ART BAR - Creative Studio

ART BAR - Creative Studio

Share

Art Bar Creative Studio & Training Center was founded since 2016. It has been training the students based on the design.

The modules we offer are Basic Design, Commercial Design, 3Ds Max, Illustrator Special and Social Media Design and UI/UX Class

05/06/2026

ကျွန်တော်နဲ့ Layout များ (၃)

တကယ်က ကျွန်တော်တို့ နားမလည်လိုက်တာလေး တခုကြောင့် ဆိုတာကို အချိန်တော်တော်လေး ကြာမှ သိလိုက်ရတာပါ။ တကယ်က ကျွန်တော်တို့ သုံးနေတဲ့ Software အများစုက Adobe က ထုတ်တဲ့ ထုတ်ကုန်တွေပါ။ သူတို့ရဲ့ ထုတ်ကုန်တွေ တပြေးညီသုံးလို့ရနေမယ့် common color setting ကို တော်တော်များများ သတိမထားမိကြတာပါ။ တကယ်က PageMaker ကိုပဲ သုံးသုံး၊ InDesign ကိုပဲ သုံးသုံး၊ Photoshop ကိုပဲ သုံးသုံး၊ Illustrator ကိုပဲ သုံးသုံး Color Setting ထဲက Setting ရယ်၊ Working Spaces ရယ် Color Management Policies တွေကို ကိုယ်သုံးမဲ့ Setting Profile တစ်ခုကို သေချာပုံသေထားပြီး သုံးရင် Adobe ထဲက Any Software ကိုပဲ သုံးသုံး color အမှန်ကို သိနိုင်ပါပြီ။ အာ့လို သိနိုင်ဖို့ Error ပေါင်းများစွာ…..အထိအခိုက်ပေါင်းများစွာနဲ့ ဟိုမေး ဒီမေးလုပ်ရင်းနဲ့ CE Myanamr က Technician ကိုခင်မောင်သော်က သေချာရှင်းပြပေးလိုက်လို့ သိရတာပါ။ ကိုသော်ကြီးရဲ့ အတွေ့အကြုံတွေ၊ ပြောပြ သင်ပြပေးတဲ့ အကြောင်းအရာတွေ နောက်ပိုင်းမှာ ပိုပိုများများလာပါတယ်။

နောက်တချက်က ကျွန်တော်တို့ဆီမှာ သုံးနေကျတာက အများအားဖြင့်က PC တွေ များပါတယ်။ Monitor တွေကတော့ လက်လှမ်းမီရာ နာမည်ကြီးရာ မျိုးစုံကို ဝယ်တပ်ကြတာပေါ့နော်၊ တကယ်က Monitor ဝယ်ပြီး တပ်လိုက်တာနဲ့ ပြီးသွားပြီးလို့ ထင်ကြတာပါ။ တကယ်က Monitor ကို install လုပ်ပြီး သူရဲ့ Process အတိုင်း Brightness, Contract, Gamma တွေကို adjust လုပ်ရပါတယ်။ အာ့လို adjust လုပ်လိုက်တာတောင် Press ကိုရောက်ပြီး ပုံနှိပ်လို့ ထွက်လာရင်လဲ လွယ်ပါတယ် ခင်ဗျာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံ ပုံနှိပ်စက်တွေကို Japan Used တွေ သုံးတာ များပါတယ်။ စက်က ဂျပန်၊ သုံးရတဲ့ မင်ကျတော့ ကိုရီးယား၊ အိန္ဒိယ၊ တရုတ် ရရာ မင်ကို သုံးရတာပါ။ ရရာမင်နဲ့ ရှိတဲ့ အကောင်းဆုံး စက္ကူဆိုတဲ့ အပေါ်ပုံနှိပ်လိုက်တော့ Computer, Press and Ink ကြားထဲက ထွက်လို့ရတဲ့ အရောင်တွေ ထွက်လာတာပေါ့နော်။ တခါတရံ အနီးစပ်ဆုံး ရပေမယ့် တခါတရံ အဝေးဆုံးဆိုတဲ့ အရောင်တွေထိ ရတတ်လာပါတယ်။

အာ့ခေတ်ကာလ အနေအထားနဲ့ စဉ်းစားကြည့်မယ်ဆိုရင် Computer, Monitor, Film Making, Plate Making and Press ဆိုတဲ့ အပိုင်းများကို မစဉ်းစားလို့ မရပါ၊ ထည့်မတွက်လို့ မရပါ။ အာ့လို အချိန်ကာလမျိုးမှာ ဆရာဌေးရဲ့ အနီးကပ် သင်ကြားပေးခဲ့တဲ့ Bleed, Trend size ဆိုတဲ့ အရာများက အထူးအရေးပါလှပါသည်၊ အာ့ခေတ်ကာလ အနေအထားတုန်းက စက္ကူဖြတ်သည့် ဓားစက်များသည် အတိမ်းအစောင်းကို မြန်မာအခေါ်အဝေါ် တမူးပတ်လည် (0.125 inch) ပေးလို့ မရသေးတဲ့ အချိန်ကာလ ဖြစ်နေသေးတဲ့ အတွက် တမတ်ဟု ခေါ်သည့် 0.25 inch ထားပေးရသည့် အချိန်အခါပါ။ အခန့်မသင့်ရင် အတွင်းက ပုံရိပ်တွေပါ ထိနိုင်သည့် အနေအထားဖြစ်တဲ့အတွက် ရင်သိမ့်တုန် ရုပ်ရှင်ကား ကြည့်နေရသလို ခံစားရတာပါ။ တစ်ပတ်စာ ဂျာနယ်တစောင်လုံးစာ layout ထိုင်ပြီးရင် ပြီးတဲ့ စာမျက်နှာတွေကို print ထုတ် ပြင်ချက်ဖတ်……၊ ပြင်ချက်ပြန်လာရင် ပြင်ချက်ပြင် ပြီးရင် မသေချာရင် ထပ်ပရင့်ထုတ်ပြီး ပြန်စစ်ရပါတယ်။

