Unlock Your Futures

Unlock Your Futures

แชร์

Coach

18/09/2025

Unlock Your Futures ပြန်လည်မွေးဖွားခြင်း




13/09/2025

မိတ်ဆွေရဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုက ကောင်းပေမယ့် မရောင်းရဘူးဖြစ်နေလား⁉️

အဓိကတရားခံက Boring Copywriting ကြောင့်ပါ။ ဒါကြောင့် Boring Copywriting နဲ့ ရောင်းအားတက်စေမယ့် Smart Copywriting ဘာကွာလဲဆိုတာကို Case Study နဲ့တကွပြောပြပေးသွားပါမယ်။

ကျနော်တို့ Online English Speaking Class
တစ်ခု ရောင်းမယ်လို့ ဥပမာပေးပြီး စဉ်းစားကြည့်ရအောင်ပါ။

———————————————————————

👎 Boring Copywriting 👎

Online English Speaking Class

ကျနော်တို့ရဲ့ Online English Speaking Class ကို တက်ရောက်နိုင်ပါပြီ။ အသက်အရွယ်မရွေးတက်ရောက်နိုင်ပါတယ်။ တစ်လကို ကျပ် ၃၀,၀၀၀ ဖြစ်ပါတယ်။ စာရင်းပေးသွင်းလိုပါက Page Messenger သို့ ဆက်သွယ်ပါ။

ဒါက ဘာလို့ မကောင်းတာလဲ❓

▪️"Online English Speaking Class" ဆိုတာ ဘာရောင်းလဲဆိုတာကိုပဲ တိုက်ရိုက်ပြောပြနေပါတယ်။ ဖတ်တဲ့သူကို ဆက်ဖတ်ချင်စိတ်ဖြစ်အောင် Headline က မဆွဲဆောင်နိုင်ပါဘူး။
▪️ ဒီသင်တန်းကို ဘာလို့တက်သင့်လဲ? တက်ရင် ဘာအကျိုးကျေးဇူးတွေရမှာလဲ? ဆိုတဲ့ Customer ရဲ့ လိုအပ်ချက်ကို လုံးဝမဖော်ပြထားပါဘူး။
▪️ ဒီစာက ဖတ်တဲ့သူအတွက် ဘာခံစားချက်မှ ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။
▪️ "Messenger သို့ ဆက်သွယ်ပါ" ဆိုတဲ့ Call To Action က အရမ်း ယေဘုယျကျလွန်းပါတယ်။

✅ ရလဒ်အနေနဲ့ ဒီ Post ကို မြင်တဲ့သူအများစုက ကျော်သွားဖို့များပါတယ်။ Like & Share လည်း နည်းမယ်၊ သင်တန်းလာအပ်တဲ့သူလည်း အလွန်နည်းပါးနိုင်ပါတယ်။

———————————————————————

👍 Smart Copywriting 👍

အင်္ဂလိပ်လိုပြောဖို့ ယုံကြည်မှု မရှိလို့ အခွင့်အရေးကောင်းတွေ လက်လွှတ်နေရပြီလား? 🤔

Job Interview မှာ ကိုယ့်ရဲ့အရည်အချင်းတွေကို အင်္ဂလိပ်လိုကောင်းကောင်းမပြောပြနိုင်လို့ အလုပ်ကောင်းတွေနဲ့ လွဲချော်ခဲ့ဖူးလား?

နိုင်ငံခြားသားတွေနဲ့ စကားမပြောရဲလို့ ရှောင်နေရတဲ့ အကြိမ်ပေါင်းများနေပြီလား?

ဒီအခက်အခဲတွေကို ကျော်လွှားဖို့ အချိန်ကျပါပြီ။

(၂) လအတွင်းမှာပဲ သင့်ရဲ့ အင်္ဂလိပ်စကားပြောစွမ်းရည်ကို သိသိသာသာ တိုးတက်လာစေမယ့် "Confident Speaker" Online Class ကို ဖွင့်လှစ်လိုက်ပါပြီ။

✅ ဒီသင်တန်းကနေ ဘာတွေရရှိမှာလဲ?

- Native Speaker တွေနဲ့ တိုက်ရိုက်စကားပြောလေ့ကျင့်ရမယ့် Practice Session တွေ
- လူရှေ့မှာ ယုံကြည်မှုရှိရှိ စကားပြောနိုင်ဖို့ လက်တွေ့ကျတဲ့ နည်းလမ်းတွေ
- အသံထွက်မှန်ကန်စေဖို့ စနစ်တကျ လေ့ကျင့်ပေးတယ်
- သင်တန်းပြီးသွားရင်တောင် အမြဲတမ်းလေ့ကျင့်နိုင်ဖို့ Speaking Partner Group ထဲကိုဝင်ခွင့်

တစ်လကို ကျပ် ၃၀,၀၀၀ ရင်းနှီးမြှုပ်နှံရုံနဲ့ သင့်အနာဂတ်အတွက် အခွင့်အလမ်းသစ်တွေ ရရှိလာမှာပါ။

Limited Offer အနေနဲ့ (၃) ရက်အတွင်း စာရင်းသွင်းတဲ့ ပထမဆုံး ကျောင်းသား (၂၀) ဦးအတွက် 20% Discount ရရှိမှာဖြစ်လို့ မြန်မြန်စာရင်းပေးသွင်းလိုက်တော့နော်

အင်္ဂလိပ်စကားကို ယုံကြည်မှုရှိရှိပြောဆိုနိုင်ဖို့ အခုပဲစတင်လိုက်ပါ။

အောက်က "Send Message" Button ကိုနှိပ်ပြီး "Confident Speaker" လို့ ရိုက်ပို့လိုက်ရုံပါပဲ။ 👇

