Genesis Esports

Genesis Esports

แชร์

Established in 12/8/2020.We're thriving to achieve success as much as we can. Together,we are Genesis

10/12/2024

"𝗔 𝗛𝗲𝗮𝗿𝘁𝗳𝗲𝗹𝘁 𝗧𝗵𝗮𝗻𝗸 𝗬𝗼𝘂 𝗮𝗻𝗱 𝗙𝗮𝗿𝗲𝘄𝗲𝗹𝗹 𝘁𝗼 𝗢𝘂𝗿 𝗩𝗮𝗹𝘂𝗲𝗱 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀"

𝗚𝗘 ရဲ့ 𝗘𝘀𝗽𝗼𝗿𝘁𝘀 ခရီးစဉ်ကြီး ရပ်နားကြောင်းကြေညာတာနဲ့တပြိုင်ထဲ ခရီးစဉ်ထဲမှာ ယုံကြည်စွာ လိုက်ပါခဲ့ကြတဲ့ ကျေးဇူးတင်ထိုက်သော ကျေးဇူးရှင် ပံ့ပိုးကူညီပေးကြသူအားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်နှုတ်ဆက်ခွင့်ပြုပါရှင်

𝟮𝟬𝟮𝟯 အစမှာ 𝗚𝗘 𝗣𝗿𝗶𝗺𝗲 𝗧𝗶𝗺𝗲 လို့ပြောလို့ရခဲ့တဲ့အထိ အောင်မြင်မှုတွေတနှစ်လုံးရရှိခဲ့တဲ့အချိန် တဖက်တလှမ်းကနေ အားဖြည့်ကူညီပေးခဲ့သော 𝗠𝟮𝟭 , 𝗣𝗘𝗣 𝗠𝘆𝗮𝗻𝗺𝗮𝗿 နဲ့ 𝗦𝗵𝘄𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗦𝗮𝗻 𝗟𝗮𝘄 𝗙𝗶𝗿𝗺 တို့ကို ရှေးဦးစွာ ကျေးဇူးတင်ဂါရဝပြုအပ်ပါတယ်

ပထမဆုံး 𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗔𝗽𝗽𝗲𝗮𝗹 𝗣𝗮𝗿𝘁𝗻𝗲𝗿 𝗠𝟮𝟭 ဆိုတာကတော့ ပရိသတ်ကြီးနဲ့ အရင်းနှီးဆုံးပါ။ မင်မင်တို့ ဂျာစီအလှပဆုံးပုံစံဖြစ်လာအောင် အတူတူတိုင်ပင်ပြီး ထုတ်ပေးခဲ့တဲ့ကျေးဇူးရှင်ဆိုလည်းမမှားပါဘူးရှင်။ အလှပဆုံးနဲ့ ပရိတ်သတ်တွေပါးစပ်ဖျားမှာအမှတ်တရ Jersey ထုတ်တာမှာ ကူညီပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်

ဒုတိယအနေနဲ့ ကျေးဇူးတင်ချင်တာကတော့ 𝗚𝗘 ရဲ့ 𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗠𝗮𝗶𝗻 𝗡𝘂𝘁𝗿𝗶𝘁𝗶𝗼𝘂𝘀 𝗣𝗮𝗿𝘁𝗻𝗲𝗿 ဖြစ်တဲ့ 𝗣𝗘𝗣 𝗠𝘆𝗮𝗻𝗺𝗮𝗿 ပါ။ 𝗣𝗹𝗮𝘆𝗲𝗿𝘀 တွေရော 𝗚𝗘 𝗧𝗲𝗮𝗺 အပြင် 𝗚𝗲𝗻𝗶𝗲𝘀 တို့ကိုပါ အရမ်း ဂရုစိုက်ချစ်ခင်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရပါတယ်။ ပြိုင်ပွဲနီးရင်လည်း 𝗽𝗿𝗼𝗱𝘂𝗰𝘁𝘀 တွေပို့ပေးတဲ့အပြင် ပြိုင်ပွဲပြီးရင်လည်း ခရီးတို ခရီးရှည်အပြင် 𝗗𝗶𝗻𝗻𝗲𝗿𝘀 အမြဲတည်ခင်းဧည့်ခံပြီး လိုလေသေးမရှိစွာ ဂရုတစိုက်နဲ့ပံ့ပိုးပေးခဲ့ကြသူများဖြစ်ပါတယ်။

