"အသက်ကြီးရင် ခါးကုန်းမယ်၊ ပြုတ်ကျရင် အရိုးကျိုးမယ်ဆိုတာ... တကယ်ပဲ ရှောင်လွှဲလို့မရတဲ့ သဘာဝတရားလား?" 🧘♀️💡
"အဘိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့ဦး... နောက်နှစ်အခါ တန်ဆောင်မုန်း Crush သောက်ပါဦး"
ငယ်ငယ်က ဒီကြော်ငြာစာသားလေးကို ကြားဖူးကြမှာပါ။ အဲ့ဒီခေတ်က အယူအဆအရ "အသက်ကြီးလာရင် ခါးကုန်းသွားတာ၊ အရိုးတွေ ဆွေးသွားတာ သဘာဝပဲ" လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ခေတ်မီလာတဲ့အခါ အသက် ၆၀၊ ၇၀ ရောက်တဲ့အထိ ခါးမကုန်းဘဲ မတ်မတ်ရပ်နိုင်တဲ့သူတွေ အများကြီး ရှိလာပါတယ်။
တကယ်တော့ ခါးကုန်းတယ် (Dowager's Hump) ဆိုတာ အသက်ကြီးလာလို့ အလိုလို ဖြစ်သွားတာ မဟုတ်ပါဘူး။ အဓိကက ခန္ဓာကိုယ်ရဲ့ အဆစ်အမြစ် (Joints) တွေ မကောင်းတော့တာနဲ့၊ လေ့ကျင့်ခန်း မလုပ်လို့ ခန္ဓာကိုယ်ကြီး "သံချေးတက်" သွားတာပါ။
အဆစ်အမြစ်တွေ မကောင်းတော့တဲ့အခါ လက်မောင်းကို နောက်ပြန် တစ်ပတ်မပတ်နိုင်တော့ဘူး၊ အင်္ကျီချွတ်ရတာကအစ ခက်ခဲလာပါတယ်။ ကြာလာတော့ ကျောရိုးကို မတ်မတ်ထားပေးတဲ့ ကြွက်သားတွေ အားနည်းသွားပြီး ခါးကြီးက ရှေ့ကို အလိုလို ကိုင်းကျသွားပါတော့တယ်။
🧪 သိပ္ပံပညာက ဘာပြောသလဲ? ယောဂက ခါးကုန်းတာကို တားဆီးပေးနိုင်လား?
ခါးကုန်းခြင်းဟာ ဆယ်စုနှစ်ပေါင်းများစွာ ကိုယ်နေဟန်ထား မှားယွင်းခြင်း (ဖုန်းသုံးခြင်း၊ ကားမောင်းခြင်း) နဲ့ ကြွက်သားတွေ လျော့ရဲလာခြင်းကြောင့် အဓိက ဖြစ်ရတာပါ။
ဒါပေမဲ့ ဒီအခြေအနေကို ယောဂကျင့်ခြင်းဖြင့် ကာကွယ်နိုင်တယ်ဆိုတာကို Journal of the American Geriatrics Society ရဲ့ သုတေသနတစ်ခုက သက်သေပြထားပါတယ်။ အဆိုပါ လေ့လာချက်အရ ပျမ်းမျှအသက် (၇၅) နှစ်အရွယ် သက်ကြီးရွယ်အိုတွေဟာ ယောဂကို ၆ လတိတိ စနစ်တကျ လေ့ကျင့်လိုက်တဲ့အခါ သူတို့ရဲ့ ကျောရိုးအကွေးအကောက် (Thoracic curve) ဟာ ၅% အထိ သိသိသာသာ ပြန်လည်ဖြောင့်မတ်လာတာကို တွေ့ရှိခဲ့ရပါတယ်။ ယောဂဟာ ကျောရိုးရဲ့ လှုပ်ရှားနိုင်စွမ်း (Spinal Mobility) ကို မြှင့်တင်ပေးပြီး ကျောဘက်ကြွက်သားတွေကို ပြန်လည်သန်စွမ်းလာစေလို့ပါပဲ။
💥 "ယောဂကျင့်ထားရင် ချော်လဲရင်တောင် အရိုးမကျိုးလွယ်ဘူးဆိုတာ ဟုတ်လား တီချယ်?"
ဟိုတစ်ရက်က သင်တန်းသူတစ်ယောက်က သူ့အစ်မ ချော်လဲပြီး ခါးနာသွားတဲ့ အကြောင်းလေး လာပြောပြပါတယ်။ အဲ့ဒီအချိန် အတန်းထဲက တခြားသင်တန်းသူတွေက ကျွန်မကို ဝိုင်းမေးကြတယ်... "ယောဂကျင့်ထားတဲ့သူသာ ဆိုရင် ချော်လဲရင်တောင် အဲ့ဒီလောက် မနာဘူး၊ အရိုးလည်း အလွယ်တကူ မကျိုးဘူးဆိုတာ ဟုတ်လား တီချယ်" တဲ့။
ကျွန်မရဲ့ အဖြေကတော့ "တကယ်ကို ဟုတ်ပါတယ်" ပါပဲ။ ယောဂကို ပုံမှန်လေ့ကျင့်ထားသူတွေဟာ ခန္ဓာကိုယ်ရဲ့ ဟန်ချက်ထိန်းနိုင်စွမ်း (Balance) အရမ်းကောင်းပါတယ်။ ပြုတ်ကျဖို့ ဖြစ်လာရင်တောင် ခန္ဓာကိုယ်က အလိုလို အနေအထားကို ပြင်လိုက်နိုင်သလို၊ အရိုးနဲ့ ကြွက်သားတွေကလည်း ပျော့ပျောင်းကျစ်လျစ်နေတဲ့အတွက် ပြုတ်ကျတဲ့ ဒဏ်ကို ကောင်းကောင်း စုပ်ယူ (Absorb) လုပ်ပေးနိုင်လို့ အလွယ်တကူ အရိုးမကျိုးနိုင်တော့ပါဘူး။
🌿 ခန္ဓာကိုယ်ဆိုတာ သုံးတတ်ရင် ဆေး၊ ပစ်ထားရင် သံချေးပါ
"အသက်ကြီးရင် ခါးကုန်းမှာပဲ၊ ချော်လဲရင် အရိုးကျိုးမှာပဲ" ဆိုတဲ့ စိုးရိမ်စိတ်တွေကို ဖယ်ထားပြီး၊ ကိုယ့်ခန္ဓာကိုယ်ကို သံချေးမတက်အောင် အခုကတည်းက ပြန်လည်ပြုစုပျိုးထောင်ပေးဖို့ အချိန်တန်ပါပြီ။
အရိုးပွတာက မျိုးရိုးနဲ့လည်း ဆိုင်တတ်ပေမဲ့၊ မှန်ကန်တဲ့ လေ့ကျင့်ခန်းလေးတွေနဲ့ လိုအပ်တဲ့ Supplement လေးတွေ တွဲသောက်ပေးမယ်ဆိုရင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ နာကျင်မှုတွေကို အကောင်းဆုံး ကာကွယ်နိုင်ပါတယ်။
ကိုယ့်ခန္ဓာကိုယ်ကို သေချာ ဂရုစိုက်ချင်ပေမဲ့ ဘယ်ကနေ စလုပ်ရမှန်းမသိ ဖြစ်နေရင်ဖြစ်ဖြစ်၊ ကိုယ်နဲ့ ကိုက်ညီမယ့် လေ့ကျင့်ခန်းလေးတွေကို သိချင်ရင်ဖြစ်ဖြစ် Page Messenger ကနေ အချိန်မရွေး လာရောက် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်။
Namaste 🙏
Flexth Yoga
#2026
Flexth Yoga
Certified 200hrs YTTC ( The Yoga Mandala - Singapore), 300hrs YTTC ( Yoga Vidya Mandirum- India)
Aim to promote the three factors for essential foundation of physical fitness:
- Flexibility
- Strength
- Mobility
ချွေးထွက်တာချင်းတူပေမဲ့... မီးဖိုချောင်ထဲက ချွေးက လူကိုနွမ်းစေပြီး ယောဂကျင့်တဲ့ချွေးက ဘာလို့ လူကိုလန်းဆန်းသွားစေတာလဲ?" 🧘♀️☀️✨
"ဒီလောက် ပူနေတာ... ချွေးတွေထွက်ပြီး ပိုပင်ပန်းသွားမှာပေါ့။ အဲကွန်းအောက်မှာပဲ နားနေချင်တော့တယ်" — နွေရာသီမှာ ယောဂကျင့်ဖို့ ပြင်လိုက်တိုင်း ဒီလိုအတွေးမျိုး ဝင်လာတတ်တာ သဘာဝပါပဲ။
ဒါပေမဲ့ တကယ်တမ်းမှာ ချွေးထွက်ခြင်း (Sweating) အမျိုးအစားတွေက ခန္ဓာကိုယ်အပေါ် သက်ရောက်မှု လုံးဝမတူညီကြပါဘူး။ မီးပူထဲဝင်ပြီး ဟင်းချက်ရလို့ ထွက်တဲ့ချွေး၊ အပြင်မှာ အလုပ်လုပ်လို့ ထွက်တဲ့ချွေးနဲ့ ရာသီဥတု ပူအိုက်လို့ ထွက်တဲ့ချွေးတွေဟာ သင့်ကို ပင်ပန်းနှုံးချိသွားစေပါတယ်။ ဒါကို "Stress Sweat (ဖိစီးမှုကြောင့်ထွက်သော ချွေး)" လို့ ခေါ်ပါတယ်။
ယောဂကျင့်တဲ့အခါ ထွက်လာတဲ့ ချွေးကတော့ အဲ့ဒီလို မဟုတ်ပါဘူး။
🧪 သိပ္ပံပညာက ဘာပြောသလဲ? (The Science of Yoga & Sweat)
University of Maryland Medical Center ရဲ့ လေ့လာချက်အရ ယောဂကျင့်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ စွမ်းအင်အဆင့် (Energy Levels) ကို မြှင့်တင်ပေးပြီး ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးနိုင်ကြောင်း သက်သေပြထားပါတယ်။ ပုံမှန်အားကစားတွေက စွမ်းအင်ကို သုံးစွဲပစ်တာ (Expenditure) ဖြစ်ပေမဲ့၊ ယောဂကတော့ သွေးလည်ပတ်မှုစနစ်နဲ့ အသက်ရှူစနစ်ကို ကောင်းမွန်စေလို့ ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့် (Recharge) ပေးတာ ဖြစ်ပါတယ်။
ဒါ့အပြင် Harvard Health ရဲ့ သုတေသနတွေအရ ယောဂကျင့်တဲ့အခါ ထွက်လာတဲ့ "ချွေး" ဟာ ခန္ဓာကိုယ်တွင်းက အပုပ်အစပ်နဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ (Detox) လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ယောဂကျင့်စဉ်ရဲ့ သဘာဝကိုက ကိုယ်တွင်း အာရုံကြောစနစ် (Parasympathetic Nervous System) ကို အေးချမ်းစေပြီး၊ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ Cortisol ဟော်မုန်းတွေကို လျှော့ချပေးပါတယ်။
ဒါကြောင့် ယောဂကျင့်လို့ ချွေးထွက်သွားတဲ့အခါ ပင်ပန်းသွားတာမျိုး မဟုတ်ဘဲ၊ ခန္ဓာကိုယ်က အပုပ်အစပ်တွေ ထွက်သွားလို့ စွမ်းအင်တွေ ပြန်လည်ပြည့်ဝလာကာ (Energized) လူက ပေါ့ပါးလန်းဆန်းသွားရခြင်း ဖြစ်ပါတယ်။
☀️ နွေရာသီမှာ ယောဂကျင့်ခြင်းရဲ့ ထူးခြားတဲ့ အားသာချက်များ
၁။ အကြောအဆန့် ပိုလွယ်ကူခြင်း:
ပူနွေးတဲ့ ရာသီဥတုမှာ ကြွက်သားတွေက အလိုလို ပျော့ပြောင်းနေတတ်ပါတယ်။ ဒါကြောင့် အေးတဲ့ရာသီမှာလို ကြွက်သားတွေကို အချိန်အကြာကြီး အပူပေး (Warm-up) စရာမလိုဘဲ ပိုမိုနက်နဲတဲ့ Pose တွေကို ဒဏ်ရာရမှာ မကြောက်ရဘဲ ခပ်မြန်မြန်လေးနဲ့ ပျော့ပျော့ပြောင်းပြောင်း ကျင့်နိုင်ပါတယ်။
၂။ သဘာဝ အဲကွန်းစနစ် (Natural Cooling):
ယောဂကျင့်ပြီး ချွေးထွက်သွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းစနစ်က အလိုအလျောက် အလုပ်လုပ်သွားပါတယ်။ ဒါကြောင့် ကျင့်ပြီးသွားတဲ့အခါ ခံစားရတဲ့ အေးမြမှုနဲ့ ပေါ့ပါးမှုက သာမန်နားနေတာထက် အများကြီး ပိုပြီး အရသာရှိပါတယ်။
🌿 ဒီနွေရာသီမှာ Flexth Yoga နဲ့အတူ အိမ်မှာတင် အမောဖြေလိုက်ပါ
အပူဒဏ်ကြောင့် စိတ်ညစ်မနေပါနဲ့။ မနက်ခင်း စောစော (ဒါမှမဟုတ်) ညနေပိုင်း အေးမြတဲ့အချိန်လေးမှာ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ အင်္ကျီလေးတွေဝတ်ကာ Flexth Yoga App ကို ဖွင့်ပြီး စတင်လိုက်ပါ။
ပင်ပန်းနွမ်းနယ်မှုတွေကို ချွေးနဲ့အတူ ရှင်းထုတ်ပစ်ပြီး၊ ပိုမိုနုပျိုလန်းဆန်းတဲ့ ခန္ဓာကိုယ်ကို Flexth Yoga နဲ့အတူ တည်ဆောက်လိုက်ရအောင်လားရှင်။
📍 Flexth Yoga App ၏ သင်တန်းကြေးများ:
(၃) လစာ: ၃၂,၅၀၀ ကျပ်မှ စတင်၍
(၆) လစာ Bundle: ၆၄,၅၀၀ ကျပ်မှ စတင်၍
Unlimited Plan (၁) နှစ်စာ: ၁၁၅,၀၀၀ ကျပ် ✨💎
(အခြား Program များအပြင် ၂ နှစ်စာ၊ ၃ နှစ်စာ Unlimited အစီအစဉ်ကိုလည်း Messenger တွင် မေးမြန်းနိုင်ပါတယ်ရှင်)
အခုပဲ Flexth Yoga App ကို Download လုပ်ပြီး သင့်ရဲ့ နွေရာသီ နေ့ရက်တွေကို အကျိုးရှိရှိ ဖြတ်သန်းလိုက်ပါရှင်။ 😊💖
မေတ္တာဖြင့်...