အားလုံးပြီးသွားတဲ့ အချိန်မှာ pages တွေကို တခုချင်း ပြန်စစ်၊ link တွေစစ်၊ final proof စာရွက်တွေကို သေချာ ထုတ်ပိုးပြီး Film ထုတ်ရင် ALPHA Color Separation ကို ပြေးရတာပေါ့။ အဲဒီမှာ အဓိကက ဖလင်ထုတ်ဖို့ ထိုင်ထားပြီးသား စာမျက်နှာတွေကို Dummy ၂ ခြမ်းတွဲရတာပါ။ ဥပမာ - စာမျက်နှာ ၂၄ မျက်နှာရှိတယ်ဆိုရင် 24-1, 2-23 အာ့လိုမျိုးတွေ ပြန်တွဲရတာပါ။ အာ့ခေတ်တုန်းကတော့ Pagemaker ကနေ PDF ဖြစ်အောင် အကုန်မောင်းပြီး ပြန်တွဲလို့ ရတဲ့ခေတ် မဟုတ်သေးပါဘူး။ PDF နဲ့လည်း Film making လုပ်လို့ မရသေးပါဘူး။ Pagemaker နဲ့ စာမျက်နှာ ၂ မျက်နှာတွဲ၊ ပြီးရင် Postscript မောင်းပြီး Film ထုတ်ရတာပါ။ Postscript မှာ သတိထားစရာက စာမျက်နှာတွေမှာ သုံးထားတဲ့ ဓာတ်ပုံသည် RGB မရ CMYK ဖြစ်ရမယ်၊ Resolution သည် 300 DPI ဖြစ်ကို ဖြစ်ရမည်။ မဟုတ်ပါက Postscript မောင်းလို့ မရပါ။ Error တက်ပါသည်။ DPI ဆိုသည်မှာ တစ်လက်မ ပတ်လည် ပုံတစ်ပုံမှာ ရှိသော Dot per inch ခေါ် DOT အရေအတွက်ကို ခေါ်တာပါ။ နောက် Film ထုတ်ရမှာ မဖြစ်မနေ လုပ်ကို လုပ်ရတာက BLEED size ကို စာရွက် ၂ ရွက်စာရဲ့ အတိုင်းအတာအပြင် ဘေးပတ်ပတ်လည်ကို 0.25 တမတ်ပတ်ပတ်လည် ပိုးပေးရတာပါ။ 0.25 inch ပတ်ပတ်လည် မပိုးပေးမိရင်လည်း Postscript မောင်းလို့ မရပါ။ နောက်ဆုံးတစ်ခုက Postscript အတွက် နောက်ဆုံး ပြင်ဆင်ရသည်မှာ Postscript မောင်းဖို့ နောက်ဆုံးအဆင့် LPI (Line Per Inch) Resolution သည် 2400 LPI အနေဖြင့် Postscript ကို မောင်းပါသည်။

အခုလို စာမျက်နှာ ၂ မျက်နှာ တတွဲကို စာမျက်နှာတွဲ၊ Postscript မောင်းဖို့ ပြင်ရ ဆင်ရနဲ့ နောက်ဆုံး ဖလင် ၄ ချပ်ထွက်လာဖို့ အချိန်သည် ၂၅ မိနစ်ကနေ ၄၅ မိနစ်ကြား အချိန်ပေးရပါတယ်။ အရင်တုန်းက ၂ မျက်နှာတွဲလိုက် ဖလင်ထုတ်ဖို့ပြင်လိုက်နဲ့ အချိန်တော်တော်ကြာပေးရပါတယ်။ နောက်ပိုင်းမှာတော့ Film ထုတ်ဖို့ ALPHA Color Separation ကိုရောက်တာနဲ့ စာမျက်နှာတွေကို အရင်တွဲ၊ Link စစ်ရတယ်၊ သုံးထားတဲ့ Color Tone တွေကို CMYK ဟုတ် မဟုတ်ပြန်စစ်ရတယ် (RGB ဖြစ်နေရင် Photoshop ထဲဝင်ပြီး CMYK ပြောင်းပေးရတယ်၊ မဟုတ်ရင် Postscript မောင်းလို့ မရဘူး)။ ပြီးတာနဲ့ Editor စစ်ထားနဲ့ ဆရာဌေးစစ်ထားတဲ့ နောက်ဆုံး Proof တွေနဲ့ ကိုယ်တွဲထားတဲ့ ဖိုင်နဲ့ ကိုက်မကိုက် ပြန်စစ်ရတယ်၊ ဘာကြောင့်လဲဆိုတော့ ALPHA မှာ ရှိတဲ့ Printer Driver နဲ့ ကိုယ်တွေ ရုံးမှာသုံးတဲ့ Default Printer Driver မတူတော့ စာမျက်နှာဖွဲ့ထားတဲ့ အထဲမှာပါတဲ့ စာတွေ လယ်ထွက်ကုန်တာကို တော်တော်ရှင်းယူရတာ။ စာတွေကို Squeez လုပ်ရတယ်၊ အာ့လို လုပ်လို့ မရတော့ရင် Line Spacing ကို မသိမာ ခိုးပြီး ကျဉ်းပလိုက်ရတယ်၊ အာ့လိုနဲ့မှ မရတော့ရင်တော့ ဆရာဌေးကို အကူအညီ တောင်းပြီး ခုတ်ထစ်ပလိုက်ရတော့တာပေါ့။ တနည်းပြောရရင် အာ့အချိန်မှာ ဆရာဌေးက Production Editor ကြီးပေါ့။ (နောက်မှ Production Editor ကြီးတွေရဲ့ တာဝန်နဲ့ ဝတ္တရားတွေကို ပြောပြပါ့မယ်)။