ဒါက ဘာလို့ ထိရောက်တာလဲ❓

▪️ Headline မှာကတည်းက လူအများစုကြုံတွေ့နေရတဲ့ ပြဿနာကို မေးခွန်းထုတ်ထားတဲ့အတွက် ဖတ်တဲ့သူကို ချက်ချင်းအာရုံစိုက်မိစေပါတယ်။
▪️ အလုပ်လွဲချော်ခဲ့ဖူးလား၊ မပြောရဲဖူးလား စတဲ့ လက်တွေ့ဘဝဥပမာတွေနဲ့ ချိတ်ဆက်ပြီး စာဖတ်သူရဲ့ ခံစားချက်ကို လှုပ်နှိုးနိုင်ပါတယ်။
▪️ သင်တန်းတက်ရင် ဘာတွေ "လုပ်ပေးမယ်" ဆိုတာထက်၊ ဘာအကျိုးကျေးဇူးတွေ "ရမယ်" ဆိုတာကို အဓိကထားပြီး ပြောပြထားတယ်။
▪️"(၃) ရက်အတွင်း"၊ "ပထမဆုံး (၂၀) ဦး" ဆိုတဲ့ စကားလုံးတွေက Urgent ဆုံးဖြတ်ချက်ချပြီးလုပ်ဖို့ တိုက်တွန်းနိုင်ပါတယ်။
▪️ ဘာလုပ်ရမလဲ ("Send Message" ကိုနှိပ်ပါ)၊ ဘာစာပို့ရမလဲ ("Confident Speaker" လို့ပို့ပါ) ဆိုတဲ့ Call To Action နဲ့ ရှင်းရှင်းလင်းလင်း လမ်းညွှန်ထားပါတယ်။

✅ ရလဒ်အနေနဲ့ ဒီ Post က စာဖတ်သူတွေနဲ့ စိတ်ပိုင်းဆိုင်ရာချိတ်ဆက်မှုရစေပြီး သူတို့ရဲ့ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ အရာတစ်ခုအဖြစ် မြင်စေပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ကမ်းလှမ်းချက်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ Engagement အများကြီးရနိုင်သလို၊ ရောင်းအားကိုလည်း သိသိသာသာ မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

———————————————————————

🔔 Boring Copywriting က "ဘာရောင်းလဲ" ဆိုတာကိုပဲ ပြောနေချိန်မှာ Smart Copywriting ကတော့ Customer ရဲ့ "ပြဿနာကို ဘယ်လိုဖြေရှင်းပေးမလဲ" ဆိုတာကို အဓိကထားပြီး ပြောပြပါတယ်။

မိတ်ဆွေရဲ့ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုက Customer ရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းပေးနိုင်လဲ?
သူတို့ကို ဘယ်လိုခံစားချက်ကောင်းတွေ ပေးနိုင်မလဲ? ဆိုတာ အရင်စဉ်းစားပြီးမှ Copywriting ကို ရေးမယ်ဆိုရင် မိတ်ဆွေရဲ့ရောင်းအား ရှယ်တက်လာမှာ အသေအချာပါပဲ။ 💯

အကျိုးရှိမယ်ထင်ရင် "ရှယ်" ထားနိုင်ပါတယ်ဗျ။

10/09/2025

အချိန်ကုန်ခံ၊ ခေါင်းခြောက်ခံပြီးရေးထားတဲ့ မိတ်ဆွေရဲ့ Copywriting တွေက ရလဒ်မထွက်တာမျိုး ကြုံဖူးလား❓

ဒါက မိတ်ဆွေရဲ့ Copywriting က မကောင်းလို့မဟုတ်ဘဲ Copywriter တော်တော်များများ မသိဘဲလုပ်လိုက်မိတဲ့ အမှားလေးတွေကြောင့်ပါ။

ဒီတော့ ရလဒ်ကောင်းတွေထွက်ပြီး ရေးလိုက်တဲ့ စာလုံးတိုင်းကို ငွေအဖြစ်ပြောင်းလဲနိုင်စေဖို့ ရှောင်သင့်တဲ့ အဓိက အမှား (၅) ခုကို ဒီနေ့ မျှဝေပေးချင်ပါတယ်။

1️⃣ ကိုယ့်အကြောင်းကိုပဲ ပြောမနေပါနဲ့။

လူတွေက မိတ်ဆွေရဲ့အကြောင်းထက် သူတို့အကြောင်းကိုပဲ စိတ်ဝင်စားပါတယ်။ ဒါကြောင့် သူတို့ရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းပေးနိုင်မလဲ၊ ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဆိုတာကို အဓိကထားပြီး ရေးသားပါ။

❌ "ကျနော်တို့ ကုမ္ပဏီက အကောင်းဆုံးပစ္စည်းတွေပဲ ထုတ်လုပ်ပါတယ်"
✅ "ဒီပစ္စည်းကိုသုံးမယ်ဆိုရင် သင့်ဘဝ ဘယ်လိုပိုကောင်းလာမလဲဆိုတာကတော့..."

2️⃣ Feature မဟုတ်ဘဲ Benefit တွေကို မီးမောင်းထိုးပြပါ။

မိတ်ဆွေရဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုမှာ ဘာတွေပါတယ်ဆိုတဲ့ Feature ထက် အဲ့ဒါတွေက Customer တွေရဲ့ ဘဝကိုဘယ်လိုပြောင်းလဲပေးနိုင်မလဲဆိုတဲ့ Benefit ကိုပဲ အဓိကပြောပါ။

❌ "ကျနော်တို့ရဲ့ ကော်ဖီက Arabica ကော်ဖီစေ့စစ်စစ်နဲ့ ပြုလုပ်ထားပါတယ်"
✅ "ဒီကော်ဖီတစ်ခွက်က သင့်ရဲ့မနက်ခင်းတိုင်းကို လန်းဆန်းတက်ကြွပြီး Idea အသစ်တွေ ထွက်စေမှာပါ"

3️⃣ နားလည်ရခက်တဲ့ စကားလုံးတွေ ရှောင်ပါ။

မိတ်ဆွေရဲ့ Target Customer တွေနားလည်ရခက်တဲ့ ဝေါဟာရတွေ၊ နည်းပညာစကားလုံးတွေမသုံးပါနဲ့။ သူငယ်ချင်းတစ်ယောက်ကို စကားပြောသလို ရိုးရှင်းလွယ်ကူအောင်ရေးပါ။ စာလုံးပေါင်းသတ်ပုံမှန်ဖို့လည်း အရေးကြီးပါတယ်။

4️⃣ လိမ်ညာချဲ့ကားပြီး မပြောပါနဲ့။

"တစ်ပတ်အတွင်း သိသိသာသာ..."၊ "၁၀၀% အာမခံတယ်" စတဲ့ ချဲ့ကားပြောဆိုမှုတွေက ရေရှည်မှာ သင့် Brand အပေါ် ယုံကြည်မှုကို ပျက်စီးစေပါတယ်။ ရိုးသားမှုက အကောင်းဆုံး Marketing ပါပဲ။