Namaste 🙏
Flexth Yoga.
#2026
အိမ်မှာတင် အလွယ်တကူ ကျင့်နိုင်တဲ့ Flexth Yoga Program တွေကို ဘယ်လို လျှို့ဝှက်ချက်နဲ့ စနစ်တကျ ဖန်တီးထားလဲ? 🧘♀️✨
Flexth Yoga က ယောဂကျင့်စဉ်တစ်ခု ပြီးသွားတဲ့အခါ... "ဟာ... ကျင့်လို့ကျင့်မှန်းတောင် မသိလိုက်ဘူး၊ လူရောစိတ်ပါ အရမ်းကို ပေါ့ပါးသွားတာပဲ" လို့ ခံစားဖူးပါသလား?
ဒါဟာ တကယ့်ကို သေသေချာချာ စနစ်တကျ ရေးဆွဲထားတဲ့ ယောဂ Program တွေမှာပဲ ရနိုင်တဲ့ အကောင်းဆုံး ခံစားချက်ပါ။
Flexth Yoga ရဲ့ Program တွေက တခါမှယောဂမကျင့်ဖူးသူတွေရော၊ လေ့ကျင့်ဖူးသူတွေအတွက်ပါ လေ့ကျင့်ပြီးတာနဲ့ ပေါ့ပါးလန်းဆန်းမူ့ ၊ စိတ်ကျေနပ်မူ့ကို ဘာလို့ပြည့်ပြည့်ဝဝခံစားရတယ်ဆိုတာကို လူတိုင်းနားလည်လွယ်မယ့် "ဟင်းချက်တဲ့ ဥပမာ" လေးနဲ့ ရှင်းပြချင်ပါတယ်။
အရာအားလုံးဟာ အဆင့်ဆင့် နားလည်မှုကနေ စတင်ပါတယ်...
Data & Information: ဆား၊ ငံပြာရည်၊ ဟင်းသီးဟင်းရွက် စတဲ့ ပါဝင်ပစ္စည်းတွေက Data တွေပါ။ ဒါတွေကို ဘယ်လို ရောစပ်ရမယ်ဆိုတဲ့ ဟင်းချက်နည်း စာရွက်က Information ပါ။
Knowledge (အသိပညာ): အဲ့ဒီ ဟင်းချက်နည်းစာရွက်ကို ကြည့်ပြီး ဟင်းတစ်ခွက်ဖြစ်အောင် လိုက်ချက်တတ်တာက Knowledge ပါ။ လူအများစုက ဒီအဆင့်မှာတင် ရပ်နေတတ်ပါတယ်။
Wisdom (ပညာဉာဏ်/အနှစ်သာရ): ဒါပေမဲ့... စားမယ့်သူရဲ့ ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီအောင် ဘယ်ပါဝင်ပစ္စည်းတွေကို အချိုးကျကျ ပေါင်းစပ်ရမလဲဆိုတာ သေချာနားလည်ပြီး၊ "စားရတဲ့သူအတွက် အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်သလို၊ အိမ်မှာ အလွယ်တကူ လုပ်စားလို့ရမယ့်" ပြီးပြည့်စုံတဲ့ ဟင်းလျာ (Menu) တစ်ခုကို တီထွင်ဖန်တီးနိုင်တာကတော့ အတွေ့အကြုံရင့် Master Chef ကြီးတွေရဲ့ Wisdom ပါပဲ။
ယောဂမှာလည်း ဒီသဘောတရားအတိုင်းပါပဲ...
တကယ်လို့ ယောဂမှာ Pose (ကိုယ်ဟန်) တွေကို လုပ်တတ်ရုံ Knowledge အဆင့်နဲ့တင် သင်ပေးနေရင်... လိုက်ကျင့်ရတဲ့ မမတို့အတွက် တစ်ကွက်နဲ့ တစ်ကွက် အချိတ်အဆက်မမိဘဲ၊ အတင်းအကျပ် လိုက်တုလုပ်ယူနေရသလို ပင်ပန်းပါတယ်။
Flexth Yoga က program တွေကတော့ တီချယ်တွေရဲ့ ဆယ်စုနှစ်အတွေ့အကြုံနဲ့ လေ့ကျင့်မူ့တွေကို အခြေခံပြီး စနစ်တကျဖန်တီး ရေးဆွဲပေးထားပါတယ်
ဘာကြောင့် ဒီ Pose ကို လုပ်ရတာလဲ?
