Myanmar Cityzens

Myanmar Cityzens မြန်မာနိုင်ငံမှ စီတီဇင်အားလုံးအတွက်

❝ ကမ္ဘာတလွှားက မန်ချက်စတာစီးတီးပရိသတ်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို သိစေချင်ပါတယ်ဗျာ ဘယ်တုန်းကထက်မဆို ပိုပြီးနီးနီးစပ်စပ်...
30/09/2026

❝ ကမ္ဘာတလွှားက မန်ချက်စတာစီးတီးပရိသတ်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို သိစေချင်ပါတယ်ဗျာ ဘယ်တုန်းကထက်မဆို ပိုပြီးနီးနီးစပ်စပ်နဲ့ ကျနော်ခင်ဗျားတို့နဲ့အတူ အခုရှိနေမယ်ဆိုတာကိုပါ။ ကျနော့်ရဲ့အသင်း၊ ကျနော့်ရဲ့ပိုင်ရှင်၊ ကျနော့်ရဲ့ ဥက္ကဌကြီး၊ ဖာရန်ဆိုရီယာနို၊ ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ အန်ဇိုမာရက်စ်ကာနဲ့ ထူးခြားတဲ့ ခင်ဗျားတို့ပရိသတ်တွေရဲ့ နောက်မှာ ကျနော်ဟာ အစဉ်အမြဲ မားမားမတ်မတ်ရပ်တည်နေမှာပါ။ ဒီအခိုက်အတန့်ကြီးကို ကျနော်တို့ ဖြတ်ကျော်ပြီးရင်း ဖြတ်ကျော်ကြတာပေါ့လေ။ ခင်ဗျားတို့ အားလုံးကို ကျနော် ချစ်တယ်ဗျာ.. 🩵 ❞

🎙️ပက်ဂွာဒီယိုလာ

ကျနော့်ရဲ့ အသင်းက တာဝန်ရှိသူတွေသာ ဒီကိစ္စတွေ တကယ်ကျူးလွန်ခဲ့ရင် သူတို့ဟာ ကျနော့်မိတ်ဆွေတွေ ဆက်မဖြစ်နိုင်တော့ပါဘူး။ ကျနော်ဒီအသင်းက ထွက်သွားမှာပါ လို့ ပက်ပြောခဲ့ဖူးတယ်။ ဟုတ်ပါတယ်၊ သူ့ရဲ့ မိတ်ဆွေကြီးတွေက ကျူးလွန်ခဲ့ဖို့ သေချာသလောက်ပါပဲ။ ဒါပေမဲ့ ဒီအသင်းကိုတော့ သူပစ်ပစ်ခါခါ ရက်ရက်စက်စက်နဲ့ မျက်နှာလွှဲခဲပစ် မလုပ်ရက်ခဲ့ဘူး။ အသင်းအတွက်၊ နေရာအနှံ့အပြားက စီးတီးပရိသတ်တွေအတွက် သူရှိနေကြောင်း ထုတ်ပြောလာခဲ့တယ်။ ဒီရက်ပိုင်းတွေထဲ ကြားရသမျှ သတင်းတွေထဲ အချိုမြိန်ဆုံးနဲ့ အားအဖြစ်ရဆုံးပါပဲ။ ခင်ဗျားကို စောက်ရမ်းစောက်ရမ်းကို ချစ်တယ် မစ္စတာပက်ဂွာဒီယိုလာ 🩵

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

ကျနော် မူလတန်းလောက်မှာ အမေက တာဝန်နဲ့ နေပြည်တော်ကို တစ်ယောက်တည်း ပြောင်းရတယ်။ ဝန်ထမ်းဆိုတော့ လိုင်းခန်းရတယ်။ အဲ့ဒီလိုင်းခ...
26/09/2026