စာမျက်နှာတွေ စစ်ပြီး၊ Film တွေလဲ စစ်ဆေးပြီးပြီ Error တွေ မရှိဘူးဆိုရင် ထုတ်ထားတဲ့ film တွေကို ရေလုံဘူးထဲထည့် ပြီးရင် ပုံနှိပ်စက်ရှိတာ တောင်ဒဂုံကို ပြေးရတာပေါ့၊ မိုးတွင်းကာလဆိုရင် ပုံနှိပ်စက် ရှိတဲ့ လမ်းတွေက ရေကျော်၊ ရေဖုံးနေလို့ လမ်းထိပ်ကနေ ပုံနှိပ်စက်အထိ လမ်းဆင်းလျှောက်ရတယ်။ Process အားလုံးပြီးတဲ့ အချိန်က အစောဆုံးဆို မနက် ၂ နာရီပါ၊ နောက်ကျတဲ့ ရက်ဆို တခါတရံ မနက် ၄ နာရီခွဲပါတယ်။ နောက်ကျနိုင်တဲ့ရက်ဆိုရင်တော့ ပုံနှိပ်စက်ကို ကြိုတင် အကြောင်းကြား Film တွေကို အရင်ရိုက်လို့ရမယ့် ဟာတွေကို အရင်ထုတ် တယောက်က ဖလင်သွားပို့၊ ကျန်တဲ့သူက စာမျက်နှာ ဆက်တွဲ အာ့လို အတွဲလိုက်တွေ ပြေးရတာပါ။ Myanmar Times ကို ရောက်ကာစ စာမျက်နှာ ၂၄ မျက်နှာထုတ်ကို ကြာသပတေးည ဖောင်ပိတ်တယ်၊ နောက်ပိုင်းကျတော့ သတင်းစောင့်တာ ဘာညာနဲ့ ကြာသပတေးညကနေ သောကြာနေ့ခင်း၊ နောက်တော့ သောကြာနေ့ ညပိုင်းမှာမှ ဖောင်ပိတ်ရတဲ့ အဆင့်တွေ ဖြစ်ကုန်တော့တာပေါ့။ သောကြာနေ့ည ဖောင်ပိတ် စနေ တစ်ရက်လုံး ပုံနှိပ်၊ တနင်္ဂနွေနေ့ ဂျာနယ်ဖြန့်၊ တနင်္လာနေ့ မနက် ရုံးရောက်ရင် တပတ်စာလုပ်ခဲ့ရတဲ့ တွေ့ခဲ့ရတဲ့ ပြဿနာတွေကို DTP Section ရယ် Production Section ရယ်၊ Dy CEO ရယ်၊ Marketing ရယ် တဖြတ်ပြန် Meeting ထိုင် ဆောင်ရန်ရှောင်ရန်တွေ၊ သတိထားစရာတွေ အချင်းချင်းပြန် ဖလှယ်ကြပေါ့။ အာ့တုန်းက ပုံနှိပ် အကြောင်း မသိသေးတော့ တပတ်နဲ့ တပတ်က တွေ့ကြုံရတဲ့ အတွေ့အကြုံတွေက ထပ်ကို မထပ်ဘူး၊ အပတ်တိုင်း အသစ်တွေချည်းပဲ၊ ၄ လလောက်အထိက ချာလပတ်ကို ရမ်းနေတာ၊ နောက်ကျမှ အသားကျလာတာ။ အဲဒါကို ဆရာဌေးက ရယ်စရာအနေနဲ့ ခဏခဏပြောပြတယ်၊ ကိုထွန်းမင်းစိုးရယ် နောက်ကျတော့လဲ အလွဲတွေ အမှားတွေနဲ့ အသားကျသွားမှာပါလို့ ပြောရင်း ခဏခဏ ရယ်ဖြစ်ကြတယ်။ တနည်းပြောရရင် DTP က ကျွန်တော်နဲ့ Production ဘက်က ဆရာဌေးတို့နဲ့က တဖြည်းဖြည်းနဲ့ ပိုပိုစည်းလုံးလာတယ်၊ လော့လာ သင်ယူမှတ်သားရတာတွေက ကုန်သွားတယ်လို့ ရှိမှ မရှိတာချည်းကို။

ဆက်လက်ဖော်ပြပါ့မယ် . . .

21/05/2026

ကျွန်တော်နဲ့ Layout များ ( ၂)

