Soulflow with Evelyn

Soulflow with Evelyn Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Soulflow with Evelyn, Yoga studio, Singapore.

Women’s Wellness Through YOGA ✨

International Certified Yoga Instructor🧘‍♀️

Your Burmese Yoga Sister In Singapore🇸🇬

80 Hrs Advanced Yoga Teacher & 200 Hr YTTC🧘‍♀️✨

“မအားလို့ Yoga မလုပ်ဖြစ်ဘူး…”ဒီစကားကို အမျိုးသမီးတော်တော်များများ ပြောမိတတ်ကြပါတယ်။တကယ်လည်း မအားကြတာပါပဲ။အလုပ်တာဝန်တွေရှ...
20/09/2026

“မအားလို့ Yoga မလုပ်ဖြစ်ဘူး…”

ဒီစကားကို အမျိုးသမီးတော်တော်များများ ပြောမိတတ်ကြပါတယ်။

တကယ်လည်း မအားကြတာပါပဲ။

အလုပ်တာဝန်တွေရှိတယ်။
အိမ်မှုကိစ္စတွေရှိတယ်။
မိသားစုအတွက် ဂရုစိုက်ပေးရတယ်။
တစ်နေ့တာကုန်ဆုံးသွားတဲ့အခါ ကိုယ့်အတွက်အချိန်က နောက်ဆုံးမှပဲ ကျန်တတ်ပါတယ်။

ဒါပေမယ့် ကိုယ့်ကျန်းမာရေးနဲ့ စိတ်အေးချမ်းမှုအတွက် Yoga လုပ်ဖို့ တစ်ပတ်လုံး အချိန်ပေးစရာမလိုပါဘူး။

တစ်ပတ်မှာ ၂ ရက်လောက်ကနေ စလို့ရပါတယ်။

တစ်ခါတလေ ဘဝကိုပြောင်းလဲဖို့ အချိန်အများကြီး မလိုပါဘူး။
နေ့စဉ်ဘဝထဲမှာ ကိုယ့်အတွက် နေရာလေးတစ်ခု ဖန်တီးပေးနိုင်ဖို့ပဲ လိုတာပါ။ 💐

အလုပ်တွေ၊ တာဝန်တွေကြားကနေ Yoga mat လေးပေါ် ပြန်ရောက်လာတဲ့ အဲဒီ ၂ - ၃ ရက်ဟာ

သူမရဲ့ တစ်ပတ်ထဲမှာ
ကိုယ့်ခန္ဓာကိုယ်၊ ကိုယ့်စိတ်နဲ့ ကိုယ့်အတွက်
ရွေးချယ်ထားတဲ့ အဖိုးတန်နေ့လေးတွေပါ။ 🤍

ကိုယ့်အတွက် အချိန်ပေးတာဟာ အတ္တကြီးတာမဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို ပြန်လည်ဂရုစိုက်ဖို့ လိုအပ်တာပါ။🌷

📌 မအားလည်း အချိန်မရ ရအောင် ယောဂကို အချိန်ပေး လေ့ကျင့်ရင်း အားစိုက် ကြိုးစားပေးတဲ့ တို့ Yogini အလှကလေး 🌸🥰

Your Yoga Sister
Soulflow with Evelyn

ကိုယ်ထင်ထားတာထက် ပိုလုပ်နိုင်ပါတယ် 🤍တစ်ခါတလေ အမျိုးသမီးတွေဟာကိုယ့်ရဲ့ အားထုတ်နိုင်စွမ်း၊ကြိုးစားနိုင်စွမ်းနဲ့ ခံနိုင်ရည်...
19/09/2026

ကိုယ်ထင်ထားတာထက် ပိုလုပ်နိုင်ပါတယ် 🤍

တစ်ခါတလေ အမျိုးသမီးတွေဟာ
ကိုယ့်ရဲ့ အားထုတ်နိုင်စွမ်း၊
ကြိုးစားနိုင်စွမ်းနဲ့ ခံနိုင်ရည်တွေကို
ကိုယ်တိုင်တောင် လျှော့တွက်မိတတ်ကြတယ်။

Yoga လေ့ကျင့်တဲ့အချိန်မှာလည်း အတူတူပါပဲ။

ပထမဆုံးမြင်လိုက်ရင်
“ဒါကို ငါ လုပ်နိုင်ပါ့မလား…”လို့ထင်ရတဲ့ Pose တစ်ခုကို

တစ်ကြိမ်…
နှစ်ကြိမ်…
မရသေးရင် နောက်တစ်ကြိမ်… အလျှော့မပေးဘဲ ဆက်ကြိုးစားရင်း တစ်နေ့မှာ ကိုယ်တိုင် ထိန်းထားနိုင်လာတယ်။

အဲ့ဒီအချိန်မှာ သိလာတာက ပြောင်းလဲသွားတာ ခန္ဓာကိုယ် တစ်ခုတည်း မဟုတ်ဘူး။

“ငါ လုပ်နိုင်တယ်” ဆိုတဲ့
ကိုယ့်အပေါ် ယုံကြည်မှုလည်း
တဖြည်းဖြည်း ကြီးထွားလာတာပါ။ 🤍

🌱Yoga က ကျွန်မတို့ကိုခန္ဓာကိုယ် ပျော့ပျောင်းလာအောင်ပဲ သင်ပေးတာမဟုတ်ဘူး။

📌မရသေးတဲ့အရာတစ်ခုကို
စိတ်ရှည်ရှည်နဲ့ ဆက်ကြိုးစားဖို့၊
လဲကျရင် ပြန်ထဖို့၊
ခက်ခဲလာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို
အလွယ်တကူ လက်မလျှော့ဖို့လည်း သင်ပေးတယ်။

ဒီနေ့ မလုပ်နိုင်သေးတာဟာ ကိုယ့်ရဲ့ အကန့်အသတ် မဟုတ်ပါဘူး။

ဒီနေ့ ရောက်နေတဲ့နေရာကလည်း ကိုယ်ရောက်နိုင်သမျှရဲ့ အဆုံးမဟုတ်ပါဘူး။

အမျိုးသမီးတစ်ယောက်အနေနဲ့
ကိုယ်ထင်ထားတာထက် ပိုပြီး အားထုတ်နိုင်ပါတယ်။
ပိုပြီး ကြိုးစားနိုင်ပါတယ်။
ပိုပြီး ခံနိုင်ရည်ရှိပါတယ်။🤍

