𝙔𝙚𝙈𝙞𝙣𝙏𝙪𝙣 𝙔𝙈𝙏

𝙔𝙚𝙈𝙞𝙣𝙏𝙪𝙣 𝙔𝙈𝙏

Share

Be So Good They Can't Igone You...

20/01/2026

ကွန်ပျုတာလက်ကွက်လေ့ကျင့်နည်းမေးထားသူများအတွက်

Cred-YTT

Tg link

https://t.me/yemintuncomputer/2

23/12/2025

One day

Photos from 𝙔𝙚𝙈𝙞𝙣𝙏𝙪𝙣 𝙔𝙈𝙏's post 24/11/2025

မလေးရှား စကားပြောအခြေ ခံများ

အောက်မှာapp link
👇👇👇👇👇👇👇👇
https://e.pcloud.link/publink/show?code=XZ9gYAZOPKqH0beUB44iG3BWhrirLIKcd2y

အကုန်မလေ့လာချင်ရင်ကိုယ်လုပ်နေတယ်လုပ်ငန်းထဲကအကြောင်း
တော့လေ့လာထားပါ

ရေးသားသူ....YMT

Photos from 𝙔𝙚𝙈𝙞𝙣𝙏𝙪𝙣 𝙔𝙈𝙏's post 24/11/2025

စာစီစာရိုက် ပြုလုပ်ရာတွင် Alt+Number ဖြင့် အလွယ်တကူ တွဲပီး ရေးသားနိုင်သော သင်္ကေတ စာလုံးတစ်ချို့👇👇

မသိသေးသူများနှင့် ခုမှစပီးလေ့လာနေသူများအတွက် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

Cred

22/11/2025

computer passကျော်နည်းမလုပ်တတ်သူများအတွက်ပါ

Cred

Photos from 𝙔𝙚𝙈𝙞𝙣𝙏𝙪𝙣 𝙔𝙈𝙏's post 06/09/2025

Folder Icon နေရာမှာ ကိုယ့်ရဲ့ ကွန်ပျုတာထဲမှာ ရှိတဲ့ ဓါတ်ပုံလေးနဲ့ အစားထိုးနည်း👇👇
**********************************
အောက်တွင် ပုံလေးတွေနဲ့ တကွ အသေးစိတ် လေ့လာနိုင်ပါသည်။

မသိသေးသူများအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ် ခင်ဗျာ

အသုံးလိုအပ်ပါက (ရှဲယ်း)ထားနိုင်ပါသည်။
Cred

#ပညာဒါန
#ဗဟုသုတ

14/08/2025

သင် မ သိ သေး တဲ့ Keyboard Function Keys များ
========================
♦️ ဒီနေ့မှာတော့ ကွန်ပျုတာ အခြေခံသင်တန်းမှာပါဝင်တဲ့ သင်ခန်းစာတစ်ခုဖြစ်တဲ့ Function Keys များအကြောင်းကို ဝေမျှပေးထားပါတယ်။ Function Keys များသိထားမယ်ဆိုရင် ကွန်ပျုတာသုံးပြီးတော့ အလုပ်လုပ်ရာတွင် ပိုမို မြန်ဆန်လာမှာ ဖြစ်ပါတယ်။ Function Keys အများစုသည် Keyboard ၏ အပေါ်ဘက်တွင် ရှိတက်ပါတယ်။ ပုံတွင် တချက်ကြည့်ပေးပါ။ လက်တော့တွေမှာဆိုရင် Function Keys ကို ဒီအတိုင်းနှိပ်ရတာ ရှိသလို Keyboard မှာရှိတဲ့ Fn ဆိုတဲ့ Key လေးနဲကတွဲနှိပ်မှ အလုပ်လုပ်ပါတယ်။ Desktop မှာဆိုရင်တော့ ပြသာနာမရှိပါဘူး။
♦️ လေ့လာနေတဲ့ ဝါသနာတူ သူငယ်ချင်းတွေ သိသွားအောင်လည်း Share ထားလိုက်ဦးနော်။
F1
F1 သည် အဓိကတော့ ကွန်ပြုတာကို အကူအညီတောင်းတာဖြစ်ပါတယ်။ ကွန်ပြုတာနှင့် ပတ်သတ်ပြီး သိချင်တာရှိရင် မေးမြန်းနိင်ပါတယ်။ ဥပမာ Google နဲ့ဆင်ပါတယ်။ ဒါပေမယ့် Google သိလိုတဲ့ အကြောင်းအရာ အလုံးစုံကို ရှာနိင်ပေမယ့် F1 ကတော့ ကွန်ပြုတာတစ်လုံးနှင့် သတ်ဆိုင်သည်များကိုသာ ရှာဖွေနိင်ပါတယ်။ သတိထားစရာတချက်ကတော့ Windows 7 မှာဆိုရင် F1 (Help) ကို Offline အနေနဲ့ အသုံးပြုနိင်ပေမယ့် Windows 10 မှာတော့ Online အနေဖြင့်သာ အသုံးပြုနိင်ပါတယ်။ Online သာ အသုံးပြုလို့ ရတဲ့အတွက် သိချင်တာကို များများစားစားသိလို့ ရပြီးတော့ မကောင်းတဲ့အချက်ကတော့ ကွန်ပြုတာမှာ အင်တာနက် မချိပ်ဆက်ထားရင် တခုမှ မေးမြန်းနိင်မှာ မဟုတ်ပါဘူး။ ဟုတ်ပီ။ F1 ကို Help လို့ခေါ်တယ်။
F2
F2 သည် Folder သော်လည်းကောင်း၊ Icon သော်လည်းကောင်း နာမည်ပြောင်းလိုသည့်အခါတွင် သုံးပါတယ်။ ပုံမှန်အားဖြင့် Folder တစ်ခုကို နာမည်ပြောင်းတော့မယ်ဆိုရင် ၎င်း Folder ပေါ်တွင် Right Click နှိပ်ပြီး Rename ကိုရွေးရပါတယ်။ အဆင့်တွေများတာပေါ့။ မြန်မြန်ဆန်ဆန်လုပ်ချင်တယ်ဆိုရင်တော့ ၎င်း Folder ကို Select ပေး။ ပြီးရင် F2 နှိပ်လိုက်
ဒါဆိုရင် Rename ပြောင်းလို့ရမှာ ဖြစ်ပါတယ်။ ဒီတော့ F2 သည် Folder (or) File တစ်ခုခုကို နာမည်ပြောင်းလိုသည့်အခါတွင် အသုံးပြုပါတယ်။
F3
