11/08/2025
Helloမင်္ဂလာပါ။ ဘော့လုံးရာသီလည်းနီးလာပြီ။ဒီရာသီတော့ AGW မှာသိပ်ရှိပါ့မလားမသိဘူး။အလုပ် များ နေတော့ပွဲတွေသိပ်မကြည့်နိုင်၊အချိန်လည်းများများစားစားမထွက်ဘူး။ဒါပေမဲ့ စိတ်အခံကရှိနေပြန်တော့ ကြိုကြားကြိုကြားလုပ်ဖြစ်ပါဦးမယ်။သေချာတာတော့ ကျွန်တော့အသင်းပွဲတွေကတော့ အမြဲကြည့်ဖြစ်မှာဆိုတော့ Arsenal အကြောင်းအရာတွေကများပါလိမ့်မယ်။ဒါ့ကြောင့်လည်း ခု tagထားတဲ့ Arsenal အခွဲpage မှာဒီရာသီပိုရှိနိုင်ပါလိမ့်မယ်။Arsenal ပရိတ်သတ်တေွ အပန်းမကြီးရင် fol/0w လေးလုပ်ထားပေးပါဦး။စကားပလ္လင်ခံပြီးပြီဆိုတော့ ဒီကနေ့အကြောင်းအရာလေးဘက်သွားလိုက်ရအောင်ပါ။သိတဲ့အတိုင်း ကိုယ့်အသင်းအကြောင်းပါဘဲ။
ဟိုတစ်နေ့က ရာသီကြိုခြေစမ်းပွဲတွေရဲ့ နောက်ဆုံးပွဲကစားသွားခဲ့တယ်။ ရှေ့ကပွဲတွေမှာ ခြေသိပ်တွေ့မနေသေးတာရော ပုံစံမျိုးစုံစမ်းသပ်နေတာရောတွေ့ရတယ်။နောက်ဆုံးပွဲ Bilbao နဲ့ပွဲကတော့ ဒီရာသီ ကစားလာမဲ့ပုံစံနဲ့အတော်လေးဆင်တူနိုင်တာကြောင့် အဲ့ဒီပွဲထဲကအကြောင်းအရာတွေ၊တွေ့မိတာလေးတွေ၊သတိပြုစရာလေးတွေ မြင်မိသေလာက်မျှဝေချင်ပါတယ်။(ပုံတွေကိုထောက်နေစရာမလိုဘဲ စာချည်းဆက်တိုက်ဖတ်လို့လည်းရပါတယ်။ပုံမှာလည်းသက်ဆိုင်ရာစာပါပါတယ်။ video clip တွေကိုတော့ comment မှာတင်လို့ရရင် တင်ထားပါမယ်။)
ဒီနောက်ပိုင်းနှစ်ေတွမှာ Arsenal ရဲ့ အဓိက ကစားသမားက Saka ပါ။ ပရိသတ်တွေအားလုံးမြင်မိကြတာကလည်း "ဘာမှမလုပ်တတ်ရင် Saka ဆီပေး"၊ "Sakaကို 2ယောက်/3ယောက် ကပ်ထားရင် ဘာမှမလုပ်တတ်တော့ဘူး" စသည်ဖြင့်ပေါ့။တစ်ကယ်လည်း အဲ့ဒီပြဿနာရှိပါတယ်။
ဒီရာသီကြိုပွဲမှာတော့ အဲ့ဒီပြဿနာကို ဖြေရှင်းဖို့လုပ်လာတာလေးမြင်မိပါတယ်။ဟိုးအရင်ကဆိုရင် Sakaဆီကို ဘော့လုံးတိုက်ရိုက်ပို့တာများလှတယ်။အဲ့ဒီအနေအထားတွေမှာ 2ယောက်3ယောက်ကပ်ထားတော့ ဝင်တိုးလို့မရ၊နောက်ပြန်ပေး ဘယ်ရောက်၊ညာရောက် အီလည်လည်အကွက်မျိုးတွေကစားခဲ့တယ်။ Bilbaoနဲ့ပွဲမှာတော့ Sakaဆီကိုဘော့လုံးအများဆုံးရောက်တဲ့အခြေအနေက 2ခုရှိပါတယ်။
1. Back line ကနေ long diagonal ပို့တာပါ။အမှတ်မမှားရင် ပို့သမျှ 4/5လုံးမှာ တစ်လုံးမှ လေလွင့်သွားတာမျိုးမရှိဘဲ 3ကြိမ်လောက် 1 vs 1 အနေအထားကနေ penalty area ထဲအထိတိုးဝင်နိုင်ခဲ့တယ်။
2. Attacking flowက ဘယ်ခြမ်းကနေ စီးဆင်းပြီးညာခြမ်း Saka ဆီရောက်လာတယ်။ဒီ ဒုတိယအချက်ကိုဘဲဆင့်ပွားပြီးပြောစရာလေးတွေရှိလာပါတယ်။
Declan Rice နဲ့အတူ left 8 အပြောင်းအလဲလေးကနေစပါမယ်။ မနှစ်ကတစ်ရာသီလုံး လိုလို Declan Riceက left 8နေရာမှာ တာဝန်ယူကစားပေးခဲ့သလို impactလည်းရှိခဲ့ပါတယ်။ Bilbao နဲ့ပွဲမှာတော့ Riceက CB နှစ်ယောက်ကြားထဲမှာဘဲ အချိန်တော်တော်များများရှိခဲ့တာပါ။ build upလုပ်တဲ့အချိန်တွေမှာ တိုက်စစ် direction ကို control လုပ်သလို သူ့ရဲ့ တိုးတက်လာတဲ့long range pass တွေကိုအသုံးချသွားတာတွေ့ရပါတယ်။ Saka ဘက်ဆီကို diagonal pass တွေပေးတာအားလုံးအောင်မြင်ခဲ့တယ်။lost ballတွေဖြစ်ခဲ့ရင်လည်း Riceဆီကနေ ရမယ့် defensive ability ကစိတ်ချရတဲ့အနေအထားထိရှိပါတယ်။CBနှစ်ယောက်+Riceရှိနေတာမို့ တိုက်စစ်ဆင်နေချိန် နောက်ကိုသိပ်ပြန်လှည့်ကြည့်နေစရာမလိုပါဘူး။
ဒီတော့ Riceက left 8မှာမရှိဘဲ ကစားကွက်တစ်ခုလုံးရဲ့ နောက်ဆုံးတန်းကိုရောက်သွားတယ်ဆိုရင် left 8 နေရာမှာဘယ်သူရှိနေသလဲဆိုတာတွေးရပါမယ်။ အောက်မှာ ဆက်ဖတ်ကြည့်ပါ။
အရင်ဆုံး build up စတင်တဲ့အခြေအနေတွေကနေစတင်ပါမယ်။တစ်ပွဲထဲမှာ ပုံစံကွဲမျိုးစုံကိုသုံးသွားတာတွေ့ရမှာပါ။
(1) 3 back - double pivot with inverted fullback
ဒီပုံစံက အရင်တွေ့နေကျပုံစံပါဘဲ။ Timber-Saliba-Gabriel 3ယောက်ခံစစ်လိုင်းမှာရှိပြီး double pivot အဖြစ် Zubi နဲ့ inverted အနေနဲ့ ဝင်ကစားတဲ့Calafiori ရှိပါတယ်။ အဲ့ဒီလိုအချိန်မှာ left 8က Declan Riceပါ။ထုံးစံအတိုင်းဘဲ left 8ရော Right 8ရောက wide ကိုထွက်ပြီး ဘော့လုံးတောင်းတဲ့ပုံစံတွေလုပ်တယ်။ရံဖန်ရံခါ wingerတွေက အတွင်းကိုပြန်ဝင်။ဆက်တိုက်position change တွေတွေ့ရမှာပါ။
(2)3 back- traditional double pivot
