United A2Z

United A2Z

Share

Manchester United ၏ သတင်းများသာမက ပတ်သက်သမျှအားလုံး တင်ဆက်ပေးနေပါသည်...

03/05/2026

[မန်ယူနိုက်တက် ၃-၂ လီဗာပူး ပွဲပြီးသုံးသပ်ချက်] ၂ ဂိုး အရှုံးကနေ ပျံလာချင်တဲ့ကြိုးကြာတွေကို မိန်းနူးဂိုးနဲ့ အနိုင်ရခဲ့တဲ့ သရဲနီများ

တနင်္ဂနွေနေ့ညနေ အိုးထရက်ဖို့ဒ် ပွဲစဉ်ရဲ့ ပထမပိုင်းမှာတော့ အိမ်ရှင်ယူနိုက်တက်က အပိုင်ကစားနိုင်ခဲ့ပြီး ဒဏ်ရာက ပြန်လာတဲ့ မားသီးယပ်စ် ကွန်ညာနဲ့ ဘင်ဂျမင် ရှက်ရှ်ကိုတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ပထမပိုင်းအပြီးမှာ ကာရစ်ရဲ့အသင်းက ၂ ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့လို့ ဒီပွဲက အေးဆေးနိုင်မယ့်ပွဲလို့ ထင်ရပေမဲ့ ဒုတိယပိုင်းမှာတော့ အခြေအနေက လုံးဝပြောင်းလဲသွားခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ လီဗာပူးက အစွမ်းကုန်တုံ့ပြန်မှု အသွင်သစ်နဲ့ ပြန်လာခဲ့ပြီး ဆိုဘိုဆလိုင်းနဲ့ ဂတ်ပိုတို့ရဲ့ ဂိုးတွေကြောင့် သရေကျခဲ့ပါတယ်။

ဒါပေမဲ့ စာချုပ်သစ်ချုပ်ဆိုထားတဲ့ မိန်းနူးက စထရက်ဖို့ဒ်အန်း ပွဲကြည့်စင်က ပရိသတ်တွေရှေ့မှာ အားပါပြင်းထန်တဲ့ အနိုင်ဂိုးကို သွင်းယူပြီး အောင်ပွဲခံသွားခဲ့ပါတယ်။ ကိုဘီ မိန်းနူးရဲ့ နောက်ကျ အဝေးကန်ချက်လှလှလေးဟာ မန်ချက်စတာယူနိုက်တက်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်းအတည်ပြုနိုင်ခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်အထိ လီဗာပူးရဲ့ ဖိအားပေးမှုတွေကို ကြံ့ကြံ့ခံပြီးနောက် အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ရခဲ့တာကြောင့် ယူနိုက်တက်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို အတည်ပြုနိုင်ခဲ့သလို လီဗာပူးကိုလည်း အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့လုံး အနိုင်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

03/05/2026

လက်ရှိ မန်ချက်စတာယူနိုက်တက် နည်းပြ မိုက်ကယ် ကာရစ် စတင်ကိုင်တွယ်ခဲ့တဲ့ ရာသီဝက်အတွင်းမှာ လီဗာပူးလ်၊ မန်စီးတီး၊ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ စပါးစ်အသင်းစတဲ့ Big 6 အသင်းတွေအားလုံးကို အနိုင်ရရှိတဲ့ မှတ်တမ်းသစ်ကို ရေးထိုးလိုက်နိုင်ပါတယ်။

Manchester United’s record against the 'Big six' under Michael Carrick:

2-0 win vs. Man City ✅
3-2 win vs Arsenal ✅
2-0 win vs Tottenham ✅
1-0 win vs. Chelsea ✅
3-2 win vs. Liverpool ✅

5 games and 5 wins. It's a perfect record in the big games for Boss Carrick. 🔥

မိုက်ကယ် ကာရစ်ကိုပဲ နည်းပြအဖြစ် ဆက်ခန့်ထားသင့်သလား ? နည်းပြသစ်ရှာပြီး ခန့်သစ်သလားဗျ

03/05/2026

လီဗာပူးလ်အသင်းကို အနိုင်ရရှိပြီးနောက် ဘယ်နည်းနဲ့ တွက်တွက် ၂၀၂၆-၂၇ ချန်ပီယံလိဂ်ဝင်ကို မန်ချက်စတာယူနိုက်တက်အသင်းဟာ တရားဝင်ရရှိသွားပြီဖြစ်ပါတယ်။

Want your business to be the top-listed Gym/sports Facility in Singapore?

Click here to claim your Sponsored Listing.

Location

Category

Address


Singapore