F3 သည် Search Bar သို့သွားလိုသည့်အခါတွင် သုံးပါတယ်။ ဒီကောင်ကို သုံးမယ်ဆိုရင် မိတ်ဆွေအနေနဲ့ အရင်ဆုံး My Computer ကိုဖွင့်ထားရပါမယ်။ တနည်းအားဖြင့် My Computer ထဲက Search Box ကိုသွားချင်တယ်ဆိုရင် F3 ကိုနှိပ်ပြီးသွားနိုင်ပါတယ်။
F4
F4 သည် Address Bar သို့သွားလိုသည့်အခါတွင် သုံးပါတယ်။။ ဒီကောင်ကို သုံးမယ်ဆိုရင် မိတ်ဆွေအနေနဲ့ အရင်ဆုံး My Computer ကိုဖွင့်ထားရပါမယ်။ တနည်းအားဖြင့် My Computer ထဲက Address Bar ထဲကို သွားလိုသည့်အခါတွင် F4 ကိုနှိပ်ပြီးသွားနိင်ပါတယ်။
F5
F5 ကိုတော့ တော်တော်များသိမယ်ထင်ပါတယ်။ Refresh လုပ်တာဖြစ်ပါတယ်။ ကွန်ပြုတာနည်းနည်း လေးလာပြီဆိုရင် F5 မကြာခဏနှိပ်လေ့ရှိကြပါတယ်။
F6
F6 ကိုတော့ အသုံးနည်းလှပါတယ်။ မပြောရင်တော့ ရပါတယ်။ ဒါပေမယ့် အကုန်ပြောမယ်လို့ ရည်ရွယ်ထားတဲ့အတွက် ထည့်ပြောရခြင်းဖြစ်ပါတယ်။ ဒီကောင်ကို သုံးဖို့အတွက် My Computer သို့မဟုတ် Browser တစ်ခုခုကို ဖွင့်ထားရပါမယ်။ ပြီးရင်တော့ F6 ကိုနှိပ်ကြည့်ပါ။ Cursor လေးပြောင်းနေတာကို တွေ့ရပါလိ့မ်မယ်။ နှိပ်တဲ့အခါမှာလည်း ၃လေး
ချက် ၄ချက်လောက် နှိပ်ကြည့်ပါ။
F7
F7 ကိုတော့ Spelling Check လုပ်သည့်အခါတွင် သုံးပါတယ်။ Spelling Check လုပ်သည့် Feature ကတော့ Word ပါသည့်အတွက်ကြောင့် Word ကို ဖွင့်ပြီး F7 နှိပ်မှ အလုပ်လုပ်
ပါမယ်။
F8
F8 သည် Word တွင်သာ အလုပ်လုပ်တဲ့ Keys တစ်ခုဖြစ်ပါတယ်။ Word မှာ စာကြောင်းတစ်ကြောင်းကို Select ပေးလိုသည့်အခါတွင် F8 ကို ၂ချက်နှိပ်ပေးပါ။ ၃ချက်နှိပ်ရင် စာပိုဒ်တစ်ခုလုံးကို Select ပေးသွားမှာ ဖြစ်ပါတယ်။
F9
F9 သည်လည်း Refresh လုပ်တာဖြစ်ပါတယ်။ ထူးခြားတာက Word တွင်သာ အလုပ်လုပ်ပါတယ်။ လက်ရှိစာရိုက်နေတဲ့ အချိန်မှာ Word သုံးရတာလေးနေတယ်ဆိုရင် F9 နှိပ်ပြီး Refesh နှိပ်နိုင်ပါတယ်။
F10
F10 သည် Menu Bar ကိုခေါ်သည့်အခါတွင် အသုံးပြုပါတယ်။ လက်ရှိဖွင့်ထားသော Program တစ်ခုခု၏ Menu Bar ကိုခေါ်လိုသည့်အခါတွင် F10 နှိပ်ပြီးခေါ်နိင်ပါတယ်။
F11
F11 သည် လက်ရှိသုံးနေတဲ့ Browser ဖြစ်စေ၊ My Computer ဖြစ်စေ Full Screen လုပ်လိုသည့်အခါတွင် အသုံးပြုပါတယ်။ Full Screen ကနေ ပြန်ထွက်ချင်တယ်ဆိုရင် F11 ပြန်နှိပ်ပြီး ထွက်နိင်ပါတယ်။
F12
F12 သည် Save လုပ်တာ ဖြစ်ပါတယ်။ လက်ရှိရိုက်နေတဲ့ Word / Excel / Power Point ကို Save လုပ်လိုသည့်အခါတွင် အသုံးပြုပါတယ်။
♦️ အဆုံးထိ ဖတ်ရူ့ပေးလို့ ကျေးဇူးအထူးတင်ရှိပါတယ်။ မိတ်ဆွေအတွက်လည်း အသိသုတွေ ရရှိမယ်လို့လည်း ယုံကြည်ပါတယ်။
====
ချစ်ခင်စွာဖြင့်
Cred
~ကိုကောင်းမြတ်

