18/05/2026
၁၅၁ နှစ်မြောက် ကရင်နီအမျိုးသားနေ့
ရန်ပုံငွေဘောလုံးပြိုင်ပွဲမှာ
ကျွန်မတို့ Golden Kayan fc Malaysia
Champion 🏆🥇🥇🥰ဆုကို
ထိုက်ထိုက်တန်တန်ဆုခူးခဲ့ပါကြောင်း
သတင်းကောင်းပါးလိုပါတယ်ရှင့်
အဖက်ဖက်မှ ပါဝင်အားဖြည့် ရပ်ဝေးရပ်နီးမှအားပေး
အားမြောက်ကြသူအယောက်စီတိုင်းကို
အထူးကျေးဇူးတင်ကြောင်း
ပါဝင်ကစားပေးကြတဲ့ကစားသမား
အုပ်ချုပ်သူနည်းပြအပါအဝင်
ချက်ပြုတ်ပေးကြတဲ့ဆရာဆရာမအားလုံးကိုလည်း
Golden kayan FC Malaysia မှ
အထူးကျေးဇူးတင်ကြောင်း
ထပ်မံပြောကြားပါရစေရှင့် 🥰🥰
14/05/2026
Aba taraò̌rî pǔwaǐ laǒ pǔpra
အားလုံးမင်္ဂလာပါရှင့်
17/5/2026(Sunday)နေ့
ကျွန် တော်တို့ မလေးရှားနိုင်ငံမှာ
OKD ရုံးမှဦးဆောင်ကျင့်ပသောစစ်ဘေးရှောင်
ရန်ပုံငွေဘောလုံးပြိုင်ပွဲကို
ပြုလုပ်ကျင်းပမှာဖြစ်ပြီး
ပါဝင်ယှဉ်ပြိုင်မည့် အသင်းများရဲ့
ပွဲစဉ်အချိန်ဇယားမှာ
အောက်ပါပုံအတိုင်းဖြစ်ပါတယ်ရှင့်🥰⚽🙏💘
19/12/2025
Happy 3 years Anniversary to you all
Golden Kayan fc Malaysia
Admin အိပ်ပျော်သွားလို့ နောက်ကျတဲ့အတွက်
so sorry ပါရှင့်🥲
(၃) နှစ်တာအတွင်းမှာ အတူတူရယ်မောခဲ့ကြတယ်၊ အတူတူပင်ပန်းခဲ့ကြတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့အသင်းဟာ ခိုင်မာတဲ့ မိသားစုတစ်ခုလို ဖြစ်နေပါပြီ။
ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ဂုဏ်ယူမှုကတော့ ကျွန်တော်တို့ရဲ့ စည်းလုံးမှု ကနေတစ်ဆင့် ကယန်းလူမျိုး ဆိုတဲ့ ဂုဏ်ပုဒ်ကို အခြားတိုင်းရင်းသား ညီအစ်ကိုတွေကြားမှာ အသိအမှတ်ပြုလာအောင် စွမ်းဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဘောလုံးကစားခြင်းဟာ ကျွန်တော်တို့အတွက်တော့ ချစ်ကြည်ရေးတံတားတစ်ခုပါပဲ။
လာရောက်ပါဝင်ဖြည့်ပေးကြတဲ့
အခြားသောညီအစ်ကိုတိုင်းရင်းသားဆရာသမားများ
ရပ်ဝေးရပ်နီးမှ ဝန်းရံအားပေးအားမြောက်ကြသော
ပရိတ်သတ်များအားလုံးကို
ကျွန်မတို့ Golden kayan FC Malaysia မှ
အထူးကျေးဇူးတင်အသိအမှတ်ပြုကြောင်း
ပြောကြားလိုပါတယ်ရှင့်🥰🥰🏆
13/12/2025
အားလုံးပဲမင်္ဂလာပါ 🥰
ချစ်ခင်လေးစားအပ်ပါသော
ကစားဝါသနာရှင်မိဘပြည်သူများခင်ဗျား
အားလုံးစောင့်မျှော်နေကြတဲ့
ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့
Singapore & Malaysia Friendship Cup ကို
ကြည့်ရူအဆင်ငမ်းကြဖို့
အဆင်သင့်ဖြစ်နေပြီလို့ထင်ပါတယ်ခင်ဗျား
လိပ်စာမသိသေးတဲ့ နူတ်ခမ်းနီမလေးများအတွက် အဆင်ငမ်းခြင်း မပျက်ကွက်ရအောင်
မြှားနတ်မောင့်ခေါ်ရာလမ်းမှာ
အောက်ပါပုံအတိုင်း ဖြစိပါတယ်ခင်ဗျား🫣
Golden kayan FC အဆင်လေးကို🥰
အားလုံးလာရောက်အားပေးဝန်းရံ
ငမ်းယူရူစားနိုင်ပါကြောင်း
ထပ်မံသတင်းကောင်းပါးပါရစေခင်ဗျ
30/11/2025
ချစ်ခင်လေးစားအပ်ပါသော
အားကစားဝါသနာရှင်မိဘပြည်သူများခင်ဗျ
လာမဲ့ 14.12.2025 (Sunday)
Singapore & Malaysia Friendship Cupမှာ
ကျွန်တော်တို့ရဲ့ ချစ်ရသော
GOLDEN KAYAN FC မှ
ပါဝင်အားဖြည့်ထားပါကြောင်း
သတင်းကောင်းပါးလိုပြီး
ပါဝင်ယှဉ်ပြိုင်ကစားမဲ့
Golden kayan FC ရဲ့ ကစားသမားအဆင်လေးများကို
အောက်ပါပုံအတိုင်း မိတ်ဆက်ပေးပါရစေ
ကစားသမားတွေရဲ့ အကောင့်တွေဆီကိုလည်း
ကောင်မလေးရှိလာ သွားရောက်မေးမြန်း
ဖွန်ကြောင်လို့ရပါကြောင်း
နူတ်ခမ်းနီမလေးများအတွက် ထပ်မံသတင်းကောင်းပါးရစေ🙏🥰🥰
Golden Kayan FC-SG
Golden Kayan FC JP