ဒီဟာကလဲ 3-2ပုံစံပါဘဲ။ Timber-Saliba-Gabriel 3 backပါ။double pivot နေရာမှာ Zubiနဲ့ Riceရှိပါတယ်။ဒီလိုအချိန်မှာ ဘယ်ခြမ်းရဲ့လုပ်ရှားမှုက အလိုက်သင့်နေရာရွေ့ခြင်းပါဘဲ။ Calafiori က left 8 နေရာထိတက်နေရာယူသလို Martinelli အတွင်းဝင်ပြီး Calafiori က touch line ခပ်မြင့်မြင့်အထိ တက်နေရာယူတာမျိုးလဲရှိတယ်။
(3)3back(drop DM)-Single pivot
ဒါလေးက နည်းနည်းလေးစိတ်ဝင်စားဖို့ကောင်းတယ်။ 3 backမှာ Saliba-Rice(Zubi)-Gabrielဖြစ်သွားတယ်။ Zubi(Rice) တစ်ယောက်ထဲ pivot နေရာမှာရှိတယ်။တစ်ယောက်ထဲဆိုပေမဲ့ ဘေးမှာရံပေးတာမျိုးရှိတယ်။ဒီနေရာမှာ left fullback ရဲ့ ရွေ့လျားမှုတွေက တော် တော် အရေးပါတယ်။ ဘယ်အချိန်မှာ traditional fullback တွေလို touch lineကနေ support ပေးမလဲ၊ဘယ်အချိန်မှာ single pivot ဆီကို drop လာမလဲ၊ဘယ်အချိန်မှာ touch line wingerဆန်ဆန်နေပြီး Martinelli နဲ့ လိုက်လျောညီထွေ position change လုပ်မလဲ စသည်ဖြင့် ရွေးချယ်ရတယ်။ဒါကတော့ နည်းပြရဲ့ တိကျတဲ့ ညွှန်ကြားမှုလည်းရှိကောင်းရှိနိုင်သလို ကိုယ်ပိုင်အသိနဲ့ရွေ့လျားတာမျိုးလည်းရှိနေနိုင်မှာပါ။
ဒီအထိဆိုရင် အပေါ်က Saka ဆီကိုဘော့လုံးရောက်တာနဲ့ ပြန်ချိတ်လို့ရပါပြီ။အပေါ်မှာပြောခဲ့ပါတယ်။ attacking flowက ဘယ်ကနေညာကိုစီးလာပါပြီ။ရှေ့နှစ်တွေက Arsenal ဟာ attacking third ကိုရောက်တဲ့အခါ ဘယ်ကနေ ညာကို ဘော့လုံးစီးဆင်းတာရှားပါတယ်။ များသောအားဖြင့် ညာခြမ်းက combine playကနေဘဲ ဘယ်ခြမ်းကို ဘော့လုံးရောက်တာများပါတယ်။ ဒီပွဲမှာတော့ ညာကနေ ဘယ်ကိုသွားဝာာ တွေ့လာရတယ်။ဘယ်လိုသွားတာလဲဆိုရင် Calafiori ကနေသွားတာပါ။ Martinelli က insideမှာရှိတဲ့အချိန် Calafiori က outside မှာပါ။အဲ့ဒီကနေ Martinelli က underlap runတွေပေးတယ်။ Martinelli underlap ထဲကို ထိုးပေးတာရှိသလို underlap ကြောင့်ရလာတာ half space ကနေရာလွတ်ထဲကို ဘော့လုံးသယ်လာပြီး ညာခြမ်းက လွတ်နေတဲ့ Saka ဆီကို လှမ်းပို့တာလည်းရှိပါတယ်။ underlap runထဲကို အောင်အောင်မြင်မြင် ဘော့လုံးပေးနိုင်ခဲ့ရင် Martinelli က penalty areaနဲ့အနီးဆံုး defense lineရဲ့ေနာက်မှာ ဘော့လူံးရမှာဖြစ်ပြီး Sakaဘက်ကိုပို့ရင်လည်း ဧရိယာထိပ်မှာ ဘော့လုံးလက်ခံရရှိတာပါ။ဒါက touchline တွေမှာ ပိတ်မိနေတာထက်စာရင် ပိုပြီးကောင်းပါတယ်။
"စည်းကမ်းမဲ့အမှိုက်မပစ်ပါနဲ့"
Calafiori ရဲ့ roleကိုပြောနေရင်းနဲ့ build upမှာပြောဖို့ကျန်သွားတာရှိတယ်။အဲ့ဒါက right fullback ရဲ့ တာဝန်။ Saliba-Rice-Gabriel အနေအထားနဲ့ 3 back ဖြစ်နေတဲ့အချိန် right fullback ကတော့ touchlineအနီး အလယ်လောက် Saliba ဆီကနေ diagonal pass ပေးလို့ကောင်းတဲ့ angle လောက်မှာဘဲနေပါတယ်။ တစ်ဖက်က left fullbackလောက် အရွေ့တွေလုပ်စရာမလိုသလို higher position အထိအများကြီးတက်စရာမလိုပါဘူး။ တစ်ကယ်တော့ အဲ့ဒီပွဲမှာ left fullback ဆီကနေ ရှေ့ကိုဘော့လုံးပေးတာ အတော်ကြီးရှားပါတယ်။ Arsenalရဲ့ build upညာခြမ်းက bait လုပ်တဲ့နေရာပါ။၊build upမှာ ဘယ်ကနေညာကို ဘော့လုံးပို့ရင်း Timberဆီ ရောက်ရင် ဘော့လုံးကိုင်ထားပြီး လူခေါ်တာကများပါတယ်။ တစ်ဖက်ကကျွံလာပြီဆိုရင် ညာကိုပြန်ပို့ပြီး ဟိုဘက်က အမြဲတမ်းရွေ့လျားပေးနေတဲ့ Calafioriတို့ Martinelli တို့ဆီအရောက်သွားတာပါ။
ထပ်ပြောဦးမယ်ဆိုရင် ပြောစရာတစ်ချို့ကျန်သေးပေမဲ့ ကျွန်တော်ဒီမှာဘဲရပ်လိုက်ပါမယ်။ပြီးရင် အနှစ်ချုပ်ပါမယ်။
(1) Arsenal ဟာ build upလုပ်တဲ့အချိန်မှာ စိတ်ကြိုက်ပုံပြောင်းကစားလို့ရပါတယ်။double pivotကိုမျိုးစုံတွဲလို့ရသလို Single pivot ကစားချင်လည်း ကစားလို့ရပါတယ်။fullback option မှာ ကစားပုံအမျိုးမျိုးရွေးနိုင်မယ့် fullback တွေရှိနေပါတယ်။Bilbao နဲ့ပွဲမှာ build up မျိုးစုံကိုလည်းချပြသွားတာတွေ့ခဲ့ရတာမို့ နောက်ပွဲတွေမှာ စုံလင်တဲ့ build upကစားဟန်ကို သေချာမြင်ရနိုင်ပါတယ်။
(2) Saka ဆီကိုဘဲဘော့လုံးပို့ရင်း လည်ထွက်နေတဲ့ ပုံစံကို ပြင်လာတာမျိုးတွေ့ရပါတယ်။Saka ဘော့လုံးရတဲ့အချိန်တိုင်းလိုလိုမှာ တစ်ဖက်အသင်းကို အန္တရယ်ပေးနိုင်တဲ့ အချိန်မျိုးဖြစ်လာတာတွေ့ရတယ်။ အဲ့ဒီပွဲမှာလည်း 1 v 1တွေ ဧရိယာထိပ်တွေမှာဘဲဘော့လုံးရခဲ့တာပါ။