ကျင့်မယ့်သူက အကြောမပျော့သေးရင် ဘယ်လို ပြောင်းလဲ (Modify) ပေးရမလဲ? ဆိုတာတွေကို သေချာလေးစီစဉ်ရေးဆွဲပေးထားတဲ့အတွက်... မည်သူမဆို အိမ်မှာ အချိန်မရွေး၊ နေရာမရွေး အလွယ်တကူ ဒဏ်ရာအနာတရကင်းစွာ လိုက်ကျင့်နိုင်မှာပါ။
ဒီလို ဖန်တီးထားလို့ပဲ... Flexth Yoga App ထဲမှာ ကျင့်တဲ့အခါ Pose တစ်ခုချင်းစီကို ခက်ခက်ခဲခဲ လိုက်တုနေစရာ မလိုတော့ဘဲ... စနစ်တကျ ချိတ်ဆက်ပေးထားတဲ့ Flow (အကူးအပြောင်း) တွေအတိုင်း သဘာဝကျကျ စီးမျောလိုက်ရုံပါပဲရှင်။
🌿 နားလည်မှု အပြည့်နဲ့ ဖန်တီးထားတဲ့ Flexth Yoga Program များကို အခုပဲ စတင်လိုက်ပါ
ခက်ခဲတဲ့ ယောဂကို အလွယ်ကူဆုံးဖြစ်အောင် ဖန်တီးထားတဲ့ Flexth Yoga App ဟာ ယောဂချစ်သူတွေအတွက် အကောင်းဆုံး လက်တွဲဖော်ပါ။
📍 Flexth Yoga App ၏ သင်တန်းကြေးများ:
(၃) လစာ: ၃၂,၅၀၀ ကျပ်မှ စတင်၍ (တစ်နေ့ ၃၀၀ ကျပ်ကျော်လေးနဲ့ အခြေခံကို ပိုင်နိုင်စေဖို့)
(၆) လစာ Bundle: ၆၄,၅၀၀ ကျပ်မှ စတင်၍ (တစ်လ ၁ သောင်းဝန်းကျင်လေးနဲ့ စနစ်ကျတဲ့ နည်းပညာတွေ ရရှိဖို့)
Unlimited Plan (၁) နှစ်စာ: ၁၁၅,၀၀၀ ကျပ် (တစ်လ ၉,၅၀၀ ကျော်လေးနဲ့ စိတ်ချလက်ချ ရေရှည်လေ့ကျင့်နိုင်ဖို့) ✨💎
(အခြား Program များအပြင် ၂ နှစ်စာ၊ ၃ နှစ်စာ Unlimited အစီအစဉ်ကိုလည်း Messenger တွင် မေးမြန်းနိုင်ပါတယ်ရှင်)
"ယောဂကျင့်ရတာ ပင်ပန်းတယ်လို့ ထင်နေသေးရင်... Flexth Yoga ရဲ့ စနစ်ကျတဲ့ Program တွေနဲ့အတူ သက်တောင့်သက်သာရှိတဲ့ အလေ့အကျင့်သစ်လေးကို စတင်လိုက်ပါ။"
အခုပဲ Flexth Yoga App လေးကို Download လုပ်ပြီး စစ်မှန်တဲ့ ယောဂခရီးစဉ်လေးကို စတင်ဖို့ Messenger မှာ အသေးစိတ် လာရောက်ဆွေးနွေး မေးမြန်းနိုင်ပါတယ်ရှင်။ 😊💖
မေတ္တာဖြင့်...
Namaste 🙏
Flexth Yoga.
#2026
29/04/2026
🌕 ကဆုန်လပြည့်နေ့ကောင်းနေ့မြတ်လေးမှာ
ယောဂကျင့်ရင်းတွေ့ရှိခံစားရမှုတွေကို
ပြန်လည်အမှတ်ရရင်း အသိသတိပြည့်ဝနေတဲ့
အပြောအဆို အနေအထိုင်တို့နဲ့အတူ
ကိုယ်ခန္ဓာပင်ပန်းမှုတွေ လျော့ပါးပြီး
စိတ်ထဲက အရှုပ်အထွေးတွေ လွတ်မြောက်နိုင်ကြပါစေ။
ကိုယ်ကိုယ်ကို ပြန်လည်ဂရုစိုက်နိုင်တဲ့
အချိန်တွေ ပိုများလာပြီး
အတွင်းစိတ်အေးချမ်းမှုနဲ့လဲ
တစ်နေ့ထက်တစ်နေ့ ပိုနီးကပ်လာနိုင်ကြပါစေ။ 🌿
Flexth Yoga မှ
သင်တန်းသူ/သားအားလုံးလဲ
ကျန်းမာခြင်း၊ ငြိမ်းချမ်းခြင်းနှင့် တည်ငြိမ်သောဘဝလမ်းကြောင်းတွေ တွေ့ရှိခံစားနိုင်စေဖို့
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။
ကဆုန်လပြည့်နေ့ လေးမှာ
Flexth Yogaရဲ့
* အပြင်သင်တန်းများ (In-person classes)
* Zoom Online Classes များကို
📅 (၁) ရက်တာ ပိတ်ပါရစေရှင်။
သင်တန်းများကို (1 May 2026 )နောက်တစ်နေ့မှ စပြီး
ပုံမှန်အတိုင်း ပြန်ဖွင့်ပါမယ်နော်။
🙏 နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်ရှင်။
နေ့မြတ်လေးကို အေးချမ်းစွာ ဖြတ်သန်းခံစားနိုင်ကြပါစေ။🌕
Namaste 🙏🏻
Flexth Yoga.
24/04/2026
Flexth Yoga ရဲ့မေလအတွက် အပြင်သင်တန်း အချိန်ဇယားလေးပါ။
မေလ မှာ ရုံးချိန်လွတ်ကျင့်ချင်သူတွေအတွက်
မနက်စောစော အချိန်လေးတွေ ရှိပါတယ်ရှင်။
အချိန်အဆင်ပြေလို့ တတ်မဲ့သူတွေနဲ့
အရင်က တတ်ဖို့မေးထားသူများလဲ
Page မှာ လာပြောပေးထားလို့ရပါပြီရှင်။
Weekend အတန်းချိန်လေးနဲ့ ရုံးချိန်လွတ်မနက်အစောလေးတွေက လူပြည့်မြန်တတ်လို့ ကြိုတင်အပ်ပေးထားဖို့လိုပါတယ်ရှင်။
Namaste 🙏🏻
Flexth Yoga.
ဗိုက်ချပ်ချင်လို့... ဒါမှမဟုတ် ခါးကြော ပေါင်ကြောတင်းတာသက်သာချင်လို့
အကျိုးကျေးဇူးတခုခု အတွက် Pose တစ်ခုတည်းကိုပဲ အထပ်ထပ်ကျင့်နေမိပြီလား?" 🧘♀️💡
ယောဂကျင့်တဲ့သူ အတော်များများဆီမှာ တွေ့ရတတ်တဲ့ အလေ့အကျင့်လေးတစ်ခု ရှိပါတယ်။
"ဗိုက်ချပ်ချင်လို့" ၊ "ခါးနာသက်သာချင်လို့" စတဲ့ ကိုယ်လိုချင်တဲ့ အကျိုးကျေးဇူး
တစ်ခုတည်းအတွက် သီးသန့် Pose တစ်ခု၊ နှစ်ခုကိုပဲ (ဥပမာ - YouTube မှာ ရှာပြီး)
နေ့တိုင်း အထပ်ထပ် လေ့ကျင့်တတ်ကြတာပါ။
ဒီလို Pose တစ်ခုတည်းကို သီးသန့်ကျင့်တာနဲ့၊ အစအဆုံး စနစ်တကျ
ပေါင်းစပ်ကျင့်တာ ဘာကွာခြားလဲ?