ဒီကြားထဲမှာ Service လုပ်ရတဲ့ အတွေ့အကြုံတွေ၊ Programming ပိုင်းတွေ၊ Software Problem solve, Hardware Problem Solve လုပ်ရတာတွေ ထားခဲ့ပါ့မယ်။ ဒီအထဲမှာ မှတ်မှတ်ရရ ရှိခဲ့ပြီး နောက်ပိုင်း တောက်လျှောက်အသုံးဝင်ခဲ့တဲ့ Software ပိုင်း Error ရှင်းပုံရှင်းနည်းတွေက ခုချိန်ထိ အသုံးဝင်နေဆဲပါ။ Software Error တက်တိုင်း uninstall လုပ် install ပြန်လုပ်တာ မဟုတ်ပဲနဲ့ Error တက် တဲ့အပိုင်းကို စိတ်ရှည်လက်ရှည်ရှာပြီး Error ရှင်းရတာပါ။ ကျွန်တော် အလုပ်လုပ်ခဲ့တဲ့ SPA/FMI မှာ နိုင်ငံခြားသားတွေ များတာကို သူတို့က Software Error တက်လိုက်တိုင်း Software တွေကို uninstall လုပ်ပြီး install ပြန်လုပ်တာကို လက်မခံကြပါဘူး၊ Error ဖြစ်ရတဲ့ အပိုင်းကို သေချာရှာ ရှင်းပြီး နောက်ထပ် error ထပ်မဖြစ်အောင် သူတို့ကို software သုံးရတဲ့ အချိန်မှာ do and don’t တွေကို ပြန် report တင်ပေးရတာပါ။ ထားပါတော့ ဒါလေးတွေကတော့ ကြားပေါက်လေးတွေပေါ့နော်။

၂၀၀၁ ခုနှစ်မှာ အရင် Service လုပ်ခဲ့ Design လေးတွေ အတူတူလုပ်ခဲ့ဘူးတဲ့ Ko Roger နဲ့ ပြန်ဆက်စပ်မိတယ်။ သူက အာ့အချိန်မှာ Myanmar Times မှာ ရောက်နှင့်နေပြီလေ။ သူနဲ့ သူ့အမျိုးသမီးက မနက် ၉း၀၀ နာရီကနေ ၅း၀၀ နာရီထိ ရှိမယ်၊ ကျွန်တော်က မနက် ၁၁း၀၀ နာရီကနေ ညဘက် ဖလင်ထုတ်ချိန်ထိ နေရမယ်ပေါ့။ တကယ်က Layout ဆိုတဲ့ စထဲ့ပေးခဲ့တာ Ko Roger နဲ့ Suu Nyein Chan တို့ပါ။ ကိုယ်တွေ အရင်က ဖလင်ထုတ်တယ်ဆိုတာ Negative Film လောက်ပဲ ထုတ်ခဲ့ဘူးတာပါ။ အဲဒီမှာ စတွေ့တာကတော့ Layout အတွက် မြန်မာပြည်မှာ အဓိကသုံးတာ Pagemaker ပေါ့။ အားသာချက် အားနည်းချက်တွေကတော့ အများကြီးပေါ့နော်။

ကံကောင်းတာ တချက်က အာ့ခေတ်ကာလ အခါတုန်းက ဆရာကြီးတယောက်နဲ့ မထင်မှတ်ပဲ ပညာယူရတာပါ။ ဆရာကြီးက ကျွန်တော်တို့ တသက်လုံးနီးပါး တလေးတစား ဆက်ဆံရတဲ့ ဆရာဦးဌေးမောင်ပါ။ ဆရာဌေးက အရင်တုန်းက New Light of Myanmar ရဲ့ ပုံနှိပ်အရာရှိပါ၊ ဆရာက ဟိုးခေတ်အခေါ် RIT ကျောင်းထွက်ပါ။ သတင်းစာတိုက်မှာ Printing ပိုင်းနဲ့ ပတ်သက်ပြီး ဆရာက အရမ်းကို စေ့စပ်သေချာတာပါ။ Myanmar Times ကို ရောက်မှပဲ ဆရာနဲ့ ဘာကို ထိပ်တိုက် သွားတွေ့တာလဲလို့ မေးရင် ပုံနှိပ်မှာ အင်မတန် အရေးကြီးတဲ့ စာမျက်နှာ နံပါတ်ထားပုံထားနည်းတွေ (ဘယ် ညာထားရမဲ့ဆိုတဲ့ အကြောင်းတွေ)၊ ကြော်ငြာအတွက် သိကို သိရမယ့် Trend Size, Bleed Size တွေကို သေသေချာချာ စနစ်တကျ၊ ထဲထဲဝင်ဝင် သေချာ နားလည်လာခဲ့ရတာပါ။

Pagemaker ကို ပြန်သုံးရတော့ Pagemaker က Version 6.0 ဖြစ်နေပြီ။ အရင်က ကိုယ်တွေက Pagemaker ကို စာစီစာရိုက်လောက်ပဲ သုံးရတယ်ပဲ ထင်ထားတာကိုး။ Myanmar Times ရောက်မှ layout အတွက် Pagemaker က အဓိကဖြစ်မှန်း သိခဲ့ရတာပါ။ Myanmar Times ရောက်ရောက်ချင်း အလုပ်လုပ်ဖို့ Computer က ချက်ချင်းမရသေးတော့ Ko Roger ကွန်ပျူတာမှာပဲ သူတလှည့် ကိုယ်တလှည့်နဲ့ Computer ကို ကိုင်ရတာပါ။ အာ့အချိန်မှာ Adobe Photoshop က Version 5.5 လားမသိဘူး ရောက်နေပြီ။ အာ့အချိန်ကာလတုန်းက Photoshop ဆိုတာကို ကျွန်တော်တို့အဖို့က Design ဆိုတာထက် color adjust လုပ်ဖို့လောက်ကိုပဲ သုံးကြတာပါ။

