23/09/2026
MSL Season-2
Round 11, Match 2
F.C Mandalay United 8-3 Motherland F.C
West Spring ကွင်းမှာ ၅ နာရီဆိုအေးမြနေပြီဖြစ်သည်နှင့်အညီ ကျွန်တော်တို့အသင်းလည်း လူစုံရောက်နေကြပြီဖြစ်ပါတယ်။ နည်းစနစ်ပိုင်းကိုတော့ ဘိုချစ်၊ Joker နှင့်အသင်းခေါင်းဆောင် မြင့်သူတို့က ပူးတွဲတာဝန်ယူခဲ့ပြီး ပွဲထွက်ကစားသမားများကတော့
ဂိုး- ဝင်းဇော်ထွေး
နောက်တန်း- ဇွဲစည်သူ၊ သျှိုင်းကို၊ သက်နိုင်၊ ဇော်သီ
အလယ်တန်း- ဖြိုးဝေအောင်၊ ဉာဏ်ဉာဏ်၊ မြင့်သူ[C]
ရှေ့တန်း- မင်းချစ်ဦး၊ မောင်ခန့်၊ ဝင်းဇော်
တို့ပွဲထွက်ခဲ့ကြပါတယ်။ ကစားသမားအင်ပြည့်အားပြည့်နဲ့ ကျွန်တော်တို့စတင်နိုင်ခဲ့တာကြောင့် ပွဲစကထဲက ကစားအားမချွေဘဲ တစ်ဖက်အသင်းကို ဆက်တိုက်ဖိအားပေးပြီး လျှင်လျှင်မြန်မြန်ဖြင့် ကစားကြတဲ့အတွက် ပွဲစပြီး၁၀မိနစ်အကျော်မှာ မောင်ခန့်ပေးတာကတစ်ဆင့် မင်းချစ်ဦးသွင်းယူခဲ့ပြီး ဆက်တိုက်ဆိုသလို ၂ မိနစ်အတွင်း မောင်ခန့်ပေးတာကနေပဲ ဝင်းဇော်ကပိတ်သွင်းခဲ့ပြန်ပါတယ်။ အဲ့နောက်
တစ်ဖက်အသင်းက တန်ပြန်ကတဆင့် ဂိုးပြန်သွင်းခဲ့တာကြောင့် ပွဲကသွက်လာခဲ့ပါတယ်။ လူစားလဲမှုအဖြစ် တေဇ၊ ပြည့်ဖြိုး၊ ထွန်းလင်းကျော်တို့ဝင်ကစားခဲ့ပါတယ်။ တေဇကြောင့်ရတဲ့ ပြစ်ဒဏ်ဘောကို မြင့်သူကွင်းလယ်ကနေမတင်ပေးလိုက်ရာ တဖက်နောက်တန်းရှင်းထုတ်လိုက်သည်ကို မောင်ခန့်ပိတ်သွင်းလိုက်ပါတယ်။ အဲ့နောက်မှာ သက်နိုင်ရဲ့ ခုတ်တင်ပေးလိုက်သည့်ဘောလုံးကို မင်းချစ်ဦးဆွဲထုတ်ကာ ကန်သွင်းလိုက်တာကြောင့် ၄-၁ ဖြင့်ပထမပိုင်းအနိုင်ရခဲ့ပါတယ်။
ဒုတိယပိုင်းလူစားလဲမှုတွေကတော့ စည်သူ၊ အောင်ဝင်း၊ ဇေယျာဖြိုး၊ နိုင်နိုင်၊ Joker၊ ဘိုချစ်၊ ချမ်းမြေ့၊ ရန်နိုင်တို့ဝင်ကစားခဲ့ကြပါတယ်။ ပွဲစတာနဲ့ဖိအားပေးကစားလာတဲ့ တဖက်အသင်းကြောင့် ကျွန်တော်တို့အနည်းငယ် ကစားပုံပျက်ခဲ့ပြီး ၂ ဂိုးဆက်ပေးလိုက်ရပါတယ်။ အဲ့နောက်မှာတော့ သက်နိုင်ရဲ့ထောင့်ကန်ဘောကို ဂိုးသမားပုတ်ထုတ်သည်ကို မောင်ခန့်ပိတ်သွင်းနိုင်ခဲ့သလို မောင်ခန့် ခုတ်တင်ပေးလိုက်သည်ကို နိုင်နိုင်ခေါင်းတိုက်သွင်းခဲ့တာကြောင့် ကျွန်တော်တို့ ပြန်ဦးဆောင်နိုင်ခဲ့ပြီး ပွဲကိုထိမ်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲ့နောက် မြင့်သူထိုးပေးသည်ကို မင်းချစ်ဦးကန်သွင်းယူနိုင်ခဲ့သလို မောင်ခန့်နှင့်မင်းချစ်ဦး အတွဲကနေ မောင်ခန့် ထပ်မံသွင်းယူခဲ့တာကြောင့် ပွဲအပြီး ၈-၃ ဖြင့် အနိုင်ရခဲ့ပါတယ်။
ပွဲပြီးအချုပ်အရ ဂိုးပြတ်အနိုင်ပွဲအတွက် အရင်ပျော်ကြမယ် နောက်ပွဲအတွက်လည်း ပြင်ဆင်ထားကြဖို့တိုက်တွန်းလိုက်ပါတယ်။
✨Thanks to Motherland FC team for a beautiful game and excellent sportsmanship!
🤝Thanks to our sponsor, Matrix Ark