AyuZen

AyuZen

Share

Transform Your life with Reiki & Soul - Aligned coaching
💛 Your healing starts with one decision: to show up for yourself. Tony Robbins

16/04/2026

ကျွန်ုပ်တို့ Ayuzen ကဘယ်သူတွေကို ကူညီပေးသလဲ?
​လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ဘဝလမ်းကြောင်းမှာပဲဖြစ်ဖြစ် အခက်အခဲတွေကြောင့် တုံ့ဆိုင်းနေတဲ့ သူတွေအတွက်ပါ။

🍀 ​Career Pivot လုပ်ချင်သူများ: အလုပ်အကိုင် အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေသူများ။

🍀 ​Burnout ဖြစ်နေသူများ: အလုပ်ဖိအားများပြီး စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေသည့် Professional များ။

🍀 ​မိမိကိုယ်ကို မြှင့်တင်လိုသူများ ကိုယ့်ရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ဓာတ်ခွန်အားကို တစ်ပြိုင်နက်တည်း တိုးတက်စေချင်သူများ။

🤝​သင် ဘာရလဒ်တွေ ရရှိမလဲ
✅​ ရှင်းလင်းပြတ်သားတဲ့ လမ်းကြောင်း: သင့်ရဲ့ နောက်တစ်ဆင့်အတွက် ဘာလုပ်ရမလဲဆိုတာကို စနစ်တကျ သိရှိသွားပါမယ်။

✅ ​Aura Cleaning & Healing: စိတ်ရှုပ်ထွေးမှုနဲ့ အလုပ်ဖိအားတွေကို စွမ်းအင်သန့်စင်ခြင်း နည်းလမ်းများဖြင့် ဖယ်ရှားပေးပြီး စိတ် ကြည်လင်လန်းဆန်းစေခြင်း။

✅ ​အောင်မြင်မှုနှင့် ကျန်းမာရေး Align and Balance

အောင်မြင်မှုဆိုတာ စိတ်ပင်ပန်းရမယ့်အရာမဟုတ်ဘဲ၊ ကိုယ့်တန်ဖိုးနဲ့ ကိုက်ညီတဲ့ဘဝကို တည်ဆောက်နိုင်ခြင်းဖြစ်ပါတယ်။

​ကျွန်ုပ်တို့၏ လုပ်ဆောင်ချက် (Process)

💚 ​အခြေအနေကို အကဲဖြတ်ခြင်း (Intake): သင့်ရဲ့ လက်ရှိအခက်အခဲတွေကို အရင်ဆုံး ခွဲခြမ်းစိတ်ဖြာပါတယ်။

💚 ​နည်းလမ်းများ ပေါင်းစပ်ခြင်း (Integration): ကျွမ်းကျင်သော Soft Skills သင်တန်းများနှင့် စွမ်းအင်သန့်စင်ခြင်း (Energy Healing) ကို သင်နဲ့ကိုက်ညီအောင် ပေါင်းစပ်ပေးပါတယ်။

💚 ​အကောင်အထည်ဖော်ခြင်း (Implementation): ရည်မှန်းချက်ဆီကို ခိုင်မာစွာ လျှောက်လှမ်းနိုင်ဖို့ အတူတူ အကြံပေးလမ်းညွှန်မှုတွေ လုပ်ဆောင်ပေးပါတယ်။

​စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား? Are you ready for the next step?

​သင့်ရဲ့ ဘဝနှင့် လုပ်ငန်းခွင်မှာ အပြောင်းအလဲအစစ်အမှန်ကို လိုချင်တယ်ဆိုရင် ကျွန်ုပ်တို့နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ 🤝🤝

​ဆက်သွယ်ရန်: 09449495345 (Telegram / Viber) သို့ တိုက်ရိုက်ဆက်သွယ်ပြီး သင်ရဲ့ လိုအပ်ချက်‌တွေကို ပြောပြပေးနိုင်ပါတယ် ✅

​
​"AyuZen: #ပရော်ဖက်ရှင်နယ်ဆန်တဲ့စွမ်းဆောင်ရည် | #လန်းဆန်းတက်ကြွတဲ့စိတ်စွမ်းအင်"

13/04/2026

💸 ငွေကြေးတွေ သင့်ဆီ တန်းတန်းမတ်မတ် လာနေပြီဆိုတဲ့ နိမိတ် (၈) ချက်

​၁။ သင် ဒီစာကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရတယ်။
​၂။ ဒီစာကို ဖတ်ရင်း သင့်မျက်နှာမှာ အပြုံးလေးတစ်ခု ပေါ်လာတယ်။
​၃။ တစ်နေ့လုံး သင့်စိတ်ထဲမှာ ငွေကြေးနဲ့ ပတ်သက်တဲ့ အရာတွေပဲ လှည့်ပတ်နေခဲ့တယ်။
​၄။ သင့်ရင်ထဲမှာ စိုးရိမ်စိတ်မဟုတ်တဲ့၊ တည်ငြိမ်တဲ့ ရင်ခုန်မှုတစ်ခုကို ခံစားနေရတယ်။
​၅။ သင် ဒီနေရာမှာပဲ ရှိနေပြီး စာကို ဆက်ဖတ်နေဆဲပဲ။
​၆။ သင့်ဘဝရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းတော့မယ်ဆိုတဲ့ အရိပ်အယောင်တွေကို သင် သတိထားမိလာပြီ။
​၇။ ဒီသတင်းစကားဟာ သင့်အတွက်ပဲ ရည်ရွယ်တယ်ဆိုတာ သင် အလိုလိုသိနေတယ်။
​၈။ သင် အဆင်သင့်ဖြစ်နေပြီ၊ အောင်မြင်မှုကို လက်ခံဖို့ အသင့်ပြင်ထားပြီ။

