Shakti Yoga By Noe

เส้นทาง

Shakti Yoga By Noe ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Shakti Yoga By Noe, สถานที่เล่นโยคะ, Bangkok

🕉️ “Om Namah Shivaya” ....
🔱 Qualified 500-Hour Multi Style Internationally Yoga Teacher (📍Rishikesh , India )
🌿 Traditional Yoga for Modern Living
✨ Strength • Balance • Inner Peace
📩 Online & In-Person Classes
✨ Awaken Your Inner Shakti

12/10/2026

Namaste 🧘🏻‍♀️ ယောဂစကျင့်ချင်ပေမယ့် ဘယ်ကနေစရမလဲ မသိသေးဘူးလား?

မြတ်နိုးတို့ ယောဂစကျင့်ဖို့ အချိန်အများကြီး မလိုပါဘူး။ ကိုယ့်အတွက် ၁၀ မိနစ်လောက် အချိန်ပေးနိုင်ရင်တောင် အခြေခံကနေ စတင်လေ့ကျင့်လို့ရပါတယ်။ 🌿

ဒီနေ့တော့ ယောဂစတင်လေ့ကျင့်ချင်သူတွေအတွက် 10 Min Yoga Basic Practice လေးကို မျှဝေပေးထားပါတယ်။

✨ အခုမှ ယောဂစကျင့်မယ့်သူတွေ
✨ ကိုယ်ခန္ဓာပျော့ပြောင်းမှုကို အခြေခံကနေ တည်ဆောက်ချင်သူတွေ
✨ နေ့စဉ်လေ့ကျင့်မှု အလေ့အကျင့်ကောင်းတစ်ခု စတင်ချင်သူတွေ အတူတူ လိုက်ကျင့်ကြည့်လို့ရပါတယ်။

အရေးကြီးတာက အပြည့်အဝ လုပ်နိုင်ဖို့ထက် ကိုယ့်ခန္ဓာကိုယ်ရဲ့ အခြေအနေကို နားထောင်ပြီး ဖြည်းဖြည်းချင်း ပုံမှန်လေ့ကျင့်သွားဖို့ပါပဲ။ 🤍

ဒီနေ့ ၁၀ မိနစ်လေးကို ကိုယ့်အတွက် ပေးလိုက်ပါ။

Video လေးကို ကြည့်ရုံမဟုတ်ဘဲ တကယ်လိုက်ကျင့်ကြည့်ပြီး ဘယ်လိုခံစားရလဲ Comment မှာ မျှဝေပေးခဲ့ပါနော်။ 🙏

အခြေခံကနေ စနစ်တကျ လေ့ကျင့်ချင်သူများအတွက် One-on-One Yoga Class များကိုလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်။

Namaste 🙏
Shakti Yoga by Noe

11/10/2026

Namaste 🧘‍♀️ ခွန်အားရှိတဲ့ ခန္ဓာကိုယ်၊ ဟန်ချက်ညီတဲ့ စိတ်နဲ့ တည်ငြိမ်တဲ့ အသက်ရှူမှု…

Ardha Shirshasana ဟာ ခန္ဓာကိုယ်ရဲ့ ခွန်အားနဲ့ ဟန်ချက်ညီမှုကို လေ့ကျင့်ပေးတဲ့ ယောဂကျင့်စဉ်တစ်ခုပါ …✨

💪 ပခုံးနဲ့ လက်မောင်းကြွက်သားတွေကို သန်မာစေတယ်။
🧠 အာရုံစူးစိုက်မှုနဲ့ ဟန်ချက်ညီမှုကို တိုးတက်စေတယ်။
🤍 အသက်ရှူမှုကို သတိပြုရင်း စိတ်တည်ငြိမ်မှုကို လေ့ကျင့်နိုင်တယ်။

မြတ်နိုးတို့ ယောဂမှာ အရေးကြီးဆုံးက ပုံစံတစ်ခုကို အမြန်ဆုံးရောက်ဖို့ မဟုတ်ပါဘူး ...ကိုယ့်ခန္ဓာကိုယ်ရဲ့ အခြေအနေကို နားလည်ပြီး မှန်ကန်တဲ့ နည်းစနစ်နဲ့ တစ်ဆင့်ချင်း လေ့ကျင့်သွားဖို့ပါပဲ ... 🙏

ကိုယ်တိုင်လည်း Headstand ကို လေ့ကျင့်ချင်တယ်ဆိုရင် အခြေခံကနေ စနစ်တကျ စတင်လေ့ကျင့်ကြည့်ပါနော်..🧘‍♀️

📩 One-on-One Yoga Class / Group Online Class များအတွက်လည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် ...

