စာပေ
စာများများဖတ်ပါ
လမ်းများများလျှောက်ပါ
နှစ်ခုစလုံးက နှလုံးကြွက်သားကို သန်မာစေတယ် ။
သော် ခန့်
27/09/2025
02/08/2025
ထုံဆေး
၊၊၊၊၊၊၊၊၊၊၊၊၊၊၊
ကိုယ့်လည်ပင်းကိုပြန်စွပ်မယ့်ကြိုးကို
ဘာလို့မြဲအောင်ကျစ်ခဲ့တာလဲ
လွမ်းဆွတ်တာတစ်ခုတည်းနဲ့
ဘယ်သူမှ သူ့ကိုယ်ကို မညှင်းဆဲနိုင်ဘူး
မြစ်ကို ငါက
ရေနှစ်ခါချိုးဖို့လာခဲ့တာမဟုတ်
ငေးဖို့လာခဲ့တာ
တစ်ယောက်က ငါ့ကိုသတိရတယ်
ငါက ငါ့ကိုငါမေ့နေတယ်
တစ်ယောက်က မပျော်ပဲအိပ်ရတယ်
တစ်ယောက်က အိပ်ပြီးမပျော်ခဲ့ဖူး
ဒီညဟာ နှစ်ယောက်စလုံးအတွက် အလကားပဲ
ဘယ်လောက်ပဲ အဆင်ပြေပြေ
လူတွေကို ငါမယုံဘူး
ကျနေတဲ့မျက်ရည်တွေ
မိုးရေထဲမျှောထည့်လိုက်တယ်
ညကြီးမဲကြီး
မိုးဟာ သဲ (သည်း) ကြီးမဲကြီး
ကဗျာလည်း ကဲလို့
ကမ္ဘာလည်းသဲလို့
ငါနဲ့မင်းလည်း ကွဲလို့
အငိုကတိတ်နေပြီ
မိုးကခုထိအမှောင်ကျနေတုန်း
ပါးစပ်က စကားအတုပြောလို့ရတယ်
မျက်လုံးက မျက်ရည်အတု ကျမရဘူး
ငါ့ကိုငါ
ဘယ်မြို့မှာ ပြန်ရှာလို့ ရမလဲ ။
သော် ခန့်
၂၁ ၊ ဇွန် ၊ ၂၀၂၅
07/06/2025
စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ
လုပ်စရာရှိတာလုပ်တဲ့သူတွေပဲ တိုးတက်သွားတာ။
မိုးရွာလို့ မလုပ်သေးဘူး၊ နေပူလို့မလုပ်သေးဘူး
လုပ်နေသူတွေက တစ်ခုခုဆို အလုပ်ဖြစ်အောင်
လုပ်ဖို့ထက် ဆင်ခြေတွေနဲ့တင် ရပ်တန့်နေတတ်ကြတယ်။
ကိုယ်လုပ်ရမယ့်အရာ၊ လုပ်မယ်လို့
ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတဲ့အရာကို
ဖြစ်အောင်လုပ်တာက Self-discipline ပဲ။
တစ်ပတ် လေးရက်လေ့ကျင့်ခန်းလုပ်မယ်ဆို
လုပ်ဖြစ်အောင်လုပ်တာ
တစ်ရက် တစ်နာရီစာဖတ်မယ်ဆို
ဖတ်ဖြစ်အောင်ဖတ်တာ Self-discipline ပဲ။
ကိုယ့်စည်းကမ်းကိုယ်
လိုက်နာဖို့အရေးကြီးတယ်။
လုပ်စရာရှိတာကို ဖြစ်အောင်လုပ်တဲ့သူတွေက
အမြဲတမ်း အလုပ်ပြီးမြောက်တတ်ပြီး
လုပ်စရာရှိတာကို
နေ့ရွှေ့ ညရွှေ့ ရွှေ့တတ်တဲ့သူတွေက
ဘယ်အရာမှာမှ ဖြစ်မြောက်လာမှာမဟုတ်ဘူး။