​888 လို့ ရေးသားပြီး ဒီ Abundance energy တွေနဲ့ခုဘဲချိတ်ဆက်လိုက်ပါ။ 🔥


28/03/2026

ရန်ကုန်ရဲ့ အပူရှိန်အောက်မှာ သင့်ရဲ့ "Inner Energy" ကို ဘယ်လို ထိန်းသိမ်းမလဲ? 🥵🔥

​ဒီရက်ပိုင်း ရန်ကုန်မြို့ရဲ့ အပူချိန်က စံချိန်တင်အောင် ပြင်းထန်နေပါတယ်။ လမ်းမပေါ်မှာတင်မကဘဲ ကားထဲမှာတင် အပူလျှပ်ပြီး အသက်ဆုံးရှုံးရတဲ့ သတင်းတွေကြားရတာ တကယ့်ကို စိတ်မကောင်းစရာပါ။

​ဒီလိုအခြေအနေမှာ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ (Physical Body) သာမက စိတ်ပိုင်းဆိုင်ရာ (Mental State) ကပါ နုံးချိပြီး "Burnout" ဖြစ်လွယ်ပါတယ်။ အပြင်က အပူဒဏ်ကို အန်တုဖို့ဆိုရင် အထဲက Energy ကို အရင်ဆုံး Balance ဖြစ်အောင် လုပ်ဖို့ လိုအပ်ပါတယ်။

​⚠️ Ayuzen မှ အကြံပြုလိုတဲ့ အရေးပေါ် သတိပြုစရာများ

​ကားထဲမှာ အကြာကြီး မနေပါနဲ့: အင်ဂျင်ပိတ်ထားတဲ့ ကားတစ်စီးဟာ မိနစ်ပိုင်းအတွင်း အလွန် ပူလာနိုင်ပါတယ်။ ခဏလေးပဲဆိုပြီး ကလေးတွေ၊ လူကြီးတွေကို ကားထဲမှာ ထားခဲ့တာမျိုး (လုံးဝ) မလုပ်ပါနဲ့။

​ခန္ဓာကိုယ်ရဲ့ အချက်ပေးသံကို နားထောင်ပါ: ခေါင်းအရမ်းကိုက်တာ၊ မူးဝေတာ၊ ရင်တုန်တာတွေ ဖြစ်လာရင် ဒါဟာ အပူလျှပ်ခြင်း (Heatstroke) ရဲ့ ရှေ့ပြေးနိမိတ်တွေပါ။ အလုပ်တွေကို ခဏနားပြီး အေးမြတဲ့နေရာမှာ အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးပါ။

​Water is Life: ရေဓာတ်ခမ်းခြောက်တာက စိတ်တိုလွယ်ခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေပါတယ်။ ရေကို ပုံမှန်ထက် ပိုသောက်ပေးပါ။

​✨ Healing Tips: အပူဒဏ်ကြားမှာ စိတ်အေးချမ်းအောင် ဘယ်လိုနေမလဲ?

​Cooling Breath (Sitali Pranayama): လျှာကို လိပ်ပြီး ပါးစပ်ကနေ လေကို ခပ်ဖြည်းဖြည်း ရှူသွင်းပါ။ ဒါဟာ ခန္ဓာကိုယ်အပူချိန်ကို သဘာဝအတိုင်း လျော့ကျစေတဲ့ ရှေးဟောင်းနည်းလမ်းတစ်ခုပါ။

​Energy Shielding: အပြင်ထွက်တဲ့အခါ အပူဒဏ်နဲ့ စိတ်ရှုပ်ထွေးမှုတွေ သင့်ဆီမရောက်အောင် အဖြူရောင် ဒါမှမဟုတ် အပြာနုရောင် အလင်းတန်းတစ်ခုက သင့်ကို ကာကွယ်ထားတယ်လို့ စိတ်ကူး (Visualize) ယဉ်ကြည့်ပါ။

​Self-Care Moment: တစ်နေ့တာရဲ့ ပူပြင်းမှုတွေကို ကျော်ဖြတ်ပြီးရင် ညဘက်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ကုစားပေးပါ။ ခြေထောက်ကို ရေအေးအေးလေးထဲ ခဏစိမ်ထားတာမျိုးက Negative Energy တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

​"အပြင်က ကမ္ဘာကြီး ဘယ်လောက်ပဲ ပူလောင်ပါစေ၊ သင့်ရဲ့ Inner Peace ကိုတော့ အဆုံးရှုံးမခံပါနဲ့။"
​Ayuzen Healing and Coaching မှ လူသားအားလုံး ဒီနွေရာသီမှာ ဘေးကင်းကျန်းမာပြီး အေးချမ်းတဲ့ စိတ်နှလုံးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ❤️🙏
​💡 ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုနဲ့ စိတ်ခွန်အားအတွက် Ayuzen ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်။
​ #နွေရာသီကျန်းမာရေး
​✨

21/03/2026

လူချစ်လူခင်ပေါပြီး စကားပြောအောင်မြင်သူတစ်ယောက် ဖြစ်လာဖို့ လျှို့ဝှက်ချက် (၅) ချက် ✨

​"စကားပြောကောင်းရုံနဲ့ မလုံလောက်ပါဘူး"

​ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာရော၊ လုပ်ငန်းခွင်မှာပါ လူမှုဆက်ဆံရေး အဆင်ပြေချောမွေ့ဖို့က အရေးကြီးဆုံး Skill တစ်ခုပါ။ Ayuzen ရဲ့ ချစ်ရတဲ့ မိတ်ဆွေ တို့ အတွက် ကမ္ဘာကျော် Dale Carnegie ရဲ့ သင်ခန်းစာတွေထဲက အထိရောက်ဆုံး (၅) ချက်ကို အနှစ်ချုပ် မျှဝေပေးလိုက်ပါတယ်။

​၁။ ဝေဖန်ခြင်းထက် "နားလည်ပေးခြင်း" ကို ရှေ့တန်းတင်ပါ 🛡️

​လူတိုင်းမှာ ကိုယ်စီ အမှားနဲ့ အကြောင်းပြချက် ရှိတတ်ပါတယ်။ အပြစ်တင်လိုက်ရင် တစ်ဖက်လူက ခံစားသွားတတ်ပါတယ်။ အမှားကို ထောက်ပြမယ့်အစား "ဘာကြောင့် ဒီလိုဖြစ်ရတာလဲ" ဆိုတဲ့ အကြောင်းအရင်း ကို နားလည်ပေးဖို့ ကြိုးစားကြည့်ပါ။

​၂။ တဖက်လူ"နာမည်" ကို တန်ဖိုးထားပြီး ခေါ်ဆိုပါ 🗣️
​လူတစ်ယောက်အတွက် သူ့ရဲ့နာမည်ဟာ ကမ္ဘာပေါ်မှာ အချိုသာဆုံး အသံပါပဲ။ စကားပြောတဲ့အခါ တစ်ဖက်လူရဲ့ နာမည်ကို ထည့်သွင်းခေါ်ဆိုပေးတာဟာ "ကျွန်တော်/ကျွန်မ သင့်ကို အသိအမှတ်ပြုပါတယ်" လို့ လေးစားမှုပေးလိုက်တာနဲ့ အတူတူပါပဲ။

​၃။ နားထောင်ကောင်းသူ (Good Listener) ဖြစ်ပါစေ 👂
​စကားအများကြီး ပြောတတ်သူထက် တစ်ဖက်လူပြောတာကို စိတ်ပါလက်ပါ နားထောင်ပေးသူကို လူတွေက ပိုသဘောကျကြပါတယ်။ သူတို့ရဲ့ ခံစားချက်နဲ့ အကြောင်းအရာတွေကို အာရုံစိုက်ပေးခြင်းက အကောင်းဆုံး ကုသမှု (Healing) တစ်ခုပါပဲ။

​၄။ "အပြုံး" တစ်ခုရဲ့ စွမ်းအားကို အသုံးချပါ 😊
​အပြုံးဟာ ငွေကုန်ကြေးကျမရှိဘဲ တစ်ဖက်လူကို နွေးထွေးမှုပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်ပါ။ စစ်မှန်တဲ့ အပြုံးတစ်ခုက လူမှုဆက်ဆံရေးရဲ့ တံခါးချပ်တွေကို အလိုအလျောက် ပွင့်သွားစေပါတယ်။

​၅။ တစ်ဖက်လူရဲ့ စိတ်ဝင်စားမှုကို အလေးထားပါ ❤️
​ကိုယ်ပြောချင်တာကိုပဲ ဇောက်ချပြောမယ့်အစား "သူ ဘာကို စိတ်ဝင်စားသလဲ" ဆိုတာကို အရင်မေးမြန်းကြည့်ပါ။ သူဝါသနာပါတဲ့ အကြောင်းအရာကို ဆွေးနွေးခြင်းက သင့်အပေါ် ယုံကြည်မှုနဲ့ ခင်မင်မှုကို မြန်မြန်ဆန်ဆန် တိုးတက်စေပါတယ်။

​🌟 Reflection Question for Today:
ဒီနေ့မှာ သင်တွေ့ဆုံရမယ့်သူ တစ်ယောက်ယောက်ကို စစ်မှန်တဲ့ "ချီးမွမ်းစကား" တစ်ခွန်း ပြောပေးဖို့ အစီအစဉ်ရှိပါသလား? ကွန်မန့်မှာ မျှဝေခဲ့ပေးပါဦးနော်။ 👇
​

19/03/2026

“Your energy follows your daily actions—small habits create powerful shifts.”
“When your mind is calm, your decisions become clear.”

Ayuzen Healing and Coaching

Photos from AyuZen's post 19/03/2026

🧘‍♀️ "လူကြီးဖြစ်သွားပေမဲ့... သင့်နှလုံးသားထဲမှာ ကလေးတစ်ယောက် ငိုနေဆဲလား?" 🧒✨

​ကျွန်မတို့အားလုံးဟာ အပြင်ပန်းမှာတော့ တည်ငြိမ်ရင့်ကျက်တဲ့ လူကြီးတွေအဖြစ် ဟန်ဆောင်နေကြရပေမဲ့... တစ်ခါတလေမှာ အကြောင်းရင်းမရှိဘဲ ဝမ်းနည်းတာ၊ လူတကာကို လိုက်လျောနေရတာ ဒါမှမဟုတ် အထီးကျန်သလို ခံစားရတာမျိုးတွေ ရှိတတ်ပါတယ်။
​ဒါဟာ သင့်ရဲ့ "Inner Child" (စိတ်ထဲက ကလေးငယ်) က ဒဏ်ရာရနေလို့ပါပဲ။
​🔍 သင့်ရဲ့ Inner Child ဒဏ်ရာရနေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ?
​People Pleasing: လူတကာကို အမြဲလိုက်လျောနေမိပြီး "မဟုတ်ဘူး" လို့ မငြင်းရဲတာ။

​Fear of Abandonment: အစွန့်ပစ်ခံရမှာကို အရမ်းကြောက်ပြီး Relationship တွေမှာ အလွန်အမင်း တွယ်ကပ်မိတာ။

​Low Self-Esteem: "ငါက မတော်ပါဘူး၊ ငါက အချစ်ခံရဖို့ မထိုက်တန်ပါဘူး" လို့ အမြဲတွေးမိနေတာ။
​🌱 Reparenting: ကိုယ့်ထဲက ကလေးငယ်ကို ဘယ်လို ပြန်လည်ကုစားမလဲ?