တစ်ခါတလေ
လိုအပ်တာက
ကိုယ့်ကိုယ်ကို နည်းနည်းလေးပိုယုံကြည်ပေးဖို့ပဲ။ 🤍

ချစ်ရတဲ့ အမျိူးသမီးတို့ရေ 🤍
မိမိတို့ ရဲ့ လုပ်နိုင်စွမ်းကို မလျှော့တွက်ပါနဲ့။
သင်ထင်ထားတာထက် သင်ပိုပြီး လုပ်နိုင်ပါတယ်။ 🧘🏻‍♀️✨

🎀ချစ်ရတဲ့ တို့ Yogini မမရဲ့ ယောဂလေ့ကျင့်ထားတဲ့ပုံလေးတွေကို ဝေမျှပေးရင်း ကျေးဇူးအများကြီးတင်ပါတယ် မမရေ။

Your Yoga Sister
Soulflow with Evelyn

“Yoga လုပ်ချင်တယ်ရှင့်…ဒါပေမယ့် ကျွန်မက အကြောအရမ်းတင်းတယ်။Yoga က အရမ်းခက်မယ်ထင်လို့ မစရဲသေးဘူး…” တီချယ် ရယ်…ဒီလို messag...
17/09/2026

“Yoga လုပ်ချင်တယ်ရှင့်…
ဒါပေမယ့် ကျွန်မက အကြောအရမ်းတင်းတယ်။
Yoga က အရမ်းခက်မယ်ထင်လို့ မစရဲသေးဘူး…” တီချယ် ရယ်…

ဒီလို message လေးတွေ ကျွန်မဆီ ရောက်လာတဲ့အခါ ကျမအမြဲပြန်ပြောချင်တာ တစ်ခုပဲရှိပါတယ်….🤍

Yoga စ ထိတွေ့ဖို့ ကျွန်မတို့ ခန္ဓာကိုယ်က ပျော့နေဖို့ မလိုပါဘူးနော်။

တကယ်တော့
မပျော့သေးလို့ပဲ Yoga ကို စလေ့ကျင့်တာပါ။

အခုမှစတဲ့အချိန်မှာ
Forward Fold လုပ်ရင် လက်က ခြေထောက်နားတောင် မရောက်ဘူး။
Downward Dog မှာ ခြေဖနောင့်က မြေမချဘူး။
Hip တွေက တင်းတယ်။
Hamstring တွေက တင်းပြီး ပြန်ဆွဲနေတယ်။

တစ်ခါတလေ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး
“ငါတော့ Yoga လုပ်လို့ရမယ့်ပုံ မပေါ်ဘူး…” လို့တောင် ထင်မိနိုင်ပါတယ်။

ဒါပေမယ့် အဲ့ဒါက အစပဲရှိပါသေးတယ်။

Yoga လေ့ကျင့်ရင်းနဲ့
🌳ကိုယ့်ခန္ဓာကိုယ်က movement တွေကို တဖြည်းဖြည်း နားလည်လာတယ်။

🌱တင်းနေတဲ့နေရာတွေကို သတိထားတတ်လာတယ်။
✅အသက်ရှူရင်းနဲ့ body ကို relax လုပ်တတ်လာတယ်။
🤍အရင်က မရောက်နိုင်တဲ့နေရာကို တစ်နေ့မှာ နည်းနည်းပိုရောက်လာတယ်။

🌸အဲ့ဒီ “နည်းနည်းလေး” တွေကပဲ
တစ်ချိန်မှာ ကိုယ့်ရဲ့ ကြီးမားတဲ့ Progress ဖြစ်လာတာပါ။ 🤍

📌ပြီးတော့ Beginner တွေ အများဆုံးမေးကြတဲ့..

“ဘယ်နှစ်လလောက် လေ့ကျင့်ရင် အကြောပျော့လာမလဲ?”

ဒီမေးခွန်းကိုတော့
“၂ လ” “၃ လ” “၆ လ” ဆိုပြီး ကျမ မဖြေချင်ပါဘူး။

ဘာလို့လဲဆိုတော့ လူတိုင်းရဲ့ ခန္ဓာကိုယ်က မတူကြလို့ပါ။

တချို့လူတွေက အလွယ်တကူ range ရလာနိုင်တယ်။
တချို့က တစ်နေရာတည်းမှာ အချိန်ကြာကြာ လေ့ကျင့်ရတယ်။

📌အရေးကြီးတာက
ဘယ်သူက ပိုမြန်လဲဆိုတာ မဟုတ်ပါဘူး။

ကိုယ့်ခန္ဓာကိုယ်ကို
ကိုယ်ဘယ်လောက် စိတ်ရှည်ပေးနိုင်လဲဆိုတာပါ။

ကျမကိုယ်တိုင်လည်း Practice လုပ်လာရင်း
“Pose ရလာတာ” ထက်
ကိုယ့်ခန္ဓာကိုယ်ကို ပိုနားလည်လာတာ ကို ပိုတန်ဖိုးထားတတ်လာပါတယ်။

အကြောပျော့ဖို့ဆိုပြီး
အတင်းဆွဲ၊ အတင်းဖိပြီး မြန်မြန်ရအောင် မလုပ်ပါနဲ့နော်။

Yoga က ကိုယ့်ခန္ဓာကိုယ်ကို အနိုင်ယူရတဲ့ practice မဟုတ်ဘူး။

နားထောင်ရတယ်။
လေးစားရတယ်။
အချိန်ပေးရတယ်။

ဒီနေ့ မရသေးတဲ့ pose ကို နောက်တစ်နေ့မှာ ရနိုင်ပါတယ်။

ဒါပေမယ့် အဲ့ဒီ “နောက်တစ်နေ့” ရောက်ဖို့
ဒီနေ့ကနေ စရမှာပါ။ 🤍

ဒါကြောင့် Yoga စချင်နေတယ်ဆိုရင်တော့…

ပျော့လာတဲ့အထိ မစောင့်ပါနဲ့။

ကိုယ်က မပျော့သေးတဲ့အချိန်မှာပဲ စပါ။
မရသေးတဲ့ pose တွေနဲ့ပဲ စပါ။
မပြည့်စုံသေးတဲ့ ကိုယ့်ခန္ဓာကိုယ်နဲ့ပဲ စပါ။