ကျနော် မူလတန်းလောက်မှာ အမေက တာဝန်နဲ့ နေပြည်တော်ကို တစ်ယောက်တည်း ပြောင်းရတယ်။ ဝန်ထမ်းဆိုတော့ လိုင်းခန်းရတယ်။ အဲ့ဒီလိုင်းခန်းရဲ့ ပြတင်းပေါက်တွေက မှန်တွေနဲ့။ လိုက်ကာဖိုးနှမြောတဲ့ အမေဟာ သတင်းစာအဟောင်းတွေကို မှန်မှာ လိုက်ကပ်ပြီး ကာပလိုက်တယ်။ အဲ့ဒီအမေ့ပြတင်းပေါက်က သတင်းစာတွေမှာ မန်စီးတီးဆိုတဲ့ နာမည်တစွန်းတစကို စမြင်ဖူးတာပဲ။

အဲ့ဒီအရာကို ဘယ်လိုခေါင်းစဉ်တပ်ရမလဲတော့ ကျနော် မသိဘူး။ ဘာကြောင့်ဆိုတာလဲ မရှင်းပြတတ်ဘူး။ ဒါပေမဲ့ ကျနော့်မှာ သဘောကျမိတဲ့ နံပါတ်တွေ ရှိတယ်။ မြန်မာလို နာမည်တွေ ရှိတယ်။ ဘိလပ်လို နာမည်တွေ ရှိတယ်။ ဥပမာမြို့ကို ဘိလပ်လိုဆို‌ပါတော့ ကျနော် City ဆိုတာကို သဘောကျတယ်။ Town ဆိုတာကြီး မကြိုက်ဘူး၊ Capital လို့ ခေါ်တာမျိုး မကြိုက်ဘူး။ ဒီတော့ စီးတီး၊ မန်စီးတီးဆိုတဲ့ နာမည်က ကျနော်သဘောကျတဲ့ နာမည်‌မျိုးထဲပါတယ်။

အလယ်တန်းကျောင်းသားလောက် ဖြစ်လာတော့ အဖေနေ့စဉ်ယူတဲ့ သတင်းစာနောက်ကျောက အားကစားကဏ္ဍမှာ မန်စီးတီးဆိုတဲ့ နာမည်ကို ထပ်တွေ့တာပဲ။ အဲ့ဒီမှာ သူ့အကြောင်း သတင်းတွေပါလာပြီ။ ပုံတွေ ပါလာပြီ။ ဒီလိုနဲ့ ဟိုဟိုဒီဒီလိုက်ဖတ်ဖြစ်တယ်။ ဥရောပဘောလုံးပွဲတွေကတော့ မကြည့်ဖြစ်သေးဘူး။ ဒါပေမဲ့ မြန်မာပွဲတွေကိုတော့ စောင့်ကြည့်တတ်လာပြီ။ ဘောလုံးကို အပြင်မှာလည်း စကန်တတ်လာပြီ။ ဘောလုံး‌အပေါ် ရူးလဲ ရူးသွပ်လာတတ်ပြီ။ ဘောလုံးအကန်ကောင်းလွန်းလို့ ဆယ်တန်းဖြေခါနီးနှစ်လအလိုမှာ လက်ကျိုးသွားတဲ့အထိပဲ။

ကျနော့်အိမ်က စည်းကမ်းကြီးပါတယ်။ အမေအနီးနားမရှိတော့ အဖွားအုပ်ထိန်းမှုအောက်မှာကိုး။ အဖွားက ရှေးရိုးစွဲဆိုတော့ တချို့လွတ်လပ်ခွင့်တွေ သိပ်မပေးခဲ့ဘူး။ ဒါပေမဲ့ ၆တန်း ၇တန်းလောက်ဖြစ်လာတော့ အရင်ထက်စာရင် နည်းနည်း လွတ်လပ်လာပြီ။ ဟိုနားဒီနားညဘက်အပြင်ထွက်ခွင့်လေး ရလာပြီ။ ဒီလိုနဲ့ တစ်အိမ်ကျော်က ဘောလုံးပွဲဝါသနာပါတဲ့ အသိအကိုတ‌ယောက်ရဲ့အခွေဆိုင်မှာ ကပ်ပြီး ဘောလုံးပွဲတွေ သွားကြည့်ဖြစ်လာတယ်။ ကျန်တဲ့ပွဲချိန်ဆို ပုံမှန်မကြည့်ဖြစ်ဘူး။ ဒါပေမဲ့ စီးတီးပွဲဆို ပုံမှန်သွားကြည့်တယ်။ ‌ဒီလိုနဲ့ပဲ စီးတီးကို တဖြေးဖြေး စွဲလန်းလာ။ ကြိုက်လာတာပဲ။