(3)Rice ရဲ့ ဟန်အသစ်ကိုတွေ့ရခြင်းနဲ့အတူ ဘယ်ခြမ်းက dynamic ကပိုအသက်ဝင်လာမလားဆိုတာစောင့်ကြည့်နိုင်ပါတယ်။Riceဟာ တိုးတက်လာတဲ့ long range pass တွေကို Sakaဆီတိကျတဲ့ diagonal pass တွေပေးရင်းအသုံးချပြသွားတယ်။ဒါ့အပြင် Riceနောက်မှာရှိနေပေးတာကြောင့် ခံစစ်ကိုလည်းပိုစိတ်ချလာရတယ်။တခါတလေမှာ fullback တွေကို attacking lineထိပို့ပြီး3-1-6ဆန်ဆန်ကစားတာမျိုးအထိတွေ့ရတယ်။ဘယ်ေကြာက Calafiori Martinelli အရွေ့တွေကနေ အရင်ထက်ပိုတဲ့ dynamic ကိုလည်းတွေ့ခဲ့ရတာမို့ ဘယ်ခြမ်းကိုမျှော်လင့်ချင်စရာပါ။
(4)ဒါကတော့ အတွေးသက်သက်ပါဘဲ။ Martinelli တောင်ပံ touchline မှာ တိုင်ပတ်နေတာကနေ အတွင်းကို ပို ပို့ပြီး left 8 (underlap runner)နဲ့ wingနဲ့ကို တောက်လျှောက် ရွေ့လျားမှုလုပ်ခိုင်းပြီးဖြေရှင်းမလားဆိုတာပါ။ဒါတော့အသေအချာမပြောနိုင်သေးပေမဲ့ Bilbaoပွဲမှာ Martinelli Calafiori အတွဲအစပ်ကတော့ မဆိုးလှဘူးလို့ပြောလို့ရပါတယ်။
ဒါကတော့ ရာသီမစမှီ Arsenal အကြောင်း မြင်မိသလောက်လေး မျှဝေတာပါ။တစ်ခုရှိတာက ဒီထဲမှာပါတာတွေက Bilbao ရဲ့ defense ကစားပုံနဲ့လည်းဆိုင်ပါသေးတယ်။အမျိုးမျိုးသော ခံစစ်ကစားပုံတွေနဲ့မတွေ့ရသေးဘူးမို့ အဲ့ဒီအခါကျရင် ဘယ်လို တိုက်စစ်ဆင်ဦးမလဲဆိုတာ စောင့်မျှော်ရင်း ရာသီသစ်ကို ဒီစာလေးနဲ့ဘဲ ကြိုဆိုလိုက်ပါတယ်။အခြားအကြောင်းအရာများလည်းကြုံရင်ကြုံသလိုမျှဝေပေးဖို့တော့ရှိပါသေးတယ်။ စည်းကမ်းမဲ့အမှိုက်မပစ်ပါနဲ့။
23/07/2025
တစ်နေ့က ကျွန်တော့အသင်း Arsenal အဝေးကွင်းဂျာစီ မိတ်ဆက်သွားတယ်။ကျွန်တော့ရဲ့ အကျင့်အတိုင်း ဟိုရှာဒီရှာလိုက်လေ့လာဖြစ်ရင်း စိတ်ဝင်စားဖို့ကောင်းတဲ့ ဆက်စပ်တွေးမိတာလေးရှိလာတယ်။အဲ့ဒီအကြောင်းဒီနေ့ စာဖတ်ရတာနှစ်သက်သူတွေအတွက် စာအရှည်တစ်ပုဒ်ရေးဖြစ်ပါတယ်။ခေါင်းစဉ်ကိုတော့ ပိုပိုကဲကဲလေး" တောင်အမေရိက၊အီတလီမှအစပြု၍ Nottingham ကိုဖြတ်ပြီး London သို့ အနီရောင်ဝတ်စုံ ရောက်ရှိလာခြင်း" လို့ဘဲပေးလိုက်ပါမယ်။
အီတလီပြည်ပေါင်းစည်းခြင်း
အီတလီကျွန်းဆွယ်ဟာ ပြည်ထောင်စုအနေနဲ့မပေါင်းစည်းခင်ကာလတွေမှာ နယ်ပယ်အသီးသီးကွဲပြားနေခဲ့တယ်။ ပြည်ထောင်ငယ်လေးတွေရှိသလို တိုင်းတပါးအုပ်ချုပ်ခံနေရတဲ့နယ်ပယ်တွေလည်းရှိခဲ့တယ်။အဲ့ဒီမှာဘဲ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်သူတွေကနေ အီတလီပြည်စုစည်းဖို့ကြိုးစားကြတယ်ပေါ့လေ။ဒီထဲမှာ အရေးကြီးတဲ့သူတစ်ယောက်က Garibaldi ဆိုတဲ့ ပုဂ္ဂိုလ်ပါ။လွတ်လပ်တဲ့အီတလီပြည်ထောင်စုအဖြစ်ကြိုးပမ်းတဲ့နေရာမှာ သူ့ရဲ့လုပ်ဆောင်ချက်တွေကအရေးပါခဲ့ပါတယ်။အထူးသဖြင့် 1860က Expedition of Thousandဆိုတဲ့ volunteer တပ်သားတစ်ထောင်ကိုဦးဆောင်ပြီးအီတလီတောင်ပိုင်းလွတ်မြောက်ဖို့ကြိုးပမ်းမှုက နာမည်ကြီးပါတယ်။အဓိကပြောချင်တာက Garibaldi နဲ့သူ့ရဲ့တပ်သားတွေဟာ အနီရောင် flannel တွေကိုဝတ်ဆင်ခဲ့ကြပြီး Readshirts တွေလို့ကျော်ကြားခဲ့ပါတယ်။
Garibaldi နဲ့ တောင်အမေရိက
ဒီအနီရောင်က ဘယ်ကနေဆင်းသက်လာသလဲဆိုရင် South America နဲ့ဆက်နွယ်နေတယ်လို့ယူဆလို့ရပါတယ်။ Garibaldi ဟာ South America ဘက်ကို ထွက်ပြေးခဲ့ရဖူးပြီး နှစ်အတော်ကြာနေခဲ့ပါတယ်။အထူးသဖြင့် ဉရုဂွေးမှာပါ။ နေခဲ့တဲ့ကာလတွေမှာ အဲ့ဒီဘက်မှာက Urugua_yan Ci-vil W@r ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။ Garibaldi ဟာ ဉရာဂွေးမှာရှိတဲ့ အီတလီသားတွေကိုစုစည်းပြီး အဲ့ဒီစ-စ်ပွဲထဲမှာပါဝင်ခဲ့ဖူးတယ်။အဲ့ဒီမှာထဲက အနီရောင်ဝတ်စုံကိုဝတ်တယ်။ အနီရောင်က သား-သပ်သမားတွေဝတ်တဲ့နေရာကနေ ရတယ်လို့ဆိုတယ်။ အဲ့ဒီအချိန်က သား-သပ်(စာလုံးပေါင်းတမင်လွဲရေးထားပါတယ်။တ်*)သမားတွေဝတ်တာက အနီရောင်ပါ။သွေ းတွေဘာတွေပေရင်မသိသာသလို ဈေးသက်သာပါတယ်။အဲ့ဒီအချိန်အခါကအနီဆိုးဆေးကလည်းသဘာဝအမြစ်တွေကနေထုတ်ပါတယ်။ ဆိုတော့ပြန်ချုပ်ရရင် Garibaldi ရဲ့ အီတလီတောင်ပိုင်းကိုသိမ်းတဲ့ တပ်သားတွေဝတ်တဲ့အနီရောင်ဝတ်စုံက South America ဘက်ကနေဆင်းသက်လာခဲ့တယ်။အဲ့ဒီအချိန်ဉရောပတစ်လွှားမှ Garibaldi ရဲ့ဂုဏ်သတင်းကျော်ကျားမှုနဲ့အတူ Garibaldi Red ဆိုတဲ့ အရောင်နဲ့ပါတွဲပြီး နာမည်ကြီးခဲ့ပါတယ်။သမိုင်းကြောင်းတွေများပြီမို့ဘော့လုံးဘက်ကိုလှည့်ပါမယ်။