တစ်နေ့ကျရင်
အခု မရသေးတဲ့အရာတစ်ခုကို
“ဟယ်… ဒါတောင် အခုတော့ လုပ်နိုင်လာပြီပဲ”
ဆိုပြီး ကိုယ်တိုင်ပြန်ပြုံးမိတဲ့နေ့ ရောက်လာပါလိမ့်မယ်။ 🤍

Yoga က ခန္ဓာကိုယ်ကို ပျော့လာအောင် လုပ်ပေးရုံမဟုတ်ဘူး။
ကိုယ့်ခန္ဓာကိုယ်ကို စိတ်ရှည်ရှည်နဲ့ ချစ်တတ်လာအောင်လည်း သင်ပေးပါတယ်။ 🧘🏻‍♀️🤍

အခုမှ Yoga စမယ့်သူဆိုရင် ဒီ Post လေးကို Save ထားပါနော်။

Yogis တို့ရော ယောဂကျင့်ပြီး ဘယ်လို စခံစားဖူးခဲ့ကြလဲ ပြောပြပါဦး 🤭🫣

ဒီစာလေးကို ပြန်ဖတ်ပြီး
“ဟုတ်တယ်… အဲ့ဒီနေ့ကနေ စခဲ့တာ”လို့ ပြန်ပြောကြမယ်နော်။ 🤍

Your Yoga Sister
Soulflow with Evelyn

11/09/2026

Full Split ကို လေ့ကျင့်နေတာကြာပြီ…
ဒါပေမယ့် အခုထိ မရသေးဘဲ ကြာနေလို့ စိတ်ညစ်နေလား? 🤍

နေ့တိုင်းနီးပါး Stretch လုပ်တယ်…
Split လေ့ကျင့်တယ်…
ဒါပေမယ့် ကိုယ့်ရဲ့ Split က အောက်ကို သိသိသာသာ မဆင်းလာဘူးဆိုရင်…

“ငါ့ခန္ဓာကိုယ်က Flexibility မရှိတာလား?”
“ငါ လေ့ကျင့်တာ မလုံလောက်သေးတာလား?”
ဆိုပြီး တွေးမိတတ်ပါတယ်။

ကျမလည်း အစတုန်းက အဲ့လိုပါပဲ။ 🌿

Split ရဖို့ဆိုပြီး အောက်ကိုပဲ ပိုရောက်အောင်ဖိချနိုင်ဖို့ပဲ အာရုံစိုက်ခဲ့ကြဖူးတယ်ဟုတ်?…

ဒါပေမယ့် ကိုယ်တိုင်လေ့ကျင့်လာရင်း၊ သင်ယူလာရင်းနဲ့ သဘောပေါက်လာတာက

Split ဆိုတာ အောက်ကို ဘယ်လောက်ချနိုင်လဲဆိုတာတစ်ခုတည်း မဟုတ်ပါဘူး။

ကိုယ့်ရထားတဲ့ range ထဲမှာ
ခန္ဓာကိုယ်ကို ဘယ်လိုထိန်းထားလဲ၊
ဘယ်နေရာတွေကို ဘယ်လို Engage လုပ်ထားလဲ၊
Alignment ကို ဘယ်လောက်ကောင်းကောင်း ထိန်းထားနိုင်လဲ ဆိုတာတွေလည်း အရေးကြီးပါတယ်။ 🤍

ဒါကြောင့် Full Split ထဲရောက်တဲ့အခါ
ကိုယ့်ကိုယ်ကို ဒီလေးခု ပြန်စစ်ကြည့်ပါနော်။

✨ Front Leg
ခြေဖနောင့်ကို ရှေ့ဘက်ဆန့်ထုတ်နေသလိုထားပြီး ခြေထောက်ကို active ဖြစ်အောင် ထိန်းထားပါ။

✨ Back Leg
နောက်ခြေထောက်ကို နောက်ဘက်ရှည်ရှည် ဆန့်ထုတ်ထားပြီး လွှတ်မထားဘဲ active ဖြစ်အောင်ထားပါ။

✨ Hips
ပိုနက်သွားဖို့ဆိုပြီး တင်ပါးကို တစ်ဖက်လှည့်ပြီး compensate မလုပ်မိအောင် သတိထားပါ။ ကိုယ့် range ထဲမှာ တည်ငြိမ်အောင် ထိန်းထားဖို့ ကြိုးစားပါ။

✨ Core
Core ကို နည်းနည်း engage လုပ်ထားပေးရင်ခန္ဓာကိုယ်ကို ပိုတည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်။

ပြီးတော့ Block သုံးတာကိုလည်း မကြောက်ပါနဲ့နော်။ 🤍

Block က ကိုယ့်ကို ပိုနက်အောင် တွန်းချဖို့အတွက် မဟုတ်ပါဘူး။

ကိုယ့်ရဲ့ လက်ရှိ range ထဲမှာ
Alignment + Control ကောင်းကောင်းနဲ့ လေ့ကျင့်နိုင်ဖို့ Support ပေးတာပါ။

ကျမအတွက်တော့ ဒီလို Active Split အနေနဲ့ စဉ်းစားပြီး လေ့ကျင့်လာတာက…..

