Football Highlight Myanmar

Football Highlight Myanmar

แชร์

Football news and highlight

Photos from Football Highlight Myanmar's post 24/12/2025
09/01/2025

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ရော်နယ်လ်ဒို အတည်ပြု

ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒိုက ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF) ဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

ထို့ပြင် ၎င်းက ဘရာဇီးလ်လက်ရွေးစင်အသင်း၏ ဂုဏ်သိက္ခာကို ပြန်လည်ရယူပေးလိုကြောင်း ပြောကြားခဲ့သည်။

ရော်နယ်လ်ဒို (၄၈ နှစ်)အနေဖြင့် လက်ရှိ CBF ဥက္ကဋ္ဌဖြစ်သူ အက်နယ်လ်ဒိုရိုဒရီဂတ်စ်၏နေရာတွင် အစားထိုးရန် ရွေးကောက်ခံကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည်ဖြစ်သည်။

CBF ဥက္ကဋ္ဌ ရွေးကောက်ပွဲကို လာမည့်နှစ် မတ်လတွင် ပြုလုပ်မည်ဖြစ်ပြီး လက်ရှိဥက္ကဋ္ဌမှာ ၂၀၂၆ ခုနှစ် မတ်လတွင်မှ သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် ဥက္ကဋ္ဌရာထူး မလွှဲပြောင်းမီ (၁၂)လအလိုကတည်းက ရွေးကောက်ပွဲပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ဘရာဇီးလ်အသင်းသည် ကမ္ဘာ့ဖလားချန်ပီယံဆုကို စံချိန်တင် ငါးကြိမ် ရရှိခဲ့သော်လည်း ၂၀၀၂ ပြိုင်ပွဲပြီးကတည်းက ချန်ပီယံဆုနှင့် ဝေးကွာနေခဲ့သည်။

09/01/2025

စိုးလင်းဦးက ဆက်ခ်ဆန်နဲ့ပွဲကို ဘာလို့ မဖျက်ဘဲ အတင်းထိုးရတာလဲ

စိုးလင်းဦးအတွက် ဆက်ခ်ဆန်နဲ့ပွဲဟာ သိပ်ပြီးအရေးကြီးပါတယ်။ ONE Championship နဲ့ ဒေါ်လာ တစ်သိန်းတန်စာချုပ် ပိုင်ဆိုင်ပြီးနောက် ပထမဆုံးထိုးတဲ့ပွဲမှာ နာဘေးလ်ကို စိုးလင်းဦး အညံ့ခံခဲ့ရတယ်။ စာချုပ်ကပြီးပထမဆုံးထိုးတဲ့ပွဲမှာ ရှုံးခဲ့တာ စိုးလင်းဦးအတွက် စိတ်ပျက်စရာပါ။ သူ့အတွက် သိက္ခာပြန်ဆယ်ရမယ့်ပွဲ လိုအပ်နေပါတယ်။ ONE ကလည်း စာချုပ်ပေးထားတဲ့ ကစားသမားကို ထပ်ပြီး စမ်းသပ်ချင်နေပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ စိုးလင်းဦးအတွက် အခွင့်အရေးကောင်း ရောက်လာပါတယ်။ ဇန်နဝါရီလ (၂၄) ရက်မှာ ကျင်းပမယ့် ONE 170 ပြိုင်ပွဲမှာ စိုးလင်းဦးက ဆက်ခ်ဆန်နဲ့ ထိုးရမှာပါ။ ONE 170 က ချက်ထရီရဲ့မဟာပရိုမိုးရှင်းပွဲကြီး ဖြစ်ပါတယ်။

09/01/2025

တိုက်စစ်မှူး ဒါဝင်နူးညက်ဇ်အတွက် ကမ်းလှမ်းမှုများကို လီဗာပူးလ် လက်ခံစဉ်းစားမည်

လီဗာပူးလ်အသင်းသည် အသင်းတိုက်စစ်မှူး ဒါဝင်နူးညက်ဇ်အတွက် ယခုဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ကမ်းလှမ်းလာမှုများကို လက်ခံစဉ်းစားမည်ဖြစ်ကြောင်း သိရသည်။

နူးညက်ဇ်(၂၅ နှစ်)သည် ၂၀၂၂ ခုနှစ် နွေရာသီက Add-ons ကြေးအပါအဝင် ပေါင် ၈၅ သန်းအထိ ရောက်ရှိနိုင်သည့် ပြောင်းရွှေ့ကြေးပမာဏဖြင့် လီဗာပူးလ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

၎င်းအနေဖြင့် နည်းပြသစ် အာနယ်ဆလော့လက်ထက်တွင် နေရာရရေး ပိုမိုရုန်းကန်လာရပြီး ဆာလာ၊ ဒီယက်ဇ်၊ ဂက်ပိုနှင့် ဂျိုတာတို့က တိုက်စစ်ပိုင်းကို နေရာယူထားကြသည်။

လီဗာပူးလ်အသင်းသည် နူးညက်ဇ်ကို ပေါင် သန်း ၅၀ နှင့် ၆၀ ကြား ရရှိလျှင် ရောင်းထုတ်မည်ဖြစ်ပြီး နယူးကာဆယ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသည်။

