29/07/2026
အာဆီယံ ပြိုင်ပွဲအသစ် တရားဝင်ထုတ်ပြန်ပြီ
------–--------------
ဟောင်ကောင်၊ဘရူနိုင်းတို့နဲ့ Division 2ရဲ့ အုပ်စု(က)မှာ မြန်မာအသင်းအတူကျရောက်နေ
Division 1 မှာ ပြိုင်နိုင်ဖို့ကတော့ လာမယ့်နှစ်မှာ ဖီဖာအဆင့်ရပ်တည်မှုမြင့်အောင်ကြိုးစားဖို့လိုပါတယ်။
ပြိုင်ပွဲနဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းချက်ကို ဆက်လက်ဖော်ပြပေးပါမယ်။
29/07/2026
မင်္ဂလာပါခင်ဗျာ 🙏
ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဓမ္မစင်္ကြာ အခါတော်နေ့မှာ မြန်မာပြည်သူ၊ပြည်သားအားလုံး ဘေးဘယာဝေးကွာလို့၊ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာ၍ လိုအင်ဆန္ဒများ တစ်လုံးတစ်ဝပြည့်ဝပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်🙏🙏🙏
28/07/2026
ကျော်မင်းဦး၊ သန်းပိုင်တို့ရဲ့ သွင်းဂိုးတွေနဲ့ မြန်မာက ဖိလစ်ပိုင်ကို ပထမပိုင်းမှာ ၂-၀နဲ့ အနိုင်ယူပြထားပါတယ်။
တကယ်တော့ ဖိလစ်ပိုင်အကသင်းက အားထားရတဲ့ အဓိက ကစားသမားတွေ ပြည်ပကလပ်တွေရဲ့ စေလွှတ်မှုမရှိတာကြောင့် လူမစုံချိန်မှာ ကွင်းကလဲ မိုးကြီးထားတော့ ကစားကွက်တည်မရဖြစ်နေတာ တွေက မြန်မာကို အသာစီးရသွားစေတဲ့ အဓိက အချက်ပါ။
ဒုတိယပိုင်းမှာ မြန်မာအသင်းအနေနဲ ဖိလစ်ပိုင်ရဲ့ အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး ဂိုးရသလောက်ထပ်သွင်းရပါမယ်။ ဒါမှ နောက်တစ်ဆင့်အတွက် မျှော်လင့်ချက် ရှိနိုင်ပါလိမ့်မယ်။
Photos - MFF
28/07/2026
အသင်းခေါင်းဆောင် နန္ဒကျော် ဒဏ်ရာကြောင့် ဖိလစ်ပိုင်နဲ့ကစားမယ့် လူစာရင်းမှာ မပါဝင်နိုင်တော့ပဲ ဟိန်းထက်အောင်နေရာမှာ လွင်မိုးအောင်နဲ့ အစားထိုးပြီး ဖိလစ်ပိုင်ကို ရင်ဆိုင်မယ့် မြန်မာအသင်း လူစာရင်း...
28/07/2026
မြန်မာ ပရိသတ်တွေအကြား အပြောများနေတဲ့ တာဝန်ယူမှု တာဝန်ခံမှု
------------------------------------------------------------------
အီတလီ ဂန္ထဝင်ကြီး မာလ်ဒိနီရဲ့ တာဝန်ယူမှု တာဝန်ခံမှုအကြောင်း မြန်မာ့အားကစားရပ်ဝန်းက ပရိသတ်တွေအကြားမှာ အတော်လေး အပြောများနေတာကို သတိထားမိလိုက်တယ်။
အကြောင်းကတော့ မာလ်ဒိနီနဲ့ သူ့ရဲ့ အကြံပေး လီယိုနာဒိုတို့ရဲ့ တာဝန်ကိုယ်စီကနေ နုတ်ထွက်ခဲ့တဲ့သတင်းကြောင့်ပဲ ဖြစ်တယ်။
မာလ်ဒိနီက အီတလီဘောလုံးအဖွဲ့ချုပ်မှာ နည်းစနစ်အကြံပေးဒါရိုက်တာ တာဝန်ထမ်းဆောင်တာ မကြသေးဘူး၊ သူ ဒါရိုက်တာ ရာထူးယူပြီးနောက် ကျဆုံးနေတဲ့ အီတလီလက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ပီယာလိုကို ခန့်အပ်ဖို့ ဆန္ဒရှိခဲ့တယ်။
ဒါပေမယ့် အဖွဲ့ချုပ် ဥက္ကဌဖြစ်သူ ဂျီအိုဗန်နီမာလာဂိုက ပီယာလိုအနေနဲ့ ရုရှားကုန်အမှတ်တံဆိပ်တချို့နဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုတဲ့ အယူအဆနဲ့ ဒီအဆိုကို ပယ်ချခဲ့တယ်။
အဆိုပြုချက်ကို ငြင်းပယ်ခံရပြီးနောက် ၁၀ ရက်အကြာမှာပဲ မာလ်ဒိနီနဲ့ အကြံပေး လီယိုနာဒိုတို့နှစ်ဦးစလုံး ရာထူးကနေ ကိုယ်စီ နုတ်ထွက်သွားကြတာက လက်ရှိ မြန်မာ့ဘောလုံးပရိသတ်တွေအကြား ရေပန်းစားနေတဲ့ တာဝန်ယူမှု တာဝန်ခံမှု ဖြစ်လာတယ်။
ရာထူးနဲ့ ကိုက်ညီတဲ့ ဆုံးဖြတ်ပိုင်ခွင့်၊ တာဝန်ယူခွင့်မရှိတဲ့ ရပ်ဝန်းမှာ လစာရဖို့အရေးတစ်ခုတည်းနဲ့ နေရာမြဲဖို့အရေးတစ်ခုတည်းနဲ့ ငြိမ်မနေတတ်တဲ့ ယောင်္ကျားကောင်းတို့ရဲ့ တာဝန်ယူမှု တာဝန်ခံမှု စိတ်ဓာတ်ကို မာလ်ဒိနီက မီးမောင်းထိုးပြစရာ ဖြစ်လာတယ်။
ဒါကပဲ မြန်မာ့ဘောလုံးပရိသတ်တွေအကြား ရေပန်းစားစေတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာစေတာပဲ။
28/07/2026
ပွဲရလဒ်ကို အကြို ရင်ခုန်ရင်း အားပေးကြရအောင်
----------------------------------------------
ဒီနေ့ ဖိလစ်ပိုင်နဲ့ ကစားရမယ်၊ ဒါက အဆုံးအဖြတ်ပွဲဖြစ်လာပြီ၊ နိုင်ရင် နောက်တစ်ဆင့်အတွက် မျှော်လင့်နိုင်သေးပေမယ့် ရှုံးသွားရင် မမျှော်နဲ့တော့...
ဖိတ်ခေါ်ပွဲတုန်းက ဂိုးပြတ်ရှုံးထားတာကို ထည့်မတွက်နဲ့ အခုက နည်းပြသစ်နဲ့ပြင်ဆင်မှုအသစ်... ဘာလုပ်ပြနိုင်မလဲ စိတ်ဝင်စားဖို့ ကောင်းတယ်.