“Split ကို ပိုရဖို့ ဖိချရမယ်” ဆိုတဲ့ စိတ် ကနေ
“Split ကို ပိုကောင်းကောင်း Control လုပ်နိုင်ရမယ်”
ဆိုတဲ့ စိတ်လေး ကို ပြောင်းသွားစေပါတယ်။ 🌿

ဒါကြောင့် နောက်တစ်ခါ Split လုပ်တဲ့အခါ အောက်ကိုပဲ ဘယ်လောက်ချနိုင်လဲဆိုတာတစ်ခုတည်း မကြည့်ဘဲ…

Front Leg ✓
Back Leg ✓
Hips ✓

Core ✓
ဒါလေးတွေ ပြန်စစ်ကြည့်ပါနော်။ 🤍

တစ်ခါတလေ ကိုယ်မရသေးတာက
လေ့ကျင့်တာ မလုံလောက်လို့ မဟုတ်ဘဲ…
လေ့ကျင့်တဲ့အချိန်မှာ ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လိုအသုံးချရမလဲ မသိသေးလို့လည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်ကို ဖိအားပေး အတင်းမတွန်းဘဲ နည်းနည်းချင်းစီ နားလည်ပြီး လေ့ကျင့်ကြရအောင်နော်။ 🧘🏻‍♀️🤍

Slow progress is still progress. 🌿

ဒီနေ့ Split မရသေးတာက မနက်ဖြန်လည်း မရနိုင်ဘူးလို့ မဆိုလိုပါဘူး။

ကိုယ့်ရဲ့ Split journey ကို
ကိုယ်ပဲ စိတ်ရှည်ရှည်နဲ့ ဆက်လျှောက်ပါ။ 🤍

📌 နောက်တစ်ခါ Split practice မလုပ်ခင် ပြန်ကြည့်ဖို့ save ထားနော်။

🤍 Share with your yoga buddy Split လေ့ကျင့်နေတဲ့သူရှိရင် သူ့အတွက်လည်း အသုံးဝင်နိုင်ပါတယ်။

နောက် Video မှာတော့ Full Split မလုပ်ခင် ခန္ဓာကိုယ်ကို ဘယ် Yoga Poses တွေနဲ့ အရင်ပြင်ဆင်ပေးသင့်လဲ ဆိုတာ ဆက်မျှဝေပေးမယ်နော်။ 🧘🏻‍♀️✨

Your Yoga Sister,
Soulflow with Evelyn

“အိမ်နဲ့ အဝေးမှာ ကိုယ့်ဘဝကိုယ် တည်ဆောက်နေကြတဲ့ မိန်းကလေးတွေအတွက်…”ဒီရက်ပိုင်းမှာ ကျွန်မရဲ့ ဒီyoga lifestyle sharing page...
10/09/2026

“အိမ်နဲ့ အဝေးမှာ ကိုယ့်ဘဝကိုယ် တည်ဆောက်နေကြတဲ့ မိန်းကလေးတွေအတွက်…”

ဒီရက်ပိုင်းမှာ ကျွန်မရဲ့ ဒီyoga lifestyle sharing page လေးကနေ အမျိုးသမီးလေးတွေနဲ့ စကားပြောဖြစ်ရင်း အရင်ကထက် ပိုသတိထားမိလာတဲ့အရာလေး တစ်ခုရှိပါတယ်။

အိမ်နဲ့ဝေးတဲ့နေရာ၊
ချစ်တဲ့ မိသားစုနဲ့ဝေးတဲ့နေရာ၊
ကိုယ့်နိုင်ငံနဲ့ဝေးတဲ့နေရာမှာ
ကိုယ့်ဘဝအတွက် အလုပ်လုပ်ရင်း
ရုန်းကန်ကြိုးစားနေကြတဲ့ မိန်းကလေးတွေက
အားလပ်ချိန်လေးရရင်
Yoga လေးလုပ်ချင်တယ်၊
ကိုယ်လက်လှုပ်ရှားမှုလေးလုပ်ချင်တယ်၊
ကိုယ့်အတွက် အချိန်လေးပေးချင်တယ်ဆိုပြီး လာမေးလာကြတာ ပိုများလာတယ်။

အဲ့ဒီလို မေးလာကြတာလေးတွေကို မြင်ရတိုင်း
ကျွန်မ တကယ်ပဲ ပျော်မိပါတယ်။

Yoga ကို စိတ်ဝင်စားလာကြလို့တင် မဟုတ်ပါဘူး။

ကိုယ့်အတွက်လည်း အချိန်ပေးရမယ်ဆိုတာ
တဖြည်းဖြည်း သတိထားလာကြတာကို မြင်ရလို့ပါ။

တကယ်တော့ နိုင်ငံခြားမှာ တစ်ယောက်တည်း ရပ်တည်ပြီး အလုပ်လုပ်ရတဲ့ဘဝက လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။

မနက်ဆို အလုပ်သွား၊
အလုပ်ပြီးရင် ကိုယ့်တာဝန်တွေကို ကိုယ်ဆက်လုပ်၊ လကုန်ရင် အသုံးစရိတ်တွေတွက်၊
မိသားစုအတွက်လည်း စဉ်းစား ထောက်ပံ့ရ၊
ကိုယ့်အနာဂတ်အတွက်လည်း စီစဉ်…

ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ ကိုယ့်ဘဝကို ရှေ့ဆက် တည်ဆောက်နေကြရတယ်။

တစ်ခါတလေ အရမ်းပင်ပန်းနေပေမယ့်
နားဖို့အတွက်တောင် အချိန်မပေးဖြစ်ဘူး။

အိမ်ကိုလွမ်းနေပေမယ့်
“အလုပ်ရှိသေးတယ်” ဆိုပြီး ဆက်လုပ်ရတယ်။

စိတ်မကောင်းဖြစ်နေပေမယ့် ဘယ်သူ့ကိုမှ မပြောဖြစ်ဘဲ ကိုယ့်ဘာသာကိုယ် ဖြတ်သန်းလိုက်ရတဲ့နေ့တွေလည်း ရှိတတ်တယ်။

အဲ့ဒီလိုနဲ့
ဘဝအတွက် ကြိုးစားရင်း
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ကို
တဖြည်းဖြည်း မေ့သွား/ မေ့ထားတတ်ကြတယ်။

ဒါကြောင့် အခုလို
အားလပ်ချိန်လေးရတဲ့အခါ “ဒီအချိန်လေးကို ကိုယ့်အတွက် ဘာလုပ်ပေးရမလဲ” ဆိုပြီး ပြန်စဉ်းစားလာကြတာကို ကျွန်မ သဘောကျတယ်။

