17/09/2026
'အဆိုးထဲက အကောင်း ဂျာအိုပက်ဒရို'
ဒူးဒဏ်ရာကြောင့် ဘရာဇီးလ်လက်ရွေးစင်အသင်း လူစာရင်းကနေ ဂျာအိုပက်ဒရိုနုတ်ထွက်သွားတာဟာ ချဲလ်ဆီးအတွက်လည်း ထိုးနှက်ချက်ပါ။
အကြောင်းရင်းကတော့ ဘရာဇီးလ်တိုက်စစ်မှူးဟာ စနေနေ့မနက်မှာယှဉ်ပြိင်ကစားရမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်ကို လွဲချော်တော့မှာမို့လို့ပဲ။ တစ်ဘက်မှာ အကောင်းဘက်ကပြန်တွေးကြည့်ရင် နိုင်ငံတကာပွဲစဉ်ကာလ (၃)ပတ်ကြာဖြတ်သန်းရမှာမို့ သူ့အတွက်အနားယူချိန် အကြာကြီးရရှိတော့မှာပါ။
ဂျာအိုပက်ဒရိုဟာ ဟားလ်စီးတီးနဲ့ပွဲစဉ်မှာ အမြင့်ဘောခေါင်းတိုက်ယှဉ်လုရင်း လဲကျသွားတဲ့နောက် အခုလိုဒဏ်ရာရရှိသွားတာပါ။ သူဟာကွင်းထဲမှာဆက်ရှိနေပြီး ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နာကျင်မှုဆက်လက်ခံစားနေရတာကြောင့် ဆေးစစ်မှုခံယူခဲ့ရတယ်။
ဘာပဲပြောပြော ဘရန့်ဖို့ဒ်ပွဲစဉ်ပြီးရင် ကြားထဲမှာ(၃)ပတ်ခြားသွားတာက သူနဲ့ချဲလ်ဆီးအတွက် ခပ်ကောင်းကောင်းပါ။ နိုင်ငံတကာပွဲစဉ်ကာလ ပြီးဆုံးသွားတဲ့အခါ သူအပြည့်အဝပြန်လည်သက်သာလာပြီး ချဲလ်ဆီးထံရာနှုန်းပြည့်ကြံ့ခိုင်မှုနဲ့ ပြန်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
Photo crd
Mr Chelsea Myanmar