အဲ့ဒီတုန်းက မန်စီးတီးဖန်ဆိုလို့ ကျနော့်အပြင် နောက်နှစ်ယောက်ပဲ တွေ့ဖူးတယ်။ အခန်းထဲက ဘော်ဒါတစ်ကောင်ရယ်။ ကျုရှင်က အကိုကြီး တစ်ယောက်ရယ်။ ဒါပေမဲ့ အဲ့အကိုကြီးက မန်ယူဖန်ပါ။ ကျနော့်ကို စီးတီးဖန်ဆိုပြီး ဂျင်းထည့်ပြီး စခဲ့တာ နှစ်များစွာ ကြာပြီးမှ ပြန်သိရတယ်။ ဆိုတော့ ကျနော့်စိတ်ထဲမှာ စီးတီးဖန်ဆိုတာ အင်မတန်ရှားပါးတဲ့ လူနည်းစုလို့ပဲ ခံစားခဲ့ရတာ။

ဖေ့ဘုတ်စ် စသုံးတော့ MMCSC Page ကို တွေ့တဲ့အခါ ကျနော် အတော်အံ့ဩောမိတယ်။ စီးတီးဖန် တွေရဲ့ တွေ့ဆုံပွဲက ပုံရိပ်တွေကို မြင်မိတာကိုး။ ဟ ဒီလောက်များတဲ့ စီးတီးဖန်တွေ တကယ်ရှိလေသလားပေါ့။ အဲ့ဒီတုန်းက ပယ်လီဂရီနီလက်ထက်လောက်ပဲ ရှိလိမ့်ဦးမယ်။

နောက်တော့ အပြင်မှာ တကယ်ရှိတဲ့ အဲ့ဒီစီးတီးဖန်တွေနဲ့ အပြင်မှာ တကယ်ပဲ ဆုံခွင့်ရခဲ့တယ်။ ‌ဘောလုံးပွဲတွေ အတူကြည့်ကြတယ်။ ခရီးအတူ ထွက်ခဲ့ကြတယ်။ ဖူဆယ်တွေ အတူကန်ကြတယ်။ အဲ့ဒီအမှတ်တရတွေဟာ အင်မတန်‌လွမ်းမောဖွယ်ရာ ကောင်းသလို ပျော်စရာအတိပဲ။ စီးတီးဖန်ဆိုလို့ နှစ်ယောက်လောက်ပဲ တွေ့ဖူးခဲ့တဲ့ ကျနော်ဟာ စီးတီးဖန်တွေအများကြီးနဲ့ ဒီလိုအတူသွားအတူစား နေခွင့်ရမယ်ဆိုတာ စိတ်တောင်မကူးမိခဲ့ဖူးကိုး...။

အခုစီးတီးက ၁၁၅ မှု ပြဿနာ ကြုံ‌နေရတယ်။ ဒဏ်ငွေလောက်နဲ့ ပြီးသွားနိုင်သလို ဖလားတွေ အသိမ်းခံရ၊ တန်းတွေဆင်းရလည်း ဖြစ်သွားကောင်းဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ စိတ်မပူပါဘူး။ စီးတီးက ချန်ပီယံတွေ အကြိမ်ကြိမ် ဖြစ်ခဲ့လို့လဲ ကျနော် အားပေးခဲ့မိတာမှ မဟုတ်ပဲ။ ပရီးမီးယားလိဂ်မှာ ကန်နေတဲ့ အသင်းမို့ ကြိုက်ခဲ့မိတာလဲ မဟုတ်ဘူး။ စီးတီးဆိုတဲ့ နာမည်လေးတစ်လုံးကြောင့် စသဘောကျမိတယ်။ စအားပေးမိတဲ့အခါ စီးတီးကြောင့်၊ စီးတီးပရိသတ်တွေကြောင့် ရခဲ့တဲ့ အတွေ့အကြုံတွေ၊ အခိုက်အတန့်တွေကပဲ ကျနော့် နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာထဲအထိ စီးတီးကို တဖြေးဖြေး တွန်းပို့လိုက်တာပါပဲ။