Yoga လေး ကျင့်တာဖြစ်ဖြစ်၊
လမ်းလျှောက်တာဖြစ်ဖြစ်၊
ပြေးတာဖြစ်ဖြစ်
ကိုယ်ကြိုက်တဲ့ exercise လေးတစ်ခုဖြစ်ဖြစ်၊
ဒါမှမဟုတ် ဘာမှမလုပ်ဘဲ
အေးအေးဆေးဆေး နားနေတာပဲဖြစ်ဖြစ်…

ကိုယ့်အတွက် အချိန်ပေးတတ်လာတာက
အရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်။

ကျွန်မရဲ့ ဒီ yoga sharing page လေးကနေ
Yoga တစ်ခုတည်းမဟုတ်ဘဲ
နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်တတ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့၊
ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ဖြစ်ဖို့၊
ကျန်းမာတဲ့ lifestyle လေးတစ်ခု တည်ဆောက်နိုင်ဖို့ ကျွန်မသိသလောက်၊ ခံစားမိသလောက်
မျှဝေပေးနေရတာကို တကယ်ကျေနပ်မိပါတယ်။

အထူးသဖြင့်
အိမ်နဲ့ဝေးပြီး ကိုယ့်ဘဝအတွက် ကြိုးစားနေကြတဲ့ မိန်းကလေးတွေနဲ့ ဒီလိုအရာလေးတွေကို
မျှဝေပေးခွင့်ရနေတာက ကျွန်မအတွက် ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။

ဘာလို့လဲဆိုတော့
ကျွန်မတို့အားလုံးက တစ်ခုခုကို ရဖို့အတွက်
တစ်ခုခုကို အမြဲပေးဆပ်နေရတတ်ကြတယ်။

အနာဂတ်ကောင်းတစ်ခုရဖို့
လက်ရှိအချိန်တွေကို ပေးဆပ်ရတယ်။

မိသားစုအတွက်
ကိုယ့်အချိန်တွေကို ပေးဆပ်ရတယ်။

အိပ်မက်တွေအတွက်
ပင်ပန်းမှုတွေကို ခံယူရတယ်။

ဒါပေမယ့်…

အဲ့ဒီအရာတွေအားလုံးကို ရဖို့ကြိုးစားရင်း
ကိုယ့်ကိုယ်ကိုယ်တော့ မဆုံးရှုံးသွားစေချင်ဘူး။

ကိုယ့်အတွက်လည်း
နည်းနည်းလေးဖြစ်ဖြစ် နေရာချန်ထားပေးပါ။

အားလပ်ချိန်လေးရရင်
ကိုယ့်ခန္ဓာကိုယ်ကို လှုပ်ရှားပေးပါ။
စိတ်ကို နားခိုခွင့်ပေးပါ။
ကိုယ်တကယ်ကြိုက်တဲ့အရာလေးတစ်ခု လုပ်ပေးပါ။

အဲ့ဒါတွေက အချိန်ဖြုန်းတာမဟုတ်ပါဘူး။

ကိုယ်တိုင် ဒီဘဝကို ဆက်လျှောက်နိုင်ဖို့
ကိုယ့်ကိုယ်ကိုယ် ပြန်အားဖြည့်ပေးနေတာပါ။ 🤍

အဝေးမှာ ဘယ်လောက်ပဲ ကြိုးစားနေရပါစေ…

မိသားစုကို မမေ့သလို
ကိုယ့်ကိုယ်ကိုယ်လည်း မမေ့ပါနဲ့။

ဘဝကို ပိုကောင်းအောင် တည်ဆောက်ရင်း
အဲ့ဒီဘဝထဲမှာ ကိုယ်တိုင်လည်း
ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိနေနိုင်ဖို့
မမေ့ကြရအောင်နော်။ 🌿

ကျွန်မရဲ့ Yoga page လေးကနေလည်း
Yoga နဲ့ lifestyle လေးတွေကို ကျွန်မတတ်နိုင်သလောက် ဆက်ပြီး မျှဝေပေးနေပါဦးမယ်။

မိသားစုနဲ့ အဝေး ၊ မွေးရပ်မြေရဲ့ အဝေးမှာ ရုန်းကန် နေကြပေမယ့် ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်ဖို့ မမေ့ကြတဲ့မိန်းကလေးတွေအားလုံးအတွက်… 🤍

Your Yoga Sister
Soulflow with Evelyn

#ကိုယ့်အတွက်အချိန်ပေးပါ #ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ #အဝေးမှာနေကြရင်း #မိန်းကလေးတွေအတွက် #ယောဂနဲ့နေ့စဉ်ဘဝ

အမျိုးသမီးတစ်ယောက်အနေနဲ့ Yoga ကို ဘာကြောင့် လေ့ကျင့်သင့်လဲ? 🧘🏻‍♀️Yoga ဆိုတာ flexibility ရဖို့၊ Split ရဖို့၊ pose လှလှလေး...
09/09/2026

အမျိုးသမီးတစ်ယောက်အနေနဲ့ Yoga ကို ဘာကြောင့် လေ့ကျင့်သင့်လဲ? 🧘🏻‍♀️

Yoga ဆိုတာ flexibility ရဖို့၊ Split ရဖို့၊ pose လှလှလေးတွေရဖို့ အတွက်ပဲ မဟုတ်ပါဘူး။ 🌿

ပုံမှန်လေ့ကျင့်လာတဲ့အခါ
ကိုယ့်ခန္ဓာကိုယ်ကို ပိုနားလည်လာတယ်၊
ပိုအားကောင်းလာတယ်၊
ပိုထိန်းချုပ်နိုင်လာတယ်၊
ပြီးတော့ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်တတ်လာတယ်။ 🤍

Yoga ရဲ့ အကျိုးကျေးဇူးတွေကို တစ်ခုချင်းစီ ပိုသစေဖို့ ဒီပုံ လေးတွေကို ဆက်ကြည့်ပေးနော်။