​Inner Child ကုစားခြင်းဆိုတာ သင်ငယ်ငယ်က မရခဲ့တဲ့ ဂရုစိုက်မှုနဲ့ နွေးထွေးမှုတွေကို အခုလူကြီးဖြစ်လာတဲ့ "သင်ကိုယ်တိုင်" က ပြန်ပေးတာ ဖြစ်ပါတယ်။
​အသိအမှတ်ပြုပါ: "မင်း ခံစားနေရတာကို ငါသိတယ်၊ အခု မင်း ဘေးကင်းပါပြီ" လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောပါ။

​နားထောင်ပေးပါ: သင် ဘာကြောင့် ကြောက်နေတာလဲဆိုတာကို အပြစ်မတင်ဘဲ စိတ်ရှည်လက်ရှည် နားထောင်ပေးပါ။

​ပျော်ရွှင်ခွင့်ပေးပါ: ငယ်စဉ်က ဝါသနာပါခဲ့ပေမဲ့ မလုပ်ခဲ့ရတဲ့ အရာလေးတွေကို ပြန်လုပ်ကြည့်ပါ။

သင့်စိတ်ထဲက ဒဏ်ရာရနေတဲ့ ကလေးငယ်ကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိဖြစ်နေပါသလား?

AyuZen healing and coaching မှာ

​✨ Individual Counseling: နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေကို အတူတူ ကုစားပေးပါတယ်။

✨ Life Coaching: ပိုမိုတောက်ပတဲ့ အနာဂတ်ဆီကို ယုံကြည်မှုရှိရှိ လျှောက်လှမ်းနိုင်ဖို့ လမ်းပြပေးပါတယ်။
​"ကိုယ့်စိတ်ထဲက ကလေးငယ်ကို ကုစားခြင်းဟာ မိမိကိုယ်ကို ပြန်ချစ်တတ်ဖို့ ပထမဆုံး ခြေလှမ်းပါပဲ။"
​📩 အသေးစိတ်ကို Page Messenger မှာ အခုပဲ ဆွေးနွေးမေးမြန်းနိုင်ပါပြီရှင့်။

​

17/03/2026

ဆားဖြင့် အညစ်အကြေးဆေးကြောပြီး ကံပွင့်စေမည့် နည်းလမ်းကောင်း (Energy Cleansing)

​အခုတလော စိတ်ထဲမှာ တစ်ခုခုက ဖိစီးနှိပ်စက်ထားသလို လေးလံထိုင်းမှိုင်းနေပါသလား? ဘာလုပ်လုပ် အဆင်မပြေဘဲ လမ်းပျောက်နေသလို ခံစားနေရရင် ဒါဟာ သင့်ပတ်ဝန်းကျင်နဲ့ သင့်စိတ်ထဲမှာ မကောင်းတဲ့စွမ်းအင် (Negative Energy) တွေ ပိတ်ဆို့နေတာကြောင့် ဖြစ်နိုင်ပါတယ်။

​ရှေးလူကြီးတွေ လက်ဆင့်ကမ်းခဲ့တဲ့ "ဆား" ရဲ့ အစွမ်းနဲ့ စိတ်ရောကိုယ်ပါ သန့်စင်လန်းဆန်းစေမည့် နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။ ဒါဟာ အယူသီးမှုထက် မိမိရဲ့ Life Energy (ဇီဝစွမ်းအင်) ကို ပြန်လည်နိုးထစေတဲ့ သဘာဝကုထုံးတစ်ခုပဲ ဖြစ်ပါတယ်။
​✨ ဘာကြောင့် "ဆား" ကို အသုံးပြုတာလဲ?
​သဘာဝတရားမှာ ဆားဟာ သန့်စင်ခြင်းရဲ့ ပြယုဂ်ဖြစ်ပြီး ပတ်ဝန်းကျင်က မကောင်းတဲ့ ဓာတ်သဘောဆောင်တဲ့ စွမ်းအင်တွေကို စုပ်ယူဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။ မိမိကိုယ်ပေါ်က အညှီအဟောက်တွေကို ဆေးကြောပြီး ကံဇာတာသစ်ကို လမ်းဖွင့်ပေးဖို့ အကောင်းဆုံး အထောက်အကူပြုပါတယ်။