ကျနော် စအားပေးချိန်မှာ ပက်ဆိုတဲ့ နာမည်ကျော် နည်းပြကြီးလဲ စီးတီးမှာ မရှိခဲ့ဘူး။ တချို့အသင်းတွေ တသက်လုံးနေလို့မှ စိတ်ကူးယဉ်ခွင့်တောင် မရခဲ့ဖူးတဲ့ ဖလားသုံးလုံးချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကြီးလဲ မရှိသေးဘူး။ လေးနှစ်ဆက်ပရီးမီးယားလိဂ်ချန်ပီယံဆိုတဲ့ ဘယ်အသင်းမှ မရဖူးတဲ့ စံချိန်တွေလဲ မပိုင်ဆိုင်ထားဘူး။ အခုနေခါမှာ ဒါတွေ ပြန်သိမ်းခံလိုက်ရတော့လဲ ထူးပြီး ဝမ်းမနည်းပါဘူး။ ဒီအခိုက်အတန့်တစ်ခုစီကို ကိုယ်တိုင်တိုက်ရိုက်ကြည့်ပြီး ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ၊ အဲ့ဒီအချိန်က ပိုင်ဆိုင်ခဲ့ရတဲ့ ကျေနပ်ပီတိတွေကိုတော့ ဘယ်လိုစွဲချက်‌တွေနဲ့မှ ပြန်ပေးစမ်းဆိုပြီး လာသိမ်းလို့ မရနိုင်ဘူးမဟုတ်လား။

နောက်ဆုံးကုန်ကုန် ပြောရရင် စီးတီး အပြစ်လုပ်ခဲ့မိလို့ အပြစ်ပေးခံရမယ်ပဲ ဆိုပါစို့။ မင်းအသင်းက ပြစ်မှုတွေနဲ့ အသင်းလို့ လာလှောင်ရင်လဲ ပြန်ပြုံးပြလိုက်ရုံပါပဲ။ ငါတို့က မအောင်မြင်သေးတဲ့ အသင်းဘဝမှာလဲ အားပေးခဲ့တယ်။ အားပေးတဲ့ ပရိသတ်တွေ လက်ချိုးရေလို့ ရ‌အောင် နည်းခဲ့ချိန်မှာလဲ အားပေးခဲ့တယ်။ နောက်ဆုံး နာမည်ပျက်တွေနဲ့ အသင်းဘဝ ရောက်သွားလဲ စီးတီးပရိသတ်အဖြစ် Cityzen အဖြစ် ဆက်ရှိနေဦးမှာပဲ။ အဖေအားပေးလို့ လိုက်အားပေးခဲ့တာ။ ဟိုလူကြည့်တော့လဲ ဒီအသင်း ပရိသတ်၊ ဒီလူကြည့်တော့လဲ ဒီအသင်းအားပေးတာဆိုလို့ လိုက်အားပေးခဲ့တာ။ ‌အောင်မြင်မှုတွေ ရဖူးတဲ့ အသင်းကြီးမို့ အားပေးခဲ့တာမှ မဟုတ်တာကိုး..။ မင်းတို့နဲ့ ငါတို့ ကွာသွားမှာ ဒါပါပဲ။ မင်းတို့က အပြစ်ကင်းစင်တဲ့ လူတစ်ယောက်နဲ့ တူတဲ့ အသင်းတစ်သင်း၊ အားသာချက်တွေ အများကြီးနဲ့ အသင်းတစ်သင်းကိုကို ချစ်မြတ်နိုးကြတယ်။ ငါတို့ကတော့ အားနည်းချက်တွေနဲ့ အနာအဆာတွေနဲ့ စီးတီးကို အားပေးခဲ့ကြတယ်။ ဘယ်အချစ်က ပိုစစ်မှန်မလဲ တော့ မဆုံးဖြတ်တတ်ပါဘူး။ ဒါပေမဲ့ ငါတို့နဲ့ မင်းတို့ကြား ကွာခြားချက်က ဒါပါပဲ..။

