကြပါ။
Vitamin C ဓာတ်အပြည့်အဝရှိနေပါစေ။
ဒီ Covid ကို ကျွန်တော်တို့ အတူတကွ တိုက်ထုတ်ကြပါမယ်။
ကြောက်စရာလဲ မလိုသလို လက်လွတ်စပယ်လဲ မနေသင့်ပါဘူး..။
စိတ်ရင်းစေတနာဖြင့်
Our RealArt is Your Real Step.
#ကာကွယ်နည်း
"ဝတဲ့သူ Sexy မက နိုင်ဘူးလို့ ဘူ ပြောလဲ 😁"
ဒါလေးကတော့ ကျွန်တော်တို့ RealArt ရဲ့ Trainer Century Tun နဲ့ Hip Hop Dancer Khine Tha တို့ အပျော်တမ်းကထားတာလေးပါ။
Popping Dance နဲ့ Hip Hop ကိုသာ က လေ့ရှိတဲ့ ဆရာ Century Tun ရဲ့ တမူထူးခြားဆန်းပြားတဲ့ Sexy Dance လေး😍..
Tik Tok မှာ နာမည်ကြီးနေတဲ့ သီချင်းနဲ့အကလေးတွေကို ပြန်လည်ဆန်းသစ်ထားတာပါ။
-CenturyTun
25/08/2020
Dancer တစ်ယောက်အတွက် ကကွက်တွေလေ့ကျင့်ဖို့အပြင် ဒီအချက် (၇)ချက်ကို လိုက်နာဖို့လည်း အရေးကြီးပါတယ်။
~~~~~~~~~~~~~~~~~
🔹 “အက”ကို တကယ်အရူးအမူး နှစ်သက်သူတွေ
🔹 “အကဟာ ဘဝတစ်ခုလုံးပါပဲ” လို့ သတ်မှတ်ထားသူတွေအတွက်
ဒီနေ့မှာတော့ Dancer တစ်ယောက်ဖြစ်လာဖို့ ကကွက်တွေ လေ့ကျင့်တာအပြင် စိတ်ထဲမှာ အရေးမကြီးပါဘူးဆိုပြီး သတ်မှတ်ထားတဲ့ ဘယ်အချက်တွေက ကတဲ့အခါ ဘယ်လောက်ထိအရေးပါလဲ ဆိုတာကို Tips (7)ခုနဲ့ Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်။
🔹 ဒီအချက် (၇)ချက်ကို မလိုက်နာဘူးဆိုရင် သင့်ရဲ့ အကစွမ်းရည်ဟာလည်း တဖြည်းဖြည်း ဆုတ်ယုတ်လာမှာမို့ Tip တစ်ခုချင်းစီကို သေချာဖတ်ပြီး လိုက်နာပေးဖို့ တိုက်တွန်းချင်ပါတယ်။
☑️ Stamina ကောင်းဖို့ လေ့ကျင့်ရမယ်။
အက ကတဲ့အခါမှာ သက်လုံ (Stamina) ကောင်းဖို့ လိုပါတယ်။ အမောမခံနိုင်ရင် Performance လုပ်တဲ့အခါ အသက်ရှူကြပ်တဲ့ Feeling ကိုပဲ စိတ်ကရောက်နေတဲ့အတွက် ကကွက်တွေအပေါ်မှာ အပြည့်အဝ စိတ်နှစ်နိုင်မှာမဟုတ်ပါဘူး။ လေမဝလို့ အားရပါးရလေရှူသွင်းရတဲ့ Face Expression ကလည်း ကြည့်ရတာအဆင်မပြေပါဘူး။ ဒါကြောင့် ကတဲ့နေရာမှာ အမောခံနိုင်ဖို့အတွက် အသက်ရှူလေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ တရားထိုင်တာတွေအပြင် နေ့တိုင်းပုံမှန်လမ်းလျှောက်တာ၊ ပြေးတာတွေကို လုပ်ပေးပါ။ အစပိုင်းမှာ ကိုယ်လုပ်နိုင်သလောက် Speed နဲ့ ဆယ့်ငါးမိနစ်၊ နာရီဝက်လောက်လုပ်ပြီး ရက်တွေကြာလာတဲ့အခါ ကိုယ်လေ့ကျင့်တဲ့နှုန်းကို တဖြည်းဖြည်းချင်းတိုးလာပါ။ သက်လုံကောင်းစေဖို့ အရေးကြီးတဲ့နောက်တစ်ချက်က ပုံမှန် အကလေ့ကျင့်ပေးပါ။ တစ်ရက်လေ့ကျင့်ပြီး နောက်ရက်မလေ့ကျင့်တော့တာမျိုး မလုပ်ဘဲ တစ်ပတ် ဘယ်နှရက်၊ တစ်ရက် ဘယ်နှနာရီ စသဖြင့် အချိန်တစ်ခုသတ်မှတ်ပြီး အစဥ်တစိုက် လေ့ကျင့်ပေးပါ။ နှလုံးကို ပုံမှန် Training လုပ်ပေးသလိုမျိုးဖြစ်တာကြောင့် ကတဲ့နေရာမှာ အမောခံနိုင်လာပါလိမ့်မယ်။
☑️ ပုံမှန် အကြောလျှော့ပေးရမယ်။
Dancer သမားတစ်ယောက်ဟာ အကြောလျှော့တာမျိုး ပုံမှန်မလုပ်ဘူးဆိုရင် ကြွက်သားတွေက တောင့်တင်းပြီး ကတဲ့အခါ Body Movement တွေက ပျော့ပျောင်းမှုမရှိဘဲ တောင့်တောင့်ကြီး ဖြစ်နေမှာပါ။ ပေါင်ကားရမဲ့နေရာမှာ မကားနိုင်တာမျိုး၊ ကကွက်ကျိုးရမဲ့နေရာမှာ တောင့်နေတာမျိုးနဲ့ ကြုံရနိုင်ပါတယ်။ အကြောပုံမှန်လျှော့ပေးတဲ့အခါ ခန္ဓာကိုယ်ထဲက အပူတွေထွက်ပြီး ပေ့ါပါးလန်းဆန်းစေတဲ့အပြင် ကြွက်သားတွေရဲ့ သွေးစီးဆင်းမှုကိုလည်း ကောင်းမွန်စေပါတယ်။ ကွေးလိုရာကွေး၊ ဆန့်လိုရာဆန့် ခန္ဓာကိုယ်ကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်မှာဖြစ်သလို ကြွက်သားနဲ့ အကြောတွေလျော့ပြီး ခန္ဓာကိုယ်ပျော့ပျောင်းနေရင် ကကွက်တွေလေ့ကျင့်တဲ့နေရာမှာလည်း ပိုပြီးလွယ်ကူပါလိမ့်မယ်။
☑️ အစားအသောက်ကို ဂရုစိုက်ရမယ်။
အကကောင်းကောင်းကနိုင်ဖို့ အစားအစာကို အာဟာရမျှတစွာ စားပေးဖို့လည်း အရေးကြီးပါတယ်။ အသားနဲ့ငါးကြီးပဲ မစားဘဲ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေလည်း များများစားပေးသင့်ပါတယ်။ မနက်စာကိုဂရုစိုက်ပြီးစားပေးပါ။ Cereal ၊ ကြက်ဥ၊ အသီးဖျော်ရည်၊ သစ်သီးဝလံ၊ ပဲ၊ ဂျုံ၊ ပေါင်မုန့်တွေကို မနက်စာအဖြစ် စားပေးသင့်ပါတယ်။ ကယ်လ်လိုရီများတဲ့အစားအစာ၊ အဆီ၊ အစိမ့်တွေဟာ ကိုယ်အလေးချိန်တက်နိုင်တာကြောင့် လျှော့စားပေးပါ။ ကိုယ်အလေးချိန် တက်လာတဲ့အခါ ခန္ဓာကိုယ်က လေးပြီး Movement တွေကနှေးကွေးကုန်မှာပါ။ ကတဲ့အခါ ချွေးအများကြီးထွက်တဲ့အခါ ချွေးနဲ့အတူ ကုန်ဆုံးသွားတဲ့ရေဓာတ်ကိုပြန်လည် အားဖြည့်ပေးဖို့လိုတာကြောင့် နေ့တိုင်း ရေများများသောက်ပေးသင့်ပါတယ်။ ဒီအပြင် အချိုရည်နဲ့ ဓာတ်ဆားကိုလည်း သောက်လို့ရပါတယ်။
