15/08/2026
မလေးရှားအမျိုးသမီးတစ်ယောက်ရဲ့ ပါဆယ်ထုပ်ကို မျောက်ခိုးယူသွားတာကို ဒလီသမားက သက်သေအဖြစ် ဗီဒီယိုရိုက်ပို့
မှာထားတဲ့ ပါဆယ်ထုပ် မရရှိခဲ့ရင် မျောက်ခိုးယူသွားတာ ရှိ၊ မရှိ စစ်ဆေးကြည့်သင့်ပါတယ်။
မလေးရှားအမျိုးသမီးတစ်ယောက်ရဲ့ ပါဆယ်ထုပ်ဟာ အိမ်အရောက်ပို့ဆောင်ပြီး မကြာမီမှာပင် မျောက်တစ်ကောင်ရဲ့ ခိုးယူတာကို ခံခဲ့ရပါတယ်။
Sofia Yannie Shaza Shaeidin ဆိုသူဟာ အဆိုပါဖြစ်စဉ်ကို ဩဂုတ် ၈ ရက် က Threads မှာ ပို့စ်တင်ခဲ့ပြီး ဖြစ်ပျက်ခဲ့တာတွေကို ရှင်းပြထားတဲ့ ပို့ဆောင်သူနဲ့ ပြောဆိုထားတဲ့ စခရင်ရှော့ကိုပါ ပူးတွဲဖော်ပြခဲ့ပါတယ်။
ပစ္စည်းပို့ဆောင်သူက Shaza ရဲ့ ပါဆယ်ထုပ်ကို ခြံတံခါးအတွင်းမှာ သေချာထားခဲ့ပြီးမှ ပြန်လည်ထွက်ခွာခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း ပြန်ဖို့ပြင်နေတုန်းမှာပဲ အိမ်အတွင်းက ထွက်လာတဲ့ မျောက်တစ်ကောင်က ပါဆယ်ထုပ်ကို ယူဆောင်သွားတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့် ပစ္စည်းပို့ဆောင်သူက အဆိုပါသတ္တဝါ ပါဆယ်ထုပ်ကို သယ်ဆောင်သွားတဲ့ ဗီဒီယိုကို ရိုက်ကူးကာ Shaza ထံ ပေးပို့ခဲ့ပါတယ်။
ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းမှာ မျောက်ဟာ အိမ်ခေါင်မိုးပေါ်မှာ ပါဆယ်ထုပ်နဲ့ ထိုင်နေပြီးနောက် ပါးစပ်နဲ့ ကိုက်ကာ ထွက်ပြေးသွားတာကို တွေ့ရပါတယ်။
အသက် ၂၁ နှစ်အရွယ် Shaza က အဆိုပါဖြစ်စဉ်ဟာ စနေနေ့ မွန်းလွဲ ၃ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း AsiaOne ကို ပြောကြားခဲ့ပါတယ်။
"ဒါမျိုး ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားတာမို့ စသိလိုက်ရတုန်းက တကယ်ပဲ ဇဝေဇဝါ ဖြစ်သွားခဲ့တယ်။ ပထမတော့ ပါဆယ်ထုပ်အတွက် စိတ်ပူသွားပေမဲ့ ပစ္စည်းပို့တဲ့သူက ဗီဒီယိုပို့ပေးလိုက်တော့ ရယ်စရာကြီး ဖြစ်နေတာနဲ့ မရယ်ဘဲ မနေနိုင်တော့ဘူး" လို့ သူမက ဆိုပါတယ်။
အဲဒီ ပါဆယ်ထုပ်အတွင်းမှာ Cubre Mi အမှတ်တံဆိပ် eyeshadow palette ပါဝင်တယ်လို့ သိရပြီး သူမရဲ့ Threads ပို့စ်ဟာ လက်ရှိမှာ like ၁၀,၀၀၀ ကျော်နဲ့ မျှဝေသူ ၂,၈၀၀ ကျော် ရရှိထားပါတယ်။
14/08/2026
🇹🇭💸 ထိုင်းနိုင်ငံကို ဝင်ရောက်ဖို့ ဘတ် ၄၅၀ ပေးမလား။
ထိုင်းနိုင်ငံဟာ လေကြောင်းကနေ လာရောက်မယ့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေကို တစ်ခေါက်ကို ခရီးသွားကြေး ဘတ် ၄၅၀ ကောက်ခံဖို့ အစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော်နေပါတယ်။
ဒီကြေးကို ၂၀၂၇ ခုနှစ် ဧပြီလလောက်မှာ စတင်ကောက်ခံနိုင်ပါတယ်။
ရရှိလာမယ့် ငွေကြေးတွေကို ခရီးသွားတွေရဲ့ ဘေးကင်းလုံခြုံရေး၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထိုင်းနိုင်ငံကို မြှင့်တင်ရေးတို့အတွက် ရည်ရွယ်ထားတဲ့ ခရီးသွားလုပ်ငန်း ရန်ပုံငွေထဲ ထည့်ဝင်သွားမှာ ဖြစ်ပါတယ်။
ဘတ် ၄၅၀ ကောက်ခံတာက ထိုင်းနိုင်ငံ ကို လည်ပတ်ဖို့ သင့်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲသွားစေမလား။ 👇
12/08/2026
Love Soo ဟာ ၁၄ နှစ်တာကာလလုံး သူမရဲ့ အွန်လိုင်းအမှတ်တံဆိပ်တစ်ခုလုံးကို သက်သတ်လွတ်ဝါဒပေါ်မှာပဲ တည်ဆောက်ခဲ့သူဖြစ်ပါတယ်။
ဒီအပတ်မှာတော့ သူမဟာ ဖော်လိုဝါ ထောင်ပေါင်းများစွာရဲ့ ရှေ့မှောက်မှာ အမဲသားစတိတ်ကို ပထမဆုံးအကြိမ် ငိုယိုပြီး ကိုက်ဝါးစားပြခဲ့တာကြောင့် အင်တာနက်စာမျက်နှာပေါ်မှာ အခုထိ ရေပန်းစားပြောဆိုနေကြတာ ဖြစ်ပါတယ်။