တတိယအနေနဲ့ကတော့ နောက်ဆုံးမှ 𝗟𝗲𝗴𝗮𝗹 𝗚𝗮𝗺𝗶𝗻𝗴 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀 တွေအနေနဲ့လက်တွဲခဲ့ကြတဲ့ 𝗦𝗵𝘄𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿𝗦𝗮𝗻 𝗟𝗮𝘄 𝗙𝗶𝗿𝗺 ကိုလည်း ဥပဒေနဲ့ပတ်သတ်သော အကြောင်းအရာများသိခွင့်ရတဲ့အပြင် တဖက်တလမ်းမှ ဥပဒေအကြောင်းအရာများနဲ့ စနစ်တကျသိရှိပြုလုပ်နိုင်အောင် လမ်းညွှန်ပြသပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်

ထပ်မံပြီးတော့ ဒီခရီးစဉ်ရဲ့ အစကနေ အဆုံးထိ အရေးအပါဆုံးဖြစ်တဲ့ ရင်ဘတ်ကြီးနဲ့အားပေးကြတဲ့ 𝗚𝗲𝗻𝗶𝗲𝘀 တို့အားလုံးကိုလည်း ပြောမကုန်နိုင်အောင်ကို ကျေးဇူးအထူးတင်ပါတယ်ရှင်…

𝘼 𝘾𝙝𝙖𝙥𝙩𝙚𝙧 𝘾𝙡𝙤𝙨𝙚𝙨, 𝙗𝙪𝙩 𝙩𝙝𝙚 𝘼𝙥𝙥𝙧𝙚𝙘𝙞𝙖𝙩𝙞𝙤𝙣 𝙎𝙩𝙖𝙮𝙨…








09/12/2024

𝗟𝗲𝘁 𝗢𝘂𝗿 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗘𝗻𝗱𝘀 𝗛𝗲𝗿𝗲 !!

တစ်ခါတုန်းလည်း ရပ်တန့်သွားခဲ့ဖူးတဲ့ GE က ၂၀၂၂ ဒီဇင်ဘာမှာ GE PUBGM အသင်းသားအသစ်တွေနဲ့ အားလုံးရှေ့မှာပြန် ရောက်ရှိလာပြီ ပရိသတ်တွေလက်ခံ ရင်ထဲကနေ GE GE GE ပါတဲ့ပွဲမှကြည့်ချင်တာစသဖြင့် အားပေးရတဲ့အထိ PUBGM ပြိုင်ပွဲတွေရဲ့ အမြင့်ဆုံးပွဲဖြစ်တဲ့ PMGC ထိ GE PUBGM Team က ခေါ်ဆောင်ပေးခဲ့ပြီး မြန်မာပရိသတ်တွေကို Tempo အမြင့်ဆုံးပေးနိုင်ခဲ့တဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒီလိုမျိုး ၂ နှစ်တာကာလအတွင်းမှာ ရရှိခဲ့တဲ့ မရေမတွက်နိုင်တဲ့ Local နဲ့ International Champion Titles achievement တွေ အများကြီးကိုလည်း GE PUBGM Team ရဲ့ သူရဲကောင်းလေးယောက်က ပရိသတ်ကြီးလက်ထဲအရောက် အရယူပေးနိုင်ခဲ့ပါတယ်

၂ နှစ်တာ ခရီးစဉ်ကြီးထဲမှာ သူရဲကောင်းလေးယောက် က PMPL (SPRING / Fall ) ၊ PMSL (Spring/Fall) , SEAGAME 2023 Cambodia , PMGC (Fall) , PMCL (Spring/Summer/Fall) , WEC 2024 စတဲ့ခရီးစဉ် တွေကို ကြိုးစားပြီးယှဉ်ပြိုင်ခဲ့ပါတယ်
ကောင်းမွန်တဲ့ Results ရခဲ့တာတွေလည်းရှိသလို ၊ လိုအပ်ချက်များခဲ့တဲ့ ပွဲ results တွေဆိုတာလည်း ဒုနဲ့ဒေးပါ။ (သူရဲကောင်းတွေလည်းအမှားနဲ့ဘယ်ကင်းပါ့မလဲနော်)

သူရဲကောင်းလေးယောက်ကို လမ်းပြပေးတဲ့ နည်းပြ သူရဲကောင်း Tomlla ကလည်း နောက်ဆုံးမှရောက်လာပေမယ့် သူရဲကောင်းလေးယောက်ကို တကယ်ကိုချစ်ခင်ပြီး ညီအကိုတွေလို ချစ်ခင်လမ်းပြပေးခဲ့သူလည်းဖြစ်ပါတယ်။