ပြီးတော့ Yoga မှာ အရေးကြီးဆုံးက…

Perfect ဖြစ်ဖို့မဟုတ်ဘူး။
Consistency နဲ့ ကိုယ့်ကိုယ်ကို တဖြည်းဖြည်း ပိုကောင်းလာအောင် ဂရုစိုက်ဖို့ပါ။ 🌱

ဒီနေ့ ကိုယ့်အတွက် 10–15 minutes လောက်ပဲဖြစ်ဖြစ် အချိန်လေးပေးကြည့်ပါ။ 🫶🏻

Yoga is not about being perfect.
It’s about becoming more connected with yourself. 🤍

အမျိူးသမီးတို့ရော Yoga ကို ဘာကြောင့် စလေ့ကျင့် ဖြစ်ခဲ့တာလဲ? ပြောပြဦးနော် 💭

Your Yoga Sister
Soulflow with Evelyn

အမျိုးသမီးတွေက သူများအတွက် အချိန်ပေးဖို့ အရမ်းကျွမ်းကျင်ကြတယ်ဟုတ် ….ကိုယ့်အတွက် အချိန်ပေးဖို့ပဲ တစ်ခါတလေ မေ့နေတတ်ကြတယ်။🫧...
05/09/2026

အမျိုးသမီးတွေက သူများအတွက် အချိန်ပေးဖို့ အရမ်းကျွမ်းကျင်ကြတယ်ဟုတ် ….

ကိုယ့်အတွက် အချိန်ပေးဖို့ပဲ တစ်ခါတလေ မေ့နေတတ်ကြတယ်။🫧

ကျွန်မတို့ အမျိုးသမီးတော်တော်များများက ကိုယ့်ခန္ဓာကိုယ်အပေါ်မှာ အရမ်းတောင်းဆိုတတ်ကြတယ်။

“ဒီလောက်တော့ ရသင့်နေပြီ…”
“သူကရတယ်၊ ငါကဘာလို့ မရတာလဲ…”
“နည်းနည်းထပ်ဖိလိုက်ရင် ရမယ်ထင်တယ်…”

ဒါပေမယ့် Yoga ကို ကိုယ်တိုင်လည်း လေ့ကျင့်လာရင်း ကျွန်မနားလည်လာတာက…

ခန္ဓာကိုယ်ဆိုတာ အတင်းအကျပ်ခိုင်းလို့ ပိုမြန်မြန် opening ဖြစ်လာတာ၊ ပိုပျော့လာတာမဟုတ်ဘူးရယ်။
လုံခြုံတယ် လို့ ခံစားရတဲ့အခါမှ၊ ဘေးကင်းပြီလို့ လျှော့ချလိုက်မှ တဖြည်းဖြည်း ပိုopening ဖြစ်ပေးလာတာပါ။

ယောဂ လေ့ကျင့်တဲ့အချိန်မှာလည်း ဘယ်လောက်ထိ လုပ်ပြသွားနိုင်လဲဆိုတာထက် “ဒီနေ့ ကိုယ့်ခန္ဓာကိုယ်က ဘာပြောနေလဲ” ဆိုတာကို နားထောင်စေချင်တယ်။

တချို့နေ့တွေမှာ အများကြီးတိုးတက်လာတယ်။
တချို့နေ့တွေမှာ မနေ့ကလောက်တောင် မရောက်ဘူး။
ဒါလည်း ပုံမှန်ပါပဲ။

အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် သူများနဲ့မနှိုင်းဘဲ၊ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင် နားလည်လာဖို့ပါ။ 🤍

Yoga mat ပေါ်မှာ ကိုယ့်အတွက် တစ်နာရီလောက် အချိန်ပေးလိုက်တာ ခန္ဓာကိုယ်ကို ပိုပျော့ပြောင်းလာစေတာထက် ပိုပါတယ်။

ကိုယ့်ကိုယ်ကိုယ် နည်းနည်းပိုချစ်တတ်လာတယ်။
ကိုယ့်ခန္ဓာကိုယ်ကို နည်းနည်းပိုယုံလာတယ်။
ပြီးတော့ ကိုယ့်အတွက် အချိန်ပေးတာဟာ မပိုလွန်းဘူးဆိုတာလည်း သိလာတယ်။ 🌸

အမျိုးသမီးတစ်ယောက်အနေနဲ့
သူများအတွက်ပဲ အချိန်ပေးမနေဘဲ
ကိုယ့်အတွက်လည်း အချိန်လေးတစ်ချို့ ချန်ထားပေးပါ။

Yoga က ခန္ဓာကိုယ်ကိုပဲ ပြောင်းလဲပေးတာမဟုတ်ဘူး…
ကိုယ့်ခန္ဓာကိုယ်ကို နားထောင်တတ်ဖို့၊
ကိုယ့်ကိုယ်ကိုယ် နားလည်တတ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ပိုနူးညံ့စွာ ဆက်ဆံတတ်ဖို့ပါ သင်ပေးပါတယ်။ 🧘🏻‍♀️🤍

အမျိူးသမီးတို့ရော “ ယောဂ” ကျင့်ခြင်းက တကယ်ရော ဘာအနှစ်သာရတွေ ထိတွေ့ ခံစားမိကြလဲ ပြောပြပါဦး 🤩

Your Yoga Sister
Soulflow with Evelyn

Savasana ရဲ့ အနှစ်သာရကို တကယ်ရော ခံစားဖူးလား… 🧘🏻‍♀️✨Yoga မှာ အခက်ဆုံး Pose က Savasana ဖြစ်နေနိုင်ပါတယ်။ဘာလို့လဲဆိုတော့…တ...
01/09/2026

Savasana ရဲ့ အနှစ်သာရကို တကယ်ရော ခံစားဖူးလား… 🧘🏻‍♀️✨

Yoga မှာ အခက်ဆုံး Pose က Savasana ဖြစ်နေနိုင်ပါတယ်။

ဘာလို့လဲဆိုတော့…
တခြား ပိုစ့် တွေလို ကိုယ့်ကိုယ်ကို ပိုပြီး ကြိုးစားခိုင်းစရာမလိုဘဲ စိတ်ရော ခန္ဓာကိုယ်ပါ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေး နေတတ်ဖို့ သင်ယူရတာမို့ပါ။