သတိပြုရန်။ ဒီကျင့်စဉ်ကို လေ့ကျင့်တဲ့အခါ ခေါင်းနဲ့ လည်ပင်းပေါ် ဖိအားမသက်ရောက်စေဖို့ အထူးဂရုစိုက်ပါ။ အစပြုသူများအနေနဲ့ ဆရာရဲ့ လမ်းညွှန်မှုနဲ့ လေ့ကျင့်သင့်ပါတယ် ...


10/10/2026

Remember this 🧘🏻‍♀️🍀✨

09/10/2026

အခြေခံ Hatha yoga ရဲ့ နေမင်းဂါရဝကျင့်စဉ် ...

🙏🏻 Namaste from Shakti Yoga by Noe 🧘🏻‍♀️🤍ယောဂခရီးလမ်းမှာ မိမိနဲ့သင့်တော်မယ့် ကျင့်စဉ်တွေကို တစ်ဆင့်ချင်းစီ ရွေးချယ်ပြီး ...
09/10/2026

🙏🏻 Namaste from Shakti Yoga by Noe 🧘🏻‍♀️🤍
ယောဂခရီးလမ်းမှာ မိမိနဲ့သင့်တော်မယ့် ကျင့်စဉ်တွေကို တစ်ဆင့်ချင်းစီ ရွေးချယ်ပြီး ကိုယ်တိုင်ကြိုးစားလေ့ကျင့်နေကြတဲ့ သင်တန်းသူများကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ... ❤️

လူတိုင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ လိုအပ်ချက်နဲ့ တိုးတက်မှုနှုန်းတွေ မတူညီကြပါဘူး .. ဒါကြောင့် မိမိခန္ဓာကိုယ်နဲ့ သင့်တော်တဲ့ ကျင့်စဉ်တွေကို ဆရာနဲ့အတူ ရွေးချယ်ပြီး မှန်ကန်တဲ့ Alignment နဲ့ စနစ်တကျ လေ့ကျင့်သွားဖို့ အရေးကြီးပါတယ် ...🧘🏻‍♀️✨

သင်တန်းသူတို့ရဲ့ ယုံကြည်မှုနဲ့အတူ ယောဂခရီးလမ်းမှာ အတူတူလျှောက်လှမ်းခွင့်ရတဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်ရှင့် ... 🙏🏻

မိမိရဲ့ ယောဂခရီးလမ်းကိုလည်း ယုံကြည်မှု၊ စိတ်ရှည်မှုနဲ့အတူ သေချာမှန်ကန်စွာ လျှောက်လှမ်းနိုင်ကြပါစေ ...🤍

🌿 One-on-One Private Yoga Class လေးတွေကိုလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် ...

မိမိရဲ့ ခန္ဓာကိုယ်အခြေအနေနဲ့ ရည်မှန်းချက်အလိုက် သင့်တော်မယ့် ကျင့်စဉ်တွေကို အတူတူရွေးချယ်ပြီး တစ်ဆင့်ချင်းစီ လေ့ကျင့်သင်ယူနိုင်ပါတယ် ...

📩 Class အသေးစိတ်ကို သိရှိလိုပါက Shakti Yoga by Noe Page Messenger မှာ လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။ 🙏🏻💚


07/10/2026

Namaste ...🏹 Akarna Dhanurasana | Bow & Arrow Pose ...

မြတ်နိုးတို့ ဒီ Pose က Hamstring, Hip & Inner Thigh တွေကို နက်ရှိုင်းစွာ stretch ပေးသလို၊ Upper body နဲ့ Core ကိုလည်း အသုံးပြုရတဲ့ challenging pose တစ်ခုဖြစ်ပါတယ် ...

အထူးသဖြင့် Concentration, Balance နဲ့ Focus ကို တိုးတက်စေပြီး ကိုယ့်ခန္ဓာကိုယ်ကို ပိုပြီးနားလည်လာစေပါတယ် ...🧘🏻‍♀️

မြတ်နိုးတို့ ဒီ Pose ကိုရဖို့ Flexibility တစ်ခုတည်းမလုံလောက်ပါဘူး... Strength + Mobility + Patience + Consistent Practice လည်းလိုပါတယ် ... 🤍

Practice with patience.
Your body has its own journey. 🏹✨

06/10/2026

Namaste 🙏မြတ်နိုးတို့ “Backbend လှလှလေးတစ်ခုရဖို့… ခန္ဓာကိုယ်ပျော့ရုံနဲ့ မလုံလောက်ပါဘူး။” 🧘🏻‍♀️

Strength၊ Breath၊ Control —
ပြီးတော့ အရေးကြီးဆုံးက Consistency ပါ။

Kapotasana → Urdhva Dhanurasana
Ashtanga ကို စနစ်တကျလေ့ကျင့်ရင်း
တစ်နေ့ထက်တစ်နေ့ ကိုယ့်ခန္ဓာကိုယ်ကို ပိုနားလည်လာတဲ့ Practice လေးပါ။ 🤍