​📦 ပြင်ဆင်ရမည့် နည်းလမ်းများ
​ဆားသန့်သန့် တစ်ဆုပ်စာ (ပင်လယ်ဆား သို့မဟုတ် ဆားခါးဆိုလျှင် ပိုကောင်းပါတယ်)
​ရေတစ်ဇလုံ
​တည်ငြိမ်အေးချမ်းသော စိတ်အာရုံ
​🌊 အဆင့်ဆင့် ပြုလုပ်ပုံ (Energy Cleansing Guide)
​အာရုံပြုခြင်း:
နမောတဿ (၃) ကြိမ် ရွတ်ဆိုပြီး မိမိရဲ့ အမည်၊ မျိုးရိုး၊ မွေးသက္ကရာဇ်ကို စိတ်ထဲက တိုင်တည်ပါ။ "ယနေ့မှစ၍ ကျွန်ုပ်၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်၌ ကပ်ငြိနေသော မကောင်းသော အညစ်အကြေးများကို ဆေးကြောသန့်စင်ပါမည်" ဟု အာရုံပြုပါ။
​ဆားကို ဖျော်စပ်ခြင်း:
ဆားကို ရေထဲထည့်ပြီး ဖြည်းညှင်းစွာ မွှေပါ။ ထိုသို့မွှေနေစဉ် "ကျွန်ုပ်၏ ဘဝထဲမှ မကောင်းသော အနှောင့်အယှက်၊ အညှီအဟောက်အားလုံး ဤဆားရေနှင့်အတူ ပျော်ဝင်ထွက်သွားပါစေ" ဟု ခိုင်မာစွာ ဆုတောင်းပါ။
​စနစ်တကျ လောင်းချခြင်း:
ထိုဆားရေကို ဘယ်ဘက်ပုခုံး မှ စတင်လောင်းပါ။ ထို့နောက် ညာဘက်ပုခုံး ကို လောင်းပါ။ ဤသည်မှာ ပုခုံးပေါ်ရှိ ဝန်ထုပ်ဝန်ပိုးများနှင့် ကံကြမ္မာအဆိုးများကို ဆေးကြောချလိုက်ခြင်း ဖြစ်သည်။
​ကံပွင့်ဆုတောင်း:
"ငါ့အပေါ်ရှိ ဘေးဘယာ၊ ဒုက္ခနှင့် မကောင်းသော စွမ်းအင်အားလုံး လွင့်စင်ပျောက်ကွယ်ပါစေ။ ငါ့ဘဝသည် ပိုမိုပေါ့ပါး ကြည်လင်ပြီး ကောင်းမွန်သော အခွင့်အလမ်းသစ်များ ဝင်ရောက်လာပါစေ" ဟု စိတ်ထဲမှ ရွတ်ဆိုပါ။
​စွန့်ပစ်ခြင်း:
အညစ်အကြေးများ စုပ်ယူထားသော ရေဖြစ်သည့်အတွက် အကြာကြီးမထားဘဲ ချက်ချင်း သွန်ပစ်လိုက်ပါ။
​🌟 (၃) ရက် ဆက်တိုက် ပြုလုပ်ပါက ရရှိမည့် အကျိုးကျေးဇူးများ
​စိတ်ပေါ့ပါးလန်းဆန်းခြင်း: ရင်ထဲက အပူအပင်တွေ သိသိသာသာ လျော့ကျသွားမယ်။
​အခက်အခဲများ ပြေလည်ခြင်း: ပိတ်ဆို့နေတဲ့ ပြဿနာတွေအတွက် လမ်းစအသစ်တွေ မြင်လာမယ်။
​ကံကောင်းခြင်းများ ဝင်လာခြင်း: စိတ်ကြည်လင်လာတဲ့အတွက် ပတ်ဝန်းကျင်က ကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို ဆွဲဆောင်နိုင်လာမယ်။
​နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်း: စိတ်ဖိစီးမှုတွေ ကင်းစင်သွားတဲ့အတွက် အနားယူရတာ ပိုမိုပြည့်စုံလာမယ်။
​မိမိကိုယ်ကို ပြန်လည်ဂရုစိုက်ပြီး စွမ်းအင်သစ်တွေ ဖြည့်တင်းဖို့ ဒီနေ့ပဲ စတင်လိုက်ပါ။ စိတ်ကြည်လင်ရင် ကံပွင့်ဖို့ လမ်းစပဲ ဖြစ်ပါတယ်။

​Ayuzen Healing and Coaching

16/03/2026

🌟 သင့်ဘဝရဲ့ လမ်းခုလတ်မှာ အဖော်မွန်ရှိပါစေ - အခမဲ့ Career & Life Coaching အစီအစဉ် 🌟

လူတိုင်းရဲ့ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေသလို ခံစားရတဲ့အချိန်၊ ရှေ့ဆက်ရမယ့်လမ်းက ဝေဝါးနေတဲ့အချိန် ဒါမှမဟုတ် အပြောင်းအလဲတစ်ခုခုကို လုပ်ချင်ပေမယ့် ဘယ်ကစရမှန်းမသိတဲ့ အချိန်တွေ ရှိတတ်ပါတယ်။

(Reiki Healer & Certified Career Coach) အနေနဲ့ ဒီလိုအခက်အခဲ ကြုံတွေ့နေရတဲ့သူတွေ၊ အထူးသဖြင့် အခွင့်အလမ်း နည်းပါးနေသူတွေအတွက် ကျွန်မ တတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ ပြန်လည်မျှဝေ ပံ့ပိုးပေးချင်ပါတယ်။

ဘယ်သူတွေအတွက်လဲ?
Job Seekers: အလုပ်အကိုင် ရှာဖွေနေပြီး Career လမ်းကြောင်းအတွက် အကြံဉာဏ် လိုအပ်နေသူများ။
Career Break: အလုပ်ခေတ္တနားထားပြီး ပြန်လည်စတင်ဖို့ အားယူနေသူများ။
Lost in Life: ဘဝမှာ ရည်မှန်းချက် ပျောက်ဆုံးနေသလို ခံစားရပြီး စိတ်ဓာတ်ခွန်အား လိုအပ်နေသူများ။
🎓 လူငယ်များ: ၁၀ တန်း/၁၂ တန်း ဖြေဆိုပြီးစ သို့မဟုတ် GED ဖြေထားပြီး ရှေ့ဆက်ရမယ့် ပညာရေးနဲ့ Career အတွက် လမ်းစပျောက်နေသူများ။