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

စီးတီးက ဒီပွဲမှာ အခွင့်အရေးတွေအများကြီး မဖန်တီးနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဂိုးတွေ အများကြီး သွင်းနိုင်နေတုန်းပဲ။ စီးတီးရဲ့ ကစာ...
20/09/2026

စီးတီးက ဒီပွဲမှာ အခွင့်အရေးတွေအများကြီး မဖန်တီးနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဂိုးတွေ အများကြီး သွင်းနိုင်နေတုန်းပဲ။ စီးတီးရဲ့ ကစားပုံကလည်း ထင်သလောက် အားရစရာမကောင်းနေသေးဘူး။ ဒါပေမဲ့ သူတို့ နိုင်ပွဲတစ်ပွဲကို ရှာဖွေနိုင်စွမ်းရှိနေတုန်းဖြစ်ပါတယ်။ ပြိုင်ဘက်တွေ အားလုံးလိုလိုခြေချော်နေချိန်ဖြစ်လို့ ဒီနိုင်ပွဲကလည်း အင်မတန်အဖိုးတန်လှတယ်။

စီးတီးက ကိုယ့်အလုပ်ကိုယ်လုပ်ပြီး တာဝန်ကျေနိုင်ပွဲတွေကို ဆက်တိုက်ဖော်ဆောင်လာနိုင်နေပါပြီ။ ဒါပေမဲ့ စီတီဇင်တွေ လိုချင်နေတာက ပြီးပြည့်စုံတဲ့ နိုင်ပွဲ တနည်းအားဖြင့် ပြိုင်ဘက်ကို မျှော်လင့်ချက် တစိုးတစိမျှ မပေးရတဲ့ နိုင်ပွဲမျိူးပါ။ စီးတီးက အဲ့ဒီအဆင့်အတန်းကို ရောက်ဖို့ မာရက်စ်ကာနဲ့အတူ အခုမှ လမ်းဖောက်နေရဆဲပါ။ ဒါပေမဲ့ စီးတီးရဲ့လမ်းက
အခုထိတော့ ခလုတ်မထိ ဆူးမငြိသေးပါဘူး။

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

အကြိတ်အနယ်ရှိလွန်းလှတဲ့ ပထမပိုင်းပါပဲ။ စီးတီးက သုံးကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပြီး ဆန်းဒါးလန်းက ပထမနှစ်ကြိမ်မှာ ချက်ချင်း...
20/09/2026

အကြိတ်အနယ်ရှိလွန်းလှတဲ့ ပထမပိုင်းပါပဲ။ စီးတီးက သုံးကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပြီး ဆန်းဒါးလန်းက ပထမနှစ်ကြိမ်မှာ ချက်ချင်းဆိုသလို ပြန်လည်ချေပနိုင်ခဲ့တယ်။ တတိယဂိုးကိုလည်း သူတို့ ပြန်အဖတ်ဆည်ဖို့ ကြိုးစားသေးပေမဲ့ ဒွန်နာရွမ်မာက ခွင့်မပြုခဲ့ဘူး။

စီးတီးရဲ့ ကစားပုံက ထင်ထားသလောက်တော့ အားရစရာ မကောင်းနေပါဘူး။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာတောင် ဆန်းဒါးလန်းလို အသင်းကို သုံးဂိုးသွင်းထားနိုင်နေတုန်းပဲ။

