09/04/2026
Milk ကတော့ ကလေးရွေးတာပါ။
BTရဲ့ cold brew ကတော့ကျွန်မအတွက် recommended ပါနော်။
ခုပြထားသလောက် level လေးရောသောက်လိုက်ရတာ တကယ့်ရှယ် အရသာ ထိမိဂွိ ပါ။ ကျွန်မရဲ့ level limitပေါ့ ။
ကိုယ် ကြိုက်တာ ကိုယ်ချက်
အိမ်ရှင်မတွေအတွက် အခြေခံ မီးဖိုချောင်စားသုံး ကုန်လေးတွေကို မူရင်းထွက်တဲ့ဒေသက တိုက်ရိုက်မှာယူ ရောင်းချပေးပါမယ်။
အပင်ပန်းခံ အပြင်ထွက်မဝယ် ချင်လို့ online ကမှာရင် အိမ်ကိုတိုက်ရိုက်ပို့ပေးမယ့် delivery service ရှိပါတယ်။
ဖုန်း/message/viber - 09250128950 , 0973494318 တို့ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင့်။
09/04/2026
Milk ကတော့ ကလေးရွေးတာပါ။
BTရဲ့ cold brew ကတော့ကျွန်မအတွက် recommended ပါနော်။
ခုပြထားသလောက် level လေးရောသောက်လိုက်ရတာ တကယ့်ရှယ် အရသာ ထိမိဂွိ ပါ။ ကျွန်မရဲ့ level limitပေါ့ ။
09/04/2026
တချို့ကတော့ ဒါလေးကိုမင်္ဂလာဆောင် ပန်းကန်တဲ့။
တချိန်တုန်းကတော့အိမ်မှာ set လိုက်ရှိတာပေါ့ ။
ထမင်းစားပန်းကန်ပြားကြီး
ဟင်းထည့်ဇောက်ပန်းကန်
quarter plate
Tea cup and saucer
စသဖြင့်
ခုတော့ အနိစ္စသဘောနဲ့ ဒါလေးလောက်ပဲရှားရှားပါးပါးကျန်ပြီ
ဒီဒီဇိုင်းမျိုးလေး သိဖူး သုံးဖူးတဲ့သူဆို အနည်းဆုံး ၄ထိပ်စည်းပဲ😉
သိဖူး သုံးဖူးတဲ့သူ အတွေ့အကြုံမျှဝေချင်သူများ ပြောပြသွားကြပါဦး
14/03/2026
ရသမျှဘူး တွေ ဆေးပြီးရင် အဖုံး ကိုက်မကိုက် ပြန်စစ်ပြီးမှအိတ်တလုံးနဲ့စုသိမ်း ။
အိမ်မှာကူလုပ်တဲ့သူတွေ အဖုံးနဲ့ ဘူးနဲ့ ကိုက်ကိုက် မကိုက်ကိုက် တွေ့ကရာတွဲထားရင် စိတ်ကသိကအောက်ဖြစ်ရတယ်။
အဖွားကြီးဖြစ်ပြီထင်ပါရဲ့။
12/03/2026
အမြင်ကတော့မဆိုးပါဘူး
အခေါက်ကိုဆားလူးတဲ့ဘက်မှာနဲနဲငန်သွားတယ်
ဝေဖန်အကြံပြုချက်များကိုလက်ခံပါတယ်
#ဝက်ခေါက်ကင်
11/03/2026
မနက်ဖြန် ကျရင် အကောင်းဆုံးရလဒ် ကို ချ စား ပြပါ့မယ် 🥢🍽
#ဝက်ခေါက်ကင်
10/01/2026
အနားသားဟုမ်းမိတ်
#ဝက်သားတုတ်ထိုး
09/01/2026
ဟုမ်းမိတ် လက်ဖျော် ကလေး-ီး စမူသီ😂
#ပွေးလှ
#ထောပတ်သီး
#ဒေသစာ
#ရာသီစာ
07/01/2026
မုန်ညင်း မဆောတဆော နဲ့ ငါးပေါင်းထုပ် မယောင်တယောင်
မုန်ညင်းဆောက ရှမ်းပြည်ဒေသစာပေါ့။ မုန်ညင်းကို အချဥ်ဟင်းအရည်သောက်ချက်တာပါ။ အောက်ပြည်အောက်ရွာနဲ့မတူတာက အချဥ်ကိုသတ်ဖို့ ငါးပိမသုံးတာပါ။ ကြံသကာ သို့မဟုတ် ထန်းလျက်ခဲ သို့မဟုတ် သကြား ကိုသုံးပါတယ်။ အချဥ် အတွက်က ချဥ်စော်ကားသီး တို့ မန်ကျည်းသီးတို့ခတ်ပါတယ်။ သက်သတ်လွတ် ချက်လို့ရသလို အသား ငါး ကြိုက်ရာ ထည့်လို့ရပါတယ်။
ငါးပေါင်းထုပ်လို့ပြောရင် ငယ်ငယ်ကတော့ မွန်/မော်လမြိုင်ငါးပေါင်းထုပ်ပဲသိခဲ့တာ။ နေရာစုံရောက်ဖူးပြီးမှ ကချင်တို့ ရှမ်းတို့မှာလဲ ငါးကိုဖက်နဲ့ထုပ်ပြီးပေါင်းတာသိရတာ။ ဒေသကွာတော့ဟင်းခတ်အမွေးအကြိုင်ထည့်တာကွာပြီး တောင်ပေါ် က ငါးပေါင်းထုပ်လို့ဆိုတာထက် ငါးအုံးလို့ခေါ်တာပိုတွေ့ရတယ်။ မွန်/မော်လမြိုင်ဟင်းထုပ်ကိုပိုကြိုက်တယ်။ ငါးပုဇွန် အမယ်စုံသလို မျှစ် စသဖြင့်ဟင်းသီးဟင်းရွက်စုံလဲပါတယ်။ ရှမ်းငါးအုံးကအမွေးနံ့လဲပြင်းပြီးတခါတလေ အစပ်များတယ်။ ခုဟင်းကတော့ မွန် ငါးပေါင်းထုပ်ယောင်ပေါ့။ ငါးပေါင်းထုပ် အစစ်မဟုတ်ပဲ အယောင်ပြလေးပေါ့ 😁
ပရိတ်သတ်ကြီးရဲ့ ချက်နည်းလေးတွေ လဲပြောပြခဲ့ပါဦး
03/01/2026
အွောန်ဘန်း ဝက်သားချဥ်
(အောင်ပန်း ဝက်သားချဥ်)
လက်ဆောင်ထည့်ပေးလိုက်တဲ့ အောင်ပန်းကအမျိုးတွေကျေးဇူးတင်ပါတယ်ရှင့်။
08/12/2025
#နန်းပြားသုပ်