Nottingham Forest နဲ့ အနီရောင်
Forest ဘော့လုံးအသင်းကို 1865မှာစဖွဲ့စည်းတယ်။တစ်ချိန်ထဲမှာဘဲ အဲ့ဒီအချိန်က နာမည်ကျော်ကြားနေတဲ့ Garibaldi ရဲ့ တပ်သားတွေဝတ်တဲ့ အနီရောင်ကိုဝတ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။Garibaldiက အဲ့ဒီကာလမှာ တော်တော်ကြီးကျော်ကြားပြီး လူကြိုက်များတဲ့သူပါ။ဒါ့ကြောင့် အဲ့ဒီကာလက နာမည်ကြီးတဲ့၊လေးစားရတဲ့သူကိုအစွဲပြုပြီး Forest တို့ Garibaldi Redကိုရွေးခဲ့တာလို့ပြောလို့ရတယ်။ဒါ့အပြင် Garibaldi ရဲ့ တပ်သားတွေဟာ ရဲရဲရင့်ရင့်၊စည်းစည်းလံုးလုံးနဲ့ အီတလီပြည်ထောင်စုကိုတည်ဆောက်ဖို့ကြိုးစားခဲ့ကြတာပါ။ဒါဟာ ဘော့လုံးအသင်းတစ်သင်းအတွက်လည်း inspired ယူစရာမျိုးပါ။ဆိုတော့ Forest နဲ့ Garibaldi Red ဟာ ယနေ့အချိန်ထိ အတူယှဉ်တွဲရှိနေဆဲပါ။ Forest တို့ဝတ်တဲ့ အနီရောင်ဟာ Garibaldi Red ပါဘဲ။ Forest နဲ့ပတ်သတ်ရာပတ်သတ်ကြောင်း social media တွေ group တွေမှာ Garibaldi Red ဆိုတဲ့စကားလုံးကို မကြာခဏတွေ့နိုင်ပါတယ်။
Arsenal Connection
Arsenal ကရော ဘယ်လိုသွားဆက်စပ်နေသလဲ။Arseanlဟာ1886မှာ Dial Square ဆိုတဲ့အမည်နဲ့စတင်ခဲ့တဲ့အသင်းပါ။ အဲ့ဒီမှာအရေးကြီးတဲ့သူတွေက Fred Beardsley,Bill Parr နဲ့ Charlie Bates တို့3ယောက်ပါ။သူတို့က အရင်က Nottingham Forest မှာကစားခဲ့ကြသူတွေပါ။(ဒီနေရာမှာသတိပြုစရာက အဲ့ဒီအချိန်က ဘော့လုံးအသင်းတွေကအခုလို professional တွေမဟုတ်သေးပါဘူး)။သူတို့၃ယောက်က London က ammunition factory မှာအလုပ်လာလုပ်ရင်း Dial Square ဖွဲ့စည်းရာမှာပါဝင်ခဲ့တယ်။အဲ့ဒီကနေဘဲ အသင်းအတွက်ဝတ်ဖို့ကို အသင်းဟောင်းForest ကအင်္ကျီကိုဘဲသုံးခဲ့ရာကနေ Arsenal ဟာလည်းအနီရောင်ဝတ်တဲ့အသင်းတစ်သင်းဖြစ်လာခဲ့တယ်။ခုချိန်Arsenal ဝတ်တဲ့အနီရောင်ကတော့ Garibaldi red မဟုတ်တော့ပါဘူး။
ဒီတော့ ဒီနေ့အကြောင်းအရာက သမိုင်းကို ဆက်စပ်တွေးရာကနေရလာတဲ့အကြောင်းတစ်ခုပါ။ Arsenal ရဲ့ အနီရောင်ဟာ Nottingham Forest ကနေဆင်းသက်လာတယ်။ Forest ရဲ့အနီက Garibaldi ရဲ့တပ်သားတွေဝတ်တဲ့ Garibaldi Red ဖြစ်တယ်။ Garibaldi Red ဟာ South America ဘက်ကနေဆက်နွယ်လာတယ်။ဒီလိုမျိုးဆက်စပ်လာတာဖြစ်ပါတယ်။အကြောင်းအရာတွေကိုဆက်စပ်တွေးတဲ့နေရာမှာ ဆက်စပ်ရင်ဆက်စပ်သလောက်တော့ အဆုံးမရှိဆက်စပ်လို့ရမှာပါ။ဒါကတော့ Italy အကြောင်းစိတ်ဝင်စားမိတာရယ် ဘော့လုံးဂျာစီအကြောင်းတွေးမိတာရယ်ကြောင့် ဖတ်စရာတစ်ခုအနေနဲ့ရေးလိုက်တာပါ။ သမိုင်းကြောင်းတွေရော ဘော့လုံးတွေရောရှုပ်သွားပေမဲ့ ဒီကနေ သိချင်စရာတွေအများကြီးပေါ်လာဦးမယ်လို့ထင်ပါတယ်။ဆက်စပ်ပြီးရှာဖတ်ကြည့်ကြည့်ပါ။စိတ်ဝင်စားဖို့ကောင်းတာတွေတွေ့ရပါလိမ့်မယ်။video တွေသိပ်မရိုက်အားတာမို့ စာတွေက ကားစီးနေရင်းရေးထားတာပါ။ စာလုံးပေါင်းမှာတာတွေ မသေမသပ်ဖြစ်သွားတာတွေရှိရင် sorry ပါ။ဘော့လုံးရာသီစခါနီးဆိုတော့ မနေနိုင်တာနဲ့ဘဲ ဖတ်မှတ်ထားတာလေးတွေပြန်ဆွဲထုတ်ထားတာပါ။
*စည်းကမ်းမဲ့အမှိုက်မပစ်နဲ့ဆရာသမားတို့။*
19/07/2025
ဒီနေ့ AG လေး 3နှစ်ပြည့်တယ်။2022ဒီလိုအချိန်က Arsenal vs Everton ရာသီကြိုခြေစမ်းပွဲက ကစားပုံလေးအကြောင်းတင်ရင်းကနေ content တွေလုပ်ဖြစ်ခဲ့တယ်ပေါ့လေ။
တကယ်ကတော့ကိုယ့်ရဲ့ မူလ career က mechatronics အပိုင်းဘဲ။ engineering ကို 6နှစ်အပြည့်သင်ခဲ့၊thesis လည်းလုပ်ခဲ့တယ်။ B.E တော့ ဘွဲ့မခံရဘူးပေါ့လေ။ မူရင်း Mechatronics ကိုမှ control engineering နဲ့ robotics အပိုင်းကို ပိုပြီးအလေးထားလေ့လာခဲ့တယ်။ အဲ့လိုကနေ ကျောင်းနားနေရတော့စာတွေဖတ်ရင်း STEMဘက်ကိုပိုရောက်သွားရော။ဒီအချိန်မှာ စာဖတ် အလေ့အထကတော်တော်စွဲမြဲနေပြီလို့ပြောလို့ရတယ်။စာအုပ်မဖတ်၊မလေ့လာဖြစ်တဲ့နေ့ဆိုတာမရှိသလောက်ပဲ။ကျောင်းမှာထဲက အပြင်စာအုပ်တွေဖတ်ဖြစ်ရာကနေ ကိုယ့်အိမ်မှာ စာမေးပွဲမရှိဘဲ ကိုယ်စိတ်ကြိုက်စာဖတ်ခဲ့ရတဲ့အချိန်တွေက ရွှေဘဲ။အဲ့ဒီကနေ content creation ဘက်ကိုရောက်လာတယ်။ ကျောင်းသားဘဝထဲက ကားတွေနဲ့ပတ်သတ်တာတွေ page သေးသေးလေးထောင်ပြီးရေးခဲ့သေးတယ်။အဲ့ဒီမှာထဲက explain လုပ်ရတာကို အတော်ကြီးသဘောကျခဲ့တယ်။(Explain လုပ်ရတာကို ပိုပြီးနှစ်သက် စေခဲ့တဲ့အကြောင်းတွေထဲမှာ ၆နှစ်လုံးလုပ်ခဲ့ရတဲ့ ဘာသာရပ်ဆိုင်ရာ presentation တွေကြောင့်လည်းပါပါတယ်။)ကိုယ်တိုင်လေ့လာထားတာတွေကို သူများကို အလွယ်တကူနားလည်အောင်ပြောပြရတာကို တကယ်နှစ်သက်တယ်။အဲ့ဒါက တကယ်လည်းပင်ပန်းတယ်။တစ်ကယ်လည်း ကိုယ့်ရဲ့ passion ဖြစ်ခဲ့တယ်။