☑️ အိပ်ချိန်မှန်ရမယ်။
Dancer တစ်ယောက်အတွက် အိပ်ရေးဝ/မဝဆိုတာဟာ သိပ်ကိုအရေးပါပါတယ်။ အိပ်ရေးမဝဘဲ အိပ်ချိန်မမှန်တဲ့အခါ ကရမဲ့ကကွက်တွေအပေါ် သေချာအာရုံမစိုက်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ Memory စုစည်းနိုင်စွမ်းနည်းပြီး ကကွက်အသစ်တွေ သင်ယူတဲ့နေရာမှာ သူများထက်နှောင့်နှေးတာမျိုး ဖြစ်နိုင်တာကြောင့် Dancer တစ်ယောက်အတွက် အိပ်ချိန်မှန်ဖို့ လိုပါတယ်။ အိပ်ချိန်နည်းတဲ့အခါ အင်အားဆုတ်ယုတ်စေတဲ့အတွက် အမောမခံနိုင်တာမျိုးပါ ဖြစ်စေပါတယ်။ ဒါကြောင့် ပုံမှန် တစ်နေ့ ၇နာရီလောက်အိပ်ပေးဖို့ လိုအပ်ပါတယ်။
☑️ Fashion အမြင်ရှိရမယ်။
ကိုယ့်ရဲ့ကကွက်တွေကို ပေါ်လွင်စေပြီး ကတဲ့အခါ သက်တောင့်သက်သာရှိစေမဲ့ အဝတ်အစားမျိုးကို ရွေးချယ်ပါ။ အဝတ်အစားရွေးချယ်မှု မှားယွင်းတဲ့အခါ ကကွက်တွေမပေါ်ဘဲ Performance က Attraction မရှိသလို ဖြစ်နေတတ်သလို ဝတ်စုံက Comfortable မဖြစ်တဲ့အခါ ကတဲ့နေရာမှာ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ Fashion ပိုင်းမှာ Foreign က Dancer တွေ ဘယ်လိုဝတ်သလဲဆိုတာ လေ့လာသင့်ပါတယ်။ ဒါပေမဲ့ တိုက်ရိုက်ကူးချပြီး လိုက်ဝတ်တာမျိုးတော့ ရှောင်ပါ။ Group နဲ့ကတဲ့အခါမျိုးမှာ ကိုယ်တစ်ယောက်ထဲနဲ့ လိုက်ဖက်တာမျိုးမဟုတ်ဘဲ Member တွေနဲ့ပါ လိုက်မဲ့ ဝတ်စုံမျိုးကို သေချာတိုင်ပင်ပြီးမှ ရွေးချယ်ဝတ်ဆင်ဖို့ အကြံပေးချင်ပါတယ်။
☑️ ဆေးလိပ်နဲ့ အရက်/ဘီယာတွေကို ရှောင်ပါ။
Dance Competition တွေမှာ ပြိုင်ခါနီး စိတ်လှုပ်ရှားလို့ စိတ်ကို လှုံ့ဆော်ပေးတဲ့အနေနဲ့ သွေးပူအောင် Alcohol နည်းနည်းသောက်လိုက်တာမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဂီတအပေါ် တကယ်စိတ်နှစ်ပြီး ကနိုင်တဲ့ Professional Dancer သမားတစ်ယောက်အနေနဲ့ ရပ်တည်မယ်ဆိုရင်တော့ Alcohol ကို (လုံးဝ)မသောက်တာ ကောင်းပါတယ်။ Alcohol ကြောင့် ကျန်းမာရေးထိခိုက်နိုင်ပြီး Stamina လည်းကျစေနိုင်ပါတယ်။ စိတ်ကိုညစ်ညူးစေသလို ခန္ဓာကိုယ်ကိုလည်း ဖောသွပ်လာစေပါတယ်။ ဆေးလိပ်လည်း ထိုနည်းတူပါပဲ။ သက်လုံမကောင်းစေတဲ့ အရာဖြစ်တာမို့ Dancer တွေအနေနဲ့ ဆေးလိပ်မသောက်တာ အကောင်းဆုံးပါပဲ။