(တိုးတက်သူနဲ့ သာမန်လူတွေကြား
အဓိက ကွာခြားသွားစေတာSelf-discipline ပဲ)
အားလုံး ကောင်းမွန်တိုးတက်သော
ဘဝတစ်ခု ပိုဆိုင်နိုင်ကြပါစေ။ 🙏🙏🙏
07/06/2025
ကျိန်စာ မတိုက်ဘူး
သစ္စာ မဆိုဘူး
လက်စား မချေဘူး
ငွေပေးလို့ ကျေအေးတဲ့အထဲမှာလည်း
ဝဋ်ကြွေးနဲ့ သေဘေးဆိုတာ မပါဘူး
ကံ ကံရဲ့အကျိုးတရားကို
ကောင်းစွာ ယုံကြည်ထားတယ်
ပြု တဲ့သူက အသစ်ကံ
ဖြစ် တဲ့သူက အဟောင်းကံ မို့လို့
အတိတ်ဘ၀က ဝဋ်ကြွေးရှိရင်
အကျေဆပ်ခဲ့ချင်ပါတယ်
အဲဒါကြောင့်မို့လို့
ကိုယ့်အပေါ် ယုတ်မာချက်တွေ
ကမ်းကုန်နေရင်လည်း ပြုံးနေတတ်ခဲ့ပြီပဲ
သံသရာ တစ်ပတ်လည်လို့
ကိုယ်ပြုတဲ့ကံ ကိုယ့်ထံအရောက်
ပြန်လာခဲ့တဲ့ အခါမှာလည်း
ပြုံးနေတတ်အောင် ကြိုးစားနိုင်ပါစေ
အဲဒီ့ ဝဋ် ဆိုတဲ့ အရာဆီက
ဘယ်သူကမှ ပြေးလို့လွတ်နိုင်မှာ မဟုတ်သလို
အဲဒီ့ ဝဋ် ဆိုတဲ့ အရာကလည်း
ဘယ်သောအခါမှ ရပ်တန့်နေလိမ့်မှာ မဟုတ်ပါဘူး
ဝဋ် တဲ့
တစ်လုံးတည်းပါပဲ ဒါပေမယ့်
ငါ့ဝဋ်ကြွေးကုန်လို့ မင်းဝဋ်ကြွေးစလာတဲ့အခါ
ငါပြုံးလိုက်တိုင်းမှာ မင်းငိုရပြီလို့သာ
မှတ်ထားလိုက်ပါ
Credit _Eternal Love&မင်းနန္ဒ(ချယ်ရီမြေ)
05/06/2025
2024မှာ လစာ
2သိန်းဝန်းကျင်ရတဲ့သူတွေဟာ
အင်မတန်ကို နည်းလွန်းတဲ့အနေအထားပါ
မြင်သာအောင်ပြောရရင်
2020 က လစာ 200000ရတဲ့သူဟာ
Dollar နှင့်တွက်ပါက
တစ်လ $160 ရှိပါတယ်
ယနေ့ခေတ် လစာ 200000 ကို
Dollar နှင့်တွက်ပါက
$51 ပဲရှိပါတယ်
2020ခုနှစ် ဆီတစ်လီတာ
450ဝန်းကျင်မှာတောင်
အဲ့လစာဟာလောက်ငှအောက်
မနည်းသုံးခဲ့ရတဲ့သူတွေဟာ....
အခုလို ဆီတစ်လီတာ
5000ဝန်းကျင်မှာ
ဘယ်လိုအဆင်ပြေကြပါ့မလဲ
အခုလိုခေတ်မှာ
လစာအဲ့လောက်ရတဲ့သူဟာ
အရမ်းကိုစိတ်ပင်ပန်းရမယ်ဆိုတာ
နားလည်ပါတယ်
လုပ်ငန်းရှင်တို့အနေနဲ့လည်း
ဒါကိုသဘောပေါက်နားလည်ပြီး
မိမိဝန်ထမ်းတို့အား
လစာတိုးပေးသင့်ပါတယ်...
မြန်မာနိုင်ငံဟာ
ကပ်ဘေးရောက်နေပါတယ်
ဒါကိုချမ်းသာတဲ့ လူနည်းစုတွေကတော့
လက်ခံချင်မှလက်ခံမယ်...