14/08/2025

ကွန်ပျူတာကို ကျွမ်းကျင်စွာအသုံးပြုနိုင်ဖို့ ၂၀၂၅ ခုနှစ်ရဲ့ လက်ကျန် ၄ လအတွင်း ဒါတွေလုပ်ပါ။

ကွန်ပျူတာကို ကျွမ်းကျင်စွာအသုံးပြုနိုင်ဖို့ဆိုတာ တစ်ရက်၊ နှစ်ရက်နဲ့ မပြီးနိုင်တဲ့ အလုပ်တစ်ခုပါ။ ဒါပေမဲ့ ၂၀၂၅ ခုနှစ်ရဲ့ လက်ကျန် ၄ လကို အကျိုးရှိရှိအသုံးချမယ်ဆိုရင် အချိန်တိုအတွင်း သိသိသာသာ တိုးတက်လာနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်တွေကို တစ်ခုချင်းစီ လိုက်လုပ်ကြည့်ပါနော်။

1. ⌨️ Windows Shortcut တွေကို လေ့လာပါ
Mouse ကို အသုံးပြုတာထက် Keyboard Shortcut တွေက အလုပ်လုပ်တဲ့အခါ အချိန်ပိုကုန်သက်သာစေပါတယ်။ Copy (Ctrl+C), Paste (Ctrl+V), Undo (Ctrl+Z), Save (Ctrl+S) စတဲ့ နေ့စဉ်သုံး Shortcut တွေကို အရင်စလေ့လာပါ။ ပုံမှန်အသုံးပြုနေရင် အလိုလို ကျွမ်းကျင်လာပါလိမ့်မယ်။

2. 📂 File Management ကို စနစ်တကျလုပ်ပါ
ကွန်ပျူတာမှာ File တွေ၊ Folder တွေကို စနစ်တကျထားရှိတတ်ဖို့က အရေးကြီးပါတယ်။ Desktop ပေါ်မှာ File တွေ အများကြီး မထားဘဲ အလုပ်အမျိုးအစားအလိုက် ဒါမှမဟုတ် Content အမျိုးအစားအလိုက် Folder တွေခွဲပြီး သိမ်းဆည်းပါ။ ဒါမှ ကိုယ်လိုအပ်တဲ့ File ကို အချိန်တိုအတွင်း အလွယ်တကူ ရှာဖွေနိုင်ပါလိမ့်မယ်။

3. 📈 Microsoft Office ကို အခြေခံမှစပြီး ကျွမ်းကျင်အောင် လေ့လာပါ
ရုံးလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ကျောင်းတက်တဲ့အခါမှာပဲဖြစ်ဖြစ် Word, Excel, PowerPoint တို့က မရှိမဖြစ်လိုအပ်ပါတယ်။ ဒီ Application တွေကို အခြေခံအဆင့်ကနေ စနစ်တကျလေ့လာပါ။

4. 🔒 Online Security ကို အလေးထားပါ
အင်တာနက်အသုံးပြုတဲ့အခါ သင့်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့ ကွန်ပျူတာကို လုံခြုံမှုရှိအောင်ထားဖို့က အရေးကြီးပါတယ်။ Strong ဖြစ်တဲ့ Password တွေ၊ Two-Factor Authentication (2FA) တွေကို အသုံးပြုပါ။ မသင်္ကာဖွယ် Email တွေနဲ့ Link တွေကိုလည်း အလွယ်တကူမဖွင့်မိအောင် ဂရုစိုက်ပါ။

5. 🛠️ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းဖို့ ကြိုးစားပါ
ကွန်ပျူတာသုံးနေရင်းနဲ့ ပြဿနာတစ်ခုခုကြုံလာရင် သူများကို အရင်အကူအညီမတောင်းခင် Google မှာ သို့မဟုတ် AI ကိုယ်တိုင်အရင်ရှာဖွေကြည့်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-Solving Skill) ပိုကောင်းလာပြီး ကိုယ်ပိုင်အသိပညာလည်း တိုးတက်လာပါလိမ့်မယ်။

Cred

11/07/2025

RAM (Random Access Memory)
==========================
ကဲ မနေ့က ROM အကြောင်းပြောရင်းနဲ့ အရှိန်ပါသွားတာနဲ့ RAM အကြောင်းထပ်ပြောပါမယ်။
RAM ရဲ့ အရှည်ကောက်ကတော့ Random Access Memory လို့ခေါ်ပါတယ်။

သူ့ရဲ့ အဓိပ္ပါယ်လေးကို တချက် ပြောပြပေးပါမယ်။

Random Access Memory - Memory ထဲမှာ သိမ်းထားတဲ့ အချက်အလက်တွေကို Random (ကျပန်း) လှမ်းယူသုံးစွဲနိင်တယ်‌ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ ဥပမာ တစ်ခု ပြောပြပါမယ်။ ကျနော်တို့ အရင်က ပေါ်ခဲ့တဲ့ ကက်ဆက် တိတ်ခွေတွေကို တချက် ကြည့်ရအောင်ပါ။

ကတ်ဆက် တိတ်ခွေထဲ သီချင်း ၁၀ပုဒ် ရှိတယ်လို့ မြင်လိုက်။ အဲ့သီချင်း ၁၀ပုဒ်ကို ကိုယ်နားထောင်ချင်တဲ့ သီချင်း နားထောင်လို့ မရဘူး။ အစကနေ နားထောင်ရတယ်။ တစ်ပုဒ်ပြီးမှ တစ်ပုဒ်သွားရတယ်။