ဒီသူရဲကောင်းလေးယောက်နဲ့အတူ နည်းပြသူရဲကောင်းကြီးတို့ရဲ့ အတွဲညီမှုတွေကို နောက်ဆုံး မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတာကတော့ WORLD ESPORTS CHAMPIONSHIP 2024 ကမ္ဘာ့ပြိုင်ပွဲကြီးမှာ #4 (3rd Runners Up) ရရှိအောင် လုပ်ပြနိုင်ခဲ့တာကတော့ တကယ်ကို အံ့ဩမဆုံးပါ

ဒီလိုမျိုး ၂ နှစ်ဆက်တိုက် လုပ်ပြခဲ့တဲ့ သူရဲကောင်းလေးယောက်နဲ့ GE Team တစ်ခုလုံးက အခုချိန်မှာတော့ နှုတ်ဆက်ခွဲခွါဖို့အချိန်ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်

အဲ့လိုမျိုး လက်ရည်အပြည့်နဲ့ အားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့အတူ ကြီးပြင်းလာရတဲ့ သူရဲကောင်းလေးယောက် ပြန်အစပြုမယ့် GE မဟုတ်တဲ့ တခြားခရီးစဉ်တွေမှာလည်း အားပေးပါ ချစ်ခင်ပေးကြဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်ရှင်

GE ပရိတ်သတ်တွေကလေ တအားချစ်ဖို့ကောင်းတာ
သူတို့ဆူတယ်နော် ပြီးရင် ပြန်ချော့တာ အဲ့အပြုအမူသေးသေးလေးတွေနဲ့ပဲလည်း အက်မင် Team က အရည်ပျော်နေရတာ စိတ်မဆိုးရက်ဘူးလေ ရှင်တို့တွေကို အက်မင်လည်း အမြဲအမှတ်ရနေမှာပါ 🥺

အခုချိန်ထိ GE ကို အမြဲ ဂရုတစိုက် ကြည့်ရှု့အားပေးနေတဲ့ ပရိတ်သတ် တစ်ဦးတစ်ယောက်ချင်းစီကို အမြဲချစ်ပြီး အထူးပဲကျေးဇူးတင်ပါတယ်ရှင်🫶🏻

GE ရဲ့ Esports Journeys အားလုံး ကတော့ ဒီမှာတင်ပဲ တခန်းရပ်ဖို့ကလည်း သေချာသလောက်ရှိနေပြီးတော့ ပြန်လာနိုင်ဖို့ကလည်း မရေရာမသေချာတော့ပါဘူး

ဒါကြောင့် အခုချိန်ထိ အမှတ်တရတွေအများကြီး ဖန်တီးပေးခဲ့တဲ့ ပရိတ်သတ်ကြီးရင်ထဲမှာ GE ကို တိုက်ဆိုင်မှုတစ်ခုကြုံကြိုက်လာတိုင်း သတိရနေမယ်လို့ မျှော်လင့်ရင်း….





13/11/2024

𝗪𝗵𝗲𝗻 𝗢𝗻𝗲 𝗗𝗼𝗼𝗿 𝗖𝗹𝗼𝘀𝗲𝘀, 𝗛𝗼𝗽𝗲 𝗢𝗽𝗲𝗻𝘀 𝗔𝗻𝗼𝘁𝗵𝗲𝗿 💡

𝗦𝗮𝘂𝗱𝗶 𝗔𝗿𝗮𝗯𝗶𝗮 နိုင်ငံ 𝗥𝗶𝘆𝗮𝗱𝗵 မြို့မှာ ကျင်းပတဲ့ နိုင်ငံကိုယ်စားပြုအသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သော 𝗪𝗼𝗿𝗹𝗱 𝗘𝘀𝗽𝗼𝗿𝘁𝘀 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀𝗵𝗶𝗽 𝟮𝟬𝟮𝟰 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု အသင်းဖြစ်တဲ့ 𝗚𝗘 (@) 𝗧𝗲𝗮𝗺 𝗭𝗮𝗻𝗮𝗸𝗮 က #𝟰 ( 𝟯𝗿𝗱 𝗥𝘂𝗻𝗻𝗲𝗿 𝗨𝗽) အဆင့်ဖြင့် ကမ္ဘာ့အလယ် မှာ ရပ်တည် နိုင်ခဲ့ပါတယ်ရှင့်

ဘယ်ပြိုင်ပွဲကိုမဆို 𝗚𝗘 ကို အမြဲချစ်ခင်အားပေး ရင်နှင့်ရင်းပီး အားပေးချစ်ခင်ကြသူ တစ်ဦးတယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ရှင့် 🫶🏻






13/11/2024

မနေ့က 𝗧𝗲𝗮𝗺 𝗠𝘆𝗮𝗻𝗺𝗮𝗿 ပွဲဦးထွက်မှာတင် ရှာကျွေးတဲ့ အမြိန်ဆုံးကြက်သား 🍗

World Esports Championship 2024 (PUBG Mobile) Day 2 Match 1 Chicken Dinner Highlights Moment.