အွန်လိုင်းမှာ Mommy Tang လို့ လူသိများခဲ့တဲ့ Soo ဟာ Vegan Mukbang ဗီဒီယိုတွေနဲ့ အပင်အခြေပြု ကိုရီးယား ဟင်းချက်နည်းတွေ တင်ဆက်သူအဖြစ် YouTube မှာတင် ဖော်လိုဝါ ၅၇၇,၀၀၀ ကျော် ရရှိထားသူပါ။
ဆယ်စုနှစ်ကျော်ကြာအောင် သူမရဲ့ လူသိရှင်ကြား အမှတ်တံဆိပ်တစ်ခုလုံးဟာ ဒီလို လူနေမှုပုံစံပေါ်မှာပဲ အခြေပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဇူလိုင်လအကုန်မှာတော့ ဒီလမ်းကြောင်းကနေ လုံးဝ စွန့်ခွာတော့မယ်လို့ သူမ ကြေညာခဲ့ပါတယ်။
သူမရဲ့ ပထမဆုံး စိန်ခေါ်မှုကတော့ New York strip အမဲသားစတိတ်ခ်နဲ့ စတင်ခဲ့တာပါ။ ခင်ပွန်းဖြစ်သူ ချက်ပြုတ်ပေးနေတာကို ဗီဒီယိုရိုက်ကူးစဉ်မှာပဲ Soo ဟာ မစားရသေးခင်ကတည်းက တုန်လှုပ်နေခဲ့ပြီး တကယ်ကို ကြောက်ရွံ့နေမိကြောင်း ကင်မရာရှေ့မှာ ဝန်ခံခဲ့ပါတယ်။
စတိတ်ခ်တစ်ဖတ်ကို ခက်ရင်းနဲ့ ထိုးထားရင်း ခင်ပွန်းဖြစ်သူကို ပြောလိုက်တဲ့ စကားတစ်ခွန်းကတော့ လွန်ခဲ့တဲ့ နှစ်တွေအကြာကြီး သူမကို တွန်းအားပေးခဲ့တဲ့ အရာကို အရိပ်အမြွက် ပြသနေခဲ့ပါတယ်။
"ငါ သက်သက်လွတ်သမားဖြစ်နေလို့ လူတွေက ငါ့ကို မကောင်းတာတွေ ပြောခဲ့ကြတယ်၊ ဒါက လုံးဝ အဓိပ္ပာယ် မရှိဘူး" ဆိုပြီးတော့ပါ။ ခင်ပွန်းဖြစ်သူကလည်း သူမအနားမှာ တစ်လျှောက်လုံး ရှိနေပေးခဲ့ပြီး အတင်းဇွတ် စားစရာမလိုကြောင်း၊ မစားချင်တော့ရင် လည်း သူ့ကို ပေးလိုက်လို့ရကြောင်း အသာအယာ အားပေးခဲ့ပါတယ်။
သူမ နောက်မဆုတ်ခဲ့ပါဘူး။ ပထမဆုံးတစ်ကိုက်ကို စားလိုက်တဲ့ စက္ကန့်မှာပဲ ချက်ချင်းဆိုသလို ငိုချလိုက်ပြီး "တကယ် အရသာရှိတာပဲ" လို့ ခင်ပွန်းဖြစ်သူကို မျက်ရည်ကြားထဲက ပြောခဲ့ပါတယ်။
ကြက်သွန်ဖြူနဲ့အတူ ဒုတိယတစ်ကိုက် ထပ်စားချိန်မှာတော့ အငိုမထိန်းနိုင်တော့ဘဲ အရသာနဲ့ အသားရဲ့ နူးညံ့မှုကို ထပ်ခါထပ်ခါ ချီးကျူးခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူကတော့ နောက်ကနေ အသာအယာ ရယ်မောရင်း လွန်ခဲ့တဲ့ ၁၄ နှစ်တာ သူမရဲ့ အဓိက အမှတ်တရတွေ တကယ်တမ်း ပြန်လည်ပြောင်းလဲသွားတာကို ကြည့်ရှုနေခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကို ရှင်းပြထားတဲ့ ဗီဒီယိုရှည်မှာတော့ Soo က သူမရဲ့ အပင်အခြေပြု ရွေးချယ်စားသောက်မှုဟာ လူအများ ထင်ထားကြသလို စီးပွားရေး သို့မဟုတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိစိတ်တစ်ခုတည်းနဲ့ စတင်ခဲ့တာ မဟုတ်ဘူးလို့ ပြောပါတယ်။
သူမဟာ ခန္ဓာကိုယ် လှပဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတာဖြစ်ပြီး သက်သက်လွတ်ဝါဒဟာ အစားအသောက်ဆိုင်ရာ ခံယူချက်ထက် မိမိခန္ဓာကိုယ်အပေါ် ထားရှိတဲ့ ခံစားချက်ကြောင့် မိမိဘာသာ တိတ်တဆိတ် ကန့်သတ်ချုပ်ချယ်မှုတစ်ခု ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။
ဒီအရာကနေ ရုန်းထွက်လိုက်တာဟာ ဆယ်စုနှစ်ကျော် ထမ်းပိုးထားရတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို လွှတ်ချလိုက်ရသလိုခံစားရကြောင်း သူမက ပြောခဲ့ပါတယ်။
အွန်လိုင်းပေါ်က တုံ့ပြန်မှုတွေကတော့ အမျိုးမျိုး ကွဲပြားနေပေမဲ့ စာနာပေးကြတာများပါတယ်။ ဖော်လိုဝါ အဟောင်းအချို့ကတော့ သူမ အသားပြန်စားပြီဖြစ်တာကြောင့် Unfollow လုပ်သွားကြတယ်လို့ ပြောကြပါတယ်။
