05/06/2026
ကမ္ဘာအနှံ့ ခြေဆန့်လို့! 🌍
ဒီနှစ် ကမ္ဘာ့ဖလားမှာ မန်စီးတီးကစားသမားတွေဟာ တခြားဘယ်ကလပ်အသင်းတွေထက် ပိုမိုပါဝင်ခွင့်ရရှိထားပါတယ်။
မိမိတို့နိုင်ငံအသီးသီးကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်မယ့် ကစားသမားပေါင်း ၁၉ ဦးအထိတောင် ရှိနေတာပါ။ 🙌
05/06/2026
ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်စ်က သူဟာ ရိုဒရီကို အလိုမရှိတဲ့အပြင် ရီးရဲလ်မက်ဒရစ်အနေနဲ့လည်း Rodri ကို ခေါ်ယူမှာမဟုတ်ကြောင်း #မန်စီးတီး အသင်းဆီ တိုက်ရိုက်ဆက်သွယ်ပြီး အသိပေးပြောကြားခဲ့ပါတယ်။
ပီရက်စ် ဥက္ကဋ္ဌ ဆက်ဖြစ်ရင် ခေါ်ယူပေးမယ့် သန်း ၁၅၀ တန် ကစားသမားဟာလည်း Michael Olise ဖြစ်ကြောင်း သိရသည်။
—
[ ဒီဆက်သွယ်မှု့မှာ ရီကွယ်လ်မီက မန်စီးတီးကစားသမားတွေအကြောင်း ထည့်သွင်းမဲစွယ်ခဲ့လို့ မန်စီးတီးဘက်က ပေါက်ကွဲနေမှု့အတွက် ငြိမ်းချမ်းရေးစကားလည်း ဖြစ်လိမ့်မယ်လို့ တစ်ကိုယ်ရည် ယူဆမိပါတယ်။ ]
05/06/2026
ဆာဗင်ညို စပါးအသင်းကို ပြောင်းမလား? 🏴👀
ESPN ရဲ့ ဖော်ပြချက်အရ မန်ချက်စတာစီးတီးအသင်းကနေ ထွက်ခွာတော့မယ့် Savinho ဟာ အင်္ဂလန်ဘောလုံးလောကမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ထားပြီး၊ အထူးသဖြင့် လာမယ့်ရာသီမှာ တော့တင်ဟမ်ဟော့စပါးအသင်းကို ပြောင်းရွှေ့ကစားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
စပါးအသင်းဘက်ကလည်း ဘရာဇီးလ်တိုက်စစ်ကစားသမားကို ခေါ်ယူဖို့အတွက် ပထမဆုံးအကြိမ်အဖြစ် စတင်ဆက်သွယ်မှုတွေ ပြုလုပ်နေပြီဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ တရားဝင် ပထမဆုံးကမ်းလှမ်းမှု ပြုလုပ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။
[via ]
04/06/2026
Elliott Anderson အတွက် မန်စီးတီးအသင်းရဲ့ ပထမဆုံးကမ်းလှမ်းမှု့ကို ဖောရက်စ်အသင်းက ပါယ်ချထားပေမယ့် ဆွေးနွေးမှု့ ဆက်ရှိဆဲဖြစ်ပါတယ်။
Anderson အတွက် ညှိနှိုင်းမှု့အဆင်မပြေဖြစ်ခဲ့ပါက မန်စီးတီးအသင်းက ဒုတိယရွေးချယ်စရာအဖြစ် နယူးကာဆယ်အသင်းရဲ့ ကစားသမား Sandro Tonali ကို ရည်ရွယ်ထားတယ်လို့ ဖော်ပြထားပါတယ်။
[Fabrizio Romano]
04/06/2026
➡️ မန်စီးတီးအသင်းဟာ ညာနောက်ခံလူနေရာအတွက် ခေါ်ယူမယ့်ရွေးချယ်စရာတွေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
➡️ ပြီးခဲ့တဲ့ရာသီက ပထမဦးစားပေးအဖြစ် ကစားခဲ့တဲ့ Matheus Nunes ကို ပြိုင်ဆိုင်မှုနဲ့ အရန်အင်အားပေးနိုင်ဖို့အတွက် အသက်ငယ်ရွယ်တဲ့ ညာနောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ ကလပ်အသင်းဘက်က စဉ်းစားနေတာ ဖြစ်ပါတယ်။