ဒီနေ့ နောက်ဆုံးပွဲစဉ်များ နေ့လည် ၃:၃၀ တွင် စတင်ပါမည်။

12/11/2024

ဒီနေ့ Day 2 မှာ လည်း အနော်တို့ မြန်မာကိုယ်စားပြု အသင်းဖြစ်တဲ့ GE aka Team Zanaka အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပြီး ရလဒ်အနေနဲ့ ကြက်သား တပွဲနဲ့ #3 ထိရောက်ရှိနေပြီဖြစ်ပါတယ်ရှင် 🫶🏻🇲🇲

မနက်ဖြန်လည်း ညနေ ၃:၃၀ Live ကြည့်ဖို့မမေ့နဲ့နော် 🥺






12/11/2024

အငယ်ဆုံးလေး PEP တွေအများကြီးသောက်ထားတော့
လက်ရည်တွေအများကြီး တက် 😎

အငယ်လေးလို မိုက်ချင်ရင် PEP များများသောက် 🫵🏻⚡️







12/11/2024

𝗧𝗲𝗮𝗺 𝗠𝘆𝗮𝗻𝗺𝗮𝗿 နှင့် 𝗧𝗲𝗮𝗺 𝗝𝗼𝗿𝗱𝗮𝗻 တို့ အချင်းချင်း နွေးထွေးစွာ တွေ့ဆုံပွေ့ဖက်နှုတ်ဆက်ကြပုံ 🫂

မနေ့က World Esports Championship 2024 (PUBG Mobile) ရဲ့ Day 1 Match 2 ပွဲအစထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွါးခဲ့တဲ့ Highlights Moment လေးပါရှင်။

ဒီနေ့လည်း နေ့လည် ၃:၃၀ တွင် ပွဲရှိပါသည်။

11/11/2024

နိုင်ငံကိုယ်စားပြုအသင်းတွေအများကြီးအတူတူယှဉ်ပြိုင်တဲ့ထဲကမှ အနော်တို့ မြန်မာကိုယ်စားပြု အသင်းဖြစ်တဲ့ GE aka Team Zanaka ရဲ့ Day 1 ရလဒ်လေးပါရှင် 🫶🏻🇲🇲

မနက်ဖြန်လည်း ညနေ ၃:၃၀ Live ကြည့်ဖို့မမေ့နဲ့နော် 🥺






11/11/2024

𝗔 𝗙𝗿𝗲𝘀𝗵 𝗦𝘁𝗮𝗿𝘁: 𝗗𝗮𝘆 𝟭 𝗞𝗶𝗰𝗸𝘀 𝗢𝗳𝗳! 🚀

𝗥𝗶𝘆𝗮𝗱𝗵 မြို့မှာ 𝗚𝗘 (𝗮𝗸𝗮) 𝗧𝗲𝗮𝗺 𝗭𝗮𝗻𝗮𝗸𝗮 ယှဉ်ပြိုင်ရမယ့် 𝗪𝗼𝗿𝗹𝗱 𝗘𝘀𝗽𝗼𝗿𝘁𝘀 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀𝗵𝗶𝗽 𝟮𝟬𝟮𝟰 (𝗣𝗨𝗕𝗚 𝗠𝗢𝗕𝗜𝗟𝗘) ရဲ့ 𝗗𝗮𝘆 𝟭 ပွဲစဉ်များ ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၃နာရီ ၃၀ မိနစ်အချိန်တွင်စတင်မည်ဖြစ်ပါသည်။

𝗟𝗶𝘃𝗲 📺 - 𝗣𝗨𝗕𝗚 𝗠𝗢𝗕𝗜𝗟𝗘 𝗙𝗔𝗖𝗘𝗕𝗢𝗢𝗞 𝗣𝗔𝗚𝗘
- 𝗧𝗘𝗔𝗠 𝗭𝗔𝗡𝗔𝗞𝗔 𝗙𝗔𝗖𝗘𝗕𝗢𝗢𝗞 𝗣𝗔𝗚𝗘

𝗟𝗶𝗻𝗸 ကို 𝗖𝗼𝗺𝗺𝗲𝗻𝘁 မှာ ရေးပေးထားပါတယ်ရှင့် 🫶🏻






ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ที่อยู่


Baan Vibhavi Condo
Bangkok
10900