👩‍👧‍👦 Single Moms: မိသားစုအတွက်ရော ကိုယ့်ကိုယ်ကိုယ်အတွက်ပါ ရုန်းကန်နေရပြီး လုပ်ငန်းသစ်တစ်ခု ပြန်စဖို့ အားယူနေတဲ့ ရဲရင့်သော မေမေများ။

💼 Entrepreneurs: လုပ်ငန်းစတင်ဖို့ အခက်အခဲရှိနေသူများ

Session အသေးစိတ်
📌 အရေအတွက်: စုစုပေါင်း (၁၁) ဦးသာ ကန့်သတ်ထားပါသည်။

📌 ကြာချိန်: ၄၅ မိနစ် မှ ၁ နာရီ အထိ။
📌 ပုံစံ: တစ်ဦးချင်း (Individual) သို့မဟုတ် အဖွဲ့လိုက် (Group 4-8 persons)။

📌 ရည်ရွယ်ချက်: သင့်ရဲ့ စွမ်းအင်တွေကို ပြန်လည်ညီညွတ်စေဖို့၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့နဲ့ လက်တွေ့ကျတဲ့ လမ်းပြမြေပုံတစ်ခု ရရှိစေဖို့။

"ကျွန်မရဲ့ ရည်မှန်းချက်က သင့်ကို အလုပ်ရစေဖို့တင် မဟုတ်ဘဲ၊ သင့်ရဲ့ အတွင်းစိတ် ငြိမ်းချမ်းမှုနဲ့အတူ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ပြန်ရောက်လာစေဖို့ ဖြစ်ပါတယ်။"

📩 ဘယ်လိုပါဝင်ရမလဲ?
စိတ်ပါဝင်စားသူများအနေနဲ့ ဒီ Post ရဲ့ Comment မှာ "Interested" လို့ ရေးခဲ့ပေးပါ (သို့မဟုတ်) Messenger မှာ မိမိ ကြုံတွေ့နေရတဲ့ အခက်အခဲကို အကျဉ်းချုပ် ရေးသားပြီး Message ပို့ပေးနိုင်ပါတယ်။
ကျွန်မတို့ ကောင်းမွန်တဲ့ အပြောင်းအလဲတခုကို အခုဘဲ စတင်လိုက်ရအောင်✨

Ana, Reiki Master Healer, Certified Life and Career coach

14/03/2026

မတ်လ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ Guanyin Open Treasury Day (မယ်တော်ကွမ်ရင် ဘဏ္ဍာတိုက်ဖွင့်နေ့) ဆိုတာ စိတ်စွမ်းအင်နဲ့ ကောင်းချီးမင်္ဂလာတွေကို ယုံကြည်သူတွေအတွက် တကယ်ကို ထူးခြားတဲ့နေ့လေးမို့ဘဝရဲ့ "ဘဏ္ဍာတိုက်" ကို စိတ်စွမ်းအားနဲ့ ဖွင့်ကြစို့ ✨

​ဒီနေ့ ဟာမယ်တော်ရဲ့ ဘဏ္ဍာတိုက်ဖွင့်တဲ့နေ့ လို့ လူသိများပါတယ်။ ဒါပေမဲ့ ဒါဟာ ရွှေငွေတွေချည်းပဲ ရမယ့်နေ့မျိုး မဟုတ်ဘဲ "Abundance Mindset" (ကြွယ်ဝတဲ့စိတ်နေစိတ်ထား) ကို စတင်မွေးမြူရမယ့် နေ့တစ်နေ့လည်း ဖြစ်ပါတယ်။
​မယ်တော်ရဲ့ ကောင်းချီးကို လက်ခံရယူဖို့အတွက် ရိုးရှင်းပြီး ထိရောက်တဲ့ အချက် ၃ ချက်ကို မျှဝေပေးချင်ပါတယ် -

​၁။ ပေးဆပ်ခြင်းဖြင့် စတင်ပါ (The Law of Giving)
​ဘဏ္ဍာတိုက်ဆိုတာ အဝင်ရှိဖို့ အထွက်ရှိရပါတယ်။ မေတ္တာ၊ ကရုဏာနဲ့ စေတနာတွေကို အရင်ဆုံး ထုတ်လွှတ်လိုက်တဲ့အခါ စကြဝဠာက သင့်ဆီကို ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ပြန်လည် ပေးအပ်ပါလိမ့်မယ်။

​၂။ ကျေးဇူးတင်စိတ်ကို မွေးမြူပါ။ (Gratitude)
​"ရှိတာလေးကို ကျေးဇူးတင်တတ်သူဟာ မရှိသေးတာတွေကို ရရှိဖို့ အနီးစပ်ဆုံးလူပဲ ဖြစ်ပါတယ်။" ဒီနေ့မှာ မိမိပိုင်ဆိုင်ထားတဲ့ အရာရာတိုင်းအတွက် ကျေးဇူးတင်ကြောင်း အာရုံပြုပါ။

​၃။ ဖြူစင်တဲ့ ဆုတောင်း (Pure Intention)
​"ကျွန်ုပ်ထံသို့ စီးဆင်းလာမည့် ကြွယ်ဝချမ်းသာမှုနှင့် ပျော်ရွှင်မှုများအားလုံးကို ကြိုဆိုပါသည်။ ရရှိလာသမျှသော ကောင်းချီးများကိုလည်း လောကကြီးအတွက် အကျိုးရှိစွာ ပြန်လည်မျှဝေပါမည်။" 🙏

​🌿 Energy Healing အမြင်အရ...

