Goal Guessers

Goal Guessers

Share

Football

10/02/2025

လူဆိုတာ ထင်မှတ်မထားတဲ့
ဆုံမှတ် တစ်ခုပေါ်မှာ
ဆုံတွေ့ခဲ့ကြတယ် ။

တစ်ချို့က အကြွေးတွေကို
ဆပ် ထားခဲ့ကြသလို...

တစ်ချို့က အကြွေးတွေကို
တောင်းယူ သွားခဲ့ကြတယ် ။

တကယ်တော့ လူတစ်ဦးနဲ့
တစ်ဦး ဆုံဆည်းဖို့ ဆိုတာဟာ....

သိပ်ပြီးတော့ မလွယ်ကူလှပါဘူး
အကြောင်းညီညွတ် မှသာ
တစ်ဦးနဲ့ တစ်ဦး ဆုံဖြစ်ခဲ့ကြတာပါ ။

ရေစက်ရှိလို့ ဆုံဖြစ်ကြတယ်
ရေစက်ကုန်တော့ သူ့အလိုလို
ကိုယ့်ရဲ့ဘေးနား ကနေပြီး
ထွက်ခွာသွားခဲ့ကြတယ် ။

တစ်ချို့က ကြည်နူးစရာတွေ
ပေးထားခဲ့ ကြတယ် ။

တစ်ချို့က နာကျင်စရာတွေနဲ့
နောင်တတွေကို ပေးထားခဲ့ကြတယ် ။

ဘယ်လိုပဲ ဆုံဖြစ်ခဲ့ ဆုံဖြစ်ခဲ့
ကိုယ်က အကောင်းမွန်ဆုံး
ဆက်ဆံ ပေးခဲ့တယ် မဟုတ်လား ။

တစ်ခါတလေ အတိတ်ကံကြောင့်
စိတ်ပျက်ဝမ်းနည်း နာကျင်စရာတွေနဲ့
ဆုံဖြစ်ခဲ့ရင် ပေါ့.......

အော်..... ငါ အကြွေးတစ်ခု
ကျေသွားပြန်ပြီလို့ပဲ စေတနာ
မေတ္တာတွေနဲ့ ဆပ်လိုက်ပါ ။

တောက်ပတဲ့ ကြယ်ဟာ
တိမ်မှောင်ဖုံးလည်း အလှပျက်ရိုး
ထုံးစံမရှိပါဘူး ။

#လူမိုက်

02/01/2025

မမုန်းပါဘူး !!!
ကိုယ့်ကို မလိုအပ်လို့
ကျောခိုင်းသွားတဲ့လူတွေ ၊

ကိုယ့်ကို မလိုလားလို့
လမ်းခွဲသွားတဲ့လူတွေ၊

ကိုယ့်ကို မခင်ချင်တော့လို့
စွန့်ပစ်ထားသွားတဲ့လူတွေ ၊

ကိုယ့်ကို
မနာလိုနေတဲ့လူတွေ ။

ကိုယ့်ကို
အထင်သေးနေတဲ့လူတွေ ၊

ကိုယ့်ကို
ကွယ်ရာမှာ
ဝေဖန်အပုပ်ချ
မကောင်းကြောင်းပြောနေတဲ့လူတွေ ၊

ကိုယ့်ကို
ကဲ့ရဲ့ဝေဖန်နေတဲ့ လူတွေ ၊

ကိုယ့်ကို
နာကျင်အောင်လုပ်သွားတဲ့လူတွေ ၊

ကိုယ့်ကို
ကျ ရှုံးလဲပြိုစေချင်တဲ့လူတွေ ၊

ကိုယ့်ကို
မကောင်းကြံချင်တဲ့လူတွေ ၊

ကိုယ့်ကို
မကောင်းမြင်နေတဲ့လူတွေ ၊

ကိုယ့်ကို
ကွယ်ရာမှာ
ဝေဖန်တိုက်ခိုက်ချင်နေတဲ့လူတွေ ။

ကိုယ်ရဲ့ကွယ်ရာမှာ
ကိုယ်မကောင်းကြောင်းတွေပြောပြီး
ဟားချင်နေတဲ့သူတွေ ။

ကိုယ်ရဲ့အမှားကိုစောင့်ပြီး
အပြစ်တင်ချင်နေတဲ့လူတွေ ။

အဲဒီလူတွေအားလုံးဟာ
ကိုယ့်ဘဝမှာ
မုန်းစရာလူတွေ မဟုတ်သလို
အပြစ်တင်စရာ
ရန်ဖြစ်စရာ
ရန်တွေ့စရာ
မကောင်းမြင်စရာ
လူတွေလည်း မဟုတ်ပါဘူး ၊