➡️ ဒါပေမဲ့ စီးတီးအသင်းတွင်းသတင်းမြစ်များရဲ့ အဆိုအရ ကလပ်အသင်းအနေနဲ့ အသက် ၂၇ နှစ်အရွယ် နူနက်စ်ရဲ့ ခြေစွမ်းနဲ့ အသင်းအပေါ် အကျိုးပြုမှုကို ကျေနပ်မှုရှိတာကြောင့် သူ့နေရာမှာ အစားထိုးဖို့ ရည်ရွယ်ချက် လုံးဝမရှိဘူးလို့ အခိုင်အမာ ပြောကြားထားပါတယ်။
✅ အစားထိုးဖို့ထက် ရာသီသစ်မစတင်မီ ခံစစ်ပိုင်းအင်အား ပိုမိုတောင့်တင်းလာစေဖို့နဲ့ အသင်းတွင်းပြိုင်ဆိုင်မှု ပိုရှိလာစေဖို့အတွက်သာ ရည်ရွယ်ပြီး ကစားသမားသစ် ခေါ်ယူမှာ ဖြစ်ပါတယ်။
🚨 အကယ်ဒမီလူငယ်ကစားသမား Rico Lewis ရဲ့ အနာဂတ်ကလည်း သေချာမှု့မရှိတော့ဘူးလို့ သိရပါတယ်။
🛑 မန်ချက်စတာစီးတီး အသင်းဟာ လာမယ့်နွေရာသီအတွက် ဖီယင်နု အသင်းရဲ့ ညာနောက်ခံလူ Givairo Read ရဲ့ အခြေအနေကို ဆက်လက်ပြီး အနီးကပ်စောင့်ကြည့်နေပါတယ်။ အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ သူ့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက စောင့်ကြည့်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကလပ်ရဲ့ ခေါ်ယူမယ့်စာရင်းထဲမှာ ရွေးချယ်စရာတစ်ခုအဖြစ် စိတ်ဝင်စားမှု့ ရှိနေပါတယ်။
04/06/2026
ဟာလန်း နဲ့ ရီးယဲလ်အသင်း ကြားက ဒီကနေ့ပျံ့နေတဲ့သတင်းကို YouTube မှာ Video အနေနဲ့ တင်ထားပါတယ်။
Link မှာ ဝင်ကြည့်လို့ရပါတယ်ဗျ။
https://www.youtube.com/
04/06/2026
စပါးအသင်းဟာ Savinho အတွက် မန်စီးတီးအသင်းထံ ကမ်းလှမ်းမှု့ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက တောင်ပံကစားသမားကို ခေါ်ယူဖို့ အင်မတန်စိတ်ဝင်စားခဲ့တာပါ။ မန်စီးတီးအသင်းထံ တိုက်ရိုက်ချဉ်းကပ်မှုမျိုး အခုထိမလုပ်ရသေးပေမဲ့ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ချဉ်းကပ်မှုတစ်ခု ရှိလာနိုင်တယ်လို့ Sky Sports News က ဖော်ပြထားပါတယ်။
04/06/2026
မန်ချက်စတာစီးတီးအသင်းသည် နော်တင်ဟမ်ဖောရက်စ်အသင်း၏ ကွင်းလယ်ကစားသမား Elliot Anderson ကို ခေါ်ယူရန်အတွက် ပထမဆုံးအကြိမ်အဖြစ် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့သည်။
ဖောရက်စ်အသင်းက အဆိုပါကမ်းလှမ်းမှုကို ပယ်ချခဲ့သော်လည်း အင်္ဂလန်လက်ရွေးစင်ကစားသမားကို ခေါ်ယူရန် စီးတီးအသင်း၏ ကြိုးပမ်းမှုမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။
မန်စီးတီးဘက်က ကမ်းလှမ်းမှု့အတိအကျကို မသိရပေမယ့် ဖောရက်စ်အသင်းဘက်က ပရီးလိဂ်မှာဖြစ်ခဲ့တဲ့ ကိုင်စီဒို၊ အန်ဇို ဖာနန်ဒက် နဲ့ ဒက္ကလန် ရိုက်စ် တို့၏ အပြောင်းအရွှေ့ကဲ့သို့ ပေါင် သန်း ၁၀၀ ကျော် အလိုရှိနေကြောင်း သိရသည်။
[The Athletic]
03/06/2026
Rayan Cherki ရဲ့ Pose ပေးတာကိုလည်းကြည့်ကြဦး။
သူတစ်ယောက်ထဲ နွဲ့နေတာ။
L’équipe !