12/02/2019
No Pain No Gain
ကျန်းမာ လှပနုပျိုစေဖို့ No Pain No Gain ကိုကြ?
12/02/2019
27/08/2018
No pain no gain gym မြေနီကုန်းစမ်ချောေ်း ရှမ်းကုန်းလမ်း no 60 ပထပ်
18/08/2018
No(60) 1st floor Shangone street Myaynigone
Sanchaung Township
Ph no - 09 250508416, 09 420106936, 09 777330780
12/08/2018
No pain no gain gym. စမ်းချောေ်းမြေနီကုန်းရှမ်းကုန်းလမ်းပထပ်ph ၀၉ ၂၅၀ ၅၀ ၈၄၁၆. O9 420106936်no 60
14/06/2018
စိတ်ဖိစီးမှုများကိုနှစ်မိနစ်အတွင်း ဖြေဖျောက်နည်း
၁. ကော်ဖီတစ်ခွက်သောက်ပါ
စိတ်ဖိစီးမှုတွေများနေတဲ့အခါ အာရုံစူးစိုက်မှုက အလိုလိုလျော့နည်းသွားတတ်ပါတယ်။အဆီဖယ်ထားတဲ့နွားနို့အစား မလိုင်အပြည့်ပါတဲ့ နွားနို့နဲ့ဖျော်ထားတဲ့ ကော်ဖီတစ်ခွက်သောက်လိုက်ပါ။စိတ်ဖိစီးမှုတွေ သိသိသာသာလျော့ကျသွားပါလိမ့်မယ်။
၂. စွမ်းအားပြန်လည် ဖြည့်တင်းပါ
စိတ်ဖိစီးမှုတွေများတဲ့အခါ စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်တာကြောင့် အနားယူပြီး စွမ်းအင်တွေပြန်လည် ဖြည့်တင်းဖို့လိုပါတယ်။ထို့ကြောင့် ကြက်သီးနွေးရေနဲ့ ရေချိုးတာ၊ ကြိုက်နှစ်သက်ရာ တေးသီးချင်းနားထောင်ပေးခြင်းဖြင့် စိတ်ဖိစီးမှုလျော့နည်းစေရန် အနားယူလိုက်ပါ။
၃. သစ်ပင် စိုက်ပျိုးပါ
သစ်ပင် စိုက်တာ ရှင်သန်နေသောအပင်တွေကို ရေလောင်းပေါင်းသင် ထိန်းသိမ်းပေးခြင်းတွေကို မိနစ်သုံးဆယ်ခန့်ပြုလုပ်တာက တိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းထဲမှာ မိနစ်သုံးဆယ်လောက် စာဖတ်တာထက် စိတ်ဖိစီးမူကိုပိုမိုလျော့ကျစေပါတယ်။
၎. ရေနွေးခွက်ကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ပါ
ကြောက်ရွံ့မှု စိုးရိမ်မှုတွေကို ခံစားရတဲ့အခါ ကြွက်သားကြီးတွေဆီ သွေးရောက်ရှိမှုများပြီး အလိုအလျောက် ထိန်းချုပ်မှုမဲ့ တုံ့ပြန်မှုတွေဖြစ်လာတတ်ပါတယ်။အဲဒီလိုဖြစ်နေချိန်မှာ ခြေဖျားလက်ဖျားတွေက အေးစက်နေတတ်တာကြောင့် ခြေဖျား လက်ဖျားတွေကို နွေးထွေးသွားအောင ပြုလုပ်လိုက်တာက စိတ်ကို တည်ငြိမ်သွားစေပါတယ်။
၅. ဖျော်ရည်သောက်ပါ
ရှောက် သံပုရာ လိမ္မော် စတဲ့ အသီးတစ်မျိုးမျိုးကို ဖျော်ရည်ပြုလုပ်ပြီး သောက်သုံးတာက စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။
၆.ကောက်နှံတစ်ခုလုံးပါဝင်စာ ကို စားပါ
ပြောင်းဖူးပေါက်ပေါက်ကဲ့သို့သော ကောက်နှံတစ်ခုလုံးပါဝင်စာကို သရေစာအဖြစ်စားသုံးတာက နာရီဝက်အတွင်းမှာ ပျော်ရွှင်ကျေနပ်စေတဲ့ ခံစားချက်ကို ခံစားမိစေပါတယ်။
၇.တင်းတင်းကျပ်ကျပ် ပွေ့ဖက်ပါ
ခေါင်းအုံး သို့ အမွှေးပွရုပ်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်တာက ဆီရိုတိုနင်နဲ့စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းတစ်ချို့ထုတ်လုပ်မှုကို အားပေးပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
၈. အလှဆုံးပြုံးပါ
ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ များနေပါစေ မှန်ကြည့်ပြီး အလှဆုံးပြုံးလိုက်ပါ။ မျက်နှာပေါ်မှာရှိတဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားတွေ ပြေလျော့သွားပြီး စိတ်ဖိစီးမှုလျော့ကျစေပါလိမ့်မယ်။
၉.တတ်စွမ်းသလောက် ပေးကမ်းလှူဒါန်းပါ
လှူဒါန်းလိုက်တဲ့ ပမာဏအနည်း အများက ပဓာန မကျပါဘူး။စွန့်ကြဲလှူဒါန်းလိုက်တဲ့အပေါ်ထားရှိတဲ့ စိတ်ထားကသာ သင့်ကို ပြန်တွေးမိတိုင်းပီတိဖြစ်စေပြီး စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။
၁၀. ချောကလက် စားပါ
တစ်နေ့ကို ချောကလက် ၁ဒသမ၄အောင်စ စားသုံးတာက စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့အခါ ထွက်ရှိတဲ့ဟော်မုန်း ပမာဏကို လျော့နည်းစားပါတယ်။
၁၁.အသက်ရှူသွင်း ရှူထုတ်မှုအပေါ် အာရုံစိုက်ပါ
အသက်ရှူရာမှာ ဖြည်းဖြည်းနဲ့ နက်နက်ရှိုင်းရှိုင်း ရှူသွင်းရှူထုတ်လုပ်တာကြောင့် စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။
၁၂ မေရိုးနှင့်လျှာကို အနားပေးပါ
ပါးစပ်ကို အနည်းငယ်လောက်ဟထားပြီး မေရိုးကို အလိုက်သင့်လေးထားပါက ကြွက်သားတွေ အားလုံးပြေလျော့သွားပါတယ်။
၁၃. အနည်းငယ် လှုပ်ရှားလိုက်ပါ
အားကစားကို နှစ်မိနစ်လောက်ပြုလုပ်လိုက်တာက စိတ်ခံစားမှုကိုအကောင်းဆုံးပြောင်းလဲနိုင်ပါတယ်။
Dr. Zin
credit- ဇာခြည်ဝင်း(တက္ကသိုလ်)
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
No-60, Shankone Street, Myaynigone Quater, Sanchaung Township
Yangon
Opening Hours
| Monday | 06:00 - 21:00 |
| Tuesday | 06:00 - 21:00 |
| Wednesday | 06:00 - 21:00 |
| Thursday | 06:00 - 21:00 |
| Friday | 06:00 - 21:00 |
| Saturday | 06:00 - 21:00 |