ကျန်းမာရေး သုတေသနတွေရဲ့ အဆိုအရ ဒီနှစ်ခုဟာ
ခန္ဓာကိုယ်ကို အကျိုးပြုပုံ လုံးဝ မတူညီပါဘူးရှင်-
⚠️ (၁) Pose တစ်ခုတည်း သီးသန့်ကျင့်ခြင်း:
ခန္ဓာကိုယ် ညောင်းညာနေချိန် Downward-Facing Dog ကျင့်လိုက်ရင်
ချက်ချင်း အကြောလျော့သွားတာမျိုးလိုမျိုး ချက်ချင်း သက်သာမှုကိုတော့ ရစေပါတယ်။
ကန့်သတ်ချက်: ဒါပေမဲ့ ဒီလို Pose တစ်ခု၊ နှစ်ခုတည်းကိုပဲ နေ့တိုင်း ထပ်ခါတလဲလဲ ကျင့်နေမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေ ဖွံ့ဖြိုးမှု ရပ်တန့်သွားနိုင်ပါတယ်။ ဒါ့အပြင် လှုပ်ရှားမှု ပုံစံမပြောင်းဘဲ တစ်မျိုးတည်း အမြဲလုပ်နေရင် ကြွက်သားတွေ ဒဏ်ပိပြီး (Repetitive strain) ထိခိုက်ဒဏ်ရာ ရလာနိုင်ပါတယ်ရှင်။
🌟 (၂) ယောဂကို စနစ်တကျ ပေါင်းစပ်ကျင့်ခြင်း :
တကယ့် ယောဂဆိုတာ လှုပ်ရှားမှုတွေ၊ အသက်ရှူစနစ် (Pranayama) နဲ့ စိတ်တည်ငြိမ်မှုတွေကို ဟန်ချက်ညီညီ ပေါင်းစပ်ထားတဲ့ အရာပါ။ သူက နေရာတစ်ခုတည်းအတွက် သက်သက်မဟုတ်ဘဲ "လူတစ်ကိုယ်လုံးရဲ့ ကျန်းမာရေးစနစ် (Whole-body wellness)" ကို အထောက်အကူပြုတာပါ။
အကျိုးကျေးဇူး: သုတေသနတွေအရ ဒီလို စနစ်တကျ ပေါင်းစပ်ကျင့်မယ်ဆိုရင် ၈ ပတ် (၂ လ) အတွင်းမှာတင် ခန္ဓာကိုယ်ရဲ့ ပျော့ပြောင်းမှုက ၃၅% အထိ တက်လာနိုင်ပြီး၊ သန်မာမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေကိုပါ ရေရှည် ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
မကြာသေးခင်ကဆိုရင် ကျွန်မဆီကို တပည့်တစ်ယောက်က ဝမ်းသာအားရနဲ့ စာလာပို့ပါတယ်။ သူမအနေနဲ့ ကလေးရဖို့ ခက်ခဲနေခဲ့ပေမဲ့ ကျွန်မတို့ဆီက ယောဂ Program တွေကို စနစ်တကျ လေ့ကျင့်ပြီးနောက်ပိုင်း ကိုယ်ဝန်ရသွားပြီဆိုတဲ့ အကြောင်းပါ။
ဒါဟာ ကိုယ်ဝန်ရစေမယ့် သီးသန့် Pose ကို ကျင့်လို့မဟုတ်ဘဲ၊ ယောဂကို စနစ်တကျ ပေါင်းစပ်ကျင့်တဲ့အတွက် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုတွေ ကောင်းလာပြီး စိတ်ဖိစီးမှုတွေ လျော့ကျကာ တစ်ကိုယ်လုံးရဲ့ ကျန်းမာရေးစနစ်ကြီး အံ့မခန်း ကောင်းမွန်လာလို့ ရရှိလာတဲ့ အကျိုးကျေးဇူးလေးပဲ ဖြစ်ပါတယ်။
ဒါကြောင့် Flexth Yoga မှာ "ဗိုက်ချပ်ဖို့အတွက် ဒီ Pose ပဲ ကျင့်ပါ" လို့ တမျိုးထဲ မသင်ပါဘူး။
မမတို့ လိုချင်တဲ့ အကျိုးကျေးဇူးတွေကို သေချာပေါက် ရရှိစေဖို့အတွက်
ခန္ဓာကိုယ် တစ်ခုလုံးကို အချိုးကျကျ အလုပ်ပေးနိုင်မယ့် Pose တွေ၊ Flow တွေကို Level အလိုက်
စနစ်တကျ သေချာ ပေါင်းစပ်တည်ဆောက် ထားတဲ့ Program တွေကို ဖန်တီး ဖြစ်ပါတယ်ရှင်။
🌿 ဒဏ်ရာမရဘဲ စစ်မှန်တဲ့ ယောဂရဲ့ အကျိုးကျေးဇူးကို ရယူချင်တယ်ဆိုရင်...
အိမ်မှာ ကိုယ့်ဘာသာ ကြိုကြားကြိုကြား ကျင့်နေတာမျိုးထက်၊ အတွေ့အကြုံရှိ
ဆရာမ ကိုယ်တိုင် သေချာဆွဲပေးထားတဲ့ Program တွေနဲ့ အချိန်တိုအတွင်း
ထိထိရောက်ရောက် ပြောင်းလဲကြည့်လိုက်ပါ။
📍 Flexth Yoga App ၏ သင်တန်းကြေးများ:
(၃) လစာ: ၃၂,၅၀၀ ကျပ်မှ စတင်၍ (တစ်နေ့ ၃၀၀ ကျပ်ကျော်လေးနဲ့ အခြေခံကို ပိုင်နိုင်စေဖို့)
(၆) လစာ Bundle: ၆၄,၅၀၀ ကျပ်မှ စတင်၍ (တစ်လ ၁ သောင်းဝန်းကျင်လေးနဲ့ စနစ်ကျတဲ့ နည်းပညာတွေ ရရှိဖို့)
Unlimited Plan (၁) နှစ်စာ: ၁၁၅,၀၀၀ ကျပ် (တစ်လ ၉,၅၀၀ ကျော်လေးနဲ့ စိတ်ချလက်ချ ရေရှည်လေ့ကျင့်နိုင်ဖို့) ✨💎
(အခြား Program များအပြင် ၂ နှစ်စာ၊ ၃ နှစ်စာ Unlimited အစီအစဉ်ကိုလည်း Messenger တွင် မေးမြန်းနိုင်ပါတယ်ရှင်)
"ယောဂဆိုတာ Pose လေးတစ်ခုတည်း မဟုတ်ပါဘူး... သင့်တစ်ကိုယ်လုံးရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးမယ့် ပြီးပြည့်စုံတဲ့ လေ့ကျင့်မှုပါ။"
အခုပဲ Flexth Yoga App လေးကို Download လုပ်ပြီး စနစ်ကျတဲ့ ယောဂခရီးစဉ်လေးကို စတင်ဖို့ Messenger မှာ အသေးစိတ် လာရောက်ဆွေးနွေး မေးမြန်းနိုင်ပါတယ်ရှင်။ 😊💖
မေတ္တာဖြင့်...