5️⃣ အဆုံးသတ်မှာ ရှင်းလင်းတဲ့ Call to Action ထည့်ပါ။

မိတ်ဆွေရဲ့စာကိုဖတ်ပြီးတဲ့အခါ Customer က ဘာဆက်လုပ်ရမလဲဆိုတာကို တွေဝေသွားလို့မဖြစ်ပါဘူး။ ရှင်းလင်းတိကျတဲ့ လမ်းညွှန်မှု Call to Action တစ်ခုကို အမြဲတမ်းထည့်ပေးပါ။

ဥပမာ - "သင်တန်းအပ်ချင်တယ်ဆို 'WM' လို့ ကွန်းမန့်မှာရေးခဲ့ပါ"
"အခုပဲ မှာယူလိုက်ပါ"

ဒီအချက်တွေကို ရှောင်မယ်ဆိုရင် မိတ်ဆွေရဲ့ Copywriting က ပိုမိုထိရောက်ပြီး Customer တွေ ငွေပေးဝယ်ချင်လာအောင် ဆွဲဆောင်နိုင်မှာ သေချာပါတယ်။ 💯

တကယ်လို့ Copywriting အကြောင်းအသေးစိတ်လေ့လာချင်တယ်ဆိုရင် ဆရာဉာဏ်လင်းအောင်ရဲ့ "Word to Money" Copywriting Training ကို တက်ရောက်နိုင်ပါတယ်။

ဒီအမှားတွေထဲက ဘယ်တစ်ခုကို မိတ်ဆွေကိုယ်တိုင် သတိမထားမိဘဲ လုပ်မိနေလဲ?

"ကွန်းမန့်" မှာ မျှဝေခဲ့ပါဦးဗျ။ 😇

09/09/2025

အရှုံးဆိုတာမရှိဘူး။

" ဘဝမှာ အရှုံးဆိုတာ မရှိဘူး။ သင်ခန်းစာတွေပဲရှိတယ်။ "

ကျနော်တို့အများစုက ဘဝမှာအခက်အခဲတွေ၊
ကျရှုံးမှုတွေကြုံလာတဲ့အခါ စိတ်ဓာတ်ကျပြီး နောက်ထပ်ရှေ့ဆက်ဖို့ ခက်ခဲသွားတတ်ကြတယ်။

အရှုံးကို အရှုံးလို့ပဲမြင်ပြီး အရာရာအဆုံးသတ်သွားပြီလို့ ထင်မှတ်တတ်ကြတယ်။

ဒီအကြောင်းကို ဆရာဉာဏ်လင်းအောင်က
"Calm Down" စာအုပ်ထဲမှာ ဆရာ့ရဲ့ကိုယ်တွေ့ဘဝနဲ့ယှဉ်ပြီး ပြောပြထားတာ အရမ်းအတုယူဖို့ကောင်းပါတယ်။

ဆရာကိုယ်တိုင် Kitchen Helper ဘဝကနေစပြီး
ခုလိုအောင်မြင်တဲ့ စီးပွါးရေးလုပ်ငန်းရှင်၊ Business & Life Trainer တစ်ယောက်ဖြစ်လာတဲ့အထိ အခက်အခဲများစွာ၊ ကျရှုံးမှုပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသူပါ။

အဲ့ဒီလိုအချိန်တိုင်းမှာ ဆရာ့ကို ပြန်ထနိုင်အောင် ကူညီပေးခဲ့တာက စိတ်ခွန်အားဖြစ်စေတဲ့ ဆိုရိုးတွေပဲဖြစ်တယ်လို့ ဆိုပါတယ်။

အခု "Calm Down" စာအုပ်ထဲမှာ ဘဝအတွက် ခွန်အားဖြစ်စေမယ့်၊ စိတ်ကိုငြိမ်းချမ်းစေမယ့် ဗုဒ္ဓနဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ ဆိုရိုးတွေကို ဆရာ့လိုပဲ ဖတ်ရှုအသုံးချနိုင်အောင် စုစည်းပေးထားတာဖြစ်ပါတယ်။

ဒါကြောင့် မိတ်ဆွေရဲ့ဘဝမှာ အခက်အခဲတစ်ခုခုနဲ့ ရင်ဆိုင်နေရတယ်၊ ရှေ့ဆက်ဖို့လမ်းပျောက်နေတယ်လို့ ခံစားနေရတယ်ဆိုရင် ဆရာ့ရဲ့
"Calm Down" စာအုပ်လေးကို ဖတ်ကြည့်လိုက်ပါ။

ဒီစာအုပ်ကိုဖတ်ပြီးသွားရင် မိတ်ဆွေရဲ့ ဘဝအခက်အခဲတွေကို အရှုံးလို့မမြင်တော့ဘဲ အဖိုးတန်တဲ့သင်ခန်းစာတွေအဖြစ် ပြောင်းလဲနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

06/09/2025

ဘဝမှာ စိတ်ဖိစီးမှုတွေ၊ ပူပင်သောကတွေနဲ့
ရင်ဆိုင်နေရလို့ စိတ်ညစ်နေပြီလား? 🥺🥺

ဒီသောကတွေကို ခဏတာဖြစ်ဖြစ်၊ တစ်သက်တာဖြစ်ဖြစ် ဖြေဖျောက်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုကို
ရှာဖွေနေတယ်ဆိုရင်…🍃🍃

ဆရာဉာဏ်လင်းအောင်ရဲ့
"Calm Down (အေးဆေးနော်)" ဆိုတဲ့ စာအုပ်လေးက မိတ်ဆွေ လိုအပ်နေတဲ့အရာပါပဲ။ 😌

📚 ဒီစာအုပ်လေးက ဘာလို့ ထူးခြားတာလဲ?

ဒီစာအုပ်ထဲမှာ ဗုဒ္ဓနဲ့ ကမ္ဘာကျော်အတွေးအခေါ်ပညာရှင်တွေရဲ့ ဆိုရိုးစကားတွေကို ဆရာဉာဏ်လင်းအောင်ကိုယ်တိုင် လေ့လာသုံးသပ်ပြီး လူတိုင်း နားလည်လွယ်တဲ့ စကားလုံးတွေနဲ့ ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုပေးထားပါတယ်။

စာအုပ်မထုတ်ခင် ဗီဒီယိုတွေအနေနဲ့ မျှဝေခဲ့ရာမှာ နားထောင်သူတွေတွက် အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြလို့

အားလုံးရဲ့တောင်းဆိုမှုကြောင့်ပဲ စာအုပ်အဖြစ် ထုတ်ဝေခဲ့တာပါ။ ဒါကြောင့်လည်း ၂၀၂၄၊ ဇွန်လမှာ အုပ်ရေ ၃၀၀၀ အထိ စံချိန်တင် ရောင်းချခဲ့ပြီးပါပြီ။

ဒီစာအုပ်ကနေ မိတ်ဆွေအတွက် ဘာတွေရရှိမလဲ?

