เส้นทาง

Man City Pulse Manchester City Things 💙

Pep Guardiola ဟာ Etihad မှာရှိတဲ့ သူ့လူတွေကို “ကျွန်တော့်လူတွေနဲ့အတူ ရှိချင်တယ်” ဆိုတဲ့သဘောမျိုး ပြောထားတယ်လို့ ကလပ်အတွင...
02/10/2026

Pep Guardiola ဟာ Etihad မှာရှိတဲ့ သူ့လူတွေကို “ကျွန်တော့်လူတွေနဲ့အတူ ရှိချင်တယ်” ဆိုတဲ့သဘောမျိုး ပြောထားတယ်လို့ ကလပ်အတွင်းပိုင်းမှာ ပြောဆိုနေတယ်လို့ သိရပါတယ်။

အသင်းပရိတ်သတ်တွေအတွက် ကွင်းထဲအထိ လာရောက်ဝန်းရံမယ့် ပုံစံမျိုး ပြောဆိုနေကြတာပါ။

ပထမဆုံး ပြန်ကစားမယ့် အိမ်ကွင်းပွဲက PSG နဲ့ ပွဲဖြစ်လို့ အဲဒီပွဲမှာဆရာသမားကို ပြန်မြင်ရမလား စောင့်ကြည့်ရပါမယ်။

မန်စီးတီးအသင်းက Premier League Commission ရဲ့ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်လိုက်ပြီဖြစ်ကြောင်း တရားဝင်အတည်ပြုမန်စီးတီးအသင်း...
02/10/2026

မန်စီးတီးအသင်းက Premier League Commission ရဲ့ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်လိုက်ပြီဖြစ်ကြောင်း တရားဝင်အတည်ပြု

မန်စီးတီးအသင်းက Premier League ရဲ့ စွဲချက်များအပေါ် မိမိတို့အပြစ်မရှိကြောင်း (“innocent”) ထပ်မံအတည်ပြု ပြောကြားခဲ့ပါတယ်။

“မန်ချက်စတာစီးတီးအသင်းသည် Premier League ၏ စည်းကမ်းပိုင်းဆိုင်ရာကိစ္စနှင့်ပတ်သက်၍ Premier League Commission ၏ သဘောထား/ဆုံးဖြတ်ချက်အပေါ် အပြည့်အစုံဖြစ်သော အယူခံလွှာကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်၊ ကြာသပတေးနေ့ ည ၇ နာရီတွင် တင်သွင်းခဲ့ကြောင်း သိရသည်။

အသင်း၏ ခိုင်မာသောရပ်တည်ချက်မှာ အဆိုပါ Commission ၏ သဘောထားတွင် ဥပဒေ၊ အခြေခံမူများနှင့် အချက်အလက်ဆိုင်ရာ ကဏ္ဍများ၌ ရှင်းလင်းထင်ရှားပြီး အရေးပါသော အမှားများ အများအပြား ပါဝင်နေသည့်အတွက် ထိုဆုံးဖြတ်ချက်သည် ယုံကြည်စိတ်ချရသော ဆုံးဖြတ်ချက်တစ်ရပ် မဟုတ်ကြောင်း ဖြစ်ပါသည်။

Premier League က စွပ်စွဲထားသည့် စွဲချက်များအပေါ် Manchester City အသင်းသည် အပြစ်‌မရှိကြောင်းနှင့်

ထို့အပြင် ဤအမှုနှင့်ပတ်သက်၍ အသင်း၏ ရပ်တည်ချက်များအားလုံးကို ထောက်ခံပေးနိုင်သည့် ငြင်းခုံ၍မရသော သက်သေအထောက်အထားများ အပြည့်အဝ ရှိကြောင်း

တရားဝင်လုပ်ငန်းစဉ်များ ပြီးဆုံးသည်အထိ သင့်လျော်သည့် လုပ်ထုံးလုပ်နည်းများကို ဆက်လက်လေးစားလိုက်နာသွားမည်ဖြစ်ပြီး၊ လက်ရှိတွင် တရားဝင်လုပ်ငန်းစဉ်များ မပြီးဆုံးသေးသောကြောင့် ထပ်မံပြောကြားနိုင်သည့် အကြောင်းအရာများမှာလည်း ကန့်သတ်ထားရပါသည်။” ဟု သိရသည်။