crd
by..mmm
05/06/2025
တကယ်တမ်းမှာ
အနာကျင်ဆုံးသော လက်စားချေခြင်းက
ဆဲသံမဟုတ်ပါဘူး။
ငြိမ်သက်နေခြင်းပါ။
“အာရုံမစိုက်တော့ခြင်း” ပဲ ဖြစ်ပါတယ်။
တစ်ချို့ရဲ့အပြုအမူတွေကို
အကြောင်းဖော်ပြီး သက်သေပြစရာမလိုပါဘူး။
တုန့်ပြန်ဖို့၊ ထိုးနှက်ဖို့ တောင် မလိုပါဘူး။
ထိုအစား
သူတို့ကို “အမည်မဖော်ခြင်း” နဲ့ပဲ ပြသနိုင်ပါတယ်။
တစ်ပြားတစ်ကျပ်တောင်
တန်ဖိုးမထားတော့တဲ့အခိုက်အတန့်မှာ
သူတို့ရဲ့အရေးပါတဲ့နေရာဟာ
ကိုယ့်ဘဝထဲကနဲ့ တဖြည်းဖြည်း ထွက်သွားပါလိမ့်မယ်။
ထွက်သွားတဲ့အခိုက်အတန့်မှာပဲ
ကိုယ့်ရဲ့ တန်ဖိုးက ပိုမြင့်လာမယ်။
ကျွန်တော် တို့ပိုကြီးလာတဲ့အခါ
သူတို့ဟာ သေးငယ်သွားတတ်ကြတယ်။
အဲဒါကပဲ တကယ့်အပြစ်အနာတရ ဖြစ်စေတတ်တယ်။
အပြစ်ပေးမှု တောင်းဆိုစရာမလိုဘဲ
တချို့သူတွေကို သူတို့ကိုယ်တိုင်နဲ့
အနာ သက်သက်ခံကြရတာပါပဲ။
ကိုယ့်ဘဝ ပိုကောင်းလာတဲ့အခါ
ကိုယ် ပိုအေးအေးငြိမ်းငြိမ်းနေတဲ့အခါ
တကယ်ကောင်းတဲ့ လက်စားချေခြင်းဟာ
တောင့်တင်းမှုနဲ့ မဟုတ်ပါဘူး။
သက်တောင့်သက်သာနဲ့ ရှိနေခြင်းပဲ ဖြစ်ပါတယ်။
အယဉ်ကျေးဆုံး တုန့်ပြန်မှုက
အကြမ်းတမ်းဆုံး လက်စားချေခြင်းဖြစ်နိုင်တယ်။
ဘာလို့လဲဆိုတော့
တရားမရှိသူတွေအတွက်
အလေးမထားခြင်းထက်
ပိုမိုကင်းရှင်းတဲ့ ပြစ်ဒဏ်တော့ မရှိဘူး။
တုံ့ပြန်စရာမလိုပါဘူး…
တဖန် ပြောဖို့တောင် မလိုပါဘူး။
အေးအေးလေးနဲ့ ကိုယ့်ဘဝကို တိုးတက်အောင်
တည်ဆောက်ပေးမယ်ဆိုရင်
အဲဒါကပဲ…
အနာကျင်ဆုံးသော
နူးညံ့ပြီး တကယ်ထိထိရောက်ရတဲ့
လက်စားချေခြင်းဖြစ်သွားမှာပါ။
တုန့်ပြန်ဖို့မလိုပါဘူး။
ကိုယ့်အချမ်းသာဆုံး ငြိမ်းငြိမ်းချမ်းချမ်းဘဝကပဲ
သူတို့အတွက် အကြီးဆုံးအဖြေ ဖြစ်လိမ့်မယ်။
05/06/2025
အလျား အနံ
အသွား အပြန်
မရှိခဲ့တာမို့
ငါတို့လျှောက်တဲ့လမ်း
ကွေကောက်နေလေရဲ့
မဖြောင့်တန်းသည့် ဒီလမ်း
အတူလက်ကိုတွဲကာ
လျှောက်ကြစို့လား
မင်းနေရစ်မှာလား
ပိုင်ဆိုင်ခြင်းရဲ့
ဆန့်ကျင်ဘက်
စွန့်လွှတ်ခြင်း ဆိုတဲ့
စကားစုလှလှလေးက
နှလုံးသားရဲ့ အနာတရတွေကို
ဖုန်းကွယ် ထားတာပါအမိ
အညတရလူငယ်။
#စာပေ
04/06/2025
ဆုံးရှုံးပြီးမှ
လူတစ်ယောက်တန်ဖိုး နားလည်မယ်ဆိုရင်မင်းနစ်နာသွားရပြီ...
သင်နားလည်သွားတဲ့အချိန်မှာ
အဲ့လူတစ်ယောက်က
သင့်အနားမှာရှိဖို့ မသေချာတော့ဘူး
အနားမှာရှိတုန်း
လူတစ်ယောက်အကြောင်း
မသိခဲ့ဘူးဆိုရင်
သင်သိသွားတဲ့အချိန်မှာ
အဲ့လူတစ်ယောက်က
သင့်အနားမှာမရှိနိုင်တော့ဘူး
အတူရှိခွင့်ရတုန်းမှာ
လူတစ်ယောက်ကို
ကိုယ်ချင်းမစာတတ်ခဲ့ရင်
သင်ကိုယ်ချင်းစာတတ်တဲ့အချိန်မှာ
အဲ့လူတစ်ယောက်က
သင့်အနားမှာမရှိနိုင်တော့ဘူး
မိသားစုမှာပဲဖြစ်ဖြစ်
သူငယ်ချင်းအချင်းချင်းမှာပဲဖြစ်ဖြစ်
လုပ်ငန်းခွင်တစ်ခုမှာပဲဖြစ်ဖြစ်ပေါ့
လူတိုင်းလူတိုင်းဟာ
ဆုံးရှုံးပြီးမှ
သင်ခန်းစာရသွားတတ် သူတွေကြီးပါ
crd...
KHO...
#စဉ်းစားစရာလေးတွေပေးမယ်
Click here to claim your Sponsored Listing.
Location
Website
Address
Singapore