✅ စိုးရိမ်ပူပန်မှုတွေ များလာတဲ့အခါ စာမျက်နှာတစ်မျက်နှာလောက်ပဲ ဖတ်လိုက်ရုံနဲ့ စိတ်ဖိစီးမှုတွေ သိသိသာသာ လျော့ပါးသွားတာကို ခံစားရပါလိမ့်မယ်။

✅ ဘဝရဲ့ အရေးကြီးတဲ့အခိုက်အတန့်တိုင်းမှာ မှန်ကန်တဲ့အတွေးအမြင်တွေနဲ့ လမ်းပြပေးမယ့် ဆိုရိုးစကားတွေကို ရရှိမယ်။

✅ စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်ပြီး အကောင်းမြင်စိတ်တွေ မွေးမြူနိုင်လာမယ်။

စိတ်ဖိစီးမှုတွေများတဲ့ ခုလိုခေတ်ကြီးမှာ စိတ်သက်သာရာရဖို့၊ အတွေးတွေကို ပြောင်းလဲဖို့

"Calm Down (အေးဆေးနော်)" စာအုပ်လေးက မိတ်ဆွေအတွက် အကောင်းဆုံးအဖော်ဖြစ်လာမှာ အသေအချာပါပဲ။ ✨

တစ်အုပ်လောက် ဆောင်ထားပြီး စိတ်ညစ်ရတဲ့အခါတိုင်း ဖတ်ရှုရင်း မိတ်ဆွေရဲ့ သောကတွေကို ဖြေဖျောက်လိုက်ပါ။

စိတ်ငြိမ်းချမ်းမှုနဲ့ ပိုမိုရှင်းလင်းတဲ့ အတွေးအမြင်တွေကို ပိုင်ဆိုင်နိုင်ဖို့ အခုပဲ "CB" မှာ မှာယူပြီး ဖတ်ရှုလိုက်ပါဗျ။ 📖😇

02/09/2025

ဒီ Skill တစ်ခုတတ်ထားရုံနဲ့ လုပ်လို့ရမယ့်
ဝင်ငွေကောင်းတဲ့ အလုပ်အကိုင် (၇) ခု 💡✍️

ကိုယ်ဝါသနာပါတဲ့ "စာရေးခြင်း" ကို ဝင်ငွေကောင်းတဲ့ Career တစ်ခုအဖြစ် ပြောင်းလဲချင်တဲ့ လူငယ်တွေအတွက်

အလားအလာကောင်းတွေ အများကြီးရှိတဲ့ Copywriting Skill အကြောင်းကို ဒီနေ့ မျှဝေပေးချင်ပါတယ်။

Copywriting ဆိုတာ စကားလုံးတွေကို သုံးပြီး
လူတွေရဲ့ စိတ်ခံစားချက်ကို လှုံ့ဆော်နိုင်တဲ့၊ သူတို့ကို တစ်စုံတစ်ခုလုပ်ဆောင်အောင် ဆွဲဆောင်နိုင်တဲ့ အနုပညာတစ်ခုပါ။

ဒီ Skill ကို ကျွမ်းကျင်စွာ တတ်မြောက်ထားရင်
ဒီစာကိုဖတ်နေတဲ့ လူငယ်ရဲ့ အနာဂတ်မှာ အခွင့်အလမ်းကောင်းတွေ အများကြီးက
စောင့်ကြိုနေပါလိမ့်မယ်။

ကဲ… ဘယ်လိုအခွင့်အလမ်းတွေ ရနိုင်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။👇

1️⃣ Digital Marketer

အခုလို Digital ခေတ်မှာ ကုမ္ပဏီတွေ၊ Brand တွေတိုင်းက သူတို့ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို လူတွေစိတ်ဝင်စားလာအောင် ကြော်ငြာဖို့ Copywriter တွေကို အားကိုးနေရပါတယ်။

ဒါကြောင့် Copywriting ကို ကောင်းကောင်းရေးတတ်မယ်ဆိုရင် လစာကောင်းကောင်းနဲ့ အလုပ်လုပ်နိုင်မှာအသေအချာပါပဲ။

2️⃣ Freelancer

ရုံးချိန်၊ အလုပ်ရှင်တွေရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ အလုပ်လုပ်ရတာ သဘောမကျဘူးဆိုရင် Freelance Copywriter အဖြစ် အလုပ်လုပ်လို့ရပါတယ်။

Upwork, Fiverr တို့လို Platform တွေကနေ နိုင်ငံတကာက Client တွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံခြားဝင်ငွေလည်း ရှာနိုင်ပါသေးတယ်။ ကိုယ့်အချိန်ကိုယ်ပိုင်ပြီး ဝင်ငွေလည်းကောင်းတဲ့ အလုပ်တစ်ခုပါ။

3️⃣ ကိုယ်ပိုင် Business Owner

ကိုယ့်မှာ ရောင်းချင်တဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုခုရှိရင် Marketing စရိတ်သက်သာပြီး ကိုယ့် Brand ကို လူတွေပိုသိလာအောင် ကိုယ်တိုင်ရေးသားနိုင်ပါတယ်။

4️⃣ Social Media Influencer / Content Creator

Facebook, Instagram, YouTube, TikTok တို့လို Social Media Platform တွေမှာ လူစိတ်ဝင်စားမယ့် Content တွေ ဖန်တီးပြီး Follower များလာရင်

ဒီ Platform တွေကနေတဆင့် ဝင်ငွေတွေရလာသလို Brand တွေနဲ့ လက်တွဲပြီးလည်း ဝင်ငွေရှာနိုင်ပါတယ်။

5️⃣ SEO (Search Engine Optimization) ပညာရှင်

Google မှာ Keyword တွေသုံးပြီး လူတွေရှာတဲ့အခါ ကိုယ့် Website က ထိပ်ဆုံးမှာပေါ်လာအောင်ရေးသားပေးရတဲ့ SEO Copywriting က လက်ရှိမှာ Demand အရမ်းများပြီး ဝင်ငွေကောင်းတဲ့ Career တစ်ခုပါ။