Etihad Airways ရဲ့ တရားဥပဒေအရ အရေးယူနိုင်ရေး ပြင်ဆင်မှုက Independent Commission ရဲ့ ဆုံးဖြတ်ချက်အပေါ် မေးခွန်းကြီးတစ်ခု ...
01/10/2026

Etihad Airways ရဲ့ တရားဥပဒေအရ အရေးယူနိုင်ရေး ပြင်ဆင်မှုက Independent Commission ရဲ့ ဆုံးဖြတ်ချက်အပေါ် မေးခွန်းကြီးတစ်ခု ထပ်မံပေါ်ပေါက်စေခဲ့ပါတယ်

Manchester City အသင်းကို EPL ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းများ ချိုးဖောက်ခဲ့ကြောင်း Independent Commission က ဆုံးဖြတ်ခဲ့ပြီးနောက် အဓိကစပွန်ဆာဖြစ်တဲ့ Etihad Airways ကလည်း အဆိုပါဆုံးဖြတ်ချက်နဲ့ EPL ရဲ့ ဆက်သွယ်ပြောဆိုပုံအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်လာပါတယ်။

Etihad Airways က—

1️⃣ မသင့်လျော်တဲ့ Commercial Arrangement တွေမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးကို လုံးဝငြင်းဆို

Etihad က Independent Commission ရဲ့ ဆုံးဖြတ်ချက်ထဲက မိမိတို့ကုမ္ပဏီဟာ မသင့်လျော်တဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီမှုတွေမှာ ပါဝင်ခဲ့တယ်လို့ ဆိုလိုနိုင်တဲ့ Finding / Conclusion / Implication မှန်သမျှကို လုံးဝပယ်ချတယ် လို့ ထုတ်ပြန်ခဲ့ပါတယ်။

2️⃣ အရေးကြီးဆုံး မေးခွန်း — EPL က Etihad ကို ဆက်သွယ်ခဲ့ခြင်း မရှိ

Etihad ရဲ့ အဆိုအရ ဒီကိစ္စနဲ့ပတ်သက်ပြီး Premier League က စုံစမ်းစစ်ဆေးမှုလုပ်နေစဉ် Etihad Airways ကို တစ်ကြိမ်မျှ ဆက်သွယ်ခြင်း၊ ပါဝင်ဆွေးနွေးခွင့်ပေးခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့် Etihad အနေနဲ့—

- ကိုယ်စားပြုတင်ပြခွင့်
- သက်ဆိုင်ရာ အချက်အလက်တွေ ပေးအပ်ခွင့်
- ဆုံးဖြတ်ချက်မှာ အသုံးပြုခဲ့တဲ့ အချက်အလက်တွေ မှန်ကန်မှုကို ရှင်းလင်းခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။

3️⃣ ဆုံးဖြတ်ချက်ထဲမှာ Etihad ကို နာမည်တပ်မဖော်ပြထားပေမယ့် ထိခိုက်မှုရှိတယ်လို့ ဆို

Etihad က Independent Commission ရဲ့ ထုတ်ပြန်ထားတဲ့ Redacted Decision ထဲမှာ မိမိတို့ကို နာမည်တပ်ဖော်ပြထားခြင်းမရှိသော်လည်း EPL ရဲ့ လူသိရှင်ကြား ထုတ်ပြန်ပြောဆိုမှု၊ သတင်းပေါက်ကြားမှုတွေနဲ့ သတင်းဖော်ပြမှုတွေကြောင့် Etihad ရဲ့ ဂုဏ်သိက္ခာနဲ့ စီးပွားရေးအကျိုးစီးပွားအပေါ် ထိခိုက်စေနိုင်တဲ့ အဓိပ္ပါယ်တွေ ဖြစ်ပေါ်လာတယ် လို့ ဆိုပါတယ်။