​ဒီနေ့ဟာ သင့်ရဲ့ Root Chakra (လုံခြုံမှုနှင့် တည်ငြိမ်မှု) နဲ့ Heart Chakra (မေတ္တာနှင့် ကရုဏာ) ကို ချိတ်ဆက်ပေးဖို့ အကောင်းဆုံး အချိန်ပါပဲ။ စိတ်ကို ငြိမ်သက်အောင်ထားပြီး မယ်တော်ရဲ့ အဖြူရောင် အလင်းတန်းတွေ သင့်ဆီ စီးဆင်းလာတယ်လို့ ပုံဖော်ကြည့်ပါ။

​ဒီ post လေးကို Share လုပ်ခြင်းဖြင့် Positive Energy တွေကို သင့်ပတ်ဝန်းကျင်ဆီ ဖြန့်ဝေပေးလိုက်ပါ။ သင်ပေးလိုက်တဲ့ စွမ်းအင်ကောင်းတွေဟာ သင့်ဆီကို ဆယ်ဆတိုးပြီး ပြန်လာပါလိမ့်မယ်။ ✨🥰

"ဥုံ မဏိ ပဒ္မေ ဟုံ"
(Om Mani Padme Hum)
အဓိပ္ပာယ်: "ကြာပန်းထဲက ရတနာကို အလေးအမြတ်ပြုပါ၏" လို့ အကြမ်းဖျင်း အဓိပ္ပာယ်ရပါတယ်။
ရွတ်ဆိုပုံ: ဒီနေ့မှာ အနည်းဆုံး (၁၀၈) ခေါက် ပုတီးစိပ်ပြီး ရွတ်ဆိုပေးပါ။

ဖန်ခွက်အကြည်ထဲမှာ ရေသန့်သန့်တစ်ခွက်ထည့်ပြီး မယ်တော်ရဲ့ ဂါထာတော်ကို ရွတ်ဆိုပါ။
ထိုရေကို မေတ္တာပို့ပြီးမှ သောက်သုံးခြင်း (သို့မဟုတ်) အိမ်ပတ်ပတ်လည်ကို ပက်ဖျန်းခြင်းဖြင့် အိမ်တွင်းက စွမ်းအင်ဟောင်း (Stagnant Energy) တွေကို ဖယ်ရှားပြီး စွမ်းအင်သစ်တွေကို ဖိတ်ခေါ်နိုင်ပါတယ်ရှင်။

ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး ဒီနေ့မှာ အေးချမ်းတဲ့ စွမ်းအင်တွေကို ပိုင်ဆိုင်နိုင်ပါစေ။

​Ana (Ayuzen Healing & coaching)

Photos from AyuZen's post 09/07/2025

☀ 🙏🏻ခင်ပွန်းကြီး(၁၀) ပါး
ကန်တော့နည်း 🌼

ခင်ပွန်းကြီး (၁၀)ပါးဆိုသည်မှာ🌺

(၁) ဗုဒ္ဓဘုရားရှင်🙏🏻
(၂) ပစ္စေကဗုဒ္ဓါ🙏🏻
(၃) ရဟန်တာ🙏🏻
(၄) ရှင်သာရိပုတ္တရာ🙏🏻
(၅) ရှင်မဟာမောဂ္ဂလန်🙏🏻
(၆) မိခင်🙏🏻
(၇) ဖခင်🙏🏻
(၈) ဆရာသမား🙏🏻
(၉) ပေးကမ်းထောက်ပံ့ဖူးသူ🙏🏻
(၁၀) တရားဓမ်မဆုံးမသူ🙏🏻

🌸ကျွန်ုပ်တို့ ဘဝ သံသရာ
တစ်လျှောက်လုံးမှာ တစ်ကွေ့
မဟုတ် တစ်ကွေ့ တော့ အကြောင်း
မတိုက်ဆိုင်လို့ ကာယကံနဲ့ဖြစ်စေ၊ ၀ဇီကံနဲ့ဖြစ်စေ၊ မနောကံနဲ့ပဲ ဖြစ်စေ
အဲဒီအထဲက ပုဂ္ဂိုလ်တစ်ပါး
မဟုတ် တစ်ပါး တော့
ပြစ်မှားကောင်း
ပြစ်မှားမိခဲ့ တတ်ပါတယ်။ 😔

🌼အဲဒီလို
အနန္တကျေးဇူးရှင် ကြီးတွေကို
စနစ်တကျ၀တ်ပြု မယ်၊
ကန်တော့မယ်၊ ရှိခိုးမယ်၊
ပြီးတော့ တောင်းပန်မယ်
ဆိုရင်လည်း အဲဒါဟာ အင်မတန်မှ သန့်စင်မွန်မြတ်တဲ့
ဗုဒ္ဓဘာသာ၀င်တို့ရဲ့
အစဉ်အလာ အလေ့အထ
ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ 😊🙏🏻

🌼အဲဒါကြောင့် ခင်ပွန်းကြီးဆယ်ပါး ကန်တော့နည်း၊ တောင်းပန်နည်းတို့ကို ဖော်ပြပေးလိုက်ပါတယ်။🙏🏻

🌸လိုအပ်သော ပစ္စည်းများ🌸

☀ ဦးစွာ နံနက် အရုဏ်တက်ချိန်
တွင် ခင်ပွန်းကြီး ဆယ်ပါး
၀န်ချ မတောင်းပန်ခင်
ဆွမ်းပွဲ(၁၀)ပွဲစာ
ကန်တော့ပွဲ တင်ထားရပါမယ်နော်😊