အာ့ခေတ်ခါတုန်းကလဲ layout ဆိုတာကို သိကြတာ လက်တဖက်စာလောက်ပဲ ရှိလောက်တာပါ။ Pagemaker ရဲ့ အားနည်းချက်ကြီး တခုက စသုံးမယ်ဆိုတာနဲ့ default printer ရွေးရတာပါ။ စလုပ်ကာစတုန်းက အာ့အပိုင်းတွေ နားမလည်သေးတော့ ဘာပြဿနာကြီးကြီးမားမားကြုံလဲ မေးရင် Layout ချထားပြီးသား Pages တွေကို ဖလင်ထုတ်ဖို့ Dummy ချတဲ့နေရာရောက်ရင် Default Printer ကို Setup လုပ်ထားတာ မတူဘူးဆိုရင် Layout တွေမှာ ပါတဲ့ စာတွေအကုန်လုံး လယ်ထွက်သွား တာပါ။ အဲဒီအချိန်မှာ ခုခေတ်လို Software တွေကို ဘယ်လိုသုံးရမလဲဆိုတာ မသိသေးတော့ Dummy တွေကို Pagemaker မှာပဲ တွဲရတာပါ။ ဖလင်ထုတ်ရင် အဲဒီတုန်းက ၄၁ လမ်းထဲက Alpha Color Separation မှာ သွားလုပ်ရတယ်။

Film ထုတ်ဖို့ သွားရင်လဲ Package လဲ မလုပ်တတ်သေးတော့ စာမျက်နှာ တခုချင်းစီမှာ ပါတဲ့ Link တွေကို folder တခုလုပ်၊ ပြီးရင် အာ့အထဲကို အကုန် Copy ကူးထည့်။ ပြီးရင် External Mobile Rak နဲ့ထည့်ပြီး ဖလင်ထုတ်မဲ့နေရာကို ယူသွားရတာပေါ့။ တခါတလေ Listings မှာ ကြော်ငြာ အသစ်ပါ လာလို့ Link ကို Copy များ မကူးမိရင် အာ့ညဆိုရင် ၄၁ လမ်းနဲ့ ဗဟိုရ်စည်ကို တညတည်း အခေါက် ခေါက်ပြန်ရတဲ့ ညတွေဆို ပလက်လန်ပဲ။ နောက်ပိုင်းမှ Link တွေ သဘာဝအကြောင်းကို နားလည် လာတော့မှ ပြန်ရတာ သက်သာသွားတာပေါ့။ နောက် Pagemaker ရဲ့ Default Printer ကိစ္စကို သေချာနားလည်သွားအောင် ရှင်းပြပေးခဲ့တာ CE Myanmar က ကိုခင်မောင်သော်ပါ။ သူကတော့ တွေ့ခဲ့ဘူးတဲ့ Programmer, Service တွေရဲ့ ဆရာတဆူဆိုတာ ဘယ်လို ငြင်းလို့မရပါဘူး။

သူပေးတဲ့ အကြံဉာဏ်နဲ့ alpha နဲ့ ညှိလိုက်လို့ သုံးရမယ့် Default Printer တွေ ရလာခဲ့တယ်၊ ရလာတော့ နောက်တဆင့် ဘာကို ထပ်ပြီး သင်ကြားလေ့လာရလဲဆိုရင်တော့ ပုံနှိပ်စက်တွေကို နားလည်အောင် ကြိုးစားခဲ့ရသေးတယ်။ တဖြည်းဖြည်းနဲ့ Layout ထဲကို ထဲထဲဝင်ဝင်ဖြစ်လာပါတယ်။ Layout ထဲကို ထဲထဲဝင်ဝင်ဖြစ်လာပေမယ့် နားမလည်နိုင်သေးတာက Photoshop ထဲမှာ ရှိတဲ့ Color နဲ့ Pagemaker ရဲ့ ကာလာ အချိုး ဘယ်လောက်ပဲ တူတူ၊ အမြင်မှာ တူကို မတူတာပါ။

WHY?

မေးချင်သည်များ၊ သိချင်သည်များ မေးလို့ရပါတယ်။

17/05/2026

ကျွန်တော်နဲ့ Layout များ

ပထမဦးဆုံး layout နဲ့ စတင်ထိတွေ့မိတာက ၁၉၉၈-၉၉ ပတ်ဝန်းကျင်လောက်က (အာ့ထက်လည်း စောနိုင်ပါတယ်) သရဖူ မဂ္ဂဇင်းတိုက်ရဲ့ ဆရာကြီး ကိုကြွက်ဆီက စတင်ထိတွေ့မိ မြင်ဘူးတာပါ။ အာ့ခေတ်က အခေါ်ကတော့ Macintosh လေးနဲ့ ဆရာကြွက်ရဲ့ စာမျက်နှာစီဖို့ စာမူတွေကို ရိုက်နေတာ စတွေ့ဘူးတာပါပဲ။

အာ့ခေတ်က စာမျက်နှာထိုင်ပုံက အဆန်းကြီးပေါ့နော်။ စာမျက်နှာ တမျက်နှာစာကို အပြည့်တခါတည်း ထိုင်လိုက်တာ မဟုတ်ဘူး။ တမျက်နှာမှာ ပါဝင်မယ့် ကော်လံတခုချင်းစာကို စာစီစာရိုက်လုပ်၊ ပရုပ်ဖတ်၊ ပြင်ချက်လုပ် ပြီးတာနဲ့ ပရင့်ထုတ်ပြီး စာမျက်နှာတွေ တွဲထားတဲ့ Dummy အချပ်ကြီးပေါ်မှာ ပရင့်ထုတ်ထားတဲ့ Story တွေကို ဖြတ်ညှပ်ကပ်ပြီး လိုက်ကပ်ရတဲ့ ခေတ်ပါ။ Dummy တစ်ချပ်ပြီးရင် Negative Film သွားရိုက်၊ Film ရိုက်ပြီးလို့ ထွက်လာရင် အဖြူဖောက်တွေကို အိုပိတ်နဲ့ လိုက်ပိတ်ရတာ။ အာ့ပညာကို ဘယ်မှာ ရလိုက်တာလဲလို့ မေးရင် ဆရာနန္ဒမိုးကြယ်စီမှာ သေသေချာချာမြင်ဘူးလိုက်တာပါ။ ဆရာကတော့ သူကိုင်ထားတဲ့ မဂ္ဂဇင်းတွေက ၅ အုပ်အထက်မှာ ရှိတယ်၊ တစ်လ တစ်လကို စာအုပ် ၅ အုပ်စာ dummy တွေနဲ့ layout ကို သူကိုယ်တိုင် စီစဉ်တာပါ။