09/01/2025

အယ်လ်နာဆာနှင့် ဆုဖလားများဆွတ်ခူးရန် စီရော်နယ်လ်ဒို ပစ်မှတ်ထားနေသော်လည်း ထိပ်တန်းကလပ်များဖြစ်သည့် အယ်လ်ဟီလာ၊ အယ်လ်အစ်တီဟတ်တို့ကို ယှဉ်ရန်မလွယ်ဟု ဝန်ခံ

ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာအသင်းမှ နာမည်ကျော်ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက လက်ရှိကလပ်အသင်းနှင့် ဆုဖလားများ ဆွတ်ခူးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆော်ဒီပရိုလိဂ် ထိပ်တန်းကလပ်များဖြစ်သည့် အယ်လ်ဟီလာနှင့် အယ်လ်အစ်တီဟတ် အသင်းများကို ယှဉ်ရန်မလွယ်ကြောင်းလည်း ဝန်ခံသွားခဲ့သည်။

စီရော်နယ်လ်ဒို သည် အယ်လ်နာဆာအသင်းသို့ ၂၀၂၂-၂၃ ရာသီအလယ်တွင် ရောက်ရှိလာပြီး အသင်း နှင့်ချုပ်ဆိုထားသည့် နှစ်နှစ်ခွဲ စာချုပ်မှာမူ ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။ လက်ရှိအချိန်အထိ စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးခြင်းမျိုး မရှိသေးသောကြောင့် အပြောင်းအရွှေ့ စျေးကွက်ဖွင့်လှစ်ချိန်တွင် သူ၏အနာဂတ်အတွက် ထင်မြင်ယူဆချက်များစွာ ထွက်လာခဲ့သည်။

သို့သော် စီရော်နယ်လ်ဒိုက "ကျွန်တော် ပျော်နေသလို၊ ကျွန်တော့်မိသားစုလည်း ပျော်ပါတယ်။ ဒီလှပတဲ့ တိုင်းပြည်မှာ ကျွန်တော်တို့ ဘဝသစ်တစ်ခုကို စတင်ခဲ့ပြီး ဖြစ်ပါတယ်။ ဘဝက ကောင်းသလို၊ ဘောလုံးကလည်း ကောင်းပါတယ်။ တစ်ဦးချင်းအပြင် ဒီမှာ ကျွန်တော်တို့ စုဆောင်းရရှိတဲ့အရာတွေ အားလုံးပေါ့။ ကျွန်တော် တိုးတက်နေတုန်းပါပဲ။ အယ်လ်ဟီလာ၊ အယ်လ်အစ်တီဟတ် တို့လို အသင်းတွေကိုတော့ ယှဉ်နိုင်ဖို့ အတော်ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်လက်တွန်းအားပေးပြီး တိုက်ပွဲဝင်ဖို့ ဒီမှာ ရှိနေပါတယ်။ ဘောလုံးက ဒီလိုပါပဲ။ ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရှိသလို၊ ဆိုးရွားတဲ့အချိန်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အဖို့ အရေးအကြီးဆုံးအရာက ပရော်ဖက်ရှင်နယ်ဆန်ဖို့၊ ပြင်းပြင်းထန်ထန် တွန်းအားပေးဖို့၊ ကလပ်ကို လေးစားဖို့၊ စာချုပ်ကို လေးစားဖို့ပါပဲ။ ဒါ့အပြင် အယ်လ်နာဆာအသင်းအတွက် ဆုဖလားတွေ ပိုမိုရရှိရေးအတွက် ကြိုးပမ်းပြီး ပြောင်းလဲမှုတွေလည်း လုပ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ အာရှချန်ပီယံလိဂ်ဖလားက ကလပ်အတွက် ကျွန်တော် ရယူပေးလိုတဲ့ အရာ တစ်ခုပါပဲ။ ဒါပေမဲ့ အရေးအကြီးဆုံးက ဆက်လက်တွန်းအားပေးပြီး ပရော်ဖက်ရှင်နယ်ဆန်ဖို့ပါပဲ"ဟု ဆော်ဒီပရိုလိဂ် မီဒီယာရုပ်သံသို့ ပြောကြားခဲ့သည်။

ဆော်ဒီလိဂ် ပွဲစဉ်-၁၃ အပြီးတွင် အယ်လ်နာဆာအသင်းမှာ (၂၅)မှတ်ဖြင့် စတုတ္ထနေရာ ရောက်ရှိနေပြီး အယ်လ်အစ်တီဟတ်နှင့် (၁၁)မှတ်၊ အယ်လ်ဟီလာနှင့် (၉)မှတ် ကွာဟလျက်ရှိသည်။ လာမည့်ဖေဖော်ဝါရီလတွင် အသက်(၄၀)နှစ်ပြည့်မည့် စီရော်နယ်လ်ဒိုအနေဖြင့် အယ်လ်နာဆာအသင်းနှင့် စာချုပ်အရ ကမ္ဘာ့လစာအများဆုံး အားကစားသမားအဖြစ် ရပ်တည်နေပြီး တစ်ပတ်လုပ်ခ ဒေါ်လာ လေးသန်းကျော်နှင့် တစ်နှစ်လုပ်ခ ဒေါ်လာ သန်း(၂၁၀)ကျော် ရရှိနေကြောင်း သိရသည်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok
20240