အောက်ပါ ပစ္စည်း (၁၀ )မျိူး
လိုအပ်ပါတယ်ရှင် 🌷

⭐ ၁။ အုန်းသီး ၁လုံး
⭐ ၂။ ငှက်ပျောသီး ၃ ဖီး
⭐ ၃။ သစ်သီး ၁၀ လုံး
⭐ ၄။ ကွမ်းယာ ၃ ယာ
⭐ ၅။ လက်ဖက် ၃ ထုပ်
⭐ ၆။ ဖယောင်းတိုင် ၁၀ တိုင်
⭐ ၇။ အမွှေးတိုင် ၁၀ တိုင်
⭐ ၈။ သောက်တော်ရေ ၁၀ ခွက်
⭐ ၉။ ထီး၊ တံခွန် ၊ ကုက္ကား ၁ စုံ
⭐ ၁၀။ သပြေပန်း ၁၀ ညွှန့်

🌸အလုံးစုံပြီးသွားသောအခါ
ဘုရား၀တ်ပြု ငါးပါးသီလခံယူ၍
စိတ်ထဲတွင် “အစမထင်တဲ့
သံသရာတစ်လျှောက်
ဘ၀တစ်ကွေ့ကွေ့မှာ
ခင်ပွန်းကြီး(၁၀)ပါး ကို
ပြစ်မှားမိခဲ့ရင်
ထိုအပြစ်က ပြေစေကြောင်း
လေးလေးနက်နက် တောင်းပန်ရမည်။😊

ပြီးလျှင် အောက်ပါ ဂါထာကို
ရွတ်ဆိုရပါမယ်ရှင် 🌼🌸

🙏🏻ခင်ပွန်းကြီး၁ဝပါး
ကန်တော့နည်း🙏🏻

🙏🏻ဗုဒ္ဓေါ ၊ ပစ္စေကဗုဒ္ဓေါစ ၊ အရဟာ ၊ အဂ္ဂသာဝကာ၊မာတာ ၊ ပိတု ၊ ဂုရု ၊ သတ္ထာ၊ဓမ္မဒေသကာစ ၊ ဒါယကာ ၊
ဣမဒေသ မဟာဂုဏေ အဟံ ဝန်ဒာမိ သဗ်ဗဒါ။🙏🏻

🙏🏻၁။ ဗုဒ္ဓါ - တရားသိမြင်သဗ္ဗညုတပိုင်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအားလည်းကောင်း၊😊

🙏🏻၂။ ပစ္စေကဗုဒ္ဓါစ - သစ္စာလေးပါးသိပြီးပါလည်း၊ဉာဏ်တော်ဆယ်ပါးအားတော်ဆယ်တန် မရကြပဲ သစ္စာလေးပါး ဆရာမကူ သီးခြားရသော ပစ္စေကဗုဒ္ဓ္ဓါတို့အား
လည်းကောင်း၊😊

🙏🏻၃။ အရဟာ - အာသဝေါကုန်ခမ်း၊ ရဟန်းတာ အရှင်မြတ်တို့သည်လည်းကောင်း၊😊

🙏🏻၄။ အဂ္ဂသာဝက - လက်ဝဲ လက်ယာ ခြံရံကာဖြင့် ပညာတန်ခိုး စိုးမိုးထက်လှ အဂ္ဂသာဝကတို့အား လည်းကောင်း၊😊

🙏🏻၅။ မာတာစ - ကိုးလလွယ်၍ ဆယ်လဖွားကာ အစာ စိမ့်ဆေး နို့ချိုပေးသည့်မွေးသမိခင်
ကျေးဇူးရှင်အားလည်းကောင်း၊😊

🙏🏻၆။ ပိတုစ - လူလားမြောက်အောင် လုပ်ဆောင်ကျွေးမွေး ပညာပေးသည့်မွေးသဖခင်
ကျေးဇူးရှင်အားလည်းကောင်း၊😊

🙏🏻၇။ ဂုရုစ - တရားသိရန် ဆုံးမပေးသဖြင့် အလေးအမြတ်ပြုအပ်သော ဆရာမြတ်တို့အားလည်းကောင်း၊😊

🙏🏻၈။ သတ္ထာစ - လိမ္မာစေကြ ကျိုးကြောင်းပြလျှက် ဆုံးမပေးတတ်သော ဆရာသခင်တို့အားလည်းကောင်း၊😊

🙏🏻၉။ ဓမ္မဒေသကာစ - သံသရာစခန်း သွားရာလမ်း၌ ပင်ပန်းကင်းရန် ရည်သန်ညွန်ကြား မမှောက်မှားရအောင် ဆုံးမပေးတတ်သော တရားဟောဖော် မြတ်သူတော်တို့အားလည်းကောင်း၊😊

🙏🏻၁ဝ။ ဒါယကာစ - စားဝတ်နေရေး မနှောင့်နှေးအောင် ပေးကမ်းစွန့်ကြဲတတ်သူတို့အားလည်းကောင်း
ဣမေဒါသမဟာဂုနေစ - ကျေးဇူးစုပုံ ဆပ်မကုန်သည့် ဂုဏပင်မြင့်ကြူး ဤ(၁ဝ)ဦးသောသူတို့ကို😊

အဟံ - ကျွန်ုပ်သည်
သဗ္ဗဒါ - အခါးခပ်သိမ်း
ဝန္ဒာမိ - ရှိခိုးပါ၏ဘုရား။🙏🏻🙏🏻🙏🏻

☀☀☀ ☀☀☀
☀ ဗုဒ္ဓဘာသာ၀င်
သူတော်ကောင်းအပေါင်းတို့
ခင်ပွန်းကြီး(၁၀) ပါးအပေါ်
အပြစ်ကြီးငယ်များ
ရှိပါက အမြန်ဆုံး ကျေကြ
ပါစေသား🙏🏻🙏🏻🙏🏻🙏🏻🙏🏻

🙏🏻 မူရင်းရေးသားသူ
credit ပါ🙏🏻

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Yangon