FMI ရဲ့ ပဒေသာပင် မြို့တော်ရဲ့ တပတ်တကြိမ်ထုတ် Newsletters လေးပါ။ အာ့ကာလတုန်းက Layout ဆိုတာ နားမလည်သေး မသိတတ်သေးတဲ့ အချိန်ပါ။ စာမျက်နှာ ဖွဲ့ရတဲ့ software ဆိုတာလည်း သီးသန့်မရှိသေးပဲ Corel Draw နဲ့ ထိုင်ရတာ မှတ်မိပါသေးတယ်။ အဲဒီအချိန်တုန်းက ဆိုရင် FMI/SPA ရဲ့ ဒီဇိုင်းနာကြီး ကိုခင်ညို (Ko Khin Nyo) စာမျက်နှာလုပ်တာ ထိုင်တာကို မအိပ်မနေ သွားကူပြီး လုပ်ပေးခဲ့တာ တကယ့်ကို အမှတ်တရပါ။ စာမျက်နှာ ထိုင်ပြီးတာနဲ့ ပရင့်ထုတ်ပြီး negative film လုပ်ပြီး ပုံနှိပ်တိုက် သွားအပ်ရတာပါ။ Newsletter မှာ ပါတဲ့ Logo အတွက်က ဇင့်ဘလောက်ကို သပ်သပ်အပ်ရတာပါ။ မဟုတ်ရင် Negative Film ကနေ ရိုက်တာ ဖြစ်တဲ့အတွက် Logo တွေက Flat တွေ ဖြစ်တာ များတယ်။ အာ့တုန်းက မှတ်မှတ်ရရ Adobe Pagemaker 5 နဲ့ Adobe Photoshop က 4 လားပဲ ရှိသေးတယ်။ အာ့ခေတ်က Photoshop မှာ ဒီဇိုင်းဆွဲဖို့ ဆိုတာထက် ဓာတ်ပုံတွေ ပုံချိန်ဖို့လောက်ပဲ သိခဲ့တာပါ။ Photoshop ထက် ပိုစိတ်ဝင်စားတာက Pagemaker မှာ ဒီဇိုင်းလုပ်ရတာကို ပိုစိတ်ဝင်စားတယ်၊ ဖောင့်တွေကို ကစားရတာ ပိုကြိုက်တယ်၊ အာ့ခေတ်လောက်ကတည်းက Layout ကို စိတ်ဝင်စားနေမှန်း မသိခဲ့တာပါ။ မှတ်မှတ်ရရ အာ့ခေတ်က လုပ်ခဲ့ဘူးတဲ့ ဒီဇိုင်းတစ်ခုက Mola Engine Oil ကို ၃ ခေါက်ချိုး ထိုင်ရတာပါ။

ခုခေတ်ကတော့ လွယ်မှာပေါ့နော်.....
ဟိုခေတ်တုန်းက ကော်လံခွဲ စာရိုက်၊ ခေါင်းစဉ်ရိုက် ပြီးရင် ပရင့်ထုတ်။ ဓာတ်ပုံက သပ်သပ်ဆိုတော့ ဓာတ်ပုံအတွက် နေရာချန် ပြီးရင်၊ ပရင့်ထုတ်ထားတဲ့ စာရွက်မှာ ဓာတ်ပုံကို ကပ်၊ ပြီးရင် စာတွေကို ကပ်ပြီး စာရွက် အစွန်းနေရာတွေကို Correction Pen နဲ့ လိုက်အုပ်ပြီး ကော်ပီရာကူးရတာဗျ......Manual တွေပေါ့ဗျာ.......

ခုခေတ်ဆိုတော့ လွယ်သဟေ့ပေါ့နော်......ဟိုတုန်းက တရက်တည်းနဲ့ ပြီးဖို့ တော်တော်လုပ်ရတာ.....နောက် ပရင်တာက Dotmatrix Printer နဲ့ ထုတ်ရတာလေ.....နော့ Resolution တင်လိုက်တာနဲ့ A4 တစ်ရွက်ကို ၁ နာရီလောက် နားညဉ်းခံပြီး ထုတ်ရတာပါ၊ Canon Laster Printer မြန်မာပြည် စရောက်တော့ မှတ်မှတ်ရရ 3L ကို ရုံးက ဝယ်လာတယ်။ စင်ကာပူကနေ တိုက်ရိုက်ဝယ်လာပေးတာ၊ Certificate တွေ ထုတ်ဖို့၊ လုပ်နေတဲ့ အလုပ်က ဟိုတုန်းက Stanford-City Business Institute ဆိုတော့ ကျောင်းဆင်းပွဲအတွက် Certificate ထုတ်ပေးရဖို့ပေါ့။ Certificate တွေကလဲ Singapore ကနေ တိုက်ရိုက်လာတော့ အယောက် ၅၀ ဆိုရင် Certificate က ၅၁ ရွက်ပဲ ပါတာ၊ ပိုပါတဲ့ ၁ ရွက်က အတိမ်းအစောင်းအတွက်.....ကျန်တာ ပျက်လို့ မရဘူးလေ။