ဒါပေမဲ့ ပရိသတ်အများစုကတော့ အဲဒီ ဝေဖန်မှုတွေကို တိုက်ရိုက် တုံ့ပြန်ခဲ့ကြပြီး သူမရဲ့ ဘဝနဲ့ ခန္ဓာကိုယ်ဟာ တခြားသူတွေနဲ့ မဆိုင်ကြောင်း၊ ပြင်ပဖိအားတွေကြောင့် ၁၄ နှစ်လုံးလုံး ကန့်သတ်ချုပ်ချယ် ခဲ့ရတာကို နောက်ဆုံးမှာ လွှတ်ချလိုက်တာဟာ ဝေဖန်စရာ မဟုတ်ကြောင်း ကာကွယ်ပြောဆိုခဲ့ကြပါတယ်။
09/08/2026
လူမှုကွန်ရက်ပေါ်မှာ စကားများရာကနေ ထိုင်းကျောင်းသူနဲ့ မြန်မာကျောင်းသူ ရန်ဖြစ်ကြတဲ့သတင်း ထိုင်းမှာ တက်လာပါတယ်။
ဖြစ်ပုံကတော့ တာ့ခ်ခရိုင်ဘက်က ကျောင်းမတူတဲ့ အသက် ၁၄ နှစ်အရွယ် ထိုင်းကျောင်းသူနဲ့ ၁၃ နှစ်အရွယ် မြန်မာကျောင်းသူတို့ အွန်လိုင်းမှာ စကားများကြတာကနေ စတာပါ။
၆ ရက်နေ့မှာ မြန်မာကျောင်းသူက အပေါင်းအပါတွေနဲ့ လာပြီး ထိုင်းကျောင်းသူကို အိမ်သာထဲ ဆွဲခေါ်သွားတယ်။ အိမ်သာထဲမှာ ဆံပင်ဆွဲပြီး အိမ်သာခွက်ထဲ ရေနှစ်တာ၊ ခြေထောက်ကို ရှိခိုးခိုင်းပြီး မျက်နှာကို ခြေထောက်နဲ့ ကန်တာတွေ လုပ်ခဲ့တာပါ။
အဲဒီလိုလုပ်နေချိန်မှာ ကျန်တဲ့သူတွေက ဘယ်သူမှ ဝင်မကူနိုင်အောင် အိမ်သာဝကို ပိတ်ထားကြတယ်လို့ ရိုက်ခံရတဲ့ ထိုင်းကျောင်းသူက ပြောတယ်။ ရိုက်ခံရလို့ သူ့မျက်လုံးတစ်ဖက် တော်တော်လေး ရောင်သွားပြီး ဒဏ်ရာရသွားတယ်။
ခုတော့ ရိုက်ခံရတဲ့ ထိုင်းကျောင်းသူရဲ့ အမေက ရဲစခန်းမှာ သွားတိုင်ထားလို့ တာဝန်ရှိသူတွေက ဖြစ်စဉ်အသေးစိတ်ကို စစ်ဆေးနေကြပြီ။
ထိုင်းရောက်မြန်မာတွေအတွက်တော့ ပိုပြီး အနေကြပ်လာဖို့ ရှိနေပါတယ်။
07/08/2026
ဒေပ်ဆီရင်နွန်သဘူရီကျောင်း ပစ်-ခတ်မှုကျူးလွန်သူ ကျောင်းသားရဲ့ မိဘများကို ရဲတပ်ဖွဲ့ စစ်ဆေး
ဒေပ်ဆီရင်နွန်သဘူရီ ကျောင်းမှာ ပစ်-ခတ်မှု ကျူးလွန်ခဲ့သူ အတန်း ၉ ကျောင်းသားရဲ့ မိဘနှစ်ပါးကို သက်သေအထောက်အထားများ စုဆောင်းရေးအတွက် ရဲတပ်ဖွဲ့က သောကြာနေ့မှာ သီးခြားစီ စစ်ဆေးခဲ့ပါတယ်။
ကျောင်းသားရဲ့ ဖခင်ဖြစ်သူက "ကျွန်တော့်သား လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် တောင်းပန်ပါတယ်။ သားရဲ့ မျက်နှာကိုတောင် မမြင်ရသေးပါဘူး" လို့ ပြောဆိုကာ လူ့အဖွဲ့အစည်းကို တောင်းပန်ခဲ့ပါတယ်။
ဖခင်ဖြစ်သူဟာ စိတ်ထိခိုက် ဝမ်းနည်းနေပုံရပြီး မိခင်ဖြစ်သူကလည်း စိတ်လှုပ်ရှား ခံစားနေရတာကြောင့် သတင်းထောက်များကို ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
အဆိုပါ ပစ်-ခတ်မှုကြောင့် လူအများအပြား thayဆုံး၊ ဒဏ်ရာရရှိခဲ့ကာ အဆိုပါ ကျောင်းသားဟာ ကျောင်းအတွင်းမှာပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ကတော့ တိုက်ခိုက်မှု နောက်ကွယ်က အကြောင်းအရင်းများကို ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။
07/08/2026
ထိုင်းနိုင်ငံ Debsirin Nonthaburi ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အသက် ၁၄ နှစ်အရွယ် သံသယရှိသူ ကျောင်းသားရဲ့ နေအိမ်မှာ အဘိုးနဲ့ အဘွားဖြစ်သူကိုပါ သေဆုံးလျက် ထပ်မံတွေ့ရှိခဲ့ရပါတယ်။
ဆရာဖြစ်သူကတော့ အဆိုပါကျောင်းသားကို စာတော်ပြီး လိမ္မာယဉ်ကျေးတဲ့ ကလေးတစ်ဦးအဖြစ် ပြောကြားထားပေမဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်တွေမှာတော့ ဒီထက်ပိုမို တုန်လှုပ်စရာကောင်းတဲ့ အချက်အလက်တွေ ထွက်ပေါ်နေပါတယ်။