တကယ်တမ်းကျတော့
အဲဒီလူတွေဟာ

ကိုယ့်ကိုယ်ကိုယ်
တစ်ယောက်ထဲ
နေတတ်လာအောင်

ကိုယ့်ကိုယ်ကိုယ်
အားကိုးတတ်လာအောင်

ကိုယ့်ကိုယ်ကိုယ်
ကြိုးစားရုန်းကန်တတ်လာအောင်

ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုတွေရှိလာအောင်

ကိုယ့်ကိုယ်ကိုယ်
ကောင်းမြတ်တဲ့စိတ်တွေထားတတ်လာအောင်

ကိုယ့်ကိုယ်ကိုယ်
အေးအေးချမ်းချမ်းနဲ့နေတတ်အောင်

ကိုယ့်ကိုယ်ကိုယ်
အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာအောင်

ကိုယ့်ကိုယ်ကို
ကောင်းတဲ့ဘက်က
မြင်ပေးတတ်တဲ့စိတ်လေးတွေ
မွေးပေးလာအောင်

ကိုယ့်ဘဝအတွက်
တန်ဖိုးမဖြတ်နိုင်တဲ့
အတွေ့အကြုံသင်ခန်းစာတွေ ရလာအောင်

ကိုယ့်ကိုယ်ကိုယ်
ဂရုစိုက်ပြီးနေတတ်လာအောင်

ကိုယ့်ကိုယ်ကိုယ်
သတိလေးနဲ့ထိန်းပြီး
လမ်းမှန်ပေါ်ရောက်အောင်

ကိုယ့်ကိုယ်ကိုယ်
တစ်ယောက်ထဲရုန်းကန်ပြီး
ကြိုးစားတတ်လာအောင်

ကိုယ့်ကိုယ်ကိုယ်
သတိလေးနဲ့နေတတ်လာအောင်

သင်ပေးနေတယ်
လေ့ကျင့်ပေးနေတယ်လို့ပဲ
ခံယူမိပါတယ် ။

သူတို့ကြောင့်ပဲ
ကိုယ့်ကိုယ်ကိုယ် သတိနဲ့နေတတ်လာတယ် ။

သူတို့ကြောင့်ပဲ
ကိုယ့်ကိုယ်ကိုယ် အမှားတွေနည်းလာတယ် ။

သူတို့ကြောင့်ပဲ
ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေတတ်လာတယ် ။

သူတို့ကြောင့်ပဲ
ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်လာတယ် ။

သူတို့ကြောင့်ပဲ
ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီးနေတတ်လာတယ် ။

သူတို့ကြောင့်ပဲ
ကိုယ့်ကိုယ်ကိုယ်
အကောင်းမြင်ပြီး နေတတ်လာတယ် ။

သူတို့ကြောင့်ပဲ
ကိုယ့်ကိုယ်ကိုယ် မေတ္တာထားပြီး
နေတတ်လာတယ် ။

သူတို့ကြောင့်ပဲ
ကိုယ့်ကိုယ်ကိုယ် အတွေ့အကြုံတွေရလာတယ် ။

သူတို့ကြောင့်ပဲ
ကိုယ့်ကိုယ်ကိုယ် အမှားတွေမလုပ်မိအောင်
နေတတ်လာတယ် ။

သူတို့ကြောင့်ပဲ
ကိုယ့်ကိုယ်ကိုယ် မငိုမိအောင်
မျက်ရည်တွေ ထိန်းနိုင်လာတယ် ။

သူတို့ကြောင့်ပဲ
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာတယ် ။

သူတို့ကြောင့်ပဲ
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီးနေတတ်လာတယ် ။

သူတို့ကြောင့်ပဲ
ကိုယ့်ကိုယ်ကိုယ် သင်ခန်းစာယူတတ်လာတယ် ။

နောက်ဆုံး
သူတို့ကြောင့်ပဲ
ကိုယ့်ကိုယ်ကိုယ်
ပြု ပြင် ပြောင်းလဲပြီးနေတတ်လာတယ် ။

ဒီအတွက်
ကျေးဇူးတောင်တင်ပါသေးတယ် ။

ဘယ်သူ့ကိုမှ
မမုန်းပါဘူး ____ ။

✍𓂸✍𓂸✍𓂸✍𓂸
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"