Savasana ဆိုတာ Sanskrit စကားလုံးဖြစ်ပြီး
“Shava” က သေဆုံးနေတဲ့ ခန္ဓာကိုယ် (Corpse)၊
“Asana” က ကိုယ်ဟန်အနေအထား (Pose) လို့ အဓိပ္ပါယ်ရပါတယ်။

ဒါကြောင့် Savasana ကို “Corpse Pose” ( အလောင်းကောင်ပိုစ့်) လို့ ခေါ်ကြတာပါ။

ဒါပေမဲ့ Savasana ရဲ့ အဓိပ္ပါယ်က သေဆုံးနေသလို လှဲနေရုံလေး မဟုတ်ပါဘူး။

ယောဂ လေ့ကျင့်မှူ တစ်ခုလုံးမှာ အသုံးပြုခဲ့တဲ့ ခန္ဓာကိုယ်ကို အနားပေးပြီး စိတ်ထဲမှာ တစ်ချိန်လုံး လှုပ်ရှားနေတဲ့ အတွေးတွေကိုလည်း ခဏလောက် ငြိမ်သက်ခွင့်ပေးလိုက်တာပါ။

Backbend, Inversion, Arm Balance တွေကိုတော့ “ရအောင်လုပ်မယ်” ဆိုတဲ့စိတ်နဲ့ ကြိုးစား တတ်ကြတယ်။

Strength တိုးလာအောင် လေ့ကျင့်တယ်။
Flexibility ပိုကောင်းလာအောင် stretch လုပ်တယ်။
Balance ပိုကောင်းလာအောင် ထပ်ခါထပ်ခါ လေ့ကျင့်တယ်။

ဒါပေမဲ့ Practice အဆုံးမှာ
ဘာမှမလုပ်ဘဲ လှဲနေရတဲ့ Savasana ရောက်လာတဲ့အခါ…

“အချိန်မရှိတော့ဘူး”
“ဒီနေ့ မလုပ်လည်း ရပါတယ်”

ဆိုပြီး ကျော်သွားမိတတ်ကြတယ် မဟုတ်လား။ 🤍

တကယ်တော့ Savasana က yoga class ပြီးခါနီးမှာ ထည့်ပေးထားတဲ့ Pose တစ်ခုထက် ပိုပါတယ်။

တစ်နာရီလောက် အလုပ်လုပ်ခဲ့တဲ့ ခန္ဓာကိုယ်ကို
“အခုတော့ နားလို့ရပြီ” လို့ ပြောပေးတဲ့အချိန်ပါ။

ပခုံးတွေကို လျှော့လိုက်ပါ။
မေးရိုးကို ဖြေလျှော့လိုက်ပါ။
လက်တွေ၊ ခြေထောက်တွေကို အနားပေးလိုက်ပါ။
အသက်ရှူတာကိုတောင် အတင်းထိန်းချုပ်နေစရာ မလိုတော့ပါဘူး။

ဒီအချိန်မှာ
ဘာ Pose ကိုမှ ရအောင်လုပ်စရာ မလိုတော့ဘူး။
ဘာကိုမှ သက်သေပြစရာလည်း မလိုတော့ဘူး။

“ဒီနေ့ ယောဂလေ့ကျင့်မှူ ကောင်းရဲ့လား…”
“ဒီ Pose ရသွားပြီလား…”
“Flexibility တိုးလာရဲ့လား…”

အဲ့ဒီအတွေးတွေကိုလည်း ခဏလောက် ဘေးဖယ်ထားလိုက်ပါ။ 🤍

ဒီနေ့ ကိုယ့်ခန္ဓာကိုယ်က
ကိုယ်ခိုင်းသမျှကို လိုက်လုပ်ပေးခဲ့တယ်။

တစ်ခါတလေ တင်းခံထားမိခဲ့တယ်။
တစ်ခါတလေ အပြည့်အဝ အကြောလျှော့ပေးခဲ့တယ်။
တစ်ခါတလေ မရသေးတဲ့ Pose တွေကိုတောင်
ထပ်ခါထပ်ခါ ကြိုးစားပေးခဲ့တယ်။

ဒါကြောင့် အဆုံးမှာတော့
ကိုယ့်ခန္ဓာကိုယ်ကို အနားပေးဖို့လည်း ထိုက်တန်ပါတယ်။ 🌿

Yoga မှာ တိုးတက်လာတယ်ဆိုတာ
ပိုနက်ရှိုင်းစွာ ကွေးနိုင်လာတာ၊
ပိုခက်တဲ့ Pose တွေ ရလာတာတစ်ခုတည်း မဟုတ်ပါဘူး။

ဘယ်အချိန်မှာ ကြိုးစားရမလဲ သိလာသလို
ဘယ်အချိန်မှာ လွှတ်ချပြီး အနားယူရမလဲ သိလာတာလည်း Yoga ရဲ့ တိုးတက်မှုတစ်ခုပါ။ 🌙

တစ်ခါတလေ
ကိုယ့်ကိုယ်ကို ထပ်ပြီး push လုပ်ဖို့ထက်
ဘာမှမလုပ်ဘဲ အနားပေးလိုက်တာက
ပိုပြီး လိုအပ်နေတတ်ပါတယ်။

ဒါကြောင့် နောက်တစ်ကြိမ် Mat ပေါ်ရောက်တဲ့အခါ Savasana ကို “နောက်ဆုံးမှာ လှဲနေရုံပဲ” လို့ မမြင်ဘဲ…

ဒီနေ့ ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်အတွက်
ပြန်ပေးတဲ့ အနားယူချိန်လေး လို့ ခံစားကြည့်ပါ။ 🧘🏻‍♀️🤍

Yoga Practice ဆိုတာ Pose တစ်ခုနဲ့ မပြီးဆုံးပါဘူး။

တစ်နာရီလုံး လှုပ်ရှားခဲ့တဲ့ ခန္ဓာကိုယ်၊
ကြိုးစားခဲ့တဲ့ စိတ်တို့
နောက်ဆုံးမှာ ငြိမ်သက်သွားတဲ့အချိန်…

အဲ့ဒီအချိန်မှာမှ
Practice တစ်ခုက ပြည့်စုံသွားတာပါ။ ✨

ဒါနဲ့ တို့ရဲ့ Yogis လေးတွေရော……. 🤍

Savasana ရောက်ရင် ဘာလုပ်လေ့ရှိလဲ?