အဲ့ဒီမှာ ဘော့လုံးဘက်ကိုလည်း လေ့လာဖြစ်ခဲ့တယ်ပေါ့လေ။ သိပ္ပံ၊သင်္ချာဘက်ကစာအုပ်တွေဖတ်ရင်း ခေါင်းတွေရှုပ်လာရင် ဘော့လုံးဘက်ကစာတွေဖတ်တယ်။ အဲ့ဒီအချိန်က ဘာလို့ဘော့လုံးဘက်က စာအုပ် တွေကိုဖတ်ရလဲဆိုတဲ့အကြောင်းရှိတယ်။ အဲ့ဒီအချိန်က analysis ဆိုတာ English content တောင်မှ ပေါများလှချည်မဟုတ်ဘူး။ သူတို့ပြောပြတာကိုလည်းအပြည့်အဝက နားမလည်ဘူး။ဘယ်နားလည်မှာလဲ။အခြေခံကိုမှမသိဘဲ။ attacking principal လည်းမသိ defensive principal လည်းမသိဘူး။ဒီဝော့ာ ကိုယ့်ရဲ့ အမူအကျင့်အတိုင်းသိချင်လာတယ်။သိချင်တော့ စာအုပ်ဖတ်မှရမယ်ဆိုပြီး စာအုပ်တွေအများကြီးဖတ်ခဲ့တယ်။ဖတ်ပြီးရင် ပွဲတွေ down ကြည့်လိုက်၊ကိုယ်သိထားတာတွေကိုမြင်ရလားကြည့်လိုက်နဲ့ တော်တော်လေးကြည့်ပျော်လာတယ်။ ဒီလိုကနေ ရှင်းပြချင်တဲ့ အထုံလေးကပါလာတော့ page လေးလုပ်ပြီးပြောပြချင်လာတယ်။ ဒီလိုနဲ့ဘဲ ကိုယ်ပိုင် နာမည်ေလးကို သေချာပေး၊ကိုယ်တိုင် အဓိပ္ပါယ်ရှိတဲ့ logo လေးလုပ်ပြီးpage လေးတစ်ခုထောင်၊ကိုယ်သိတာလေးတွေလုပ်နဲ့စတင်ခဲ့တာပါဘဲ။ အခုချိန်ထိ AGကနေ income ဆိုတာ ဘာမှ မယ်မယ်ရရကြီးမရှိလှဘူး။ အစထဲက income အတွက် ကြီးကြီးမားမား ရည်ရွယ်ခဲ့တာမဟုတ်လို့ ဆန်းတော့လည်းမဆန်းပါဘူး။ဒီဘက် ထိုင်းဘက်ကိုရောက်တဲ့ကြားကာလမှာ တော်တော်ခက်ခဲသွားခဲ့လို့သာ ကြော်ငြာတစ်ချို့ယူခဲ့လိုက်တယ်။ပြီးတော့ အလုပ်ရသွားတော့ pageကိုလှည့်မကြည့်နိုင်တော့ပြန်ဘူး။ ဒီတစ်ခါပြန်လာဖြစ်ရင် income အတွက် pageကိုမှီခိုရမှာမဟုတ်တာမို့ ပိုပြီးလွတ်လွတ်လပ်လပ်ကိုယ်လုပ်ချင်တာလုပ်လို့ရပြီ။ဘာဘဲပြောပြော ဒီindustry ထဲမှာ ကိုယ်သဘောကျခဲ့ရတဲ့ content creator တွေနဲ့သိခွင့်ရတာ ဂုဏ်ယူစရာပါ။ကိုယ်နဲ့ရင်ဘတ်ချင်းတူတဲ့ ဘော့လုံးဝါသနာပါသူတွေနဲ့ network တစ်ခုရှိနေတာလည်းဝမ်းသာစရာ။ ဆဲကြဆိုကြနဲ့လည်း စိတ်ညစ်စရာပေါ့လေ။
စာဖတ်ထားခဲ့၊လေ့လာထားခဲ့ရတာတွေ မကုန်သေးသလို လေ့လာတာလည်းမပြတ်တာမို့ ရံဖန်ရံခါတော့ ပြန်လာဦးမှာပါ။ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ကိုယ်တိုင် ဖန်တီးယူခဲ့ရတဲ့အရာလေးမို့ တန်ဖိုးထားပြီး လျှောက်ဖြစ်ဦးမှာပါ။pageမှာ ရှိခဲ့ကြတဲ့သူတွေအားလုံးကို သတိရပါတယ်။
28/03/2025
ကျွန်တော် ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် page မှာဘာမှမတင်ဖြစ်တာကြာပါပြီ။ဒီနေ့ မြန်မာမှာဖြစ်သွားတဲ့ကိစ္စတွေကတော့ တစ်နေ့လုံးကြည့်ပြီး ယူကြုံးမရ စိတ်မကောင်းအင်မတန်ဖြစ်ရသလို အသက်ရှူကြပ်ရပါတယ်။ ဆုံးရှုံးမှုလည်းအေတာ်ကြီးမားပါတယ်။ကိုယ်စီဆုံးရှုံးလိုက်ရတဲ့သူတွေအတွက်ထပ်တူထပ်မျှစိတ်မကောင်းဖြစ်ရပါတယ်။ ဘော့လုံးရပ်ဝန်းမှာလည်း ဉရောပအသင်းကြီးအချို့က စာထုတ်ပြီးဆုတောင်းပေးထားတာတွေတွေ့ရတယ်။အစကတော့ အများစိတ်မကောင်းဖြစ်နေချိန် attention ဝင်ယူတယ်ထင်မှာစိုးလို့ ဘာမှမတင်ဘဲနေနေခဲ့တာ။ ဒါေပမဲ့ ဘော့လုံး community က post လေးတွေမြင်ရတော့ စကားလုံးတွေနဲ့နှစ်သိမ့်တာဆိုပေမဲ့လည်း ပူဆွေးဝမ်းနည်းနေသူတွေအတွက်တော့သေးသေးမွှားမွှားဖြစ်ဖြစ် အားဖြစ်ရပါတယ်။ကိုယ့်ရဲ့ပူလောင်မှုတွေကိုမျှဝေခံစားပေးနေသူတွေရှိတယ်လို့သိရတာက အားတစ်ခုပါဘဲ။ ကျွန်တော်နဲ့အပြင်မှာမသိမတွေ့ဖူးပေမဲ့ ဒုက္ခရောက်နေကြတဲ့သူတွေအားလုံးနဲ့ထပ်တူ ဝမ်းနည်းပူလောင်ရပါတယ်။တကယ်ကိုဘဲ ကိုယ်ချင်းစာစိတ်နဲ့ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်ဗျာ။
22/02/2025
အာဆင်နယ်ကို အားပေးရင်ဖြင့် တစ်သက်လုံးချစ်ရမဲ့သူကိုချစ်သလိုသာချစ်ကြပါကိုယ့်ဆရာတို့။ ဒီတစ်သက်ပြောင်းချစ်ဖို့ကလဲမဖြစ်နိုင်ဆိုတော့ စိတ်ထားတတ်အောင်သာနေကြပါလေ။မချစ်တော့တာမဟုတ်ပါဘူး အထာကျကျချစ်တတ်သွားတာပါ လေ ဟဲဟဲ😁 အထာမကျလို့လဲမရတော့ဘူး တခါတခါ ဒုက္ခပေးလိုက်ရရင် နင့်နေတာဘဲလေ။
12/02/2025