4️⃣ Etihad က တရားဥပဒေအရ ရွေးချယ်စရာတွေကို စစ်ဆေးနေ

Etihad Airways က Manchester City နဲ့ မိမိတို့ရဲ့ နှစ်ရှည်ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထောက်ခံနေပြီး City က Commission ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်အယူခံဝင်မယ့် လုပ်ငန်းစဉ်မှာလည်း ထောက်ခံကြောင်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

တစ်ချိန်တည်းမှာပဲ မိမိတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ ဘယ်လိုတရားဥပဒေအရ ရွေးချယ်စရာတွေ ရှိသလဲဆိုတာ Legal Counsel ထံ အကြံဉာဏ်တောင်းခံသွားမယ် လို့ ထုတ်ပြန်ထားပါတယ်။

❓ ဒါဆို Independent Commission က တစ်ဖက်သတ် ဆုံးဖြတ်ခဲ့တာလား?

ဒီနေရာမှာ အရေးကြီးတာက Etihad ရဲ့ ထုတ်ပြန်ချက်တစ်ခုတည်းနဲ့ “Independent Commission က တစ်ဖက်သတ် ဆုံးဖြတ်ခဲ့တယ်” လို့ အတည်ပြုလို့တော့ မရသေးပါဘူး။

ဒါပေမယ့် Etihad ကို စုံစမ်းစစ်ဆေးမှုအတွင်း မဆက်သွယ်ခဲ့ဘူး၊ သက်ဆိုင်ရာအချက်အလက်တွေ တင်ပြခွင့်မရခဲ့ဘူး ဆိုတဲ့ Etihad ရဲ့ ပြောဆိုချက်ကတော့ လုပ်ငန်းစဉ်ရဲ့ မျှတမှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ အချက်တစ်ခု ဖြစ်လာပါတယ်။

အထူးသဖြင့် Commission ရဲ့ ဆုံးဖြတ်ချက်မှာ Commercial Partners တွေနဲ့ ပတ်သက်တဲ့ “sham” arrangements တွေကို အရေးကြီးတဲ့ အချက်အဖြစ် ထည့်သွင်းဆုံးဖြတ်ထားချိန်မှာ၊ အဆိုပါ Commercial Partner တစ်ခုဖြစ်တဲ့ Etihad က “ငါတို့ကို ဘာကြောင့် မမေးခဲ့တာလဲ?” ဆိုတဲ့ မေးခွန်းထုတ်လာတာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေကို အတိုချုပ်ပြောရရင်—

Independent Commission က City ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ထားတယ်။
City ကတော့ အဆိုပါဆုံးဖြတ်ချက်ကို မှားယွင်းနေတယ်လို့ ငြင်းဆိုပြီး အယူခံဝင်မယ်လို့ ပြောထားတယ်။
Etihad ကလည်း မိမိတို့အပေါ် သက်ရောက်လာနိုင်တဲ့ အဆိုပါ findings တွေကို လုံးဝပယ်ချပြီး EPL က မိမိတို့ကို မဆက်သွယ်ခဲ့တဲ့အချက်ကို ထောက်ပြကာ တရားဥပဒေအရ ရွေးချယ်စရာတွေကို စစ်ဆေးနေပြီ ဖြစ်ပါတယ်။

အဆုံးသတ်မှာတော့ ဒီဆုံးဖြတ်ချက်ဟာ အယူခံလုပ်ငန်းစဉ်တွေပြီးဆုံးတဲ့အထိ အပြီးသတ်အဖြေတစ်ခု မဟုတ်သေးပါဘူး။

🗣️ Pep Guardiola —“ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မန်ချက်စတာစီးတီးပရိတ်သတ်တိုင်းကို ကျွန်တော် ဒီအသင်းနဲ့အတူရှိနေတယ်ဆိုတာ သိစေချင်...
30/09/2026

🗣️ Pep Guardiola —

“ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မန်ချက်စတာစီးတီးပရိတ်သတ်တိုင်းကို ကျွန်တော် ဒီအသင်းနဲ့အတူရှိနေတယ်ဆိုတာ သိစေချင်ပါတယ်။ အရင်ကထက်တောင် ပိုပြီး ရှိနေပါတယ်။