ဒုတိယပိုင်းမှာ ပွဲကို ပိုထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ ပြိုင်ဘက်တွေ ခြေချော်ထားတာကို အခွင့်အရေးယူဖို့ အမှတ်လျော့လို့ မဖြစ်တဲ့ပွဲပါ။ ဒီအတွက် မာရက်စ်ကာဘာတွေ ပြင်ဆင်လာဦးမလဲ စောင့်ကြည့်ကြတာပေါ့.။

အန်ဇိုဖာနန်ဒက်ဇ်က ဘောလုံးမထိခဲ့ပေမဲ့ လူကျွံအနေအထားကနေ ထိဖို့ ကြိုးစားတဲ့ Action တွေ ရှိခဲ့တာမို့ စီးတီးရဲ့ ဂိုးဟာ လူကျွံ...
14/09/2026

အန်ဇိုဖာနန်ဒက်ဇ်က ဘောလုံးမထိခဲ့ပေမဲ့ လူကျွံအနေအထားကနေ ထိဖို့ ကြိုးစားတဲ့ Action တွေ ရှိခဲ့တာမို့ စီးတီးရဲ့ ဂိုးဟာ လူကျွံဘောဖြစ်ခဲ့သင့်တယ်လို့ ပရီးမီးယားလိဂ်က တရားဝင် ထုတ်ပြန်သွားခဲ့ပါတယ် blah blah... 🗣️

အိုကေဘာ 🙂‍↔️

ဘုန်းမောက်၊ ပဲလေစ့်၊ ကိုဗင်ထရီနဲ့ ပေါ်တိုတို့ကို အနိုင်ယူဖို့ စီးတီးဟာ ကစားသမားဆယ့်တစ်ယောက်အထိ အသုံးပြုခဲ့ရပါတယ်။ဒါပေမဲ့...
13/09/2026

ဘုန်းမောက်၊ ပဲလေစ့်၊ ကိုဗင်ထရီနဲ့ ပေါ်တိုတို့ကို အနိုင်ယူဖို့ စီးတီးဟာ ကစားသမားဆယ့်တစ်ယောက်အထိ အသုံးပြုခဲ့ရပါတယ်။

ဒါပေမဲ့ မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို အနိုင်ယူဖို့အတွက်တော့ စီးတီးဟာ ကစားသမား ဆယ်ယောက်ပဲ လိုအပ်ခဲ့ပါတယ် 🙂‍↔️

တန်ဖိုးကြီးမားတဲ့ နိုင်ပွဲ၊ အင်မတန် အဖိုးထိုက်တန်တဲ့ အဝေးကွင်းဒါဘီနိုင်ပွဲကို စီးတီးတို့ ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့ပါပြ...
13/09/2026

တန်ဖိုးကြီးမားတဲ့ နိုင်ပွဲ၊ အင်မတန် အဖိုးထိုက်တန်တဲ့ အဝေးကွင်းဒါဘီနိုင်ပွဲကို စီးတီးတို့ ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့ပါပြီ။

ဒုတိယပိုင်းအစမှာ ချာကီအစား အန်ဂျွိုင်းအေးကို ထည့်ခဲ့တဲ့ မာရက်စ်ကာရဲ့ ဆုံးဖြတ်ချက်က ဒီနိုင်ပွဲအတွက် အခြေခံအုတ်မြစ်လို့ ဆိုနိုင်ပါတယ်။

ဟာလန်းကနေ စလို့ အန်ဒါဆန်အလန် ဒွန်နာရွမ်မာအဆုံး ဒီနိုင်ပွဲအတွက် တာဝန်ကျေခဲ့သူတွေချည်းပါပဲ။

နိုင်ပွဲရဲ့အရသာကို မြိန်မြိန်ယှက်ယှက်သာ သုံးဆောင်လိုက်ကြစမ်းပါ စီတီဇင်တို့ 🩵

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

ဖီးလ်ဖိုဒန်က တခဏတာစိတ်လွတ်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းဆိုတဲ့ မိုက်ရူးရဲအလုပ်ကို လုပ်လိုက်မိပြီး သူနဲ့ထိုက်တန်တဲ့ အ...
13/09/2026