ထိုင်းဒုတိယပြည်ထဲရေးဝန်ကြီး Polapee Suwanchawee က ရဲတပ်ဖွဲ့ရဲ့ အထောက်အထားတွေကို ကိုးကားပြီး သံသယရှိသူ လူငယ်ဟာ ဗီဒီယိုဂိမ်းတွေကို အလွန်အမင်း စွဲလမ်းသူတစ်ဦး ဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ကနဦး စုံစမ်းရရှိချက်တွေအရ အဆိုပါကျောင်းသားဟာ မိဘတွေနဲ့ အတူမနေဘဲ အဘိုးအဘွားတွေနဲ့အတူ နေထိုင်သူ ဖြစ်ပါတယ်။
အာဏာပိုင်တွေရဲ့ သံသယအရ ကျောင်းသားဟာ ကျောင်းမသွားမီ အိမ်မှာရှိတဲ့ အဘိုးနဲ့ အဘွားဖြစ်သူကို စတင်သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်ပါတယ်။
အဲဒီနောက် ကျောင်းသို့ သွားရောက်ကာ ဆရာ၊ ဆရာမ ၅ ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။
နောက်ဆုံးမှာတော့ အဆိုပါကျောင်းသားဟာ ကိုယ့်ကိုယ်ကို ပြန်လည်ပစ်ခတ်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ကြောင်း BBC Thai က ဖော်ပြထားပါတယ်။
ကျောင်းမှ ဆရာတစ်ဦးရဲ့ အဆိုအရ ဒီကလေးဟာ စာမေးပွဲ ရလဒ်ကောင်းမွန်သူ၊ အေးဆေးလိမ္မာသူဖြစ်ပြီး အရင်ကလည်း ကြမ်းတမ်းရန်လိုတဲ့ အမူအကျင့်မျိုး လုံးဝမပြခဲ့ဖူးပါဘူး။
ဒါကြောင့် အပြင်ပန်းမှာ အေးဆေးတည်ငြိမ်နေတဲ့ ကလေးတစ်ဦးရဲ့ နောက်ကွယ်မှာ ဘယ်လို အကြောင်းအရင်းတွေ ရှိနေသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
လက်ရှိမှာတော့ ရဲတပ်ဖွဲ့က ပစ်ခတ်မှု ဖြစ်ပွားရတဲ့ အဓိကအကြောင်းအရင်း၊ သေနတ် ရရှိခဲ့ပုံနဲ့ ဖြစ်စဉ်မတိုင်မီ နောက်ကွယ်က အခြေအနေတွေကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။
07/08/2026
ထိုင်းနိုင်ငံမှာ ကျောင်းတွင်းပစ်ခတ်မှုကြောင့် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား ၇ ဦး thayဆုံး
ထိုင်းနိုင်ငံရှိ ကျောင်းတစ်ကျောင်းမှာ ကျောင်းသားတစ်ဦးက သနတ်နဲ့ စတင်ပစ်ခတ်ပြီးနောက် မိမိကိုယ်ကို ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ဩဂုတ် ၇ ရက်နေ့မှာ အနည်းဆုံး လူ ခုနစ်ဦး thay ဆုံးခဲ့တယ်လို့ အမျိုးသားရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒဏ်ရာရရှိသူတွေကို လူနာတင်ယာဉ်များပေါ်သို့ တင်ဆောင်နေစဉ်နဲ့ ဆရာ၊ ဆရာမတွေ အချင်းချင်း ဖက်ငိုနေကြစဉ် ဘန်ကောက်မြို့ အနောက်မြောက်ဘက် ဆင်ခြေဖုံးရှိ ဒေဗ်ဆီရင် နွန်သဘူရီ ကျောင်းမှ ကျောင်းသားတွေ အပြင်သို့ တိုးဝှေ့ထွက်ခွာခဲ့ကြပါတယ်။
ကယ်ဆယ်ရေးဝန်ထမ်းတွေ မျှဝေထားတဲ့ ဓာတ်ပုံတွေထဲမှာတော့ လူတစ်ဦးဟာ လူနာတင်ယာဉ် အပြင်ဘက်ရှိ ထမ်းစင်ပေါ်မှာ လဲလျောင်းနေတာကို တွေ့ရပြီး နောက်တစ်ဦးကိုတော့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးက ပြုစုကုသပေးနေပါတယ်။
အသက် ၁၈ အရွယ် ကျောင်းသားတစ်ဦးကတော့ စတင်ဖြစ်ပွားချိန်မှာ ယမ်းဖောက်နေတာ ဒါမှမဟုတ် ပစ္စည်းတစ်ခုခုကို ရိုက်နှက်နေတာလို့ ထင်မှတ်ခဲ့မိကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။
"စစချင်းတုန်းက သနတ်လို့ မထင်ခဲ့ဘူး" လို့ သူက ပြောပါတယ်။ "ဒိုင်း ဒိုင်း ဒိုင်း နဲ့ အသံတွေ အများကြီး ထွက်လာတယ်။ ပြီးတော့ တိတ်ဆိတ်သွားပြီး နောက်ထပ် ပြန်စလာတာ။"
အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး တြီရုန်း ဖိုဖန်က သနတ်နဲ့ ပစ်ခတ်ခဲ့သူလို့ သံသယရှိသူဟာ thay ဆုံးသွားတဲ့ လူ ခုနစ်ဦးထဲမှာ ပါဝင်တယ်လို့ ရိုက်တာသို့ ပြောပါတယ်။
နောက်ထပ် လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း သူက ဆက်လက်ပြောပါတယ်။
