25/05/2026
... ယခုအပါတ်မှတော့ KPL ပွဲစဉ်-၁၅ ကို ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ် ...
.. KPL ပွဲစဉ်များကတော့ မကြာခင်မှာ ပြီးဆုံးတော့မှာ ဖြစ်ပါတယ် ...
.. KPL ၂၀၂၅-၂၀၂၆ ပြိုင်ပွဲကိုတော့ Kyaukse Utd အသင်းကပဲ ၂ ပွဲအကျန်မှာ အနိုင်ရဗိုလ်စွဲခဲ့ပြီး ဖြစ်ပါတယ် ...
.. လက်ကျန် ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ကျန်အသင်းများကတော့ အမှတ်ပေးဇယား အဆင့်လိုက် ရပ်တည်မှုအတွက် ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ် ...
.. ၁၄-၆-၂၀၂၆ ရက်နေ့မှာတော့ အမှတ်ပေးချန်ပီယံဆုပေးပွဲကို ကျင်းပသွားမှာ ဖြစ်ပြီး တစ်ဦးချင်း အကောင်းဆုံး ဆုများကိုလည်း ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ် ...
.. KSE FA Cup ကတော့ အကြိုဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ် ...
.. ပြီးခဲ့တဲ့ ပွဲစဉ်များမှတော့ Royal Classico(စဥ့်ကိုင်) အသင်းက ရွှေဇော်ဂျီအသင်းကို အဝေးကွင်းမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပြီး Zenith Power အသင်းနဲ့ အကြိုဗိုလ်လု့ပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ် ...
.. Victory အသင်းကလည်း UPK Kyaukse Utd အသင်းကို ပင်နယ်တီအဆုံးအဖြတ်အနိုင်ရရှိခဲ့သလို NME အသင်းကလည်း ရွှေသရဖူ အသင်းကို အနိုင်ရရှိခဲ့ပြီး အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ် ..
20/05/2026
... အနော်ရထာလိဂ် (၂/၂၀၂၆)ပြိုင်ပွဲ ချန်ပီယံ Fire Fc ...
16/05/2026
.....ယနေ့ ( ၁၆. ၅ . ၂၀၂၆ ) မှာတော့ ကျောင်ဆည်ပရီးမီးယားလိဂ် ပွဲစဉ် (၁၄ ) ကိုတော့ Zenith Power အသင်းနှင့် Victory အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပါတယ် .....
... Zenith Power အသင်းကတော့ သူထူးစံ ၊ အောင်ခန့် ကျော် ၊ အောင်လွင်ဖြိုး ၊ လူချော ၊ ဝေမင်းခန့် တို့နှင့် ပွဲထွက်လာခဲ့ပြီး Victory အသင်းကတော့ ပါလေး ၊ ကိုစိုင်း ၊ နိုင်းဟိန်းထက် ၊ ဝေယံစိုး ၊ အာကာထွန်းတို့ နှင့် ပွဲထွက်လာပါတယ် .....
.... ပွဲအစမှာတော့ နှစ်သင်းစလုံး တိုင်စစ်အသားပေးကစားခဲ့ပြီး Victory အသင်းက ကိုစိုင်းက ( ၁၆ ) မိနစ်မှာ အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ် ၊ ဆက်လက်ပြီး Victory အသင်းက ပါလေးက ( ၃၆ ) မိနစ်မှာ ဒုတိယ ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ် ၊ Zenith Power အသင်းကလဲ ပြန်လည်တိုက်ဆင်ကစားခဲ့ရာ လူချောက ( ၃၈ ) မှာ ချေပဂိုး တစ်ဂိုး ပြန်လည်ရရှိခဲ့က ပထမပိုင်းကို ( ၂ : ၁ ) နှင့်င်္ပြီးဆုံးခဲ့ပါတယ်.....
.... ဒုတိယပိုင်းမှာတော့ Zenith Power အသင်းက ပိုမို ဖိအားပေးကစားခဲ့ရာ ချေပဂိုးမရရှိခဲ့ပါ ၊ Victory အသင်က တန်ပြန်တိုက်စစ်မှတဆင့် ပွဲချိန် ( ၆၉ ) မိနစ်မှာ ပင်နယ်တီ ပြန်ဒဏ်ဘောကို ပါလေးမှဂိုး သွင်းယူနိုင်ခဲ့ပါတယ်၊ ဆက်လက်ပြီး Zenith Power အသင်းက တိုင်စစ်ဆင်ကစားခဲ့ပေမဲ့ သွင်းဂိုးတွေတော့ မရရှိခဲ့ပါ ၊ Victory အသင်းက တန်ပြန်တိုက်စစ်မှ နိုင်ဟိန်းထက်က ( ၈၃ ) မိနစ်မှာ တစ်ဂိုး ထက်မှန်ရရှိခဲ့တာကြောင့် Victory အသင်းက ( ၄ : ၁ ) နှင့် အနိုင်ရရှိခဲ့ပါတယ် ....