တွန်းအားမပေးဘဲ၊ အလျင်မလိုဘဲ
အသက်ရှူရင်း ကိုယ့်ခန္ဓာကိုယ်နဲ့အတူ တဖြည်းဖြည်းတိုးတက်သွားပါတယ် 🙏🏻

ကိုယ့်ရဲ့ Yoga Practice ကို ပိုစနစ်တကျတိုးတက်ချင်တယ်ဆိုရင်
အခြေခံကနေစပြီး ကိုယ့်ခန္ဓာကိုယ်နဲ့ကိုက်ညီတဲ့ Practice ကို တစ်ဆင့်ချင်း လေ့လာကြရအောင်🤍

Practice လုပ်ချင်သူများ Class အကြောင်းအသေးစိတ် သိချင်ရင် Page Messenger မှာ လာမေးလို့ရပါတယ်ရှင့် ...

05/10/2026

Namaste 🙏 မိန်းကလေးတွေအတွက် ကိုယ့်ရဲ့ သားအိမ်ကျန်းမာရေးနဲ့ ဓမ္မတာစက်ဝန်းကိုလည်း ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ် ...

မြတ်နိုး ဒီနေ့ Video လေးမှာတော့
🦋 Butterfly Pose
🤍 Happy Baby Pose
🌿 Bridge Pose
🦵 90° Leg Raise & Open/Close

လိုမျိုး အိမ်မှာလည်း လွယ်လွယ်ကူကူ လိုက်လုပ်လို့ရတဲ့ Yoga movement လေးတွေ မျှဝေပေးထားပါတယ်...

ဒီလို Yoga လေ့ကျင့်ခန်းလေးတွေက ခန္ဓာကိုယ်ကို လှုပ်ရှားပေးပြီး စိတ်နဲ့ခန္ဓာကိုယ်ကို ပြေလျော့အောင် ကူညီပေးနိုင်ပါတယ် ...🌿

မြတ်နီုးတို့ မိန်းကလေးတွေ ဓမ္မတာမမှန်တာက အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တာမို့ Yoga တစ်ခုတည်းနဲ့ ဖြေရှင်းနိုင်တယ်လို့ မယူဆသင့်ပါဘူးနော်..

ကိုယ့်ခန္ဓာကိုယ်ကို နားထောင်ပြီး မနာကျင်အောင် ဖြည်းဖြည်းချင်း လေ့ကျင့်ပေးပါ 🤍

မိန်းကလေးတိုင်း ကိုယ့်ခန္ဓာကိုယ်ကို ပိုနားလည်ပြီး ပိုဂရုစိုက်နိုင်ကြပါစေ 🌸

04/10/2026

Namaste .. “Falling isn’t always failing. Sometimes, it’s learning how to balance. 🪽✨”

Fallen Angel Pose 🧘🏻‍♀️
Balance • Strength • Focus • Trust
တစ်ခါတည်းနဲ့ မရပါဘူး…
ခန္ဓာကိုယ်ကို နားထောင်ပြီး တဖြည်းဖြည်းလေ့ကျင့်ရင်း ရလာတာပါ ...🤍

Namaste 🙏 “Backbend မလုပ်တတ်သေးဘူးဆိုရင် Camel Pose ကနေ စလေ့ကျင့်ကြည့်ပါ 🐪🧘🏻‍♀️”မြတ်နိုးတို့ ယောဂမှာ Camel Pose (Ustrasa...
04/10/2026

Namaste 🙏 “Backbend မလုပ်တတ်သေးဘူးဆိုရင် Camel Pose ကနေ စလေ့ကျင့်ကြည့်ပါ 🐪🧘🏻‍♀️”

မြတ်နိုးတို့ ယောဂမှာ Camel Pose (Ustrasana) က
Backbend ရဲ့ အခြေခံကျင့်စဉ်တွေထဲက တစ်ခုပါ ...

Online class က သင်တန်းသူတွေရော၊
In-person class က သင်တန်းသူတွေရော
တစ်ယောက်ချင်းစီရဲ့ body flexibility နဲ့အညီ
တဖြည်းဖြည်း လေ့ကျင့်မှု့လေးတွေပါ 🌿

Backbend ဆိုတာ အတင်းကွေးတာမဟုတ်ဘူး —
အသက်ရှူရင်း၊ ခန္ဓာကိုယ်ကိုနားလည်ရင်း တဖြည်းဖြည်းဖွင့်ယူတာပါ ✨

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Shakti Yoga By Noe โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์