6️⃣ Email Marketing Specialist

Customer တွေနဲ့ ရေရှည်ဆက်ဆံရေးကောင်းတွေ တည်ဆောက်တဲ့နေရာမှာ အရမ်းအရေးပါတဲ့ Email Marketing အတွက်

အောင်မြင်တဲ့ Marketing Campaign တွေဖန်တီး၊ ဆွဲဆောင်မှုရှိတဲ့ Email တွေနဲ့ ဝယ်ယူချင်စိတ်ဖြစ်လာအောင် ရေးသားပေးရတဲ့ Specialist တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

7️⃣ Expert in Your Field with Personal Branding

လူငယ်က နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်ပြီးသားဆိုရင် Copywriting ကို သုံးပြီး သင့်ရဲ့ ကျွမ်းကျင်မှုတွေကို လူတွေသိလာအောင်

စာတွေရေး၊ E-book တွေထုတ်ဝေ၊ Online Course တွေ ဖွင့်လှစ်ရင်း ကိုယ့်နယ်ပယ်မှာ Expert တစ်ယောက်အဖြစ် Personal Brand ကို အခိုင်အမာ တည်ဆောက်နိုင်ရုံသာမက ဝင်ငွေတွေလည်း အများကြီး တိုးလာမှာပါ။

ဒါတွေကတော့ Copywriting Skill တစ်ခုတည်းကို တတ်မြောက်ထားရုံနဲ့ လူငယ်တွေအတွက် ရရှိနိုင်မယ့် အခွင့်အလမ်းကောင်းတွေထဲက တစ်ချို့ပဲ ဖြစ်ပါတယ်။

ဒီ Skill က လူငယ့်ကို အောင်မြင်တဲ့ အနာဂတ်တစ်ခု ပိုင်ဆိုင်နိုင်စေမှာ အသေအချာပါပဲ။

ဒီထဲမှာ လူငယ့်အနေနဲ့ စိတ်ဝင်စားဆုံး အခွင့်အလမ်းက ဘယ်တစ်ခုဖြစ်မလဲ?

ကွန်းမန့်မှာ မျှဝေပေးခဲ့ပါဦးဗျ။ 👇

31/08/2025

Copywriting အစွမ်းနဲ့ Lifestyle Brand အဖြစ်ပြောင်းလဲနိုင်ခဲ့တဲ့ Apple |

၂၀၀၁ ခုနှစ်မှာ Apple က iPod ကိုစတင်မိတ်ဆက်တဲ့အချိန် MP3 player market မှာ အများစုက product specification တွေကိုသာ အဓိကဖော်ပြကြပါတယ်။

“5GB storage”, “MP3/WAV format support”
ဆိုတဲ့ စကားလုံးတွေဟာ လူတွေရဲ့အာရုံကို မဆွဲဆောင်နိုင်ခဲ့ပါဘူး။

အဲဒီအချိန်မှာ Steve Jobs က...

“1,000 songs in your pocket.”
ဆိုတဲ့ စာကြောင်းတစ်ကြောင်းထဲနဲ့ Product ကို
Launch လုပ်ခဲ့ပါတယ်။

Launch ပြီးမကြာမီ ဝက်ဝက်ကွဲ
အောင်မြင်သွားခဲ့ပြီး ရောင်းအားအသွက်ဆုံး Product တစ်ခုဖြစ်လာခဲ့ပါတယ်။

------

ဘာကြောင့် ဒီ Copywriting က
အလုပ်ဖြစ်သွားတာလဲဆိုရင်...

✅ Benefit > Feature

🔻သုံးနေကျ သမားရိုးကျ နည်းပညာစကားတွေ
မသုံးဘဲ User ရဲ့အတွေ့အကြုံကိုပဲ ပြသလိုက်ပါတယ်။

🔻"5GB ပါဝင်တယ်" ဆိုတဲ့အစား “သီချင်းပေါင်း အပုဒ် ၁,၀၀၀ ကို တစ်ခါထဲထည့်နိုင်တယ်” လို့ ပြောလိုက်တာကြောင့် ပိုပြီး မျက်လုံးထဲမြင်သွားစေပါတယ်။

------

✅ Emotional Connection

🔻 “တချိန်တည်းမှာ သီချင်း‌တွေများစွာ
နားထောင်နိုင်တယ်” ဆိုတဲ့ ခံစားချက်ကို ထိတွေ့စေပါတယ်။

🔻 Apple ကို Tech Company မဟုတ်ဘဲ
Lifestyle Brand တစ်ခုအဖြစ် မြင်သွားစေပါတယ်။

------

✅ Simplicity

🔻 Short, clear, memorable. တိုတိုနဲ့ ရှင်းရှင်းပြီး မှတ်မိလွယ်စေခဲ့တာကြောင့် စာကြောင်းတစ်ကြောင်းထဲနဲ့ Global Branding ကို တည်ဆောက်နိုင်ခဲ့ပါတယ်။

------

✅ ဒီ Copywriting ကနေ ပြန်ရခဲ့တဲ့ရလဒ်ကတော့..

🔻 Launch လုပ်ပြီး နောက်ပိုင်းမှာ အရောင်းရဆုံး Apple Product တစ်ခုဖြစ်လာကာ 450 Million အထိ
ရောင်းရခဲ့ပြီး $30 Billion+ Revenue အထိ ပြန်ရရှိခဲ့ပါတယ်။

------

ဒီ Case ကနေ ဘာတွေသင်ခန်းစာယူလို့ရလဲဆိုရင်
Copywriting ရေးတဲ့အခါ...

✅ Feature ကို မပြောဘဲ Customer ရရှိမယ့် Benefit ကို highlight လုပ်ရပါမယ်။
✅ Customer ရဲ့ အတွေ့အကြုံနဲ့ ခံစားချက်ကို ဂရုစိုက်ရပါမယ်။
✅ ရိုးရှင်းတဲ့ စာကြောင်းတစ်ကြောင်းက အခြေခံသတ်မှတ်ချက်တွေထက် brand power ကိုပိုတိုးစေပါတယ်။

------

အဲဒီတော့ အခုဖတ်နေတဲ့မိတ်ဆွေကလည်း

• ရောင်းအားအမြန်တက်မယ့် Copywriting တွေ ရေးတတ်ချင်တယ်။
• စကားလုံးတွေကို ဝင်ငွေအဖြစ်ပြောင်းချင်တယ်။
• Brand တည်ဆောက်ချင်တယ်။
• Marketing Campaign တွေကို ပိုအောင်မြင်ချင်တယ် ဆိုရင်တော့....