ပညာရေးဝန်ကြီး ပရာဆတ် ဂျန်တာရာရွမ်းတောင်က thay ဆုံးကြောင်း သတင်းထုတ်ပြန်ထားသူတွေထဲမှာ ဆရာ၊ ဆရာမတွေရော ကျောင်းသားတွေပါ ပါဝင်တယ်လို့ ရိုက်တာသို့ ပြောပါတယ်။
ပြစ်မှုကျူးလွန်သူဟာ ကျောင်းသားတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
သံသယရှိ သနတ်သမားဟာ အဋ္ဌမတန်းကျောင်းသားတစ်ဦးဖြစ်တယ်လို့ Bangkok Post သတင်းစာက ဖော်ပြထားပါတယ်။
ဒါဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတုန်းက နိုင်ငံတောင်ပိုင်းရှိ ကျောင်းတစ်ကျောင်းမှာ ဆရာမတစ်ဦး thayဆုံးပြီး ကျောင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံမှာ ဒုတိယအကြိမ် ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်း သနတ်ပစ်ခတ်မှု ဖြစ်ပါတယ်။
အသက် ၄၇ နှစ်အရွယ် ကယ်ဆယ်ရေးဝန်ထမ်း ကီယာတီခွန် ဗီရာပုန်းပရာဒစ်က ပစ်ခတ်မှု ဖြစ်ပွားနေဆဲအချိန်မှာ ရောက်ရှိသွားခဲ့တာဖြစ်ပြီး သူတို့အဖွဲ့ဟာ ကျောကုန်း၊ ရင်ဘတ်နဲ့ လက်မောင်းတွေမှာ ဒဏ်ရာရရှိထားတဲ့ ကျောင်းသားတွေကို ဆေးကုသပေးခဲ့တယ်လို့ ပြောပါတယ်။
ကျောင်းရဲ့ အပေါ်ထပ်မှာ thayဆုံးနေတဲ့ အမျိုးသားဆရာတစ်ဦးကို တွေ့ရှိခဲ့ပြီး အခြားအခန်းတစ်ခုမှာတော့ ရင်ဘတ်နဲ့ လက်မောင်းတို့မှာ ဒဏ်ရာတွေ ရရှိထားတဲ့ အမျိုးသမီးဆရာမတစ်ဦးကို တွေ့ရှိခဲ့ပါတယ်။
"ကျွန်တော်တို့ မိနစ် ၃၀ လောက် CPR ပြုလုပ်ပေးခဲ့ပြီး နှလုံးခုန်နှုန်း ပြန်မတက်လာတာကြောင့် ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ခဲ့ပေမဲ့ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်" လို့ သူက ပြောပါတယ်။
ခရိုင်အာဏာပိုင်တွေရဲ့ အဆိုအရ ၂၀၂၅ ပညာသင်နှစ်မှာ အဆိုပါကျောင်းမှာ ကျောင်းသား ၃,၁၀၀ ဝန်းကျင်နဲ့ ဆရာ၊ ဆရာမ ၁၄၇ ဦး တက်ရောက်သင်ကြားလျက် ရှိပါတယ်။
ဒုတိယပညာရေးဝန်ကြီး အက္ခရာနန် ကန်နာကစ်တီနန် က အကူအညီတွေ ပေးအပ်နိုင်ဖို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
သနတ် ပိုင်ဆိုင်မှုနဲ့ သနတ်ကိုင် အကြ-မ်းဖက်မှုတွေဟာ ထိုင်းနိုင်ငံမှာ မဆန်းလှဘဲ လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်း ကလေးသူငယ်တွေ အပါအဝင် ထိခိုက် thayဆုံးမှု များပြားတဲ့ ပစ်ခတ်မှုများစွာ ဖြစ်ပွားခဲ့ဖူးပါတယ်။
ထိုင်းနိုင်ငံရဲ့ လတ်တလောသမိုင်းမှာ လူတစ်ဦးတည်းက ကျူးလွန်ခဲ့တဲ့ အဆိုးရွားဆုံး လူအစုလိုက်အပြုံလိုက် thatဖြတ်မှုဟာ ၂၀၂၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲအရာရှိဟောင်းတစ်ဦးဟာ မြောက်အရှေ့ပိုင်းရှိ ကလေးထိန်းကျောင်းတစ်ခုမှာ အိပ်ပျော်နေတဲ့ ကလေး ၂၂ ဦး အပါအဝင် လူ ၃၆ ဦးကို သုံးနာရီကြာ သနတ်၊ ဓာ-းတို့နဲ့ ရမ်းကားတိုက်ခိုက် thatဖြတ်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်လတုန်းက သနတ်သမားတစ်ဦးဟာ ဘန်ကောက်ဈေးတစ်ခုမှာ လုံခြုံရေးဝန်ထမ်းတွေနဲ့ ဈေးသည်တစ်ဦး အပါအဝင် လူ ငါးဦးကို ပစ်ခတ် thatဖြတ်ပြီး မိမိကိုယ်ကို ပြန်လည်ပစ်ခတ်ခဲ့သလို၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း ဟတ်ယိုင် မြို့မှာ သနတ်သမားတစ်ဦးက ကျောင်းတစ်ခုကို ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် တာဝန်ကျ ဆရာမတစ်ဦး thayဆုံးခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်တုန်းကလည်း စစ်သားတစ်ဦးဟာ နခွန်ရတ်ချာစီမာမြို့မှာ ရမ်းကားပစ်ခတ်ခဲ့တာကြောင့် လူ ၂၉ ဦး tayဆုံးခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ်မှာ အသက် ၁၄ နှစ်အရွယ် အမျိုးသားငယ်တစ်ဦးဟာ ပြုပြင်ထားတဲ့ လက်နက်တိုကို အသုံးပြုပြီး ဘန်ကောက်မြို့ရှိ အဆင့်မြင့် စျေးဝယ်စင်တာတစ်ခုမှာ လူ နှစ်ဦးကို thatဖြတ်ခဲ့ကာ ငါးဦးကို ဒဏ်ရာရရှိစေခဲ့ပါတယ်။