ဖီးလ်ဖိုဒန်က တခဏတာစိတ်လွတ်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းဆိုတဲ့ မိုက်ရူးရဲအလုပ်ကို လုပ်လိုက်မိပြီး သူနဲ့ထိုက်တန်တဲ့ အပြစ်ကို ချက်ချင်းခံယူလိုက်ရပါတယ်။ ဒါပေမဲ့ ဒီအပြစ်ကျူးလွန်မိလာအောင် နှိုးဆွပေးခဲ့တဲ့ လုပ်ရပ်ကတော့ မသိကျွိုးကျွံနဲ့ပဲ ကျော်သွားခံခဲ့ရတယ်။

ဖီးလ်ရဲ့ အနီကတ်ကြောင့်လို့ လက်ညှိုးထိုးစရာရှိပမဲ့ မန်ချက်စတာဒါဘီရဲ့ ရှုခင်းတွေကတော့ ပွဲအစမှာတင် ပြောင်းလဲနေခဲ့တာပါ။ ယူနိုက်တက်က ပိုပြီး တိုက်စစ်ဆင်တဲ့အသင်း ပိုပြီး စနစ်တကျရှိတဲ့အသင်းအဖြစ် ပွဲကို စတင်လာခဲ့ပြီး စီးတီးက ခုခံသူသာသာ ဖြစ်နေခဲ့တယ်။ စီးတီးရဲ့ Build Up Play က ဒီပွဲမှာ အလုပ်မဖြစ်နေပါဘူး။ အထူးသဖြင့် တစ်ယောက်လျော့ထားချိန်မှာ ဒါကြီးကို စိမ်ပြေနပြေတည်ဆောက်နေဖို့ထက် တန်ပြန်တိုက်စစ်ကနေ ပြိုင်ဘက်ခံစစ်ကို ချက်ချင်းခြိမ်းခြောက်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး စီးတီးကတော့ ပထမအလုပ်ကိုပဲ အကောင်အထည်ဖော်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မာရက်စ်ကာရဲ့ နည်းဗျူဟာအပြောင်းအလဲတွေကို စောင့်ကြည့်ရပါမယ်။

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

13/09/2026

No VAR & No Referee for the first action. 😂

မာရက်စ်ကာက တဖြေးဖြေးနဲ့တော့ နေရာပေးသင့်သူတွေကို ထိုက်သင့်တဲ့ နေရာ ပြန်ပေးလာတာကို မြင်နေရပါတယ်။ ညာခြမ်းခံစစ်မှာ နူနက်စ်ပြ...
13/09/2026

မာရက်စ်ကာက တဖြေးဖြေးနဲ့တော့ နေရာပေးသင့်သူတွေကို ထိုက်သင့်တဲ့ နေရာ ပြန်ပေးလာတာကို မြင်နေရပါတယ်။ ညာခြမ်းခံစစ်မှာ နူနက်စ်ပြန်ပါလာတာက ဒီအချက်ကို သက်သေထူနေခြင်းပါပဲ။

တိုက်စစ်ရဲလေးဖော်ကတော့ ပုံမှန်အတိုင်း ဟာလန်း၊ ချာကီ၊ ဖိုဒန်၊ ဆယ်မန်ညိုတို့ဖြစ်ပြီး အန်ဇိုနဲ့ အန်ဒါဆန်တို့က ‌ကွင်းလယ်မှာ ဝင်ထောက်ထားပါတယ်။ မာရက်စ်ကာက လက်ရှိစီးတီးလူစာရင်းမှာ အတောင့်တင်းဆုံးပွဲထွက်လူစာရင်းကို ရွေးချယ်အသုံးပြုလာခြင်းလည်း မည်ပါတယ်။

Address

Singapore

Alerts

Be the first to know and let us send you an email when Myanmar Cityzens posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category