01/10/2026
ဂျာမန်မြေမှာ ဂိုးမိုးရွာမယ်
ဂျာမနီနဲ့ ဆားဘီယားတို့ရဲ့ပွဲစဉ်မှာ ဂျာမနီက 2 - 1 5 နဲ့ အကြောပေးထားပြီး ဂိုးသတ်မှတ်ချက်က 4 + 90 ပါ။
ဒီပွဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးအချက်က ဂျာမနီဘက်က အကြောပေးမှု ပြင်းနေသလို ဂိုးသတ်မှတ်ချက်ကလည်း 4 +90 အထိ မြင့်တက်နေတာ ပါ။ ဂျာမနီရဲ့ လတ်တလောရလဒ်တွေကိုပဲ ကြည့်မယ်ဆိုရင် ဒီလိုဂိုးလိုင်းမြင့်မြင့် ထွက်လာဖို့ သိပ်မဖြစ်နိုင်သလို မြင်ရပါတယ်။
ဂျာမနီဟာ နေးရှင်းလိဂ် ၂ ပွဲဆက် နိုင်ပွဲပျောက်ထားပြီး အဲ့ဒီ ၂ ပွဲမှာ ၁ ဂိုးသာ သွင်းထားနိုင်တယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာလည်း စုစုပေါင်း ၅ ဂိုးသာ သွင်းထားပြီး အဲ့ဒီပွဲအားလုံးမှာ နှစ်သင်းပေါင်းသွင်းဂိုး ၃ ဂိုးထက်ကျော်ခဲ့တဲ့ပွဲ မရှိခဲ့ပါဘူး။ နောက်ဆုံး ၃ ပွဲဆက်ဆိုရင်လည်း နှစ်သင်းပေါင်းသွင်းဂိုးက ၂ ဂိုးတောင် မကျော်ခဲ့ပါဘူး။
ဒါပေမယ့် ဒီလိုအခြေအနေမှာတောင် ဂျာမနီဘက်က အကြောပေးမှုနဲ့ ဂိုးလိုင်းနှစ်ခုစလုံး မြင့်နေခြင်း ကတော့ သတိထားကြည့်ရမယ့်အချက်ပါ။ ဂျာမနီဘက်က ဒီပွဲမှာ တိုက်စစ်ပိုင်းကို အားပြုလာပြီး ၂ ဂိုး၊ ၃ ဂိုးနဲ့အထက် ရှာဖွေနိုင်မယ့်ပွဲပုံစံကို ဈေးကွက်လိုင်းက ညွှန်ပြနေသလို မြင်ရပါတယ်။
အဓိကကတော့ ဆားဘီးယားရဲ့ ခံစစ်ပိုင်း ပါ။ ဆားဘီးယားဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် ရှုံးထားပြီး အဲ့ဒီကာလအတွင်း ပေးဂိုး ၁၂ ဂိုးအထိ ခွင့်ပြုထားရပါတယ်။ တစ်ပွဲပျမ်းမျှ ၃ ဂိုးနှုန်းလောက် ပေးထားရတဲ့ခံစစ်ဖြစ်တာကြောင့် နိုင်ပွဲပြန်ရှာဖို့ တိုက်စစ်ကို အရှိန်မြှင့်လာနိုင်တဲ့ ဂျာမနီကို မိနစ် ၉၀ လုံး ထိန်းချုပ်နိုင်မလားဆိုတာ သံသယရှိစရာပဲ။
ဒါပေမယ့် ဒီပွဲ ဂိုးပေါ်ဖို့အတွက် ဂျာမနီတစ်သင်းတည်းကိုပဲ အားကိုးရမယ့်ပုံစံတော့ မဟုတ်ပါဘူး။ ဆားဘီးယားတိုက်စစ်က နောက်ဆုံး ၃ ပွဲဆက် ဂိုးသွင်းထားသလို နေးရှင်းလိဂ် ၂ ပွဲလုံးမှာလည်း တစ်ဂိုးစီ ရထားပါတယ်။ တစ်ဖက်မှာ ဂျာမနီကလည်း နောက်ဆုံး ၆ ပွဲဆက် Clean Sheet မရထားဘူးဆိုတဲ့ အချက်ရှိနေပါတယ်။
ဒီတော့ ဂျာမနီက အစောပိုင်းမှာ ဦးဆောင်ဂိုးရသွားခဲ့ရင် ပွဲက ပိုပွင့်လာနိုင်ပါတယ်။ ဆားဘီးယားက ပြန်လိုက်ဖို့ ရှေ့တက်လာရမယ်၊ အဲ့ဒီအချိန်မှာ ဂျာမနီရဲ့ transition နဲ့ တိုက်စစ်အတွက် နေရာလွတ်တွေ ပိုရလာနိုင်ပါတယ်။ Germany 3–1 Serbia၊ Germany 4–1 Serbia လို scoreline မျိုး မြင်ရမယ့်ပုံပါပဒ။
အကျဉ်းချုပ်ရရင် ဂျာမနီရဲ့ မကြာသေးခင်ပွဲတွေက Under ဘက်ကို ညွှန်ပြနေပေမယ့်၊ ဆားဘီးယားရဲ့ ပေးဂိုးများနေတဲ့ခံစစ်၊ နှစ်သင်းလုံးရဲ့ Clean Sheet အားနည်းမှုနဲ့ မြင့်နေတဲ့ goal line ကိုပေါင်းစပ်ကြည့်ရင် ဂိုးပေါ်ကလွဲရင် အခြားတွေးစရာမရှိပါဘူး။
🍀 ရွေးချယ်မှု / ဂျာမနီ ဂိုးပေါ်