16/05/2026
.....(၁၅.၅.၂၀၂၆) နေမှာတော့ ကျောက်ဆည်ပရီးယားလိဂ် ပွဲစဉ် (၁၄) ကိုတော့ ရွှေသရဖူ FC အသင်းနှင့် NME FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ ပါတယ် ...
...ရွှေသရဖူ FC အသင်းကတော့ ဇွဲနိင်ထက်(ဂိုး) ၊ လူနီ ၊ ကိုဆင့် ၊ ထက်ဝေယံ ၊ ဇော်ပိုင် တို့နှင့် ပွဲထွက်လာခဲ့ပြီး NME FC အသင်းကတော့ ထက်ဝေအောင် (ဂိုး ) ၊ မျိုးကို ၊ မိုးဒီ ၊ မိုးထက်ယံ ၊ စောရန်နိုင် ၊ သဲလင်းဦး တို့နှင့် ပွဲထွက်လာပါတယ် ....
...ပွဲအစမှာတော့ နှစ်သင်းလုံး တိုက်စစ်ဖွင့် ကစားခဲ့ပြီး ပွဲချိန် (၂၅) မိနစ်မှာ ရွှေသရဖူ FC အသင်းက ဇော်ပိုင်က သွင်းယူကာ ပွဲကို ဦးဆောင်ခဲ့ပါတယ် ၊ NME FC အသင်းကလဲ ပြန်လည် တိုက်စစ်ဆင်ကစားခဲ့ပေမဲ့ ချေပဂိုးတော့ မရရှိခဲ့ပဲ ပထမပိုင်းကို (၁:၀) နှင့်ပြီးဆုံးခဲ့ပါတယ်...
.... ဒုတိယ ပိုင်းမှာတော့ NME FC အသင်းက ပိုမို ဖိအားပေးကစားခဲ့ရာ စောရန်နိုင်က ( ၄၉ ) မိနစ်မှာ ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ် ၊ ဆက်လက်ပြီး NME FC အသင်းကပဲ ဖိအားပေးကစားခဲ့ရာ မိုးထက်ရန်က ( ၆၂ ) မိနစ်မှာ သွင်းယူကာ ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ် ၊ ရွှေသရဖူ FC အသင်းကလည်း တိုက်စစ်တင်ကစားခဲ့ပေမဲ့ ဂိုးပြန်လည်မရရှိခဲ့တာကြောင့် NME FC အသင်းက ( ၂ : ၁ )ဂိုးနှင် ရရှိခဲ့ပါတယ် ......
14/05/2026
....ယနေ့ (၁၄.၅.၂၀၂၆) KSE FA CUP ရှုံးထွက်ဖလား ပွဲစဉ်မှာတော့ Royal Classico အသင်းနှင့် ရွှေဇော်ဂျီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကျပါတယ် ...
....Royal Classico အသင်းကတော့ မိုးဒီ ၊ မင်းသန်းထွန်း (ဂိုး) ၊ snare ၊ အာကာမိုး ၊ ထွန်းလင်းဦးတို့ နှင့် ပွဲထွက်လာပြီးတော့ ရွှေဇော်ဂျီအသင်းကတော့ ထက်အောင်ချစ် ၊ ထက်မြတ်အောင် ၊ အောင်သူဟိန်း၊ ထွန်းလပြည့် ၊ တိုးဝေယံတို့ နှင့်ပွဲထွက်လာပါတယ် ....