# လူမိုက်

21/11/2024

ဆန္ဒ နဲ့ သိက္ခာကို မလဲနိုင်လို့
မပြောဖြစ်အောင် ထိန်းထားတဲ့
စကားလုံးတွေအများကြီးရှိခဲ့ဖူးတယ်

မာနနဲ့ သစ္စာတရားကိုမလဲနိုင်လို့
အပေါ်ယံ လူတစ်ချို့‌တွေကို
အသ-က်မပါတဲ့ အပြုံးတွေနဲ့
ပြုံးပြနေခဲ့ဖူးတယ်။

အမုန်းနဲ့အပြုံးကို မလဲနိုင်လို့
မကင်းနိူင်သေးတဲ့ လူတစ်ချို့အပေါ်
အကောင်းဆုံး နေပေးလိုက်တယ်။

ဒါပေမယ့်
လူတစ်ချို့ကို ဥပေက္ခာပြုထားပြီး
လူတစ်တစ်ချို့ကို အရင်ကထက်
ပိုအလေးအနက်ထားလိုက်တော့တယ်

တစ်ကယ်တမ်းတော့
လောကဓံ နဲ့ကြုံတဲ့အခါ
ကိုယ့်ဘေးနားမှာရှိနေပေးတဲ့သူကသာ
ကိုယ့်အတွက် အရေးပါတဲ့ သူတွေ
ဆိုတာတော့ ပိုသိခွင့်ရလိုက်ပါတယ်။

#လူမိုက်

19/06/2024

ဘယ်လိုပဲဖြစ်ဖြစ်ပြားစွန်လောက်တော့ရင်းနှီးသင့်ပါတယ်။
အကြိုက်တူကစား
လောင်းကစားဘာမဆိုဖြစ်နိုင်ပါတယ်။

#လူမိုက်

18/06/2024

ကြွေကတော့ကျနေတယ်
အကြိုက်တူကစား
လောင်းကစားဘာမဆိုဖြစ်နိုင်ပါတယ်။

#လူမိုက်

17/06/2024

အကြိုက်တူမှကစားပါ
လောင်းကစားဘာမဆိုဖြစ်နိုင်ပါတယ်။

#လူမိုက်

16/06/2024

အကြိုက်တူကစားပါ
လောင်ကစားဘာမဆိုဖြစ်နိုင်ပါတယ်။

#လူမိုက်

15/06/2024

အကြိုက်တူမှကစားပါ
လောင်းကစားဘာမဆိုဖြစ့်နိုင်ပါတယ်။

#လူမိုက်

02/05/2024

#အကြိမ်တစ်ရာမက
ထားခဲ့တဲ့ မေတ္တာကို
လူတွေက မမြင်တတ်ဘူး။

တစ် ခါ တ လေ
မဲ့ခဲ့ဖူးတဲ့ မေတ္တာကိုတော့
လူတွေက
မြင်တတ်ကြတယ်။

#အကြိမ်တစ်ရာမက
ဂရုစိုက်မှုတွေကို
လူတွေက မမြင်တတ်ဘူး။

တစ် ခါ တ လေ
ပြုခဲ့ဖူးတဲ့ လျစ်လျူရှုမှုကိုတော့
လူတွေက
မြင်တတ်ကြတယ်။

#အကြိမ်တစ်ရာမက
ထားခဲ့တဲ့ စေတနာကို
လူတွေက မမြင်တတ်ဘူး။

တစ် ခါ တ လေ
ပျက်ကွက်ခဲ့တဲ့ စေတနာကိုတော့
လူတွေက
မြင်တတ်ကြတယ်။

#အကြိမ်တစ်ရာမက
ကျွေးခဲ့ရတဲ့ ပေးကမ်းမှုကို
လူတွေက မမြင်တတ်ဘူး။

တစ် ခါ တ လေ
လက်ရှောင်မိခဲ့ဖူးတာကိုတော့
လူတွေက
မြင်တတ်ကြတယ်။

#လူတွေဟာ...
ကိုယ်လွန်တယ်
ကိုယ်ရက်စက်တယ်ဆိုတာကို
ကိုယ်တိုင်မြင်ပြီး
သင်ခန်းစာ မယူတတ်ကြဘူး။