After Gameweek ရဲ့ တယ်လီဂရမ်မှာ ဘော့လုံးစာအုပ်တွေ မျှဝေပေးနေပါတယ်။ ကျွန်တော် နှစ်နဲ့ချီစုဆောင်းထားတာတွေကို စေတနာအပြည့်နဲ့ စာဖတ်စေချင်တဲ့စိတ်သီးသန့်နဲ့ဘဲ ပြန်ရှဲပေးခြင်းဖြစ်ပါတယ်။ဒီထဲက စာအုပ် တွေက ပိုက်_ဆံနဲ့ဝယ်ထားတာ တွေရှိသလို website ပေါင်းစုံ မွှေနှောက်ရှာ ဖွေထားရတဲ့ စာအုပ်တွေလဲပါပါတယ်။စာအုပ်တွေက အရမ်းများတဲ့အတွက် ရံဖန်ရံခါမှာ review လေးတွေလုပ်ပေးပါမယ်။ ဒီတော့ ကျွန်တော့ content တွေက Facebook မှာဆိုရင် article တွေနဲ့ video တွေ reels တွေရှိပါတယ်။ယူကျု့မှာတော့ video တွေနဲ့ live တစ်ချို့ရှိတတ်ပါတယ်။ တယ်လီဂရမ်မှာတော့ စာအုပ်သီးသန့်တင်ပေးဖို့ဘဲရှိပါတယ်။တစ်တော့လည်း အဆင်ပြေရင် အတိုအထွာလေးတွေတင်ဖို့ရှိပါသေးတယ်။ ဒီတော့ မြန်မာပြည်မှာ လိုင်းသုံးရတာအဆင်မပြေလို့ တစ်ခုခုလုပ်ချင်နေရင် စာအုပ်သာဖတ်ပါ ကိုယ့်ဆရာတို့။ တယ်လီဂရမ် qrကို မန့်မှာချထားပေးပါမယ်
11/02/2025
Tiki taka လို့ပြောလိုက်တာနဲ့ အင်မတန်လှပညက်ညောတဲ့ကစားဟန်တစ်ခုဆိုတာလူတိုင်းသိကြမှာပါ။ဘော့လုံးကိုခြေထဲမှာ ပိုင်ပိုင်နိုင်နိုင်ကိုင်ထားမယ်။အတိုပေးလေးတွေပေးမယ်။ရွေ့လျားမှုတွေလုပ်မယ်။နောက်ဆုံးမှာတော့ ဂိုးသွင်းမယ်ပေါ့။ဒီ article မှာတော့ tiki taka နဲ့ပတ်သတ်ပြီး သိပ်မပြောကြတဲ့ အစိတ်အပိုင်းတစ်ခုကို emphasize လုပ်ပြီးပြောချင်ပါတယ်။
အဲ့ဒါကတော့ tempoပါ။ tiki taka ကစားတဲ့အခါ တစ်ချို့အချိန်တွေမှာဆို လူ 4/5ယောက်လောက် ဝိုင်းဖွဲ့ပြီး အပျော်ကစားနေသလိုကို အတိုပေးလေးတွေ ခပ်ဖြည်းဖြည်းပေးပြီး ကစားတာတွေ့ရမှာပါ။ ဟိုနားလေးရွေ့လိုက် ၊ဒီနားလေးရွေ့လိုက်နဲ့ အရပ်အခေါ် ေ-ခွးရူးကစားနေသလိုပါဘဲ။သိပ်မကြာပါဘူး အဲ့လိုကစားနေရာကနေ ရုတ်တရက် passing တွေကမြန်လာမယ်။ရွေ့လျားမှုတွေက ရုတ်ချည်းမြန်လာမယ်။မည်သို့မည်ပုံ ကစားသွားသည်မသိ ဂိုးပိုက်ထဲကို ဘော့လုံးရောက်သွားတယ်။တကယ်ကတော့ tempo ကို သင့်လျော်တဲ့အချိန်မှာ အချိန်ကိုက် မြှင့်သွားဝာာပါဘဲ။
#စည်းကမ်းမဲ့အမှိုက်မပစ်ပါနဲ့။
Tempo အနိမ့်ကနေစစဉ်းစားကြည့်ပါမယ်။ tempo အနိမ့်မှာတော့ ဘော့လုံးကိုင်ထားရတာ အရမ်းမခက်ဘူး။သို့သော် စ-စ်မစခင် ကြိုတင်ပြင်ဆင်နေတဲ့သဘောမျိုးဖြစ်တယ်။ ပြိုင်ဘက်ကစားသမားတွေကို ခံစ-စ် shape ပျက်အောင်ဆွဲခေါ်နိုင်ရမယ်။စိတ်မရှည်လက်မရှည်ဖြစ်လာပြီး ဇွတ်ဝင်လာအောင် ဆွနိုင်ရတယ်။ပြီးရင် အသင်းဖော်တွေဘယ်မှာရှိနေလဲ၊ဘယ်ကိုရွေ့နေလဲဆိုတာ အမြဲ scan ဖတ်နေရတယ်။ဘယ်လိုအချိန်မှာ ဘယ်နေရာကိုထိုးနှက်မယ်ဆိုတာ ကြိုတွေးနေရတယ်။အဲ့ဒီအတွက် tempo အနိမ့်ဟာ အရမ်းခက်ခဲလှတာမဟုတ်ပေမဲ့ ကြိုတင်ပြင်ဆင်ခြင်းဘဲ။
အနိမ့်ကနေ အမြင့်ကိုပြောင်းတဲ့အချိန်။ tempo ကို မြှင့်လိုက်တယ်ဆိုတာ လွယ်လွယ်နဲ့တော့မရပါဘူး။ ဘော့လုံးကိုမြန်မြန်ပေး၊မြန်မြန်ရွေ့ရတဲ့အခါ ဘော့လုံးပျက်နိုင်ချေက ပိုများပါတယ်။ tempo အနိမ့်မှာ ဘော့လုံးပျက်နိုင်ချေ နည်းသလို ပြိုင်ဘက် ခံစ-စ်ကိုလဲ ဖရိုဖရဲဖြစ်နိုင်ချေနည်းပါတယ်။ tempo အမြင့်မှာ ဘော့လုံးပျက်နိုင်ချေများသလို ပြိုင်ဖက်ခံစစ်ကိုလဲ ဖရိုဖရဲဖြစ်စေနိုင်ပါတယ်။ဒါက tiki takaမှာမှ မဟုတ်ဘဲ ဘော့လုံးရဲ့ ဘယ်လိုကစားဟန်မျိုးမှာမဆို အကြုံးဝင်တဲ့သဘောတရားတစ်ခုပါဘဲ။ဒီတော့ ဘယ်အချိန်မှာ tempo မြှင့်မလဲဆိုတာက နည်းပြရဲ့ instructions တွေအပေါ်မူတည်သလို ကစားသမားရဲ့ ဦးနှောက်အပေါ်မှာလဲမူတည်တယ်။ tempo အမြင့်မှာ ဘော့လုံးမပျက်အောင်လုပ်ရတဲ့ ကိစ္စက အင်မတန်ခက်တယ်။တစ်ကိုယ်ရည် အရည်အသွေးတွေအပြည့်ရှိမှရ သလို အသင်းဖော်တွေနဲ့ တွဲဖက်ကစားနိုင်စွမ်းလဲလိုတယ်။ ဘော့လုံးဦးနှောက်ရှိရမယ်။ဘာပြီးရင်ဘာလုပ်မယ်၊ဘယ်ရွေ့မယ်ဆိုတာမျိုးကိုကြိုစဉ်းစားထားနိုင်တာမျိုး၊အကျပ်အတည်းတွေကိုကောင်းကောင်းဖြေရှင်းနိုင်တာမျိုးလိုတယ်။ technique ကောင်းရမယ်။ball control,passing quality တွေအရေးကြီးတယ်။ ဒါ့ကြောင့်လဲ tiki takaက ကစားသမားရဲ့ quality အပေါ်မှာ အရမ်းကိုမှီခိုရလွန်းတဲ့ ကစားဟန်တစ်ခုဖြစ်နေတာ။