☑️ အကပြိုင်ပွဲအစုံကို လေ့လာပါ။
အခြေခံကကွက်တွေကိုမသိဘဲ အကတစ်မျိုးတည်းကိုပဲ ထိုင်ကြည့်ပြီး သူများကတဲ့ပုံစံအတိုင်းပဲ လိုက်ကနေမယ်ဆိုရင်တော့ ကိုယ်ပိုင်ဟန်နဲ့ကနိုင်မယ့် Dancer တစ်ယောက် ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး။ နိုင်ငံတကာကရော ပြည်တွင်းက အကပြိုင်ပွဲမျိုးစုံကနေ ကကွက်တွေကို လေ့လာသင်ယူသင့်သလို ကကွက်တွေကိုတိုက်ရိုက်မကူးဘဲ ပညာယူပြီး ကကွက်ဆန်းတွေ ထွက်ဖို့ ကြိုးစားသင့်ပါတယ်။ ဒါမှ ကိုယ်ပိုင်ကကွက်ကို ထွင်နိုင်တဲ့ Dancer တစ်ယောက်ဖြစ်လာမှာပါ။
✍️ ဒီအချက် (၇)ချက်ကတော့ RealArt Dance Studio ရဲ့ Founder/ Trainer ဖြစ်တဲ့
ကျွန်တော် ကိုရဲရန်နောင်ရဲ့ ကိုယ်တွေ့အတွေ့အကြုံကိုအရင်းခံပြီး Dancer တွေအတွက် သိသင့်သိထိုက်တာတွေကို Sharing ပြန်လုပ်ပေးတာဖြစ်ပါတယ်။
✅ RealArt Dance Studio ကနေသင်ကြားပေးနေတဲ့ အကသင်တန်းများကို
https://bit.ly/34ePaiA မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Our RealArt is Your Real Step.
စိတ်ရင်းစေတနာအမှန်ဖြင့်….
23/08/2020
Easy Basic Dance Training
***************************
သင်တန်းအပတ်စဥ် - B 107
Sunday Only Class (12:30 - 3:30 PM)
သင်တန်း Activities ပုံလေးတွေဖြစ်ပါတယ်။
Sunday Only Class ကတော့ တစ်ပါတ်တစ်ရက်နဲ့ တစ်ချိန်ကို ၃နာရီကြာသင်ပေးတာပါ။သင်တန်းကာလ 8 Weeks ကြာပါတယ်။
၇လပိုင်း က စခဲ့တဲ့အတန်းလေးက နောက် ၃ ပါတ်ဆိုရင် သင်တန်းပြီးဆုံးပါတော့မယ်ခင်ဗျာ။
သင်တန်းမပြီးဆုံး Trainer Shar Htet နဲ့အတူ သင်တန်းပုံရိပ်လေးပြန်လည်မျှဝေလိုက်ပါတယ်။
နောက်ဖွင့်မယ့် သင်တန်းအကြောင်း အသေးစိပ်သိချင်ရင်တော့ ဒီ Link မှာ ဝင်ရောက်လေ့လာလို့ရပါတယ်။
↘ ⬇ ↙
➡ https://bit.ly/34ePaiA ⬅
↗ ⬆ ↖
🎁 Our RealArt is Your Real Step.🎁
စိတ်ရင်းစေတနာဖြင့်
Click here to claim your Sponsored Listing.
Location
Contact the business
Telephone
Website
Address
No 33, Ground Floor, Oakyin Station Street , 16 Ward, Hlaing Twonship
Yangon