Namaste 🙏
Flexth Yoga.
17/04/2026
နှစ်သစ်မှာ
အသိတရားနဲ့ သတိရှိစွာ ရှင်သန်နေထိုင်ပြီး
ကိုယ်ကျန်းမာမှု စိတ်ချမ်းသာမှုတွေကို
နေ့တိုင်း တဖြည်းဖြည်းနဲ့ ခံစားပိုင်ဆိုင်နိုင်ကျပါစေ။
Namaste 🙏🏻
Flexth Yoga.
သင်္ကြန်မှာ အိမ်တွင်းအောင်းမယ့် မမတို့အတွက်... ပျင်းရိခြင်းကို ကျော်လွှားပြီး ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးမယ့် "First Step" လျှို့ဝှက်ချက် 💦🧘♀️
ဒီနှစ် သင်္ကြန်မှာတော့ အသွားအလာအခက်အခဲလေးတွေရော၊ ရာသီဥတု ပူတာတွေကြောင့်ရော အပြင်မထွက်ဘဲ အိမ်မှာပဲ နားနားနေနေ ဖြတ်သန်းမယ့်သူတွေ အများကြီး ရှိကြမယ်ထင်ပါတယ်။
ပိတ်ရက်ရှည်ရောက်ပြီဆိုရင် တချို့က အိမ်မှာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ မုန့်တွေ လုပ်စားကြတယ်၊ ဇာတ်လမ်းတွဲတွေ ကြည့်ကြတယ်၊ တချို့လည်း ရိပ်သာဝင်ပြီး စိတ်ကို အေးချမ်းအောင် ထားကြပါတယ်။ ဒါပေမဲ့ စားလိုက်၊ အိပ်လိုက်နဲ့ပဲ အချိန်ကုန်သွားတဲ့အခါ ခန္ဓာကိုယ်ကြီးက လေးလံထိုင်းမှိုင်းပြီး ပိုတောင် ပျင်းလာသလို ခံစားရတတ်ပါတယ်။ဒီလို ပိတ်ရက်မျိုးမှာ ခန္ဓာကိုယ်ကိုရော၊ စိတ်ကိုပါ အကောင်းဆုံး ပြန်လည်အားဖြည့် (Boost) ပေးနိုင်တဲ့ နောက်ထပ် Option တစ်ခု ရှိပါတယ်။ ဒါကတော့ "ယောဂလေ့ကျင့်ခြင်း" ပါပဲရှင်။
🤔 "ယောဂစကျင့်ဖို့ စိတ်ကူးရှိပေမဲ့ စလုပ်ဖို့ အရမ်းပျင်းနေတယ်" ဆိုတာ ဖြစ်တတ်တဲ့ သဘာဝပါ
ငယ်ငယ်က သင်ဖူးတဲ့ နယူတန်ရဲ့ ပထမနိယာမ (Newton's First Law of Inertia) မှာ "ငြိမ်နေတဲ့အရာက ဆက်ပြီး ငြိမ်နေဖို့ပဲ အားသန်သလို၊ ရွေ့လျားနေတဲ့ အရာကလည်း ဆက်ပြီး ရွေ့လျားနေဖို့ အားသန်တယ်" လို့ ဆိုပါတယ်။လူတွေရဲ့ စိတ် (Psychological Inertia) ကလည်း ဒီအတိုင်းပါပဲ။ ပိတ်ရက်မှာ ဆိုဖာပေါ်လှဲပြီး အိပ်နေတဲ့အခါ ဆက်ပြီး လှဲနေချင်တာ သဘာဝပါ။ အဲ့ဒီလို ငြိမ်သက်နေတဲ့ အခြေအနေကနေ ရုန်းထွက်ဖို့ "ပထမဆုံး ခြေလှမ်း (First Step)" ကို စတင်ဖို့က အခက်ခဲဆုံးပါပဲ။ ဒါပေမဲ့ အဲ့ဒီ First Step လေးဖြစ်တဲ့ ယောဂဖျာလေးကို ဖြန့်ပြီး စတင်လှုပ်ရှားလိုက်တာနဲ့ နောက်ရက်တွေမှာ ဆက်ပြီး လုပ်ဖြစ်သွားဖို့ဆိုတာ အများကြီး လွယ်ကူသွားပါပြီ။
🌿 ဒီသင်္ကြန်ပိတ်ရက်ဟာ အခက်ခဲဆုံး First Step ကို စတင်ဖို့ အကောင်းဆုံး အချိန်ပါပဲ
အလုပ်တွေ မရှိတဲ့ ဒီပိတ်ရက်မှာ အချိန်တွေ အများကြီး ပိုနေပါတယ်။ ဒီအချိန်လေးကို အသုံးချပြီး အခက်ခဲဆုံးဖြစ်တဲ့ ယောဂအလေ့အကျင့်ရဲ့ "ပထမဆုံး ခြေလှမ်း" ကို Flexth Yoga App နဲ့အတူ စတင်ကြည့်လိုက်ပါ။ အပြင်ထွက်စရာမလိုဘဲ အိမ်မှာတင် ကျင့်နိုင်လို့ အသွားအလာ အခက်အခဲအတွက်လည်း ပူစရာမလိုတော့ပါဘူး။သင်္ကြန်ရက်တွင်း မုန့်တွေ အများကြီးစားမိလို့ ဝိတ်တက်လာမှာကိုလည်း ယောဂက ထိန်းပေးနိုင်သလို၊ ချွေးထွက်သွားတဲ့အခါ ခန္ဓာကိုယ်က ပေါ့ပါးသွက်လက်ပြီး Positive Energy တွေ အပြည့် ပြန်ရလာမှာ အသေအချာပါပဲရှင်။
📍 Flexth Yoga App ၏ သင်တန်းကြေးများ:
(၃) လစာ: ၃၂,၅၀၀ ကျပ်မှ စတင်၍ (တစ်နေ့ ၃၀၀ ကျပ်ကျော်လေးနဲ့ အခြေခံကို ပိုင်နိုင်စေဖို့)
(၆) လစာ Bundle: ၆၄,၅၀၀ ကျပ်မှ စတင်၍ (တစ်လ ၁ သောင်းဝန်းကျင်လေးနဲ့ စနစ်ကျတဲ့ နည်းပညာတွေ ရရှိဖို့)
Unlimited Plan (၁) နှစ်စာ: ၁၁၅,၀၀၀ ကျပ် (တစ်လ ၉,၅၀၀ ကျော်လေးနဲ့ စိတ်ချလက်ချ ရေရှည်လေ့ကျင့်နိုင်ဖို့) ✨💎 (အခြား Program များအပြင် ၂ နှစ်စာ၊ ၃ နှစ်စာ Unlimited အစီအစဉ်ကိုလည်း Messenger တွင် မေးမြန်းနိုင်ပါတယ်ရှင်)
"အရာရာတိုင်းအတွက် ပထမဆုံး ခြေလှမ်းက အခက်ခဲဆုံးပါ။ ဒီအခက်ခဲဆုံး အဆင့်ကို ကျော်လွှားနိုင်ဖို့ ဒီသင်္ကြန်ပိတ်ရက်လေးမှာ Flexth Yoga နဲ့အတူ အစပြုလိုက်ကြပါစို့ရှင်။"
အခုပဲ Flexth Yoga App လေးကို Download လုပ်ပြီး ကျန်းမာပေါ့ပါးတဲ့ ခရီးစဉ်လေးကို စတင်ဖို့ Messenger မှာ အသေးစိတ် လာရောက်ဆွေးနွေး မေးမြန်းနိုင်ပါတယ်ရှင်။ 😊💖
မေတ္တာဖြင့်...