Barcelona နဲ့ tiki takaကို တည်ပြီးပြောနေတုန်း သတိရလို့ကျွန်တော့အသင်း Arsenal ရဲ့ လွန်ခဲ့တဲ့ 2015 ပတ်လည်လောက်က ကာလလေးကိုဖြတ်ထည့်ချင်ပါတယ်။ ကျွန်တော် ဟိုးလွန်ခဲ့တဲ့ တစ်လလောက်ကပြောဖူးတာမှတ်မိကြမလားမသိဘူး။အရင်တုန်းက ရာသီတစ်ခုရဲ့ပွဲ4/5ပွဲလောက်ကြည့်ပြီး ရလာတဲ့ ခံစားချက်နဲ့ကစားဟန်တွေအကြောင်း content လုပ်ဦးမယ်ဆိုပြီး ပြောဖူးတယ်။Arsenalကိုဘဲကြည့်ပြီးသေးတယ်။contentမထုတ်နိုင်သေးလို့ထွက်မလာသေးတာ။ထားပါလေ။ပြောချင်တာက အဲ့ဒီတုန်းက Arsenal ကစားပုံမှာလဲ one touch နဲ့ tempo မြှင့်သွားတာလေးတွေရှိတယ်။ Barcelona လိုမျိုး tempo အနိမ့်မှာ အကြာကြီး ကစားနေတာမျိုးတော့မဟုတ်ဘူး။ Arsenal ကတော့ ခပ်မြန်မြန် 2ယောက်3ယောက်လောက် 1-2ရိုက်သွားတာမျိုးဘဲ။ကျွန်တော်ပြန်ကြည့်တဲ့ပွဲတိုင်းမှာ အဲ့ဒီလိုမျိုး 1-2ရိုက်ပြီး tempo မြှင့်သွားတာတွေ့ရတယ်။အထူးသဖြင့်တော့ အဲ့ဒီ tempo အပြောင်းအလဲမှာ Carzola ကအမြဲပါတယ်။အခုနောက်ပိုင်း ဘော့လုံးပွဲတွေဆို ဒီလိုမျိုး combination ကစားပြီး tempo မြှင့်တာအတော်လေးမြင်ရခဲပါတယ်။
ဒီတော့ tiki takaကိုများပြန်ခံစားဖြစ်ခဲ့သည်ရှိသော် tempo ဆိုတာလေးကို သေချာခံစားကြည့်ပါ။ဒီအခိုက်အတံ့မှာ system ကိုလဲမြင်နိုင်တယ်၊လူတစ်ယောက်ရဲ့ intelligence ဖြစ်မှုဆိုတာဘာလဲဆိုတာကိုလဲ ကောင်းကောင်းမြင်နိုင်တယ်၊teamworkကို လည်းကောင်းကောင်းမြင်နိုင်တယ်။အဓိကကတော့ကစားသမားတွေရဲ့ ဦးနှောက်ကို ခံစားခွင့်ရတယ်၊technique ကိုခံစားခွင့်ရတယ်။ သေချာပြန်ခံစားကြည့်ပါ။ယူကျူ့မှာ တကယ်ကောင်းတဲ့ extended highlights တွေရှိပါတယ်။တစ်လက်စထဲ ယူကျု့ကိုရောက်ဖြစ်ရင် After Gameweek ကိုလဲ su_bscribe လုပ်ပေးသွားဦးနော😬
----------------------
ဘော့လုံးဝါသနာရှင်တွေအနေနဲ့ ကျွန်တော်နဲ့ Collab လုပ်ထားတဲ့ soccer s*niperမှာ စိတ်ကြိုက်ကစားလို့ရတဲ့အကြောင်းလဲ ဒီနေရာကနေ သတင်းပါးလိုက်ရပါတယ်။မန့်မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။
-----------------------
10/02/2025
Pep Guardiola ဟာ ဒီဘက်ခေတ်မှာတော့ ထိပ်တန်းတကာ့ထိပ်တန်း နည်းပြတစ်ဦးပါ။Barcelona , Bayern နဲ့ City တို့မှာ အောင်မြင်မှုများစွာယူထားပါတယ်။ဒီတော့ ဒီလို လူတစ်ယောက်ရဲ့ နောက်ကွယ်က လုပ်ပုံကိုင်ပုံတွေ ၊စီမံခန့်ခွဲပုံတွေကိုသာ သိခွင့်ရရင် ဘယ်လောက်ကောင်းမလဲ။များသောအားဖြင့်က ကမ္ဘာကျော်တွေရဲ့ တကယ့် inside story တွေက မတွေ့ရမမြင်ရတာကများတယ်မဟုတ်လား။သို့သော် ကမ္ဘာကျော်နည်းပြတစ်ယောက်ရဲ့ ဘော့လုံးနဲ့ပတ်သတ်တဲ့ နောက်ကွယ်က ကိုင်တွယ်စီမံပုံတွေကိုတော့ သိနိုင်ဖို့အခွင့်အရေးရှိနေပါတယ်။
ကျွန်တော်ဟိုတစ်နေ့ကဘဲ Pep Guadiola ရဲ့ ဘိုင်ယန်နည်းပြဘဝက အခိုက်အတံ့တစ်ခုအကြောင်း video လေးလုပ်ထားတာရှိတယ်။တစ်ကယ်ေတာ့ အဲ့ဒီအကြောင်းက Pep Guadiola:The Revolution ဆိုတဲ့စာအုပ်ကပါ။ စာအုပ်ထဲမှာ Pepရဲ့ Bayern ကိုင်တွယ်နေတဲ့အချိန် နောက်ကွယ်က အကြောင်းအရာတွေပါပါတယ်။ တစ်ချို့ နည်းဗျူဟာချမှတ်မှုတွေကအစပါပါတယ်။ အဲ့ဒီနေ့က video မှာလဲ Benficaနဲ့ပွဲက သူ့ရဲ့ အသေးစိတ်စီမံပုံကိုပြောခဲ့တာပါ။စာရေးဆရာ ပြောထားတာက ဒီပွဲကြို analysis ပြင်ဆင်မှုဟာ Pep ရဲ့ Bayern နည်းပြဘဝမှာ details အကျဆုံးဘဲလို့ရေးထားတယ်။ဒီမှာ ဒီစာအုပ်ကိုဖတ်နေရင်း ကျွန်တော်တွေးမိတာရှိတယ်။ကျွန်တော့ video ကိုကြည့်ခဲ့လိုက်တဲ့ သူတွေလည်း စိတ်ထဲမှာ ကျွန်တော့လို အတွေးကျန်ကောင်းကျန်နိုင်ပါတယ်။ " ဒီစာရေးဆရာက ဟုတ်ရောဟုတ်ပါ့မလား။သူပြောတာတွေက တကယ့် အတွင်းထဲကအကြောင်းတွေကိုရေးထားတာ။ဒါဆိုရင် သူက Pep အကြောင်းကို ဘာလို့အဲ့လောက်သိတာလဲ" စသည်ဖြင့်ပေါ့ဗျာ။ဒီတော့ ဒီစာလေးမှာ အဲ့ဒီစာရေးဆရာက ဘယ်သူလဲ၊ဘာ့ကြောင့် Pepအကြောင်းကိုအဲ့လောက်သိရတာလဲဆိုတာရယ် သူရဲ့ တခြားစာအုပ်ေတွအေကြာင်း review လေးရယ် ပြောပြချင်ပါတယ်။
စာရေးဆရာနာမည်က Martí Perarnau ဖြစ်ပါတယ်။စပိန်က အားကစား စာေရးဆရာ၊ဂျာနယ်လစ်တစ်ယောက်ပါ။ဒါ့အပြင် 1980 Olympics ရဲ့ အမြင့်ခုန် အတွက် qualified ဖြစ်ခဲ့ဖူးတဲ့သူပါ။ သူက Pepရဲ့ personal assistant တစ်ယောက်ဖြစ်တဲ့ Manuel Estiarteနဲ့လဲ သူငယ်ချင်းဖြစ်တယ်လို့တွေ့ရတယ်။ Estiarteကလဲ Olympics ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ခဲ့ဖူးတော့ ဒါကဖြစ်နိုင်ပါတယ်။interview တစ်ခုမှာလဲ သူ့သူငယ်ချင်းရယ် Pepရယ်က သူ့အပေါ်မှာ တော်တော်လေးသဘောထားကြီးပြီး ကိစ္စတော်တော်များများကို မြင်တွေ့ခွင့်ပေးခဲ့တယ်လို့တွေ့ရပါတယ်။