Word To Money လို့ခေါ်တဲ့ ဆရာဉာဏ်လင်းအောင် သင်ကြားပေးထားတဲ့ Copywriting သင်တန်းကို တက်ရောက်ပြီး ပိုမိုလေ့လာနိုင်ပါတယ်။

အောင်မြင်တဲ့ Copywriting တွေရေးနိုင်ပြီး၊ ငွေတွေသိန်းချီရှာနိုင်ဖို့ စတင်ချင်ရင်
အခုပဲ “WM” လို့ ကောမန့်မှာ ရေးပြီးတော့ပဲဖြစ်ဖြစ်/ Cb ကို ပို့ပြီးတော့ပဲဖြစ်ဖြစ် ဆက်သွယ်အပ်နှံနိုင်ပါတယ်ဗျာ...


#ဆရာဉာဏ်လင်းအောင်

28/08/2025

အိမ်မှာနေရင်း ဝင်ငွေရှာချင်တဲ့ လူငယ်တွေအတွက် Copywriting က ဘာလို့ အကောင်းဆုံး Skill ဖြစ်နေရတာလဲ❓

ဒီနေ့ခေတ် လူငယ်တော်တော်များများက သမားရိုးကျ 9 to 5 အလုပ်ပုံစံထက် ပိုပြီး လွတ်လပ်တဲ့ Lifestyle မျိုးကို မက်မောလာကြတယ်။

ကိုယ့်အချိန်ကို ကိုယ်ပိုင်ချင်တယ်၊
ခရီးသွားရင်းလည်း အလုပ်လုပ်နိုင်ချင်တယ်၊
ဒါမှမဟုတ် အိမ်မှာပဲ သက်သောင့်သက်သာနေရင်းနဲ့ ဝင်ငွေတစ်ခုတည်ဆောက်ချင်ကြတယ်။

ဒီလိုဆန္ဒတွေရှိလာတဲ့အခါ ကိုယ့်မှာ ဘာ Skill တွေ ရှိထားသင့်လဲဆိုတာက မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

အဲ့ဒီထဲကမှ အရင်းအနှီးအများကြီးမလိုဘဲ
ကိုယ့်ရဲ့ကြိုးစားမှုနဲ့ အချိန်ပေးမှုပေါ်မှာ မူတည်ပြီး တိုးတက်နိုင်တဲ့ Skill တစ်ခုကတော့ Copywriting ပါပဲ။

Copywriting ဆိုတာ ရိုးရိုးစာစီစာကုံးရေးတာ၊ ဆောင်းပါးရေးတာမဟုတ်ပါဘူး။

စကားလုံးတွေကိုသုံးပြီး လူတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို နှိုးဆွ၊ ကိုယ်ဖြစ်စေချင်တဲ့ လုပ်ဆောင်ချက်တစ်ခု (ဥပမာ- ပစ္စည်းဝယ်ခိုင်းတာ၊ ဝန်ဆောင်မှုသုံးခိုင်းတာ) ကို လုပ်လာအောင် ဆွဲဆောင်စည်းရုံးရတဲ့ အနုပညာတစ်ခုပါ။

ဒီ Skill က အိမ်ကနေ အလုပ်လုပ်ချင်တဲ့လူငယ်တွေအတွက် ဘာလို့ သင့်တော်လဲဆိုတော့...

1️⃣ နေရာမရွေး၊ အချိန်မရွေး အလုပ်လုပ်နိုင်ခြင်း

Copywriting ရဲ့ အကြီးမားဆုံး ဆွဲဆောင်မှုကတော့ ဒါပါပဲ။ Laptop တစ်လုံးနဲ့ အင်တာနက်ချိတ်ဆက်မှုရှိရင် ကော်ဖီဆိုင်လေးထိုင်ရင်းပဲဖြစ်ဖြစ်၊ အိမ်မှာသက်သောင့်သက်သာနေရင်းပဲဖြစ်ဖြစ်၊ ခရီးသွားရင်းနဲ့ပဲဖြစ်ဖြစ် အလုပ်လုပ်လို့ရပါတယ်။

9 to 5 ရုံးတက်စရာမလိုဘဲ ကိုယ့်ရဲ့ Productivity အကောင်းဆုံးအချိန်မှာ အလုပ်လုပ်နိုင်လို့ Work-Life Balance ကိုအကောင်းဆုံး ဖန်တီးနိုင်မှာပါ။

2️⃣ ဝင်ငွေအကန့်အသတ်မရှိ ရှာဖွေနိုင်ခြင်း

လစဉ်သတ်မှတ်ထားတဲ့ လခတစ်ခုတည်းကို မှီခိုနေစရာမလိုဘဲ၊ ကိုယ့်ရဲ့ အရည်အချင်းနဲ့ ကြိုးစားအားထုတ်မှုပေါ်မူတည်ပြီး ဝင်ငွေက ပြောင်းလဲနိုင်ပါတယ်။

ဒီစာကိုဖတ်နေတဲ့လူငယ်က လုပ်ငန်းတစ်ခုအတွက် တန်ဖိုးရှိတဲ့ ရလဒ်တွေ (ဥပမာ - ရောင်းအားတက်လာအောင်) ဖန်တီးပေးနိုင်လေလေ၊ လူငယ့်ရဲ့ဝင်ငွေကလည်း မြင့်မားလာလေလေပါပဲ။ ဒါဟာ ကိုယ့်အရည်အချင်းကို တိုက်ရိုက်ဝင်ငွေအဖြစ် ပြောင်းလဲနိုင်တဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုပါ။

3️⃣ ဈေးကွက် လိုအပ်ချက်အလွန်မြင့်မားခြင်း

Digital ခေတ်ဖြစ်လာတာနဲ့အမျှ စီးပွါးရေးလုပ်ငန်းတိုင်းက Online ပေါ်မှာ သူတို့ရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို လူတွေသိအောင်၊ စိတ်ဝင်စားအောင် ကြော်ငြာဖို့၊ Brand Image တည်ဆောက်ဖို့လိုအပ်လာပါတယ်။

Facebook / Instagram ပေါ်က ကြော်ငြာစာသားတွေ
Website ပေါ်က အချက်အလက်တွေနဲ့ ကုန်ပစ္စည်းမိတ်ဆက်တွေ
TikTok / YouTube Video တွေအတွက် Script တွေ