Namaste 🙏
Flexth Yoga.
ယောဂဖျာလေးတွေပေါ်ကနေ စတင်ခဲ့တဲ့... ကျွန်မတို့ရဲ့ နွေးထွေးတဲ့ မိသားစုကမ္ဘာလေး" 🌊🧘♀️✨
ပြီးခဲ့တဲ့ရက်ပိုင်းက Flexth Yoga မိသားစုဝင် တပည့်လေးတွေနဲ့အတူ ငွေဆောင်ကမ်းခြေကို အမှတ်တရခရီးလေး ထွက်ဖြစ်ခဲ့ကြပါတယ်။ မနက်ခင်း ပင်လယ်လေညင်းအေးအေးလေးနဲ့အတူ သောင်ပြင်မှာ ယောဂအတူကျင့်ကြ၊ ရယ်ရယ်မောမောနဲ့ စကားတွေပြောရင်း အပန်းဖြေခဲ့ကြတာ... တကယ့်ကို သွေးချင်းရင်းချာတွေလို နွေးထွေးလွန်းတဲ့ အချိန်လေးတွေပါပဲ။
ဒီလိုကြည်နူးစရာ မြင်ကွင်းလေးတွေကိုကြည့်ရင်း ကျွန်မရင်ထဲမှာ တကယ်ကို ပီတိဖြစ်ရပါတယ်။ ဘာလို့လဲဆိုတော့ Flexth Yoga ကို စတင်တည်ထောင်ကတည်းက "လာမယ်၊ ယောဂကျင့်မယ်၊ ပြန်မယ်" ဆိုတဲ့ သင်တန်းတစ်ခုထက်... စိတ်တူကိုယ်တူ ဝါသနာတူသူတွေ စုဝေးပြီး အချင်းချင်း ခွန်အားတွေဖလှယ်ပေးနိုင်တဲ့ "နွေးထွေးလုံခြုံတဲ့ နားခိုရာ အဝန်းအဝိုင်းလေးတစ်ခု" ဖြစ်စေချင်ခဲ့တာမို့ပါ။
ဒါကြောင့်လည်း Messenger ကနေ နေ့စဉ် လာမေးကြတဲ့ မေးခွန်းလေးတွေကို ကျွန်မ အတတ်နိုင်ဆုံး အချိန်ပေးပြီး ဖြေဖြစ်ပါတယ်။
💬 "တီချယ်... ခါးကြောညှပ်နေလို့ ဘယ်လိုနေရမလဲ"
💬 "ကျောကုန်းလေး နည်းနည်းစောင်းနေလို့ ဘယ်လိုလေ့ကျင့်ခန်းလေးတွေ လုပ်ရမလဲရှင့်"
💬 "ဗိုက်ခွဲမွေးထားတာမို့ ယောဂ ပြန်ကျင့်လို့ ရပြီလေးရှင်... ကြောက်လို့ပါ"
တချို့ဆို ကျွန်မတို့ Page က Free Video လေးတွေကြည့်ပြီး လာမေးကြတာပါ။ အားလုံးကို ကျန်းမာစေချင်တဲ့ စေတနာတစ်ခုတည်းမို့... ကျွန်မဆီမှာ သင်တန်းမတက်လည်း ရပါတယ်။ အကွာအဝေးကြောင့် ဝေးနေတဲ့သူတွေဆိုရင်လည်း သူတို့နဲ့ အဆင်ပြေမယ့် တခြားသင်တန်းလေးတွေကို စိတ်ရင်းနဲ့ လမ်းညွှန်ပေးဖြစ်ပါတယ်။ ယောဂရဲ့ အေးချမ်းအရာမှုနဲ့ ကောင်းကျိုးတွေကို လူတိုင်းကို အပြည့်အဝ ခံစားစေချင်လို့ပါရှင်။
အခုဆိုရင် အတန်းထဲက မမတွေ ၊ ညီမလေးတွေ အချင်းချင်းလည်း တစ်ယောက်ကိုတစ်ယောက် ဖေးမကြ၊ အားပေးကြနဲ့ တကယ့်ကို အပြုသဘောဆောင်တဲ့စွမ်းအင် (Positive Energy) တွေ ပြည့်နှက်နေတဲ့ မိသားစုဝိုင်းလေး ဖြစ်နေပါပြီ။
ယောဂဆိုတာ ခန္ဓာကိုယ်ကျန်းမာဖို့တင် မဟုတ်ဘဲ၊ စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှုတွေကိုပါ ပျောက်ကွယ်စေတဲ့ အရာလေးပါ။ ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်၊ စိတ်အေးချမ်းမှုလေး ရှာချင်တာပဲဖြစ်ဖြစ် Flexth Yoga က မမတို့၊ ညီမလေးတို့အတွက် အမြဲတမ်း နွေးနွေးထွေးထွေး ကြိုဆိုနေပါတယ်ရှင်။ 😊💖
Namaste 🙏🏻
Flexth Yoga.
အသက် (၅၀) ကျော်သော်လည်း နုပျိုသွက်လက်ဆဲ... လူငယ်ထုများပင် အံ့ဩရသည့် ခံနိုင်ရည် Stamina ပိုင်ဆိုင်ခြင်း၏ လျှို့ဝှက်ချက် 🧘♀️💪
"ယောဂဆိုတာ ကိုယ်အကြောလျှော့ပြီး ပျော့ပြောင်းစေရန်သာ" ဟူသော အယူအဆဟောင်းကို ယုံကြည်နေဆဲလား? ပြေးခြင်း၊ ဝိတ်မခြင်းတို့လို ပြင်းထန်သော လေ့ကျင့်ခန်းများမှသာ စစ်မှန်သော သက်လုံနှင့် ခံနိုင်ရည်ကို ရနိုင်သည်ဟု ထင်နေပါသလား?
