G9 Sports & Entertainment

G9 Sports & Entertainment

Share

Sports & Entertainment Journal

26/06/2023

အားကစားနဲ့ အနုပညာသတင်းစုံလင်တဲ့ Global Nine Journal အင်္ဂါနေ့တိုင်း ဖြန့်ချိနေပါပြီ

Photos from Global Nine sports & Entertainment's post 24/06/2023
23/06/2023

ပေါ်တူဂီအတွက် နိုင်ငံတကာပွဲပေါင်း (၂၀၀)ပြည့်ဖြင့် စီရိုနယ်ဒို ဂင်းနစ်မှတ်တမ်းဝင်
....

Photos from G9 Sports & Entertainment's post 22/06/2023

ရုပ်ရှင်အညွှန်း

Dream (2023)
.......

ဒီဇာတ်ကားကတော့ အခုနှစ်ထဲအသစ်ထွက်ရှိလာတဲ့ မင်းသား ပတ်ဆိုဂျွန်းနဲ့ မင်းသမီး အိုင်ယူတို့ရဲ့ အားကစားအသားပေး ဒရမ်မာဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ အဓိဇာတ်ကောင် ဘောလုံးသမား ယွန်းဟုန်းဒယ်ဟာ သတင်းထောက်တစ်ဦးကို ဒေါသနဲ့ တိုက်ခိုက်မိရာကနေ ဘောလုံးလောကက အနားယူခဲ့ရပါတယ်။ဒါပေမယ့်ယွန်းဟုန်းဒယ်တစ်ယောက် ဘောလုံးနည်းပြဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒါကတော့ အိမ်ခြေရာမဲ့ ကမ္ဘာ့ဖလားကို သွားရောက်ကစားမယ့် ကိုရီးယားအသင်းရဲ့ နည်းပြအဖြစ်တာဝန်ယူရမှာဖြစ်ပြီး မှတ်တမ်းရုပ်ရှင်အတွက်ပါ ဇာတ်ညွှန်းအတိုင်း ဝင်ရောက်သရုပ်ဆောင်ပေးရမှာပါ။ ဘောလုံးသမား ယွန်းဟုန်းဒယ်တစ်ယောက် ငွေကြေးလိမ်လည်မှုကျူးလွန်ထားတဲ့ မိခင်ကို ကူညီနိုင်ဖို့ ဒီမှတ်တမ်းရုပ်ရှင်မှာ မပါဝင်လည်း မရဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ အိမ်ခြေရာမဲ့ တစ်ဦးချင်းစီရဲ့ မိသားစုဘဝအကြောင်းကိုပါ ထိထိမိမိရိုက်ကူးထားတဲ့ ဟာသဒရမ်မာကားဖြစ်လို့ မလွတ်တမ်းကြည့်ရှုသင့်တယ်လို့ ညွှန်းဆိုလိုက်ချင်ပါတယ်။

16/06/2023


...





...............

ကမ္ဘာ့အဆင့် (၄)ရှိ တန်းနစ်မယ် ရေဗာကင်နာ ပြင်သစ်အိုးပင်းပြိုင်ပွဲမှ နှုတ်ထွက်

...

ကမ္ဘာ့အဆင့် (၄)ရှိ တန်းနစ်မယ်ရေဗာကင်နာသည် အဖျားရောဂါကြောင့် ပြင်သစ်အိုးပင်းပြိုင်ပွဲမှ နှုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်စနေနေ့က ပြင်သစ်အိုးပင်းတတိယအဆင့်ပွဲစဉ်တွင် စပိန်တန်းနစ်မယ် ဆာရာနှင့်ယှဉ်ပြိုင်ရန် သွေးပူလေ့ကျင့်ခန်းလုပ်ဆောင်စဉ် ရေဗာကင်နာသည် ကျန်းမာရေးအခြေအနေဆိုးရွား၍ ဆက်လက်ယှဉ်ပြိုင်ရန် မဖြစ်နိုင်သောကြောင့် နှုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

ရေဗာကင်နာက "ကျွန်မကောင်းကောင်းအိပ်မပျော်တာ နှစ်ရက်ရှိပါပြီ။ အဖျားရောဂါနဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားနေရပါတယ်။ ပြေးလွှားကစားဖို့အတွက်လည်း အတော်လေးခက်ခဲပါတယ်။ အသက်ရူမှန်ဖို့တောင် အတော်လေးကြိုးစားနေရတဲ့အတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုတော့ ချခဲ့ရပါတယ် "ဟုအင်တာဗျူးတွင် ပြောကြားထားသည်။

ရေဗာကင်နာသည် ပထမအဆင့်တွင် ချက်တန်းနစ်မယ် ဘရန်ဒါအား (၆-၄၊ ၆-၂)ဖြင့်လည်းကောင်း၊ ဒုတိယအဆင့်တွင် ချက်တန်းနစ်မယ် လင်ဒါအား (၆-၃၊ ၆-၃)ဖြင့်လည်းကောင်း အနိုင်ရကျော်ဖြတ်ခဲ့သည်။

ရေဗာကင်နာသည် ပြီးခဲ့သည့် မေလက ကျင်းပသည့် အီတလီအိုးပင်းပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲထားသည်။

15/06/2023

.......

ပီအက်စ်ဂျီအသင်းသည် နာပိုလီတိုက်စစ်မှူး အော်ဆီမန်အား ခေါ်ယူရန် ကြိုးပမ်းနေပြီဖြစ်သည်။

Want your business to be the top-listed Gym/sports Facility in Singapore?

Click here to claim your Sponsored Listing.

Location

Category

Address

Singapore