.....ပွဲအစမှာတော့ Royal Classico အသင်းက အိမ်ရှင်အသင်းပီပီ တိုက်စစ်ဖွင့်ကစားခဲ့ပြီး ရွှေဇော်ဂျီအသင်းကတော့ တန်ပြန်တိုက်စစ်နဲ့ ကစားခဲ့ကျပါတယ် ၊ ပွဲချိန် ( ၂၆ )မိနစ်မှာ ရွှေဇော်ဂျီအသင်က အောင်သူဟိန်းက အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ် ၊ Royal Classico အသင်းက ဦးဆောင်ဂိုး ပေးရပြီးနောက်ပိုင်း ပြန်လည်ချေပဂိုးရရှိဖို့ ကြိုးစားခဲ့ရာ မိုးဒီက ( ၃၈ )မိနစ်မှာ ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ် ၊ ရွှေဇော်ဂျီအသင်ကလဲ တန်ပြန်တိုက်စစ်ကနေ ရှိုင်းခန့်နောင်က (၄၅ )မိနစ်မှာ ဒုတိယမြောက် ဦးဆောင်ဂိုး သွင်းယူကာ ပထမပိုင်းကို ( ၁: ၂ ) နဲ့ပြီးဆုံးခဲ့ပါတယ် ......
... ဒုတိယပိုင်းမှာတော့ Royal Classico အသင်းက လျှင်လျှင်မြန်မြန်တိုက်စစ်ဆင်ကစားခဲ့ရာ မိုးဒီကပဲ (၄၆) မိနစ်မှာ ပြန်လည် ချေပဂိုး သွင်းယူခဲ့ ပါတယ် ၊ Royal Classico အသင်းက အနိုင်ရရှိရေးအတွက် တိုက်စစ်ဆင်ကစားခဲ့ရာ ရွှေဇော်ဂျီးအသင်းရဲ့အောက်တန်းကျစ်လစ်မူ့ကြောက် ဂိုးရရှိခဲ့ခြင်းမရှိခဲ့ပါ ၊ ရွှေဇော်ဂျီအသင်းရဲ့ တန်ပြန်တိုက်စစ်ကနေ တိုးပြည့်လျှံက (၆၄)မိနစ်မှာ ပစ်ဒဏ်ဘောမှ တိုင်ရိုက်ကန်သွင်းခဲ့ပြီး (၈၂ ) မိနစ်မှာ တိုးပြည့်လျှံကပဲ သွင်းယူကာ ( ၄ : ၂ ) ဖြင့် အနိုင်ခဲ့ပါတယ်....
13/05/2026
....ယနေ့ (၁၃.၅.၂၀၂၆)မှာတော့ KSE FA CUP 2026 ရှုံးထွက်ဖလား အဖွင့်ပွဲစဉ်ကိုတော့ Galaxy အသင်းနှင့် Zenith Power အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကျပါတယ်...
....Galaxy အသင်းကတော့ အသင်းခေါင်း နေတိုး ၊ ဂျွန်စော၊ ကောင်းကောင်း ၊ ရဲနိုင်ထွန်း ၊ လွင်မိုး တို့နှင့် ပွဲထွက်လာပြီးတော့ Zenith Power အသင်း ကတော့ လိူင်မျိုးကျော်၊ လူချော ၊ အောင်လွင်ဖြိုး ၊ ဝေမင်းခန့် ၊ အောင်ခန့်ကျော် တို့နှင့် ပွဲထွက်လာပါတယ်....
... ပွဲအစမှာတော့ နှစ်သင်းလုံး တိုက်စစ်ဆင်ကစားခဲ့ပြီး အဖွင့်ဂိုးကိုတော့ Zenith Power အသင်းက ဝေမင်းခန့်က (၂၁) မိနစ်မှာသွင်းယူခဲ့ပါတယ် ၊ Galaxy အသင်းကလဲ ပြန်လည်တိုက်စစ်ဆင်ကစားခဲ့ရာ ဂျွန်စောက ( ၃၅ ) မိနစ်မှာ ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ် ၊ Zenith Power အသင်းကလဲ ပြန်လည် ဖိအားပေးကစားခဲ့ရာ ကောင်းခန့်ကျော်က ( ၄၁ ) မိနစ်မှာ ပြန်လည် ဦးဆောင်ဂိုး သွင်းယူခဲ့ပါကာ ပထမပိုင်းကို ( ၂:၁ )နှင့် ပြီးဆုံးခဲ့ပါတယ်.......
... ဒုတိယပိုင်းမှာတော့ Zenith Power အသင်းက ပွဲကို ထိန်းချုပ်ကစားခဲ့ရာ ဝေမင်းခန့်က ( ၄၇ ) ( ၅၁ ) ( ၇၃ ) မိနစ်တွေမှာ ဂိုးတွေသွင်းယူခဲ့ပြီးတော့ မိုးဝေယံဦးက ( ၄၉ )( ၇၁ ) မိနစ်တွေမှာ ဂိုးတွေ သွင်းယူကာ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်.....