03/08/2026
အသက် ၂၀ အရွယ် အမျိုးသမီးတစ်ယောက်ဟာ အသက်မပြည့်သေးတဲ့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုမှာ ပါဝင်ပတ်သက်ခဲ့လို့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့မှာ အပြစ်ရှိကြောင်း ဝန်ခံသွားတော့မှာပါ။
Straits Times သတင်းမှာ ဖော်ပြချက်အရ သူ့ကို လူကုန်ကူးမှု၊ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးဖို့ ကူညီတာတွေအပါအဝင် စွဲချက် ၅ ခုနဲ့ တရားစွဲထားတာဖြစ်ပါတယ်။ သူကတော့ ဩဂုတ် ၃ ရက်နေ့တရားရုံးမှာ အပြစ်တွေကို ဝန်ခံမှာဖြစ်ပြီး ရှေ့နေလည်း မငှားတော့ဘူးလို့ ပြောခဲ့ပါတယ်။
ဒီအမျိုးသမီးဟာ အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၂ ယောက်ကို လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးခိုင်းပြီး အဲဒီကနေ ပိုက်ဆံရှာခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။
ကလေးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ဖို့ စည်းရုံးခဲ့သလို နောက်တစ်ယောက်ရဲ့ ပြည့်တန်ဆာလုပ်ငန်းကရတဲ့ ဝင်ငွေနဲ့လည်း သောက်စားနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် လူကုန်ကူးခံရတဲ့ ကလေးဆီကနေ စင်ကာပူဒေါ်လာ ၁,၄၃၅ ဒေါ်လာအထိ ရခဲ့တယ်လို့လည်း သိရပါတယ်။ သူ့နမည်ကို ထုတ်ပြောရင် ကလေးတွေဘယ်သူလဲဆိုတာ သိသွားနိုင်တာမို့ တရားရုံးက သတင်းထုတ်ပြန်ခွင့် ပိတ်ထားပါတယ်။ ဒီအမျိုးသမီးနဲ့ ကလေး ၂ ယောက် ဘာတော်စပ်လဲဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။
သူဟာ အသက်မပြည့်သေးသူတွေကို လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုနဲ့ ဩဂုတ် ၃ ရက်နေ့မှာ တရားစွဲခံရတဲ့ ၉ ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။ ကျန်တဲ့ အမျိုးသား ၈ ယောက်ကတော့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဆီကနေ ပိုက်ဆံပေးပြီး လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုယူခဲ့လို့ အသီးသီး တရားစွဲခံထားရတာပါ။
သူတို့ကျူးလွန်ခဲ့တာတွေက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတုန်းက ဖြစ်ပါတယ်။ အဲဒီအမျိုးသား ၈ ယောက်ကတော့ မူဟာမက် ဟာဇစ် (၂၃ နှစ်)၊ အာဟမ် ဟူစိန်နီ (၂၄ နှစ်)၊ ရှာဟီရူး ဒေဝုဒ် (၂၆ နှစ်)၊ မူဟာမက် အာမီရူလာ (၂၇ နှစ်)၊ ဝီလ်ဖရက် အန်း (၃၄ နှစ်)၊ မူဟာမက် ငက်စရီ (၃၆ နှစ်)၊ မူဟာမက် အိုင်ဇတ် (၃၈ နှစ်) နဲ့ ဖာဇယ် ဟာနာဖီ (၄၁ နှစ်) တို့ ဖြစ်ကြပါတယ်။
သူတို့ ကျူးလွန်ခဲ့ပုံတွေကို ကြည့်ရင် ဝီလ်ဖရက် အန်း က ဂေးလန်းဗာရူး ဘက်က လှေကားထစ်မှာ မိန်းကလေးကို စင်ကာပူဒေါ်လာ ၁၀၀ ပေးပြီး လိင်ပိုင်းဆိုင်ရာ ပြုမူခိုင်းခဲ့ပါတယ်။
အိုင်ဇတ် ကတော့ ဂေးလန်းဗာရူးမှာ ရပ်ထားတဲ့ ကားထဲမှာ လိင်ဆက်ဆံဖို့ ဒေါ်လာ ၁၅၀ ပေးခဲ့ပြီး ဖာဇယ် ကတော့ လှေကားထစ်မှာပဲ လိင်ပိုင်းဆိုင်ရာ ပြုမူခိုင်းဖို့ ဒေါ်လာ ၈၀ ပေးခဲ့တာပါ။