ဒီတော့ ဆက်တွေးမိတာက Pepက ဘယ်အတိုင်းအတာထိသူ့ကိုရေးခွင့်ပြုထားသလဲဆိုတာပါ။ ဆောင်းပါး တစ်ခုမှာတော့ Pepက သူ့ရဲ့ training session တွေ၊ ပွဲကြိုပြင်ဆင်မှုတွေကို အကုန်မြင်ခွင့်ပေးထားပြီး စိတ်ကြိုက်ရေးခွင့်ပေးထားတယ်လို့တွေ့ရတယ်။အသေးအဖွဲကန့်သတ်မှုလေးတွေတော့ရှိတယ်။ line up တို့၊ signလုပ်ဖို့ ကြိုးစားနေတဲ့ ကစားသမားတို့ စသည်ဖြင့် ကိစ္စတွေကိုတော့ အပြင်ကိုထုတ်မပြောဖို့ ကန့်သတ်ထားတာတွေ့ရတယ်။တခြား နည်းဗျူဟာချမှတ်မှုတွေ၊ training တွေနဲ့ အခြားသော အတွင်းကိစ္စတွေကိုတော့ Perarnauအနေနဲ့ စိတ်ကြိုက်မြင်တွေ့ခွင့်၊ ရေးသားခွင့်ရခဲ့ပါတယ်။
#စည်းကမ်းမဲ့အမှိုက်မပစ်ပါနဲ့
Marti Perarnau ရဲ့ Pep Guadiola အကြောင်းရေးထားတဲ့ နာမည်ကြီးစာအုပ် 3 အုပ်ရှိပါတယ်။
1▪️Pep Confidential:The Inside Story of Pep Guardiola's First Season at Bayern Munich
2▪️Pep Guardiola:The Revolution
3▪️The Pep Revolution: Inside Guardiola's Manchester City
3အုပ်ဖြစ်ပါတယ်။
ပထမတစ်အုပ်ဖြစ်တဲ့ Pep Confidential က 2014ကထွက်ခဲ့တာပါ။အဲ့ဒီစာအုပ်က Pepရဲ့ Bayern Munich နည်းပြဘဝ ပထမဆုံး season အကြောင်း ဖြစ်ပါတယ်။စပိန်လိဂ်က နေ ဂျာမန်လိဂ်ကိုအကူးအပြောင်းကာလ Pep ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေပါပါတယ်။ Barcelona မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ခဲ့ပြီးတဲ့ေနာက် မတူညီတဲ့ league တစ်ခုက အင်အားကြီး အသင်းတစ်သင်းကို ပြောင်းရတဲ့အနေအထားမှာ ဘာေတွကြံုေတွ့ရလဲဆိုတာ ဒီစာအုပ်မှာ မြင်ရမှာပါ။
ဒုတိယ Pep Guardiolaစာအုပ်ကတော့ 2016မှာထွက်ပြီး Bayern နည်းပြဘဝတစ်လျှောက်ဖြတ်သန်းခဲ့သမျှထဲက အကြောင်းအရာတွေပါပါတယ်။ Pep ရဲ့ ဂျာမနီက နေ့စွဲတွေအကြောင်းဖြစ်ပါတယ်။ Bayern နည်းပြသက်တမ်းတစ်လျှောက် အပြောင်းအလဲတွေအကြောင်းေတွ၊ ဂျာမနီမြေက Pepကို ဘာတွေပြောင်းလဲစေခဲ့သလဲဆိုတဲ့အကြောင်းတွေ၊ပွဲပြင်ဆင်မှုတွေ၊နည်းဗျူဟာချမှတ်တဲ့ကိစ္စတွေ စသည်ဖြင့် ကျွန်တော်တို့တွေအလှမ်းဝေးလှတဲ့ အတွင်းထဲကအကြောင်းအရာတွေပါပါတယ်။
နောက်ဆုံးထွက် The Pep Revolution ကတော့ city ကနေ့စွဲတွေအကြောင်းပါ။ season တစ်ခုချင်းစီအလိုက် ရေးထားတာတွေ့ရတယ်။2016-17 ကနေ 2022-23ရာသီအထိပါပါတယ်။ဒါကတော့ City ပရိသတ်တွေဖတ်ကြည့်သင့်တဲ့ စာအုပ်တစ်အုပ်ပါဘဲ။
ဒီတော့ ဒီစာအုပ်တွေက ကျွန်တော်တို့အတွက် အင်မတန် တန်ဖိုးရှိပါတယ်။ကမ္ဘာကျော်နည်းပြတစ်ယောက်ရဲ့ ကမ္ဘာကျော်အသင်းကြီးတွေမှာ ဖြတ်သန်းခဲ့ပုံတွေကို အနီးကပ်မြင်ရသလိုပါဘဲ။ ဒီအတွက် ဒီစာအုပ်တွေကို ရေးပေးတဲ့စာရေးဆရာကိုကျေးဇူးတင်သလို အတွင်းကိစ္စတွေကို စိတ်ကြိုက်ရေးခွင့်ပေးခဲ့တဲ့ Pepကိုလဲ ကျေးဇူးတင်ရတယ်။ စာရေးဆရာပြောသလောက်ကတော့ Pepက တော်တော်ကြီး သဘောထားကြီးခဲ့တယ်လို့ဆိုပါတယ်။
ဒီစာအုပ်တွေကို ကျွန်တော်လဲ အကုန်ပြီးအောင်မဖတ်ရသေးပါဘူး။ဒါက ဘော့လုံးစိတ်ဝင်စားတဲ့သူတွေ ၊social media ကြီးကပေးတဲ့ စိတ်ညစ်စရာတွေရှောင်ပြီး စာအုပ်လေးဖတ်ချင်တဲ့သူတွေ ဖတ်လို့ရအောင် review သဘောမျိုးပေးရင်း စာရေးဆရာအကြောင်းပါ ထည့်ပြောပေးတာပါ။ ကျွန်တော်လဲ ဒီထဲကအကြောင်းတွေကို content လေးတွေပြန်ထုတ်ဖို့ရှိပါသေးတယ်။ဟိုနေ့က ပြောခဲ့တဲ့ အကြောင်းဆိုရင် ဒုတိယစာအုပ်ထဲကပါ။ စာအုပ်လေးဖတ်လိုက် ၊သူပြောခဲ့တဲ့ ပွဲကို ပြန်ရှာကြည့်လိုက် လုပ်ရတာ အင်မတန်အရသာရှိလှပါတယ်။ကျွန်တော် ထိတွေ့မိတဲ့ အရသာကိုလဲ content တွေထဲမှာပြန်ပြောပေးဖို့ရှိတာမို့ pageလေးမှာဘဲဖြစ်ဖြစ် ယူကျု့channelမှာဘဲဖြစ်ဖြစ် စောင့်ကြည့်ပေးကြပါဦး။ကျေးဇူးအထူးတင်ပါတယ်။
----------------------
ဘော့လုံးဝါသနာရှင်တွေအနေနဲ့ ကျွန်တော်နဲ့ Collab လုပ်ထားတဲ့ soccer s*niperမှာ စိတ်ကြိုက်ကစားလို့ရတဲ့အကြောင်းလဲ ဒီနေရာကနေ သတင်းပါးလိုက်ရပါတယ်။မန့်မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။
-----------------------