ကျွန်တော်ဟာ အမြဲတမ်း ကိုယ့်အသင်းဘက်မှာ ရှိခဲ့သလို၊ အခုလည်း အမြဲတမ်း ရှိနေမှာပါ။ ကျွန်တော့်အသင်း၊ အသင်းပိုင်ရှင်၊ ဥက္ကဋ္ဌ Khaldoon Al Mubarak၊ Ferran Soriano၊ ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ Enzo [Maresca] နဲ့ ကျွန်တော်တို့ရဲ့ ထူးခြားတဲ့ ပရိသတ်တွေအားလုံးရဲ့ နောက်မှာ ကျွန်တော် အမြဲရှိနေပါတယ်။

ရှင်းရှင်းလင်းလင်း ပြောပါရစေ — ဒီအခြေအနေကို ကျွန်တော်တို့အားလုံး အတူတကွ ကျော်ဖြတ်သွားကြမှာပါ။

အားလုံးကို ကျွန်တော် ချစ်ပါတယ်။ 🩵”

🗣️ David Ornstein က မန်စီးတီးအသင်းနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာ —“မန်ချက်စတာစီးတီးအသင်းဟာ သူတို့ရဲ့အမှုနဲ့ပတ်သက်ပြီး အောင...
30/09/2026

🗣️ David Ornstein က မန်စီးတီးအသင်းနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာ —

“မန်ချက်စတာစီးတီးအသင်းဟာ သူတို့ရဲ့အမှုနဲ့ပတ်သက်ပြီး အောင်မြင်နိုင်မယ်လို့ ယုံကြည်ချက်အပြည့်ရှိနေဆဲပါ။

နောက်ဆုံးမှာ သူတို့ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်ကောင်း ပြနိုင်ပါလိမ့်မယ်။

ဒါပေမယ့် လက်ရှိမှာတော့ စွဲချက်တွေရဲ့ အများစုနီးပါးမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံထားရပါတယ်။ သို့သော် အနာဂတ်မှာ အခြေအနေက လုံးဝပြောင်းလဲသွားပြီး ကျွန်တော်တို့အားလုံးက လုံးဝမတူညီတဲ့အကြောင်းအရာကို ပြန်လည်ဆွေးနွေးနေရတဲ့ အခြေအနေမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ထဲက ဘယ်သူမှ မသိသေးပါဘူး။ အားလုံးက ခန့်မှန်းနေကြတာပါ။ ဒီအမှုက နောက်ဆုံးမှာ ဘယ်ကို ဦးတည်သွားမလဲဆိုတာကို တကယ်တမ်း ဘယ်သူမှ မသိသေးပါဘူး။”

— The Athletic FC Podcast

ဖာရန် ဆိုရီယာနို ဟာ မန်စီးတီးဝန်ထမ်းတွေဆီ ကြာချိန် ၃ မိနစ်ရှိတဲ့ဗီဒီယိုဖိုင်နဲ့ သတင်းစကားပါးခဲ့ပါတယ်ပရီးမီးယားလိဂ်ရဲ့ 11...
29/09/2026

ဖာရန် ဆိုရီယာနို ဟာ မန်စီးတီးဝန်ထမ်းတွေဆီ ကြာချိန် ၃ မိနစ်ရှိတဲ့ဗီဒီယိုဖိုင်နဲ့ သတင်းစကားပါးခဲ့ပါတယ်

ပရီးမီးယားလိဂ်ရဲ့ 115 Charges အမှုနဲ့ ပတ်သက်ပြီး အသင်းဝန်ထမ်းတွေထံ ပေးပို့ခဲ့တဲ့ ဗီဒီယိုမက်ဆေ့ချ်မှာ အသင်းဘက်က ဒီအမှုကို ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ အချက်ကို ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။

Soriano ရဲ့ ပြောကြားချက်အရ—

🔹 ဒီအမှုဟာ “မှားယွင်းတဲ့ စွပ်စွဲချက်” ပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။

🔹 စပွန်ဆာငွေတွေဟာ အသင်းပိုင်ရှင်ထံကနေ လာတာမဟုတ်ကြောင်း ပြသနိုင်ဖို့ ငွေလွှဲမှတ်တမ်းတွေနဲ့ သက်သေခံချက်များအပါအဝင် “ငြင်းဆိုလို့မရတဲ့ သက်သေအထောက်အထား” တွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