ဟာဇစ် ကတော့ ဘီဒေါ့ခ်နော့သ် ဘက်က လှေကားထစ်မှာ လိင်ဆက်ဆံဖို့ ဒေါ်လာ ၅၀ ပေးခဲ့ပါတယ်။ အာဟမ် နဲ့ ရှာဟီရူး တို့ကတော့ အဲဒီလှေကားထစ်မှာပဲ မတူညီတဲ့ အကြိမ်တွေမှာ ဒေါ်လာ ၁၃၀ နဲ့ ဒေါ်လာ ၃၀ အသီးသီး ပေးပြီး လိင်ပိုင်းဆိုင်ရာ ပြုမူခိုင်းခဲ့ကြပါတယ်။
အာမီရူလာ က အထပ်မြင့်ကားပါကင်က ဗန်ကားထဲမှာ လိင်ဆက်ဆံဖို့ ဒေါ်လာ ၃၀ ပေးခဲ့တာပါ။ ငက်စရီ ကတော့ မသန်စွမ်းအိမ်သာထဲမှာတစ်ကြိမ်၊ လှေကားထစ်မှာတစ်ကြိမ် စေခိုင်းဖို့ ဒေါ်လာ ၃၀၀ ပေးခဲ့တာကြောင့် စွဲချက် ၂ ခုနဲ့ တရားစွဲခံထားရပါတယ်။
ရာဇဝတ်စုံစမ်းစစ်ဆေးရေးဌာနရဲ့ အထူးပြစ်မှုဆိုင်ရာဌာနခွဲက ရဲတွေဟာ စုံစမ်းစစ်ဆေးပြီးနောက် ဒီ ၉ ယောက်လုံးကို ဖမ်းဆီးခဲ့တာပါ။
ရဲတပ်ဖွဲ့ကတော့ ကလေးသူငယ်တွေကို လူကုန်ကူးတာ၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်တာတွေကို အပြင်းအထန် အရေးယူသွားမှာဖြစ်ပြီး ပါဝင်ပတ်သက်သူတွေ၊ အကျိုးအမြတ်ယူသူတွေနဲ့ ပိုက်ဆံပေးပြီး ဝန်ဆောင်မှုယူသူတွေအားလုံးကို ဥပဒေအတိုင်း အရေးယူသွားမယ်လို့ ပြောထားပါတယ်။
ဒီလို ခေါင်းပုံဖြတ်မှုနဲ့ လူကုန်ကူးခံရသူဆီက ပိုက်ဆံယူတဲ့ ပြစ်မှုတွေဟာ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀၀,၀၀၀ အထိ၊ ထောင်ဒဏ် ၁၀ နှစ်အထိ နဲ့ ကြိမ်ဒဏ် ၆ ချက်အထိ ကျခံရနိုင်ပါတယ်။ အမျိုးသမီးများဆိုင်ရာ ဥပဒေအရ ပြည့်တန်ဆာလုပ်ငန်းကရတဲ့ ဝင်ငွေနဲ့ မှီခိုနေထိုင်ရင် ဒဏ်ငွေ ဒေါ်လာ ၁၀၀,၀၀၀ အထိနဲ့ ထောင်ဒဏ် ၇ နှစ်အထိ ကျနိုင်ပါတယ်။
ရာဇသတ်ကြီးဥပဒေအရ အသက် ၁၈ နှစ်အောက် ကလေးဆီကနေ ပိုက်ဆံပေးပြီး လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုယူရင် ထောင်ဒဏ် ၇ နှစ်အထိ သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ် နှစ်ခုလုံး ကျခံရနိုင်သလို၊ ညစ်ညမ်းရုပ်ရှင် ထားရှိရင်လည်း ဒဏ်ငွေ ဒေါ်လာ ၂၀,၀၀၀ အထိ သို့မဟုတ် ထောင်ဒဏ် ၆ လအထိ သို့မဟုတ် ပြစ်ဒဏ် နှစ်ခုလုံး ကျခံရနိုင်ပါတယ်။
31/07/2026
အင်ဒိုနီးရှားနိုင်ငံ၊ မာလူကူမြောက်ပိုင်းမှာ ပါတီပွဲကအပြန် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ၂၃ ပေခန့်ရှိတဲ့ ဧရာမ စပါးအုံးမြွေကြီးက မျိုသွားခဲ့တဲ့ ထိတ်လန့်စရာ ကြေကွဲဖွယ် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်မှာ အဆိုပါ အမျိုးသားဟာ ရွာထဲက ပါတီပွဲတစ်ခုကို သွားရောက်ခဲ့ပြီး အပြန် မနက် ၃ နာရီခန့်မှာ တောလမ်းအတိုင်း အိမ်ကို တစ်ယောက်တည်း ပြန်လာခဲ့တာပါ။
အဲဒီနောက် မွန်းလွဲပိုင်းအထိ အိမ်ပြန်မရောက်လာသေးတာကြောင့် စိုးရိမ်ပြီး မိသားစုနဲ့ ရွာသားတွေက လိုက်လံရှာဖွေကြရာ လမ်းမှာ သွေးစက်တွေနဲ့အတူ သူ့ရဲ့ ကျောပိုးအိတ်နဲ့ ဖိနပ်တို့ကိုသာ ပထမဦးစွာ တွေ့ရှိခဲ့ကြပါတယ်။
ရှာဖွေရေးကို ဆက်လက်ပြုလုပ်စဉ်မှာတော့ တောအုပ်အတွင်း ဗိုက်ကြီး မသင်္ကာဖွယ်ရာ စူဖောင်းနေတဲ့ စပါးအုံးမြွေကြီးတစ်ကောင်ကို တွေ့ရှိခဲ့ကြတာပါ။
ဒါကြောင့် ရွာသားတွေက မြွေကို ဖမ်းဆီးပြီး ဗိုက်ခွဲကြည့်လိုက်ချိန်မှာတော့ ပျောက်ဆုံးနေတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို ဝမ်းနည်းဖွယ် တွေ့ရှိခဲ့ရပါတယ်။
ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ စပါးအုံးမြွေဟာ ထိုအမျိုးသားရဲ့ ခြေထောက်ကို စတင်ကိုက်ခဲလိုက်ပြီး အရှိန်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်ကာ အသက်ရှူကျပ်အောင် ပြုလုပ်ပြီးမှ တစ်ကိုယ်လုံးကို မြိုချလိုက်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားဟာ တောတောင်ထူထပ်ပြီး ဧရာမ စပါးအုံးမြွေကြီးတွေ ကျက်စားရာ ဒေသဖြစ်တာကြောင့် သက်ဆိုင်ရာ ဒေသခံရဲတပ်ဖွဲ့က တောလမ်းတွေနဲ့ ခြံစိုက်ခင်းတွေထဲ တစ်ယောက်တည်း သွားလာတာမျိုး မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။
အဲဒီဒေသမှာပဲ မကြာသေးမီ လများအတွင်းက စပါးအုံးမြွေ တိုက်ခိုက်လို့ လူသေဆုံးမှုတွေ ခဏခဏ ဖြစ်ပွားခဲ့တာပါ။
တောရိုင်းတိရစ္ဆာန် ကျွမ်းကျင်သူတွေကလည်း စပါးအုံးမြွေတွေဟာ အဆိပ်မရှိပေမဲ့ သားကောင်ကို အရိုးတွေကြေပြီး အသက်ရှူရပ်အောင် ညှစ်သတ်နိုင်တဲ့ စွမ်းအားရှိတာကြောင့် တောတောင်ထူထပ်တဲ့ နေရာတွေကို သွားလာရာမှာ အထူးဂရုစိုက်ကြဖို့ တိုက်တွန်းထားပါတယ်။
31/07/2026
ထမင်းပြင်ပေးတာ နောက်ကျရုံနဲ့ မရီးဖြစ်သူကို ပုဆိန်နဲ့ ခုတ်သတ်ပြီး ဦးခေါင်းကို ညောင်ပင်ပေါ် သွားရောက်ချိတ်ဆွဲခဲ့တဲ့ အသည်းယားစရာ သွေးအေးလူသတ်မှုတစ်ခု အိန္ဒိယမှာ ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်ကတော့ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ Jehanabad ခရိုင် Parsa Bigha နယ်မြေ Imadpur ကျေးရွာမှာ ဇူလိုင်လ ၂၈ ရက် (အင်္ဂါနေ့) က ဖြစ်ပွားခဲ့တာပါ။ အသက် ၂၅ နှစ်အရွယ် Anshu Devi ဆိုသူ အမျိုးသမီးဟာ မိသားစုဝင်တွေ လယ်တောဆင်းနေချိန်မှာ အိမ်မှာ တစ်ယောက်တည်း ရှိနေခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်မှာ သူမရဲ့ မတ်ဖြစ်သူ Kunal Kumar ဆိုသူက အလုပ်ကနေ အိမ်ပြန်ရောက်လာပြီး ထမင်းစားဖို့ တောင်းဆိုခဲ့ပါတယ်။ Anshu Devi က ထမင်းပွဲပြင်ပေးတာ နည်းနည်း ကြာသွားခဲ့တာကြောင့် Kunal Kumar က ဒေါသထွက်ပြီး စကားများကြရာမှ အခြေအနေတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တာပါ။
အဲဒီနောက်မှာတော့ Kunal Kumar ဟာ ဒေါသမထိန်းနိုင်ဘဲ မရီးဖြစ်သူကို ပုဆိန်နဲ့ ရက်ရက်စက်စက် ခုတ်သတ်ခဲ့ပါတယ်။
ဒါတင်မကသေးဘဲ သေဆုံးသွားသူရဲ့ ဦးခေါင်းကို ခန္ဓာကိုယ်မှ ဖြတ်တောက်ယူဆောင်သွားပြီး ရွာအနီးရှိ ညောင်ပင်ပေါ်မှာ သွားရောက်ချိတ်ဆွဲထားခဲ့တာပါ။
လမ်းသွားလမ်းလာ ရွာသားတွေက ညောင်ပင်ပေါ်မှာ ဆွဲချိတ်ထားတဲ့ ခေါင်းပြတ်ကြီးကို တွေ့ရှိသွားကြပြီးတဲ့နောက် ရဲတပ်ဖွဲ့ထံ ချက်ချင်း အကြောင်းကြားခဲ့ကြပါတယ်။
သတင်းရရချင်းမှာပဲ Parsa Bigha ရဲစခန်းမှ တာဝန်ရှိသူတွေ ရောက်ရှိလာပြီး ရုပ်အလောင်းကို ဆေးရုံဆီ ပို့ဆောင် စစ်ဆေးစေခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူ Kunal Kumar ကိုတော့ ဒေသခံ ရွာသူရွာသားတွေက အမိဖမ်းဆီးပြီး ရဲလက်ထက် အပ်နှံလိုက်ကြပါတယ်။
ရဲတပ်ဖွဲ့ဟာ လူသတ်မှုမှာ အသုံးပြုခဲ့တဲ့ ပုဆိန်ကိုလည်း သက်သေအဖြစ် သိမ်းဆည်းရမိထားပြီး တရားခံကို စစ်ဆေးမေးမြန်းမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။
Parsa Bigha ရဲစခန်းမှူး SHO Sarv Narayan က "လက်ရှိ စစ်ဆေးချက်တွေအရ ထမင်းပြင်တာ နောက်ကျလို့ အပြန်အလှန် စကားများရာကနေ ဖြစ်သွားတာလို့ သိရပါတယ်။ ဒါပေမဲ့ ဒီထက်မကတဲ့ အခြား နောက်ကွယ်က အကြောင်းအရင်းတွေ ရှိမရှိကိုတော့ အသေးစိတ် ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်" လို့ ထုတ်ပြန်ပြောကြားထားပါတယ်။