အာ့ခေတ်က Printer ရဲ့ သဘာဝက Certificate ထုတ်ရင် သတိထားရမယ့် အရာလေးကို သတိထားသွားမိတယ်၊ အဲဒါက ဘာလဲ ဆိုရင် ရိုးရိုး A4 နဲ့ ထုတ်ရင် ပြဿနာ မရှိပေမယ့် Certificate လို စက္ကူအထူဆိုရင် paper roller ကို ဆွဲတဲ့ ပုံစံက မတူတော့ဘူးလေ။ Certificate ထုတ်ရင် ၅ ရွက်လောက် ထုတ်ပြီးရင် paper roller ကနေ စက္ကူဆွဲတာ နည်းနည်းလေး နောက်ကျတယ်၊ အာ့ဆိုရင် Page Setting ဘယ်လောက်ပဲ ချိန်ထား ချိန်ထား နေရာလွဲတယ်၊ Certificate တွေက အတိမ်းအစောင်း မခံတော့ Printer ကနေ ၄ ရွက်လောက်ထုတ် ပြီးရင် ခဏမီးပိတ် စက်ကို အအေးခံပြီး ထုတ်ရတာ တညလုံးနီးပါးပဲ။ အာ့တုန်းက အတူတူလုပ်ခဲ့ဘူးတဲ့ သူငယ်ချင်းကတော့ ခုချိန်မှာ မရှိတော့တဲ့ Super Nova လို့ ခေါ်ကြတဲ့ ဇော်မြင့်သူပါပဲ။

သူနဲ့က ကျောင်းရဲ့ မိုးထဲရေထဲလို့ ခေါ်တဲ့ အကျပ်အတည်းတွေမှာ နှစ်ယောက်သား မိုက်မိုက်ကန်းကန်းနဲ့ အဆင်ပြေအောင် လုပ်ခဲ့ရတာတွေချည်းပဲလေ၊ တော်ရုံ Service Center က လက်မခံတဲ့ ဟာတွေဆို ဇော်မြင့်သူရယ်၊ ကျွန်တော်ရယ် ဆရာသမား ဖြစ်တဲ့ Soe Naing Mg ရယ်လေ၊ ကိုယ်က အငယ်ဆုံးဆိုတော့ သူတို့ လှည့်ပတ် ကျပ်သမျှကိုလည်း ဒိုင်ခံ ခံခဲ့ရတာပါ။

ကျွန်တော့ကို Computer Service နဲ့ ပတ်သက်ရင် အောက်ခြေသိမ်းအထိ အဓိကထား မောင်းပေးခဲ့တာ ဘယ်သူလဲလို့ ဆိုရင် ဆရာ စိုးနိုင်မောင်ပါပဲ အာ့တုန်းက Computer တွေက Windows 95 ပေါ်ကာစနဲ့ DOS ကြားထဲက ကာလတွေပါ။ DOS Operating System နဲ့ သွားရတာ ဖြစ်တဲ့အတွက် DOS Command အောက်မှာ ရှိတဲ့ Key Note တွေကို အသေကျက်ရတာပါ၊ ဆရာသမားက စိတ်ကူးပေါက်ရင် ထထမေးပါတယ်၊ မေ့နေရင် သူ့လက်ထဲ ကိုင်ထားတဲ့ ပလာယာ၊ ဝက်အူလှည့်နဲ့ အဘေခံရတာပါ၊ အာ့ကတည်းက Computer Services ဆိုတာ တရေးနိုးလည်း အေးဆေးဆိုတော တော်တော်နားလည် သဘောပေါက်သွားတာပါ။

ဆက်ဖော်ပြပါ့မယ်။
U Tun Min Soe
Layout Design Instructor

23/10/2025

ArtBar မှ အတန်းသစ်များရပ်နား
ထားပါတယ်… ပြန်ဖွင့်မည့်အချိန်
အသိပေးပါမယ်ဗျာ… 🙂

03/10/2025

သင်တန်းပိတ်ရက် အသိပေးခြင်း
————————————————-
သီတင်းကျွတ်ပိတ်ရက်တွေမှာ
အတန်းအားလုံးပိတ်ပါတယ်ဗျာ…

🙏 ကျေးဇူးတင်ပါတယ်ဗျာ 🙏

03/10/2025

Oct 11 ရက်နေ့ဖွင့်မယ့် UI/UX Online အတန်းနဲ့ Basic Design အပြင်အတန်းနှစ်တန်းကို သင်တန်းကြေး (15%) Discount ပေးထားပါတယ်…သင်တန်းသားဦးရေ ကန့်သတ်ထားလို့ အမြန်အပ်ထားလိုက်နော် 🙂

02/10/2025

အမေးများနေတဲ့ UI UX ဆိုတာ ဘာလဲ?❓

အခြားသူ တစ်ယောက် မေးလာတဲ့အခါ မသိမဖြစ်နေရအောင် ဆက်ပြီး ဖတ်ကြည့်လိုက်ရအောင်...🤗

🤖 UI ကို user interface - အသုံးပြုတွေ မြင်ရတဲ့ အပိုင်းလို့ မှတ်ထားလို့ရပြီး
🤖 UX ကိုကျ user experience - အသုံးပြုရလွယ်အောင် ဖန်တီးပေးခြင်း လို့ မှတ်ထားလို့ ရပါတယ် ။

UI ဆိုတာ အရှင်းဆုံး ပြောရရင် digital product တွေမှာ မြင်တွေ့ ရတဲ့ design အားလုံးပါပဲ ။ UI Designer တစ်ယောက်က ဖန်တီးလိုက်တဲ့ digital product တစ်ခုကို အသုံးပြုသူလွယ်ကူရိုးရှင်းအောင် ၊ အသုံးပြုချင်စိတ် ဖြစ်အောင် designနဲ့ ဆွဲဆောင်ပေးရတာပါ ။