🔹 ဒါပေမယ့် အသင်းဘက်က တင်ပြခဲ့တဲ့ ကျယ်ပြန့်တဲ့ သက်သေအထောက်အထားတွေကို လျစ်လျူရှုခံခဲ့ရတယ် လို့ ဆိုရီယာနိုက ပြောပါတယ်။

🔹 ဒါကြောင့် Commission ရဲ့ နိဂုံးချုပ်ဟာ “ရှင်းရှင်းလင်းလင်း မှားယွင်းနေတယ်” လို့ သူက ယူဆထားပါတယ်။

🔹 Premier League ဘက်က အမှုကို တည်ဆောက်ထားတဲ့ အခြေခံအကြောင်းပြချက်တွေထဲမှာ “Premier League conspiracy theory” တစ်ခု ပါဝင်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

🔹 Manchester City ဟာ Appeal တင်သွားမှာဖြစ်ပြီး လိုအပ်လာရင် အခြားဥပဒေရေးရာ လမ်းကြောင်းတွေကိုပါ ဆက်လက်အသုံးပြုသွားမယ် လို့ ဆိုပါတယ်။

🔹 ထို့အပြင် အမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် လျော်ကြေးတောင်းခံဖို့ လည်း စဉ်းစားထားကြောင်း ပြောကြားခဲ့ပါတယ်။

🔹 နောက်ဆုံးမှာတော့ “We have been here before”၊ “We will be relentless” ဆိုတဲ့ စကားတွေနဲ့ အသင်းအနေနဲ့ အခုအခြေအနေမှာ လက်လျှော့မှာမဟုတ်ဘဲ ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ သဘောထားကို အလေးပေးပြောကြားခဲ့ပါတယ်။

“တစ်နေ့နေ့မှာတော့ ဒီအခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့အကြောင်း ပြန်လည်အမှတ်ရကြမှာပါ” လို့ ဝန်ထမ်းတွေကို အားပေးပြောကြားခဲ့ပါတယ်။ 🩵

ပရီးမီးယားလိဂ်က မန်စီးတီးမှာ အပြစ်ရှိကြောင်း တရားဝင် ထုတ်ပြန်လိုက်ပါပြီစွဲချက်တွေထဲမှာ အားလုံးနီးပါးအပြစ်ရှိတယ်လို့ ထုတ်...
29/09/2026

ပရီးမီးယားလိဂ်က မန်စီးတီးမှာ အပြစ်ရှိကြောင်း တရားဝင် ထုတ်ပြန်လိုက်ပါပြီ

စွဲချက်တွေထဲမှာ အားလုံးနီးပါးအပြစ်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်ကတော့ အရှည်ကြီးဖြစ်ပေမယ့် အဓိက နားလည်ရမယ့် အကြောင်းအရာကို ဖော်ပြလိုက်ပါတယ်။

အကျဉ်းချုပ်နားလည်ရမှာက ၂၀၀၉/၁၀–၂၀၁၇/၁၈ ကာလအတွင်း အသင်းရဲ့ ဝင်ငွေကို အတုအယောင်မြှင့်တင်ပြီး ကုန်ကျစရိတ်ကို လျှော့ချပြသခဲ့တဲ့ scheme တွေရဲ့ စုစုပေါင်းသက်ရောက်မှုက £900m ကျော် ဖြစ်တယ်လို့ Commission က တွေ့ရှိထားတာပါ။

အဲဒီထဲမှာ—

Sponsor/commercial deals အချို့မှာ Sponsor က ပေးရမယ့်ငွေရဲ့ တစ်စိတ်တစ်ပိုင်းပဲ ပေးပြီး ကျန်ငွေကို အသင်းပိုင်ရှင်ဖြစ်တဲ့ Abu Dhabi United Group Investment & Development Ltd (ADUG ) က ထောက်ပံ့ခဲ့တယ် လို့ Commission က တွေ့ရှိထားပါတယ်။

