07/08/2026
ရွှေမြန်မာတို့ အတွက် မလေးရှား JB (၁)
မလေးရှား JB ကွန်ဒို အိမ်ခန်း နှင့် ရေရှည်နေထိုင်ခွင့် ဗီဇာ
ကိုယ့်မိဘတွေ၊ ကိုယ့်ကလေးတွေကို စင်ကာပူမှာခေါ်ထားချင်ပေမယ့် စင်ကာပူမှာ ရေရှည် နေထိုင်ခွင့် pass မရသူတွေ အတွက် JB မှာ ကွန်ဒို ဝယ်ပြီး သူတို့နေဖို့ စီစဉ်ပေးတာ အသင့်တော်ဆုံးပါ။ စင်ကာပူမှာ ကလေးတွေ ကျောင်းတက်နေရင်လဲ မိဘ၊ ဘိုးဘွားတွေက JB မှာနေပြီး ကလေးတွေနှင့် အနီးကပ်နေလို့ ရပါတယ်။
မလေးရှား JB မှာ နေဖို့ဘဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံဖို့ဘဲဖြစ်ဖြစ် ကွန်ဒို အိမ်ခန်းတွေ ဝယ်မယ်ဆိုရင် စင်ကာပူထက် အများကြီး စျေးသက်သာပါတယ်။
ကိုယ်တိုင် မနေဘူးဆိုရင် ပြန်ငှါးထုတ်ဖို့လဲ ကောင်းတဲ့ ကွန်ဒိုတွေကို ရွေးချယ်လို့ ရပါတယ်။
JB ဟာအများအားဖြင့် KLထက် ပိုပြီး ဘေးကင်းလုံခြုံပါတယ်။ JB မှာ စင်ကာပူထက် နေထိုင်စားသောက် စားရိတ်လဲ အများကြီး သက်သာတဲ့အပြင် စင်ကာပူနှင့် ကပ်လျက်မို့ စင်ကာပူကနေ မလေးရှား JBကို နေ့ချင်းပြန် သွားလာဖို့လဲ အဆင်ပြေပါတယ်။
ကွန်ဒို ဝယ်ပြီးသွားရင် မလေးရှားမှာ မိသားစုအတွက် ရေရှည်နေထိုင်ခွင့် ဗီဇာလျှောက်လို့လဲ ရတယ်။
မြန်မာတွေ မလေးရှားမှာ တရားဝင် ရေရှည် နေထိုင်နိုင်မယ့် ဗီဇာ၊ နေထိုင်ဖို့ / ရင်းနှီးမြှုပ်နှံဖို့ ကွန်ဒို၊ ဘဏ်အကောင့် စတာတွေကို Plus Hope page က ၂၀၂၅ နှစ်ကုန်ပိုင်းကစပြီး လုပ်ပေး နိုင်ခဲ့ပါပြီ။
ပုံတွေထဲက ကွန်ဒိုဆိုရင် မြန်မာ မိသားစု တစ်ခုအတွက် စီစဉ်ပေးခဲ့တဲ့ မလေးရှား JB က ကွန်ဒို အိမ်ခန်းပါ။ မြို့ရဲ့ အဓိက အချက်အချာကျတဲ့အပြင် လုံခြုံစိတ်ချရပြီး အစစ အရာရာ အဆင်ပြေလွယ်ကူတဲ့ CIQ နားမှာပါ။
နောက်ထပ် အသေးစိတ်တွေကို သိချင်ရင် Plus Hope page ကို Like & Follow လုပ်ထားကြပါနော်။
စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား အပါအဝင် နိုင်ငံခြား တိုင်းပြည်တွေမှာ ငွေ / ဘဏ် ကိစ္စတွေ၊ စီးပွါးရေး ကိစ္စတွေ၊ အာမခံ ကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေ၊ ပညာရေး ကျောင်း ကိစ္စတွေ၊ အိမ် / ကွန်ဒို ဝယ်တာတွေကို ကိုယ်တိုင် လုပ်ဖို့ အခက်အခဲ ရှိတယ် ဆိုရင်တော့ Plus Hope page ကိုသာ တိုက်ရိုက် ဆက်သွယ်ပြီး အခမဲ့ တိုင်ပင်လို့ ရပါတယ်။