သူများအထုတ်ကို
ဖြေချဖို့လောက်ပဲ စဉ်းစားကြတယ်။

အရာရာမှာ...
သူတို့ပဲ အဆင်ပြေနေချင်တယ်။

အရာရာမှာ...
သူတို့ပဲ ဂရုစိုက်တာကို ခံချင်တယ်။

လောကမှာ...
အဲဒီလို
အတ္တဝါဒီသမားတွေ များတယ်။

#တကယ်တော့...
နားလည်မူဆိုတာ
ကိုယ့်ဒဏ်ရာကို ဆေးကုပြီး
သူ့ဒဏ်ရာကို
ဆေးထည့်ပေးရတဲ့အရာပါ။

အနာသိရင် ဆေးရှိပါတယ်။

လူတွေက
ဆေးအကု မှားနေကြလို့သာ
အဆင်မပြေကြတာပါ။

#လူမိုက်

©ဖတ်မိဖတ်ရာစာစုများ®

30/04/2024

#ဘောလုံးလောကမှာမန်ဘာဆရာဆိုတာ

ပန်းကလေးတွေလိုပဲ
လန်းတဲ့အခါလန်း နွမ်းတဲ့အခါ နွမ်းပေါ့

နေမင်းကြီးလိုပဲ
ပူတဲ့အခါပူ အေးတဲ့အခါ အေးပေါ့

လမင်းကြီးလိုပဲ
လင်းတဲ့အခါလင်း မှောင်တဲ့အခါ မှောင်ပေါ့

အဆင်ပြေလို့လည်း အရမ်းမပျော်နဲ့
အဆင်မပြေလို့လည်း အရမ်းစိတ်မညစ်နဲ့

အောင်မြင်နေလို့လည်း အရမ်းမပျော်နဲ့
ကျရှုံးနေလို့လည်း အရမ်းမငိုကြွေးပါနဲ့

အချိန်ကြာလာတဲ့အမျှ
အရာအာလုံးဟာ ပြီးဆုံးသွာမှာပါ

ဒါကြောင့်
စိတ်ညစ်စရာတွေ ငိုကြွေးစရာတွေကို
အချိန်တွေပေးပြီး ခံစားမနေလိုက်ပါနဲ့...

အဓိက ပြောချင်တာ မန်ဘာဆရာ
အားကိုးတာလဲအားကိုးကျပေါ့
ကိုယ့်အယူအဆအတွေးလဲ အရမ်းလိုအပ်ပါတယ်။
အတွေးတွေကောင်းသူ နိုင်ရင် နိုင်မယ်။
အတွေးတွေ အရမ်းတွေးတဲ့သူ ထိရင် ထိမယ်။

ဘောလုံးလောင်းကစား စီးပွားရှာတဲ့နေရာမှာ
လူတိုင်းလူတိုင်း လူလည်တွေကြီး အကုန် "မအ" ပါဘူး
တချိူ့အရာတွေမှာ အရမ်းသိ အရမ်းတတ် လူတွေကြား
လောင်းကစား ဘာမဆိုဖြစ်နိုင်တာမို့
ကိုယ့်ကို အရမ်းအထင်မကြီးပါနဲ့ အပိုင်ဆိုတာမရှိပါဘူး
ကိုယ်နိုင်သလောက်ပဲကစားစေချင်ပါတယ်။

#လူမိုက်

©ဖတ်မိဖတ်ရာစာစုများ®

30/03/2024

စိတ်ကောင်းရှိတယ် မရှိဘူး
သဘောကောင်းတယ် မကောင်းဘူးဆိုတာ

သင့်အတွေးတွေနဲ့ အများကြီးဆိုင်တယ်။

မကောင်းတဲ့ အတွေးအများကြီးတွေးနေသူက
မကောင်းတာတွေ လုပ်ဖို့များတယ်။

Positive thoughts တွေရှိတဲ့သူအတွက်
Positive ဖြစ်တဲ့ result တွေရလေ့ရှိပြီး

Negative thoughts တွေးတတ်တာ
သူအတွက်တော့ ကောင်းကျိုးထက်
ဆိုးတာပိုများတာမို့

အတွေးတွေကို ဂရုစိုက်ပါ။

အတွေးတွေရဲ့ အရောင်ဆိုးမှုက
စိတ်ကို ပြောင်းလဲသွား နိုင်စေတာမို့ပါ။ မိတ်ဆွေ

#လူမိုက်

©ဖတ်မိဖတ်ရာစာစုများ®

Want your business to be the top-listed Gym/sports Facility in Petaling Jaya?

Click here to claim your Sponsored Listing.

Location

Category

Website

Address


PJ Helton
Petaling Jaya
46050