28/07/2026
Happy 3rd Anniversary Golden Kayan FC-SG Women's Team + 2nd Anniversary Golden Kayan Fc Men's Team !! 🥳🥳
*"Golden Kayan FC -SG နှစ်ပတ်လည် အထိမ်းအမှတ်"*
နှစ်နှစ် သုံးနှစ်တာ...
ရွှေရောင်ကယန်း ရဲ့ အသက်သွေးနဲ့တူတဲ့
မြက်ခင်းပေါ်မှာ တစ်သင်းက ညီအစ်ကိုတွေ
ချွေးနဲ့တိုက်ပြီး ဂုဏ်ကိုတည်ဆောက်တယ် ၊
တစ်သင်းက ညီအစ်မတွေ
မောပန်းမှုကိုပြုံးပြီးကျော်ဖြတ်တယ်၊
ယောကျာ်းလေးရဲ့ခွန်အား + မိန်းကလေးရဲ့စိတ်ဓာတ် ၂ ခုပေါင်းမှ "Golden Kayan" အပြည့်စုံဖြစ်တာပါ၊
ရှုံးတဲ့ပွဲမှာ တစ်ယောက်ကိုတစ်ယောက် အားပေးတယ်
နိုင်တဲ့ပွဲမှာ ၂ သင်းလုံး အတူပျော်တယ်
ဒါပဲ Golden Kayan ရဲ့ မိသားစုဆိုတာ။
၃ နှစ်အတွင်း ရခဲ့တာတွေ
ဖလားထက်ကြီးတာက "ညီညွတ်မှု"
နာမည်ထက်ကြီးတာက "ယုံကြည်မှု"
အမျိုးသမီးအသင်း - မင်းတို့ရဲ့ကြိုးစားမှုက
မိန်းကလေးတိုင်းကို အိပ်မက်ပေးတယ် 👩🦰⚽
အမျိုးသားအသင်း - မင်းတို့ရဲ့တိုက်ပွဲက
ရွှေရောင်ကယန်းရဲ့ ဂုဏ်ကိုမြှင့်ပေးတယ် 👨🦰⚽
ရှေ့ဆက်မယ့်နှစ်တွေမှာ
ဂိုးတွေပိုသွင်း၊ ဖလားတွေပိုယူ နိုင်ပါစေ ၊
"တစ်စိတ်တစ်ဝမ်း၊တစ်ရွှေတစ်ကယန်း" ဆိုတဲ့စိတ်ကိုမမေ့နဲ့
"ရွှေရောင်တစ်သင်း၊ ရင်ခုန်သံတစ်ခု" 💛 Golden Kayan FC ရဲ့ဒွီတွေမြည်နိုင်ပါစေ ။ ⚽
# Golden Kayan fc Malaysia
Golden Kayan FC JP
Golden Kayan FC Thailand
Golden Kayan FC Singapore . We are one!!
27/07/2026
Happy birthday 🎂 ညီမလေး Hay Ni San
မွေးနေ့မှာ ပျော်ရွှင်ပြီး လိုအင်ဆန္ဒလေးဖြစ်ပါစေ
ဆက်လက်ပြီး အသင်းဖွဲ့များအတွက် အားကိုးရသော
ကစားသမားတစ်ဦးဖြစ်ပါစေလို့
Golden Kayan FC-SG မှဆုမွန်ကောင်းတောင်း
လိုက်ပါတယ်🥰
25/07/2026
Happy birthday 🎂🎉🎈 Saw Tommy
Golden Kayan FC SG အသင်းကို စည်သူလွင်ဘဝကနေ လွှတ်မြောက်အောင် ပိုပြီး ပေးဆပ်ကစားနိုင်ပါစေ 🤭
Wish you Champion 🏆 🔜
Admin 🎯
22/07/2026
Golden Kayan FC-SG ရဲ့ အားကိုးရဆုံး
ဘက်တန်းကစားသမား ညီမလေး Yi Yi
Happy Birthday 🎂 ပါ မွေးနေ့ရက်မြတ်မှာ အလုပ်အကိုင်
ဆင်ပြေပြီး လိုအင်ဆန္ဒလေး ပြည့်ပါစေ
ဆက်လက်ပြီး အသင်းဖွဲ့များအတွက် ဒီထက်မက
အားကိုးရသော ကစားသမားတစ်ဦးဖြစ်ပါစေလို့
Golden Kayan Fc-SG မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🥰
21/07/2026
Happy birthday par 🎂🎉🎉🎉Ko Edgar
အသင်းအတွက်မရှိမဖြစ် အားကိုးရဆုံးနောက်တန်းကစားသမားရေ ခြေစွမ်းကောင်းတွေ ဆက်လက်ပြနိုင်ပြီ အသက်တစ်ခါရှူတိုင်း ဘီယာပိုသောက်နိုင်ပါစေ ဆောရီး မှား လို့🫣🤭 အသက်တစ်ခါရှူတိုင်း ငွေပိုဝင်နိုင်ပါစေ🥰ကောင်မလေးကိုလည်း ဒီထက်ပိုကြောက်ပိုချစ်နိုင်ပါစေဗျာ
ပျော်ရွှင်သောမွေးနေ့လေးဖြစ်ပါစေ လို့ Golden Kayan FC-SG မှာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🥰🎂🎉
✍️
Golden Kayan FC-SG
20/07/2026
19.7.2026 ရက်နေ့ Myanmar Family Football Cupတွင် ကျွန်ုပ်တို့ Golden Kayan FC-SG အနေဖြင့် final အထိ တက်လှမ်းနိုင်ခဲ့ပေမဲ့ champion ဆုနဲ့ထပ်မံလွဲလျော်ခဲ့ရပြီ အကောင်းဆုံးဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ် လာရောက်ပူပေါင်းပါဝင်ပေးကြသောအသင်းသားများ၊liveကနေ အားပေးကြသောညီအစ်ကိုမောင်နှမများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း
✍️
Kayan FC-SG