ADUG က ထောက်ပံ့တဲ့ အခြား “sham” arrangements တွေကနေ operating expenses ကို အမှန်ထက် နည်းအောင် စာရင်းပြခဲ့တယ်လို့ ဆိုပါတယ်။

Fordham နဲ့ ကစားသမား Image Rights ဆိုင်ရာ “sham circular arrangement” တစ်ခုလည်း ပါဝင်ပါတယ်။

ဒီ schemes တွေအားလုံးရဲ့ ရည်ရွယ်ချက်က ဝင်ငွေကို မြှင့်ပြပြီး ကုန်ကျစရိတ်ကို လျှော့ပြကာ £900m ကျော်အထိ ဘဏ္ဍာရေးအခြေအနေကို ပြောင်းလဲဖော်ပြခဲ့တယ် ဆိုတာပါ။

အသင်းဝင်ငွေကို အပြောင်းအလဲ လုပ်လိုက်တဲ့အတွက် နောက်ဆက်တွဲအနေနဲ့ PSR စည်းမျဉ်းတွေပါ ငြိကုန်ပါတယ်။

စုံစမ်းတဲ့အချိန်မပူးပေါင်းတဲ့အပြင် ဟန့်တားပိတ်ပင်ဖို့ ကြိုးပမ်းတဲ့အမှုတွေပါ ဆက်ဖြစ်ကုန်ပါတယ်။

အဲဒီအတွက် မန်စီးတီးဘက်ကို အယူခံဝင်ခွင့်ရပါမယ်။
ပုံမှန်ဆိုရင် ဥပဒေက အယူခံဝင်ဖို့ ၁၄ ရက်အချိန်ရပေမယ့် မန်စီးတီးအသင်းကို အောက်တိုဘာ ၂ ရက်နေ့ နောက်ဆုံး အယူခံဝင်ရမယ်လို့ နောက်ဆုံးအမိန့်ပါ ထုတ်ပြန်ခဲ့ပါတယ်။

Nico O'Reilly ဟာ ယနေ့ညမှာ ကစားမယ့် အင်္ဂလန် နဲ့ ချက် ပွဲအတွက် ဒ-ဏ်ရာကြောင့် ကစားနိုင်မည်မဟုတ်ကြောင်း သိရသည်။နေးရှင်းလိဂ်...
29/09/2026

Nico O'Reilly ဟာ ယနေ့ညမှာ ကစားမယ့် အင်္ဂလန် နဲ့ ချက် ပွဲအတွက် ဒ-ဏ်ရာကြောင့် ကစားနိုင်မည်မဟုတ်ကြောင်း သိရသည်။

နေးရှင်းလိဂ်အဖွင့်ပွဲစဉ် စပိန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အင်္ဂလန်အတွက် ပွဲထွက် ကစားခွင့်ရခဲ့ပေမယ့် မနေ့ကတည်းက လေ့ကျင့်ခန်း မဆင်းနိုင်တာဖြစ်ကြောင်း သိရသည်။

တူခယ်ကတော့ ဒ-ဏ်ရာအသေးစာဖြစ်ကြောင်း ပြောကြားထားသည်။

ဖာရန် ဆိုရီယာနိုက 115 Charges အမှုနဲ့ပတ်သက်ပြီး ဥရောပကလပ်တာဝန်ရှိသူတွေကို ဘာပြောခဲ့လဲ?Manchester City ရဲ့ CEO Ferran Sor...
29/09/2026

ဖာရန် ဆိုရီယာနိုက 115 Charges အမှုနဲ့ပတ်သက်ပြီး ဥရောပကလပ်တာဝန်ရှိသူတွေကို ဘာပြောခဲ့လဲ?