ဥပမာပြောရရင်
ကမ္ဘာပေါ် မှာ လူသုံးအများဆုံး Search Engine တစ်ခုဖြစ်တဲ့ Google home screen ကိုပဲ ကြည့်ပါ။ ရိုးရှင်းပြီး လွယ်ကူတယ် ဆိုတဲ့ စိတ်မျိုး မခံစားရဘူးလား ။ Google သွားတိုင်း မြင်နေတဲ့ Home screen ကြီးက UI Designer တွေ ဖန်တီးပေးထားတာပါ ။

ပိုရှင်းသွားအောင်လို့ နောက်ထပ် ဥပမာ တစ်ခု ပေးပါမယ် ။ Mobile app တို့ website တို့မှာဆို "Click Here" ၊ "Agree" ၊ "Apply" စသဖြင့် နှိပ်လို့ရတဲ့ action button လေးတွေကို မြင်ဖူးကြမှာပါ ။ နှိပ်လိုက်ရင် နောက်ထပ် စာမျက်နှာ(page) တစ်ခုကို ရောက်သွားတာမျိုး ၊ agree လုပ်လိုက်တာမျိုး ဖြစ်သွားစေတာမျိုးပါ ။ အဲ့လိုမျိုး User ကို နောက်ထပ် ကိုယ်လုပ်စေချင်တဲ့ အရာကို Design လှလှလေးတွေ နဲ့ ဆွဲဆောင်ပေးရတာက UI Designer တွေရဲ့ တာ၀န်ပါ ။

နောက်ပြီးတော့ UX 🤖
UX Designer တွေက အမြဲ research နဲ့ testing လုပ်နေရတဲ့ အဖွဲ့ကပါ ။ ပြီးတော့ business goal ၊ နည်းပညာပိုင်း နဲ့ user need ကိုလည်း အမြဲတွေး‌နေရတဲ့ သူတစ်ယောက်ပါ။

Digital product တစ်ခုက ဘယ်လောက်ပဲ ရည်ရွယ်ချက်ကောင်းနေ ကောင်းနေ ၊ အချိန်တွေ ဘယ်လောက်ကြာကြာ ဖန်တီးထားပါစေ သုံးရတာ အဆင်မပြေဘူး ၊ user က enjoy မဖြစ်ဘူးဆိုရင် အလကားပါပဲ ။ UX Designer က ဒါတွေကို design ပိုင်းကနေ ပြင်ဆင်ပေးရတာပါ ။

Google နဲ့ပဲ ဥပမာပေးရင်
Home screen ကနေပဲ သိချင်တာ တစ်ခုကို ရှာလိုက်တယ် ။ ရှာလိုက်တဲ့နေရာ ကနေ နောက်တစ်ခုကို ရောက်ဖို့ ၁၀ ၊ ၁၅ စက္ကန့်လောက် ကြာသွားပြီဆို ဒါဆို fix လုပ်ရမှာက UX Designer တွေရဲ့ အပိုင်းဖြစ်သွားပါပြီ ။ UX design ဆိုတာက အသုံးပြုသူတွေကို အခက်အခဲမရှိ‌အောင် ၊ လက်ရှိထက် အသုံးပြုလို့ လွယ်အောင် ပိုပြီးကောင်းအောင် ပြုလုပ်ပေးရတာပါ ။

ဒါဆို UI နဲ့ UX က ဘာလဲဆိုတာ သိသွားလောက်ပြီလို့ ယုံပါတယ် ။🤗

UI UX အကြောင်းကို ဒီထက် ပိုပြီး သေချာလေး လေ့လာချင်တယ်ဆိုရင်
အောက်တိုဘာ (11) ရက်မှာ စမယ့် ၂လပြတ် သင်တန်းရှိပါတယ်။ 💯 ✅

အသေးစိတ်ကို ဒီကနေ ကြည့်ပါ👇

https://www.facebook.com/100064751046719/posts/1205134834988207/?



30/09/2025

UI/UX လေ့လာမယ့်သူတွေအတွက် Coding တတ်ရင်ရလာမယ့်အကျိုးကျေးဇူး Coding မတတ်ရင်ကောဆိုတဲ့အပေါ် ဆရာမရဲ့အကြံပြုချက်နဲ့ UI/UX ပိုင်းမှာ အဓိကလေ့လာရမယ့်အပိုင်းတွေကို မျှဝေပေးထားပါတယ်…

29/09/2025

သီတင်းကျွတ်အတွက် မည်သူမဆို
ယူသုံးလို့ရပါတယ်ဗျာ 😍🙏

Photos from ART BAR - Creative Studio's post 28/09/2025

အပြင်မှာသင်တဲ့ ဂရပ်ဖစ်ဒီဇိုင်းအ​ခြေခံအတန်းမှာ
အခုလိုမျိုး Production Knowledge တွေကိုပါ လေ့လာခွင့်ရပါတယ်…
အဲ့ဒါမှ ကိုယ်လုပ်လိုက်တဲ့ Design ဟာ Production Process မှာအဆင်ပြေမပြေပိုသိနိုင်ပါတယ်…

Social Media အတွက်လည်း လက်တွေ့သင်ခန်းစာတွေနဲ့ Project တခုချင်း လက်တွေ့ရေးဆွဲပြပါတယ်…

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. (53-C), 1st Floor, Insein Road, San Yeik Nyein, Kamayut
Yangon
095

Opening Hours

Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 07:30 - 20:00
Sunday 07:30 - 20:00