03/10/2023
ရိုနယ်ဒိုကအသင်းနဲ့အံမဝင်ဘူး
ကစားကွက်နဲ့ ဘောင်မဝင်ဘူး
Pressingမလုပ်နိုင်တဲ့အတွက် တန်ဟက်က သူ့ကစားကွက်မှာအဆင်မပြေဘူးလို့ဆိုတယ်
ရိုနယ်ဒိုရှိနေလို့အဆင်မပြေတာပါ
အဲ့တော့ဟုတ်ပီ
ရိုနယ်ဒိုထွက်သွားတာ ၁၀လကျော်တစ်နှစ်နီးပါးရှိပြီအဲ့ဒီ့ကာလအတွင်း
ဘယ်သူက pressing ကစားနေလို့လဲ
ရက်ဖို့လား အန်တိုနီလား မာရှယ်လား
အခုရောက်လာတဲ့ ဟွိုင်လန်းရော pressingကစားနေလား
မန်ယူနိုက်တတ်မှာ ဘယ်သူ pressing ကစားနေလဲ ဘယ်သူမှမကစားနေဘူး
ရိုနယ်ဒိုက ပြသနာဆို ရိုနယ်ဒိုထွက်သွားပြီးရင်အဆင်ပြေလာရမှာမဟုတ်ဘူးလား
အခုအဆင်ပြေလာလား
နောက်တခါ ဒီယေးရားက Built up မကစားနိုင်ဘူးလို့ဆိုလာပြန်တယ်
Golden Golve ဆုရှင်ကို လေးစားမှု့ကင်းမဲ့စွာ စာချုပ်အသစ်မပေးပဲ ပလိန်းကြီးပလစ်လိုက်တယ်
အိုနာနာက Built up ကစားနိုင်တယ် passing တိကျတယ် ကစားသမားတစ်ယောက်အပိုရသလို ၁၂ယောက်ကစားနိုင်တယ်တဲ့
အဲ့တာဆိုဟုတ်ပီ
အခုမန်ယူနိုက်တတ်က ကစားသမားတစ်ယောက်အပိုရတယ်ဆိုတဲ့ကစားကွက်နဲ့ကစားနေလား
ရွှေလက်အိတ်ဆုရှင်ကိုဖယ်ပြီး Built up တွေကစားနေလား
မကစားပါဘူး ထုံးစံအတိုင်း ကန်တင်ပြေးပါပဲ
အခုတစ်ယောက်လာပြီ
ဆန်ချိုက လေ့ကျင့်ခန်းအစီစဉ်တွေမှာ လုံလောက်တဲ့အားထုတ်မှု့မရှိဘူးလို့ ဆိုလာပြန်ပါပြီ
တန်ဟတ်ကိုကြည့်ရတာ သူရဲ့အရည်ချင်းမပြည့်ဝမှု့တွေကို ကစားသမားတွေဆီပုံချပြီး ရှောင်လွှဲနေတယ်လို့မြင်ပါတယ်
အခုချိန်ထိဘာမှလဲလုပ်မပြနိုင်သလို
ဘာအထင်ကြီးစရာသက်သေတခုမှလဲဒီနေ့အထိမရှိနေတာပါ
ဆိုးရှားလုပ်ပြခဲ့တာက တန်ဟတ်ထက်အပုံကြီးသာနေပါတယ်
တန်ဟက်လူစာရင်းက ဆိုးရှားလူစာရင်းထက် များစွာတောင့်တင်းပါတယ်
တန်ဟက် ပြောင်မြောက်စွာလုပ်ပြထားတာတခုတော့ရှိပါတယ်
အဲ့တာကတော့ အနှစ်၄၀အတွင်း ရာသီအစရှုံးပွဲအများဆုံးမန်နေဂျာတစ်ယောက်အနေနဲ့ ထူးချွှန်စွာရပ်တည်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်
အသင်းပိုင်ရှင်တွေဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ ကဒ်အဟောင်းကြီးကိုဆွဲမထုတ်ကျပါနဲ့တော့ မန်ယူနိုက်တတ် အသုံးစာရင်းက ဘယ်အသင်းထက်မှ ညံမနေပါဘူး
ကိုယ့်အသင်းရဲ့ ကစားသမားတွေရဲ့ quality အရည်သွေးကို ထုတ်ယူနိုင်ချင်းမရှိဘူးဆိုရင်
ကိုယ့်ကစားသမားရဲ့ ability ကိုမသိဘူးဆိုရင် အဲဒါမန်နေဂျာမဟုတ်ပါဘူး
ပုံကတော့
ဘလွန်းဒီအော် ၅လုံး ၊ ချန်ပီယံလိဂ် ၅လုံးရထားတဲ့ကောင်ကို ဘောလုံးဘယ်လိုကန်ရမလဲဆိုတာသင်ပေးနေတဲ့ တန်ဟတ် 🤭