Manchester City ရဲ့ CEO Ferran Soriano ဟာ တနင်္လာနေ့က Copenhagen မှာကျင်းပတဲ့ European Football Clubs (EFC) Board Meeting အတွင်း 115 Charges အမှုနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ် အခြားဥရောပကလပ်တာဝန်ရှိသူတွေရှေ့မှာ တိုက်ရိုက်ပြောကြားခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ ပရီးမီးယားလိဂ်အသင်းတွေက တာဝန်ရှိသူ အသီးသီးလည်း ပါဝင်နေပါတယ်။

ဆိုရီယာနိုက အစည်းအဝေးအစတွင် စကားပြောခွင့်တောင်းခဲ့ပြီး အတိုချုံး ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရသည်။

🔵 အဓိကပြောဆိုချက်က —

• Independent Commission ရဲ့ ဆုံးဖြတ်ချက်ကို Manchester City အနေနဲ့ သဘောမတူကြောင်း ပြောခဲ့ပါတယ်။

• မန်စီးတီးဟာ အပြစ်မရှိကြောင်း သက်သေပြဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ် လို့ ပြောခဲ့ပါတယ်။

• “ ဒီအမှုဟာ ၂၀၁၈ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ဒီအဆင့်ကို ရောက်ဖို့ ၈ နှစ်ကြာခဲ့ပါတယ်။ အခုကနေစပြီးလည်း အချိန်အများကြီး ထပ်ကြာဦးမှာပါ” လို့ ဆိုရီယာနိုက ပြောခဲ့ပါတယ်။

ဆိုရီယာနိုရဲ့ အခုလိုပြောကြားချက်တွေဟာ မန်စီးတီးဥက္ကဋ္ဌ ခါလ်ဒွန်း အယ်လ်မူဘာရက် က စနေနေ့မှာ ပရိသတ်တွေဆီ ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာထဲက အကြောင်းအရာတွေနဲ့လည်း ဆင်တူပါတယ်။

ခါလ်ဒွန်းက—

“Premier League ရဲ့ လုပ်ငန်းစဉ်က ရှေ့ဆက်ဖို့ အများကြီး ကျန်ပါသေးတယ်။ ကလပ်ရဲ့ အပြစ်ကင်းကြောင်း သက်သေပြနိုင်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်မှုနဲ့ ရည်ရွယ်ချက်ဟာ ဒီအမှု စတင်ခဲ့တဲ့အချိန်ကအတိုင်းပဲ ခိုင်မာနေဆဲပါ”

လို့ ရေးသားခဲ့ပါတယ်။

🩵 The battle is not over.

မန်ချက်စတာစီးတီးအသင်း ဥက္ကဋ္ဌ Khaldoon Al Mubarak ၏ ထုတ်ပြန်ချက်“ကျွန်တော် ဒီအသင်းမှာ ပါဝင်လာတာ ၁၈ နှစ်ရှိပါပြီ။ အီတီဟတ်...
26/09/2026

မန်ချက်စတာစီးတီးအသင်း ဥက္ကဋ္ဌ Khaldoon Al Mubarak ၏ ထုတ်ပြန်ချက်

“ကျွန်တော် ဒီအသင်းမှာ ပါဝင်လာတာ ၁၈ နှစ်ရှိပါပြီ။ အီတီဟတ်ကွင်း ၊ ဝင်ဘလေ နဲ့ အစ္စတန်ဘူ တို့မှာ အသင်းနဲ့အတူ ရပ်တည်ခွင့်ရခဲ့တာကို အလွန်ဂုဏ်ယူမိပါတယ်။ ဒီအသင်းဟာ ကျွန်တော့်အတွက် အရေးကြီးပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ခင်ဗျားတို့အတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာကိုလည်း ခင်ဗျားတို့က အကြိမ်ကြိမ် ပြသခဲ့ကြ၊ ပြောခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ဒီနေ့ ခင်ဗျားတို့ဆီကို စာရေးလိုက်တာပါ။”

“သောကြာနေ့က မီဒီယာတွေမှာ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ခင်ဗျားတို့ထဲက အများအပြားဟာ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေထံက မေးခွန်းတွေနဲ့ မက်ဆေ့ချ်တွေကို ပြန်လည်ဖြေကြားနေရမှာပါ။ ကျွန်တော်လည်း အတူတူပါပဲ။”