ဒါဆိုရင်တော့... ကျွန်မဆီက Flexth Yoga App မှာ (၂) နှစ်၊ (၃) နှစ်လောက် စွဲစွဲမြဲမြဲ လေ့ကျင့်နေတဲ့ အသက် ၅၀ ကျော် မမကြီးတွေရဲ့ အတွေ့အကြုံလေးကို ဝေမျှပေးချင်ပါတယ်ရှင်။
မကြာသေးခင်က သူတို့ ကျွန်မကို ပြန်ပြောပြကြတယ်။ "တီချယ်ရေ... အရင်ကဆို လှေကားနည်းနည်း တက်လိုက်တာနဲ့ မောနေပြီ။ အခုက လှေကားထစ်တွေ အများကြီးတက်လည်း မမောတော့ဘူး။ တချို့ နေရာတွေမှာဆို လူငယ်တွေထက်တောင် ပိုပြီး အမောခံနိုင်လာလို့ ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြနေရတယ်" တဲ့။
ဟုတ်ပါတယ်... တကယ်တော့ ယောဂဆိုတာ အကြောပျော့ရုံ သက်သက်မဟုတ်ဘဲ သက်လုံနဲ့ ခံနိုင်ရည် ကို အံ့မခန်း တိုးတက်စေနိုင်ပါတယ်။
\ဘာကြောင့်လဲဆိုတော့-
⏱️ Hold Poses Longer (ပုံစံတခုကိုကြာရှည်စွာ ထိန်းထားခြင်းဖြင့် ကိုယ်အလေးချိန်ကို ထိန်းထားရခြင်း):
Chair Pose ၊ Plank စတဲ့ Pose တွေမှာ အသက်ရှူနှုန်း ၅ ကြိမ်ကနေ ၈ ကြိမ်လောက်အထိ ငြိမ်ငြိမ်လေး ထိန်းထားရတဲ့အခါ ကြွက်သားတွေရဲ့ ခံနိုင်ရည် ဟာ ဝိတ်မနေရသလိုမျိုး အလိုလို တက်လာပါတယ်။
🌊 Dynamic Flow (ဆက်တိုက်လှုပ်ရှားမှု):
Sun Salutation လိုမျိုး Pose တစ်ခုနဲ့တစ်ခု မရပ်မနား ဆက်တိုက် ကူးပြောင်းရတဲ့အခါ နှလုံးခုန်နှုန်း ကို မြန်လာစေပြီး ပြေးနေရသလိုမျိုး သက်လုံကို အများကြီး ကောင်းလာစေပါတယ်။
🫁 Focus on Breath (အသက်ရှူစနစ်):
ယောဂရဲ့ အသက်ရှူစနစ် နဲ့ လှုပ်ရှားမှုတွေကို ချိန်ကိုက်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲကို အောက်ဆီဂျင် ပိုရောက်လာပြီး အလွယ်တကူ မမောပန်းတော့ပါဘူး။
ဒါ့အပြင် Beginner ကနေ Advanced ကို တက်လာတာနဲ့အမျှ Crow Pose လိုမျိုး လက်နှစ်ဖက်တည်းနဲ့ တစ်ကိုယ်လုံးကို မတင်ထားရတဲ့ အဆင့်တွေရောက်လာရင် ခွန်အားနဲ့ Stamina ကို အပြည့်အဝ သုံးရတော့တာပါပဲရှင်။
🌿 တစ်နေ့ နာရီဝက်၊ ၄၅ မိနစ် လောက် လေ့ကျင့်ရုံနဲ့ သက်လုံကောင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ပါပြီ။
Stamina ကောင်းဖို့အတွက် ပြေးစက်ပေါ်မှာ အမောတကြီး ပြေးစရာမလိုပါဘူး။ အိမ်မှာတင် ယောဂဖျာလေး တစ်ချပ်ရှိရုံနဲ့ တစ်နေ့ကို နာရီဝက်ကနေ ၄၅ မိနစ်လောက်အထိ စွဲစွဲမြဲမြဲ လေ့ကျင့်ပေးသွားမယ်ဆိုရင် အံ့သြလောက်တဲ့ ရလဒ်ကို ရရှိမှာ သေချာပါတယ်ရှင်။
စနစ်ကျတဲ့ လမ်းညွှန်မှုတွေနဲ့အတူ မမတို့ရဲ့ Stamina ကို တည်ဆောက်ဖို့ Flexth Yoga App က အသင့်စောင့်ကြိုနေပါတယ်။
📍 Flexth Yoga App ၏ သင်တန်းကြေးများ:
(၃) လစာ: ၃၂,၅၀၀ ကျပ်မှ စတင်၍ (တစ်နေ့ ၃၀၀ ကျပ်ကျော်လေးနဲ့ အခြေခံကို ပိုင်နိုင်စေဖို့)
(၆) လစာ Bundle: ၆၄,၅၀၀ ကျပ်မှ စတင်၍ (တစ်လ ၁ သောင်းဝန်းကျင်လေးနဲ့ စနစ်ကျတဲ့ နည်းပညာတွေ ရရှိဖို့)
Unlimited Plan (၁) နှစ်စာ: ၁၁၅,၀၀၀ ကျပ် (တစ်လ ၉,၅၀၀ ကျော်လေးနဲ့ စိတ်ချလက်ချ ရေရှည်လေ့ကျင့်နိုင်ဖို့) ✨💎 (အခြား Program များအပြင် ၂ နှစ်စာ၊ ၃ နှစ်စာ Unlimited အစီအစဉ်ကိုလည်း Messenger တွင် မေးမြန်းနိုင်ပါတယ်ရှင်)
"အသက်အရွယ်ဆိုတာ ဂဏန်းတစ်ခုသက်သက်ပါ။ မှန်ကန်တဲ့ လေ့ကျင့်မှုရှိရင် လူငယ်တွေထက်တောင် ပိုပြီး သွက်လက်လာနိုင်ပါတယ်ရှင်။"
အခုပဲ Flexth Yoga App လေးကို Download လုပ်ပြီး ကျန်းမာသွက်လက်တဲ့ ခရီးစဉ်လေးကို စတင်ဖို့ Messenger မှာ အသေးစိတ် လာရောက်ဆွေးနွေး မေးမြန်းနိုင်ပါတယ်ရှင်။ 😊💖
မေတ္တာဖြင့်...
Namaste 🙏
Flexth Yoga.
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
No 32, Kyaut Myaung Zay Street, Tarmwe Township
Yangon
11211