ဒီအရာအားလုံးအတွက် Copywriter ကောင်းတစ်ယောက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့် ဒီ Skill ကို တကယ်ကျွမ်းကျင်ရင် အလုပ်လက်မဲ့ဖြစ်မှာကို စိတ်ပူစရာမလိုပါဘူး။

4️⃣ စတင်ဖို့လွယ်ကူခြင်း

တခြား အသက်မွေးဝမ်းကျောင်းပညာရပ်တွေလို ဈေးကြီးတဲ့ ပစ္စည်းကိရိယာတွေ၊ ဘွဲ့လက်မှတ်တွေ မဖြစ်မနေမလိုအပ်ပါဘူး။

အဓိကလိုအပ်တာက သင်ယူချင်စိတ်၊ စာဖတ်ခြင်း၊ Empathy နဲ့ လက်တွေလေ့ကျင့်မှုပါ။

Online ပေါ်မှာလည်း လေ့လာလို့ရတဲ့ နေရာတွေအများကြီးရှိတာမို့ အလွယ်တကူ စတင်ရုံပါပဲ။

လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အနာဂတ်ကို ကိုယ်တိုင်ပုံဖော်ချင်တယ်၊ အချိန်နဲ့ အရည်အချင်းကို ရင်းနှီးပြီး လွတ်လပ်တဲ့ အသက်မွေးဝမ်းကျောင်း တစ်ခုကို တည်ဆောက်ချင်ဆိုရင်တော့ Copywriting Skill က အကောင်းဆုံး ရတနာသိုက်တစ်ခုပါပဲ။

လူငယ်ရေးလိုက်တဲ့ စကားလုံးတိုင်းကနေ ဘဏ်အကောင့်ထဲကို ဝင်လာမယ့် ဝင်ငွေတွေအဖြစ် ပြောင်းလဲသွားနိုင်တဲ့အပြင်၊ လူငယ့်ရဲ့ Creativity ကိုလည်း အစွမ်းကုန်အသုံးချခွင့်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် အိမ်မှာနေရင်း ဝင်ငွေရှာချင်တဲ့ လူငယ်တွေအတွက် Copywriting က ဘာလို့ အကောင်းဆုံး Skill ဖြစ်နေရတာပါနော်…

ဒီစာကို ဖတ်နေတဲ့လူငယ်ရော Copywriting ကို လေ့လာဖူးလား?

ကွန်းမန့်မှာ မန့်ခဲ့လို့ရပါတယ်ဗျ။

Photos from Unlock Your Futures's post 28/08/2025

ချွေးစိုနေတဲ့အင်္ကျီကို 🧐လေလံတင်ပြီး
ရောင်းလို့ရတာ ဘာကြောင့်လို့ထင်ပါလဲ ‼️

လူတွေဝယ်ချင်အောင်ရောင်းနိုင်တဲ့
အတတ်ပညာလို့ခေါ်တဲ့ Copywriting ကြောင့်ပါပဲ ။

၂၀၀၉ ခုနှစ်က eBay မှာ 0.99 ဒေါ်လာပဲတန်တဲ့
မြင်းခေါင်းရုပ်လေးကို Copywriting နဲ့
Storytelling ပေါင်းစပ်ပြီး 62.95 ဒေါ်လာနဲ့
ရောင်းလိုက်နိုင်ခဲ့ပါတယ်။ ဘယ်လောက်ဈေးတက်သွားလဲဆိုရင် 6,395% ရာခိုင်နှုန်းအထိ ဖြစ်ပါတယ်။

ဒါကိုကြည့်ခြင်းဖြင့်
Copywriting (ကြော်ငြာရေးနည်း)ဟာ
လုပ်ငန်းတစ်ခုအတွက် ဘယ်လောက်အရေးပါပြီး၊
ပစ္စည်းဈေးတန်ဖိုးကို ဘယ်လောက်
မြှင့်တင်နိုင်လဲ ဆိုတာ သိနိုင်ပါတယ်။

Copywriting ဆိုတာ ❓

✔️စာဖတ်သူကို ကိုယ့်စာမြင်တာနဲ့
ချက်ချင်းဝယ်ယူချင်လာအောင် လုပ်ပေးတဲ့

✔️စကားလုံးတွေကို
ဝင်ငွေအဖြစ်ပြောင်းလဲပေးနိုင်တဲ့
ကြော်ငြာရေးနည်း ပညာရပ်တစ်ခု ဖြစ်ပါတယ်။

======

📌 ကိုယ့်စီးပွားရေးရဲ့ ရောင်းကုန်တွေ
တန်ဖိုး Value တက်စေဖို့

📌 တူတာကိုရောင်းပေမဲ့ ရောင်းရတာချင်းမတူဖို့

📌 တခြားသူတွေနဲ့မတူတဲ့ ကောင်းတဲ့အကွက်တစ်ကွက်ကို ရှာပြီး ပိုကောင်းတဲ့ ရောင်းအားတွေရရှိဖို့
Copywriting ကို လေ့လာထားသင့်ပါတယ်။

တစ်နည်းပြောရမယ်ဆိုရင် Copywriting ဟာ
ကိုယ့်ကိုငွေပြန်ရှာပေးနိုင်တဲ့ ပညာရပ်တစ်ခုဆိုလည်း
မမှားပါဘူး။

======

ဒါကြောင့်မို့ Copywriting ပညာရပ်ကို လေ့လာချင်သူတွေအတွက် ဆရာဉာဏ်လင်းအောင်ရဲ့ Words To Money (Copywriting) Training မှာဆိုရင်...

✅ Copywriting ဆိုတာဘာလဲ
✅ Copywriting ကို ဘယ်နေရာမှာသုံးတာလဲ
✅ ကိုယ့် Target Audience ကို ဘယ်လိုခွဲခြားမလဲ
✅ တစ်ကွက်ကောင်း Unique Selling Point (USP) ဘယ်လိုထုတ်မလဲ
✅ စွမ်းအားရှိတဲ့ စကားလုံးတွေကဘာတွေလဲ
✅ Content Writing Vs Copywriting ဘာကွာလဲ
✅ Copywriting တစ်ပုဒ် ဘယ်လိုစရေးမလဲ
✅ Copywriting ရေးပုံရေးနည်း Theory တွေ၊ Formula တွေ
✅ Storytelling ပြောပုံပြောနည်းတွေ
✅ စိတ်ဝင်စားစရာ ခေါင်းစဉ်စာသား ရေးသားနည်းတွေအပြင်....