“ကျွန်တော့်မိသားစုကိုတော့ ဒီလိုပြောခဲ့ပါတယ် —

ပရီးမီးယားလိဂ်ရဲ့ လုပ်ငန်းစဉ်ဟာ ဆက်လက်လုပ်ဆောင်ဖို့ အများကြီးကျန်ရှိနေသေးတယ်။ အသင်းရဲ့ အပြစ်ကင်းကြောင်း သက်သေပြနိုင်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်မှုနဲ့ ရည်ရွယ်ချက်ဟာ ဒီကိစ္စစတင်ခဲ့တဲ့အချိန်ကနဲ့ အတူတူ ခိုင်မာနေဆဲပါပဲ။”

“ကျွန်တော်တို့ရဲ့ ရပ်တည်ချက်အပေါ် ဘာကြောင့် ဒီလောက်ယုံကြည်မှုရှိနေရသလဲဆိုတာကို ခင်ဗျားတို့နားလည်အောင် မျှဝေပေးချင်တဲ့အရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် တရားရေးလုပ်ငန်းစဉ်ရဲ့ တင်းကျပ်တဲ့ လျှို့ဝှက်ထိန်းသိမ်းမှု စည်းမျဉ်းတွေနဲ့ အဲဒီလုပ်ငန်းစဉ်ကို လေးစားလိုတဲ့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကြောင့် အခုအချိန်မှာတော့ အဲဒီအရာတွေကို ပြောပြလို့ မရသေးပါဘူး။ ဒီစာကိုတောင် ဥပဒေရေးရာ စည်းမျဉ်းတွေနဲ့ ကိုက်ညီမှုရှိမရှိ သေချာစစ်ဆေးပြီးမှ ထုတ်ပြန်ခဲ့တာပါ။”

“ကျေးဇူးပြုပြီး အောက်မှာဖော်ပြထားတဲ့ သောကြာနေ့က ကျွန်တော်တို့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် နဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် နှစ်ခုကို သေချာဖတ်ပေးကြပါ။ စကားလုံးတိုင်းဟာ အရေးကြီးပြီး အဲဒီထုတ်ပြန်ချက်တွေထဲက ပြောဆိုချက်တိုင်းဟာ ယနေ့အချိန်အထိ မှန်ကန်နေဆဲပါပဲ။”

“တချို့လူတွေက သူတို့ရဲ့ကိုယ်ပိုင်ကောက်ချက်တွေကို အလျင်အမြန် ချမှတ်နေကြသလို၊ ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း သတင်းအမျိုးမျိုး၊ ဆူညံသံအမျိုးမျိုး ပေါ်ထွက်နေပါတယ်။ ဒါပေမယ့် ဘာမှပြောင်းလဲသွားခြင်း မရှိပါဘူး။ ကျွန်တော်တို့ဟာ အရင်ကလည်း အခက်အခဲတွေကို အတူတကွ ရင်ဆိုင်ခဲ့ပြီး ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ တိုးတက်မှုနဲ့ အရှိန်အဟုန်ကို ထိခိုက်အောင် ကြိုးစားနေသူတွေလည်း အများကြီးရှိနေဆဲပါပဲ။ သူတို့ကို အဲဒီအခွင့်အရေး ကျွန်တော်တို့ ပေးမှာမဟုတ်ပါဘူး။”

“နိုင်ငံတကာပွဲစဉ်နားပြီးတဲ့နောက် ကျွန်တော်တို့ စောင့်မျှော်နေတဲ့ စိတ်လှုပ်ရှားစရာ အချိန်တွေ အများကြီးရှိပါတယ်။ နှစ်ပတ်အတွင်း Anfield ကို သွားရောက်ကစားရမှာဖြစ်ပြီး အဲဒီနောက် ချန်ပီယံလိဂ်မှာ PSG ကို အိမ်ကွင်းအဖြစ် လက်ခံကစားရမှာပါ။ ဒီပွဲတွေဟာ မန်ချက်စတာစီးတီးမိသားစုရဲ့ ခိုင်မာမှုကို အတူတကွ ဂုဏ်ပြုဖို့ အခွင့်အရေးတွေ ဖြစ်ပါတယ်။”

“အမြဲတမ်း မပြောင်းလဲဘဲ အားပေးပေးနေကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

Khaldoon Al Mubarak”

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Man City Pulse โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

หมวดหมู่