🧘🏻‍♀️ “Savasana မပါရင် Yoga Class မပြီးသေးဘူး” ဆိုတဲ့သူလား?
😴 “ရောက်တာနဲ့ အိပ်ပျော်သွားတတ်တယ်” ဆိုတဲ့သူလား?
“အချိန်မရှိရင် အမြဲကျော်မိတယ်” ဆိုတဲ့သူလား?
🧘‍♀️တီချယ်တွေရဲ့ savasana ချိန်ကို အမြဲ မျှော်လင့်နေမိတဲ့သူလေးလား?

ကိုယ် စိတ်ထဲက အရှိအတိုင်း Savasana experience လေးကို Comment မှာ မျှဝေပေးခဲ့ပါဦးနော်။ 🤍

Your Yoga Sister
Soulflow with Evelyn

အမျိုးသမီးတွေအတွက် Yoga ဆိုတာခန္ဓာကိုယ်ကို ပိုလှလာစေဖို့သက်သက် မဟုတ်ပါဘူး။ 🩷လေ့ကျင့်ရင်းနဲ့ကိုယ့်ခန္ဓာကိုယ်ကို ပိုနားလည်...
29/08/2026

အမျိုးသမီးတွေအတွက် Yoga ဆိုတာ
ခန္ဓာကိုယ်ကို ပိုလှလာစေဖို့သက်သက် မဟုတ်ပါဘူး။ 🩷

လေ့ကျင့်ရင်းနဲ့
ကိုယ့်ခန္ဓာကိုယ်ကို ပိုနားလည်လာတယ်။
ကိုယ့်အားကို ကိုယ်သိလာတယ်။
မရသေးတာတွေကိုလည်း အလျင်မလိုဘဲ စိတ်ရှည်တတ်လာတယ်။

တစ်နေ့မှာ မလုပ်နိုင်ဘူးထင်ခဲ့တဲ့ pose တစ်ခုကို လုပ်နိုင်လာတဲ့အခါ

“ငါထင်ထားတာထက် ငါပိုသန်မာပါလား…” 🤍

အဲ့ဒီခွန်အားက Yoga mat ပေါ်မှာပဲ မကျန်ခဲ့ဘူး။
နေ့စဉ်ဘဝထဲမှာပါ ကိုယ့်ကိုယ်ကို ပိုယုံကြည်လာတယ်။

တို့ Yogini လေးရဲ့ Yoga practice ၂ လမြောက်ကို ပြန်ကြည့်ရင်း Pose တွေ ပိုလှလာတာထက် ကိုယ့်ကိုယ်ကို ယုံကြည်လာတဲ့ ပုံလေးက ပိုလှပါတယ်။ 🌷

ပိုသန်မာလာတယ်။
ပိုတည်ငြိမ်လာတယ်။
ပြီးတော့ ကိုယ့်ကိုယ်ကို ပိုတန်ဖိုးထားတတ်လာတယ်။ 🩷

အမြဲ ယုံကြည်ပေးကြရင်း ချစ်ခင်လေးစားရင်း ဖြတ်သန်းနေကြရတဲ့ Yoga Journey လေးနဲ့ ဒီ community လေးကို ကျေးဇူးတင်ရသလို ပိုတန်ဖိုးထားရပါတယ်ရှင်။

Your Yoga Sister
Soulflow with Evelyn

Ready to let go 🩷နေ့ရက်တိုင်းက လွယ်ကူမနေခဲ့သလိုနေ့ရက်တိုင်းကလည်း ခက်ခဲမနေခဲ့ပါဘူး။တချို့နေ့တွေမှာ ကိုယ်မျှော်လင့်ထားသလို...
28/08/2026

Ready to let go 🩷

နေ့ရက်တိုင်းက လွယ်ကူမနေခဲ့သလို
နေ့ရက်တိုင်းကလည်း ခက်ခဲမနေခဲ့ပါဘူး။

တချို့နေ့တွေမှာ ကိုယ်မျှော်လင့်ထားသလို ဖြစ်ခဲ့တယ်။
တချို့နေ့တွေမှာတော့ မဖြစ်ခဲ့တဲ့အရာတွေကို လက်ခံရင်း ကိုယ့်ကိုယ်ကိုယ် ပြန်သင်ယူခဲ့ရတယ်။

မဖြစ်သေးတဲ့အရာတွေကို အတင်းဆုပ်ကိုင်ထားတာထက် ဖြစ်ပြီးသားအရာတွေကို လက်ခံပြီး
မလိုအပ်တော့တဲ့ အရာတွေကို တဖြည်းဖြည်း လွှတ်ချတတ်ဖို့လည်း ဘဝက သင်ပေးခဲ့တယ်။

တချို့အရာတွေက ကိုယ့်ဘဝထဲမှာ ဆက်ရှိဖို့ မဟုတ်ဘဲ
ကိုယ့်ကို တစ်ခုခုသင်ပေးဖို့ ရောက်လာခဲ့တာ ဖြစ်နိုင်တယ်။

ဒါကြောင့် ဒီနေ့မှာတော့
မဖြစ်ခဲ့တာတွေအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်တော့ဘူး။
မရခဲ့တာတွေအတွက်လည်း နောင်တမရတော့ဘူး။

What’s meant for me will find me.
And what’s not, I’m ready to let go. 🩷

တစ်ချို့အရာတွေကို လွှတ်ချလိုက်တာက အရှုံးပေးတာမဟုတ်ဘူး။
ကိုယ့်စိတ်အေးချမ်းမှုကို ပြန်ရွေးချယ်လိုက်တာပါပဲ။ 🌷

Soulflow with Evelyn

Address

Singapore

Alerts

Be the first to know and let us send you an email when Soulflow with Evelyn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Soulflow with Evelyn:

Shortcuts

Share

Category