RAM ကကျတော့ ဒီလို မဟုတ်ဘူး။ ကိုယ်နားထောင်ချင်တဲ့ သီချင်းတွေကို အဆင်လိုက် နားထောင်စရာ မလိုပါဘူး။ ကိုယ်ကြိုက်တာ ရွေးနားထောင်လို့ရပါတယ်။

ဒီလောက်ဆိုရင် RAM သဘောတရား နားလည်မယ်လို့ ထင်ပါတယ်။

RAM အမျိုးအစား ၂မျိုး ရှိပါတယ်။
♦️SRAM
♦️DRAM
♦️SRAM (Static RAM)

SRAM ကိုတော့ ကွန်ပျုတာမှာ ဆိုရင် Cache Memory အဖြစ် အသုံးချပါတယ်
သူ့ရဲ့ လက္ခာတွေကတော့ မြန်တယ်၊ သိမ်းဆည်းနိင်တဲ့ ပမာဏ နည်းတယ်၊ ဈေးကြီးတယ်။

♦️DRAM (Dynamic RAM)
DRAM ကိုတော့ ကွန်ပျုတာမှာ‌ ဆိုရင် Main Memory အဖြစ် အသုံးချပါတယ်။ ကျနော်တို့ ပြောပြောနေတဲ့ ကွန်ပျုတာရဲ့ Memory သည် DRAM ဖြစ်ပါတယ်။

သို့ပေမယ့် အလွယ်တကူ Memory ဘဲ ခေါ်ကြပါတယ်။

သူ့ရဲ့ လက္ခာတွေကတော့ SRAM ထက်ယှည်နှေးတယ်၊ သိမ်းဆည်းနိင်တဲ့ ပမာဏများတယ်၊ ဈေးသက်သာတယ်။

ကဲ ဒီလောက်ဆိုရင် RAM လို့ သိတဲ့ Memory အကြောင်း နားလည်မယ်လို့ ထင်မိပါတယ်။

မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် Like & Share လုပ်ခဲ့လိုက်ပါဦးနော်။

ချစ်ခင်စွာဖြင့်
Cred
~ကိုကောင်းမြတ်

Photos from 𝙔𝙚𝙈𝙞𝙣𝙏𝙪𝙣 𝙔𝙈𝙏's post 14/08/2024

ကွန်ပျူတာစက်လေးနေတဲ့သူများလေ့လာကြည့်လိုက်ပါ။
ရေးသားနေဆဲ နည်းပညာစာအုပ်ဖြစ်ပါတယ်။

လေးစားစွာဖြင့်
cred
NayLinHtet (အိုင်တီလမ်းညွှန်)

13/08/2024

ခုခေတ်က ဂရမ်တွေ ကီလိုတွေနဲ့ပြောရောင်းနေကြတော့ သိထားရအောင်ပါ။

ဥပမာ ကြက်သား 1 ပိဿာ ဝယ်ခဲ့ပါလို့

မှာလိုက်ရင်ကိုယ်က kg နဲ့ ချိန်ရောင်းတဲ့ ဆိုင်တွေမှာဝယ်ဖြစ်မယ်ဆိုရင်

1 ပိဿာ လိုချင်ရင် kg နဲ့ ဆို 1.6 kg ပြည့်အောင် ဝယ် ရပါမယ်

g နဲ့ဆိုရင် 1600 g ဝယ် ရပါမယ်

50 ကျပ်သား လိုချင်ရင် 800 g ဝယ် ရပါမယ်

25 ကျပ်သား လိုချင်ရင် 400 g ဝယ်ရပါမယ်

10 ကျပ်သား လိုချင်ရင် 160 g ဝယ်ရပါမယ်

20 ကျပ်သား လိုချင်ရင် 320 g ဝယ်ရပါမယ်

30 ကျပ်သား လိုချင်ရင် 480 g ဝယ်ရပါမယ်

40 ကျပ်သား လိုချင်ရင် 640 g ဝယ်ရပါမယ်

1 kg ဟာ 63 ကျပ်သား နဲ့ ညီမျှပါတယ်

crd_to_owner_with_respect

Want your business to be the top-listed Gym/sports Facility in Ampang?

Click here to claim your Sponsored Listing.

Location

Telephone

Address


45, Jalan 14a, Kampung Baru
Ampang
68000