လူတွေရဲ့ ဦးနှောက်အလုပ်လုပ်ပုံတွေအပေါ် မူတည်ပြီး စကားလုံးရွေးချယ် အသုံးပြုပုံတွေကိုပါ ဥပမာတွေ၊ မှတ်မိလွယ်စေမယ့် ပုံပြင်တွေနဲ့ သေချာသင်ကြားပေးထားတာဖြစ်လို့ တကယ်လေ့လာ/ လေ့ကျင့်သွားမယ်ဆိုရင်...

သင်တန်းတက်ပြီးတာနဲ့ စကားလုံးတွေကို ဝင်ငွေအဖြစ်ပြောင်းလဲနိုင်တဲ့ Copywriting တွေ
ရေးနိုင်လာမှာသေချာပါတယ်။

======

🎞️ Video Class ဖြစ်လို့

• တကူးတက အချိန်ပေးတက်စရာမလိုဘဲ ကိုယ်အားတဲ့အချိန်မှာ အင်တာနက်ရှိရုံနဲ့ Facebook Private Group ထဲမှာ အစဉ်လိုက်တင်‌ပေးထားတဲ့ Video Lesson တွေကို ဝင်ကြည့်ပြီး လေ့လာသွားရုံပါပဲ။

• သင်ခန်းစာတွေကိုလည်း Lifetime (တစ်သက်သာ) လေ့လာခွင့် ပေးထားတာမို့ မေ့သွားခဲ့သည်ရှိသော် အချိန်မရွေး ပြန်လေ့လာနိုင်ပါတယ်။

အဲဒီတော့ အခုအပ် အခုတက်လို့ရတာကြောင့်
တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်...

အခုပဲ Cb ကို "WM" လို့ပိုပြီး
ဆက်သွယ်အပ်နှံနိုင်ပါပြီနော်....🫶🏻🖤






Photos from Unlock Your Futures's post 25/08/2025

ငွေကြေးအရင်းအနှီး မရှိလို့ လုပ်ငန်းရှင် မဖြစ်တော့ဘူးလို့ တွေးနေမိပြီလား ‼️

👉 ကိုယ်ပိုင်လုပ်ငန်းတစ်ခု စလုပ်ချင်တယ်၊ ဒါပေမဲ့ စဖို့ ပိုက်ဆံမရှိဘူး။
👉 လခစားဘဝကနေ ရုန်းထွက်ချင်ပေမယ့် ခုအခြေအနေကနေ Risk ယူရမှာ ကြောက်နေတယ်။
👉 ကိုယ့်မှာ အရည်အချင်းတွေ ရှိပေမယ့် အဲဒါကို ငွေကြေးအဖြစ် ဘယ်လိုပြောင်းရမှန်း မသိဘူး။
👉 အွန်လိုင်းမှာ တွေ့နေရတဲ့ လုပ်ငန်းတွေလို
ကိုယ်လည်း အောင်မြင်ချင်တယ်၊ Idea လည်းရှိတယ်ဒါပေမဲ့ ဘယ်ကစရမှန်းမသိဘူး။

အပေါ်က အခြေအနေတွေကို မိတ်ဆွေကြုံနေရပြီဆို ဒီ Training က မိတ်ဆွေအတွက်ပါပဲ။

ကျနော်တို့
ဆရာဉာဏ်လင်းအောင်ရဲ့ "Start With Zero" Training နဲ့ မိတ်ဆက်ပေးပါမယ်။ 💡

ဒီသင်တန်းက ငွေအရင်းအနှီးကို အဓိကမထားဘဲ၊ မိတ်ဆွေမှာရှိပြီးသား
✔️ "အချိန်"✔️"အရည်အချင်း"✔️ "အသိပညာ" နဲ့ ✔️"ဖန်တီးနိုင်စွမ်း" တွေကို
အရင်းတည်ပြီး အမြတ်အစွန်းရတဲ့
လုပ်ငန်းတစ်ခုအဖြစ် ဘယ်လိုပြောင်းလဲရမလဲ❓
ဆိုတာကို
ဆရာ့ရဲ့အတွေ့အကြုံတွေနဲ့ပေါင်းစပ်ပြီး
သေချာလမ်းညွှန်ပေးသွားမှာပါ။

မူလ သင်တန်းကြေး ၂၅၀၀၀၀ ကျပ်ကို

💰 ၁၂၀၀၀၀ ကျပ်တည်းနဲ့
ပထမဆုံး တက်ရောက်သူ အယောက် (၃၀) ကို တက်ရောက်ခွင့်ပေးသွားမှာမို့

စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်
အခုပဲ Messenger မှာ "SZ" လို့ပေးပို့ပြီး အသေးစိတ်ဆက်သွယ်မေးမြန်း အပ်နှံလိုက်ပါဗျ။ 🖤

25/08/2025

ဒီလိုလူ (၉) မျိုးနဲ့ အလုပ်တွဲမလုပ်ပါနဲ့။

ဆရာဉာဏ်လင်းအောင်ရဲ့ မျှဝေပြီးသား Video Content တွေထဲကမှ လူငယ်တွေအတွက် အသုံးဝင်မယ့် Video တွေကို ဒီ Page ကနေ ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ။

ဆရာဉာဏ်လင်းအောင်ရဲ့
Unlocked Your Future

25/08/2025

ဦးနှောက်နဲ့ နှလုံးသားအတွက် မနက်စာ 🍃

“အမှန်တရားကိုလည်းသိတယ်၊ အမှန်တရားကိုလည်းမြင်တယ်

ဒါပေမဲ့ အလိမ်အညာတွေကိုပဲ ယုံကြည်နေတဲ့သူတွေကတော့ ရူးသွပ်နေတဲ့သူတွေပဲ“

ဆရာ့ရဲ့ ဘဝ ဖြတ်သန်းမှုမှာ အရေးပါခဲ့တဲ့ အတွေးအမြင်တွေနဲ့ Motivation တွေကိုမနက်တိုင်း မျှ ဝေပေးသွားမှာမို့
Page လေးကို Like and Follow လုပ်ထားဖို့ မမေ့ပါနဲ့ဗျာ။

ဆရာဉာဏ်လင်းအောင်ရဲ့
Unlock Your Future

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


Bangkok
10100